စာဖတ်ကြိုက်တဲ့
မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ
ရုပ်ရည်မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။
ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက
ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ
လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တ ယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်...
စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။
သူတို့က အတွေးအမြင်၊ ဒဿန၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။
စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။
ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။
စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တ ယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။
မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ် ။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကိုခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။
စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။
(ဟေမာန်ဆောင်းဦးကိုကို ကိုဓာတ်ပုံခရက်ဒစ်ပေးပါတယ် အားပေးမှုအတွက် ကျေးဇူးး )
စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တ
မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်
စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။
(ဟေမာန်ဆောင်းဦးကိုကို ကိုဓာတ်ပုံခရက်ဒစ်ပေးပါတယ် အားပေးမှုအတွက် ကျေးဇူးး )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။