အမေရိကန်နိုင်ငံမှ စီစဉ်တင်ဆက်ပေးတဲ့ အပြာဇာတ်ကားများနဲ့အပြာရုပ်ရှင်ကားများမှပါဝင်ကြတဲ့သရုပ်ဆောင်များကို နှစ်စဉ်နှစ်တိုင်း ဆုချီးမြင့်တဲ့ပွဲကြီးတစ်ပွဲ ရှိပါတယ်။ ဒီပွဲကတော့ AVN လို့ခေါ်တဲ့ Adult Video News ဆုပေးပွဲကြီးဖြစ်ပြီး နှစ်တိုင်းကျင်းပလာခဲ့ရာ ယခုဆို ၃၃ကြိမ်မြောက်အထိတောင် ရှိလာခဲ့ပြီဘဲ ဖြစ်ပါတယ်။
၁၉၈၄ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲကြီးမှာ ဆုပေါင်း၁၀၀နီးပါးကို ကဏ္ဍပေါင်းစုံခွဲခြားပြီး ချီးမြှင့်လေ့ရှိပါတယ်။ ၃၃ကြိမ်မြောက် AVN Awards ဆုပေးပွဲကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၃ရက်နေ့က လစ်ဗီးဂတ်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲအခမ်းအနားမှာ ကျင်းပသွားခဲ့တာ ဖြစ်ပါတယ်။ AVN ဆုပေးပွဲကို ၂၀၀၈ခုနှစ်ကစတင်ပြီး မိနစ်ကိုးဆယ်စာဖြင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။ အပြာမင်းသား | အပြာမင်းသမီးဆုများအပြင် အပြာဂေးလ် ( Gay ) ဆုကိုပါ ၁၉၉ခုနှစ်ကနေ စတင်ချီးမြှင့်ခဲ့တာ ယနေ့ထိတိုင်ဘဲ ဖြစ်ပါတယ်။
ဆုပေါင်းများစွာချီးမြှင့်တဲ့ ဒီဆုပေးပွဲကြီးမှာ ထုတ်လုပ်သူများအပိုင်း |တင်ဆက်သူများအပိုင်း | လိင်ရသမြောက်မှုအပိုင်း | နည်းပညာပိုင်း | လိင်အထူးပြုလုပ်ထားမှုအပိုင်း | ထုတ်ဝေမှုအပိုင်းနဲ့ အထူးဆုအပိုင်းဟု၍ ခွဲခြားသတ်မှတ်ကာ ချီးမြင့်လေ့ရှိပါတယ်ခင်ဗျာ။
( Ref : Wikipedia )
#ဘုန်းဟိန်းသွေး ( momolay )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။