..ဘဝ
မှာ ဘာပဲဖြစ်ချင်ဖြစ်ချင် (ပညာတွေတတ်ဖို့ ပဲ ဖြစ်ဖြစ်၊ငွေကြေး ချမ်းသာ
ဖို့ ပဲ ဖြစ်ဖြစ်၊ အောင်မြင်ကျော်ကြားဖို့ ပဲ ဖြစ်ဖြစ်).ဒီပုံပြင်လေးက
အတွေးကောင်း တခု ပေးပါလိမ့်မယ်...
“ပညာရှိ ဖြစ်ချင်သူ”
တစ်ခါတုန်းက ဂရိပြည် အေသင်မြို့မှာ ဥာဏ်ပညာ အမြော်အမြင် အလွန်ကြီးမားချင်တဲ့ လူငယ်တစ်ယောက် ရှိတယ်။
ဒီလူငယ်က သူ့မြို့မှာ ပညာဥာဏ်အကြီးမားဆုံးလို့ ကျော်ကြားတဲ့ အတွေးအခေါ်ပညာရှိ ဆော့ခရတ္တိထံမှာ အကြံဥာဏ် သွားတောင်းတယ်။ ပညာရှိဖြစ်အောင် ဘယ်လိုလုပ်ရမလဲပေါ့။
ဆော့ခရတ္တိက ဒဿ နစကားဝိုင်းများမှာ ထက်ထက်သန်သန် ဆွေးနွေးဝေဖန်တတ်ပေမယ့် သာမာန်အားဖြင့်တော့ နှုတ်ဆိတ်သူတစ်ဦး ဖြစ်တယ်။ လူငယ်က မေးတဲ့အခါ သူ ဘာမှမပြောဘဲ ပင်လယ်ကမ်းခြေကို ခေါ်သွားတယ်။ သူက တစ်ခါတလေ တချို့ကိစ္စတွေကို နှုတ်နဲ့ပြောတာထက် ပိုထိရောက်တဲ့ လက်တွေ့နည်းလမ်းများနဲ့ ထူးထူးခြားခြား ပြသလေ့ရှိတယ်။
ပင်လယ်ကမ်းစပ်ရောက်တော့ အဝတ်အစားတွေ မချွတ်ဘဲ ရေထဲ တန်းဆင်းသွားတယ်။ လူငယ်ကိုပါ သူ့နောက် လိုက်ခဲ့ဖို့ခေါ်တော့ လူငယ်လည်း တွန့်ဆုတ် တွန့်ဆုတ်နဲ့ ပါသွားတာပေါ့။ ရေက မေးစေ့နားလောက်ထိ ရောက်တဲ့အခါ ဆော့ခရတ္တိက လူငယ်ကို စေ့စေ့ကြည့်ပြီး ပခုံးနှစ်ဖက်ကို လက်နဲ့ကိုင်တယ်။ အဲဒီနောက် ရုတ်တရက် အားနဲ့ဆွဲပြီး လူငယ်ကို ရေထဲခေါင်းမြုပ်အောင် ဖိနှစ်တယ်။
အောက်မှာ ရေမွန်းလို့ လူငယ်က တအားရုန်းတယ်။ ဆော့ခရေတ္တိက မလွှတ်ဘူး။ အတော်ကြီး မွန်းလောက်ပြီ၊ သည့်ထက် ဆက်နှစ်ထားရင် သေတော့မယ်ဆိုတဲ့ အချိန်လောက်မှ ပြန်လွှတ်ပေးလိုက်တယ်။ လူငယ်လည်း အဲဒီတော့မှ ဝရုန်းသုန်းကားနဲ့ ခေါင်းဖော်လာ၊ အသက်လုရှူ၊ ဆားငန်ရေတွေ ပါးစပ်ထဲဝင်ပြီး သီးကာ အတော်ဒုက္ခများသွားတယ်။ ပြီးတော့မှ ဒီဆရာကြီး ငါ့ကိုသေကြောင်းကြံတယ်ဆိုပြီး ရန်လုပ်မလို့ ဆော့ခရေတ္တိကို ကမူးရှူးထိုး လိုက်ရှာတယ်။
ဒီအချိန် ဆရာကြီးက ကမ်းပေါ်ရောက်နေပြီ။
ကမ်းစပ်ရောက်ပြီး ဒေါသတကြီးနဲ့၊ “ခင်ဗျား ကျွန်တော့်ကို ဘာအတွက် ရေနှစ်သတ်တာလဲ” မေးတဲ့အခါ၊ ဆရာကြီးက အဖြေမပေး၊ သူ့ကိုပဲ ပြန်မေးတယ်။
“ဒီမှာသူငယ်၊ မင်း ရေအောက်မှာ မွန်းပြီး အသက်သေရတော့မလို ဖြစ်နေတဲ့အချိန်တုန်းက မင်းဘဝမှာ ဘယ်အရာကို အလိုချင်ဆုံး ဖြစ်ခဲ့သလဲ” တဲ့။
လူငယ်လည်း ရုတ်တရက်တော့ ဘာကစ စဉ်းစားရမှန်းမသိဘူး။ နောက်တော့မှ အဖြေက အလိုအလျောက် ရောက်လာတယ်။ “ကျွန်တော် လေကို လိုချင်တာပေါ့၊ အဲဒီအချိန်မှာ အသက်ရှူရဖို့ဟာ ကျွန်တော့်အတွက် အရေးအကြီးဆုံးပဲ၊”
အဲဒီတော့မှ ဆော့ခရေတ္တိက အားရပါးရ ပြုံးပြီး၊ “အေး၊ ဟုတ်ပြီကွ၊ မင်း ရေအောက်မှာတုန်းက အရေးတကြီး အသည်းအသန် အသက်ရှူချင်ခဲ့သလို ပညာဗဟုသုတကိုလဲ အဲသလို သဲသဲမဲမဲ အလိုရှိခဲ့မယ်ဆိုရင် တစ်နေ့သောအခါ ပညာရှိ မုချဖြစ်လိမ့်မယ်” လို့ ဆိုလိုက်တယ်။
(မူရင်း။ ။ Eric Saperston ၏ Socrates)
(-ဆရာဖေမြင့်၊ နှလုံးသားအာဟာရ၊ ရသစာများ တတိယတွဲ စာအုပ်မှ)
“ပညာရှိ ဖြစ်ချင်သူ”
တစ်ခါတုန်းက ဂရိပြည် အေသင်မြို့မှာ ဥာဏ်ပညာ အမြော်အမြင် အလွန်ကြီးမားချင်တဲ့ လူငယ်တစ်ယောက် ရှိတယ်။
ဒီလူငယ်က သူ့မြို့မှာ ပညာဥာဏ်အကြီးမားဆုံးလို့ ကျော်ကြားတဲ့ အတွေးအခေါ်ပညာရှိ ဆော့ခရတ္တိထံမှာ အကြံဥာဏ် သွားတောင်းတယ်။ ပညာရှိဖြစ်အောင် ဘယ်လိုလုပ်ရမလဲပေါ့။
ဆော့ခရတ္တိက ဒဿ နစကားဝိုင်းများမှာ ထက်ထက်သန်သန် ဆွေးနွေးဝေဖန်တတ်ပေမယ့် သာမာန်အားဖြင့်တော့ နှုတ်ဆိတ်သူတစ်ဦး ဖြစ်တယ်။ လူငယ်က မေးတဲ့အခါ သူ ဘာမှမပြောဘဲ ပင်လယ်ကမ်းခြေကို ခေါ်သွားတယ်။ သူက တစ်ခါတလေ တချို့ကိစ္စတွေကို နှုတ်နဲ့ပြောတာထက် ပိုထိရောက်တဲ့ လက်တွေ့နည်းလမ်းများနဲ့ ထူးထူးခြားခြား ပြသလေ့ရှိတယ်။
ပင်လယ်ကမ်းစပ်ရောက်တော့ အဝတ်အစားတွေ မချွတ်ဘဲ ရေထဲ တန်းဆင်းသွားတယ်။ လူငယ်ကိုပါ သူ့နောက် လိုက်ခဲ့ဖို့ခေါ်တော့ လူငယ်လည်း တွန့်ဆုတ် တွန့်ဆုတ်နဲ့ ပါသွားတာပေါ့။ ရေက မေးစေ့နားလောက်ထိ ရောက်တဲ့အခါ ဆော့ခရတ္တိက လူငယ်ကို စေ့စေ့ကြည့်ပြီး ပခုံးနှစ်ဖက်ကို လက်နဲ့ကိုင်တယ်။ အဲဒီနောက် ရုတ်တရက် အားနဲ့ဆွဲပြီး လူငယ်ကို ရေထဲခေါင်းမြုပ်အောင် ဖိနှစ်တယ်။
အောက်မှာ ရေမွန်းလို့ လူငယ်က တအားရုန်းတယ်။ ဆော့ခရေတ္တိက မလွှတ်ဘူး။ အတော်ကြီး မွန်းလောက်ပြီ၊ သည့်ထက် ဆက်နှစ်ထားရင် သေတော့မယ်ဆိုတဲ့ အချိန်လောက်မှ ပြန်လွှတ်ပေးလိုက်တယ်။ လူငယ်လည်း အဲဒီတော့မှ ဝရုန်းသုန်းကားနဲ့ ခေါင်းဖော်လာ၊ အသက်လုရှူ၊ ဆားငန်ရေတွေ ပါးစပ်ထဲဝင်ပြီး သီးကာ အတော်ဒုက္ခများသွားတယ်။ ပြီးတော့မှ ဒီဆရာကြီး ငါ့ကိုသေကြောင်းကြံတယ်ဆိုပြ
ဒီအချိန် ဆရာကြီးက ကမ်းပေါ်ရောက်နေပြီ။
ကမ်းစပ်ရောက်ပြီး ဒေါသတကြီးနဲ့၊ “ခင်ဗျား ကျွန်တော့်ကို ဘာအတွက် ရေနှစ်သတ်တာလဲ” မေးတဲ့အခါ၊ ဆရာကြီးက အဖြေမပေး၊ သူ့ကိုပဲ ပြန်မေးတယ်။
“ဒီမှာသူငယ်၊ မင်း ရေအောက်မှာ မွန်းပြီး အသက်သေရတော့မလို ဖြစ်နေတဲ့အချိန်တုန်းက မင်းဘဝမှာ ဘယ်အရာကို အလိုချင်ဆုံး ဖြစ်ခဲ့သလဲ” တဲ့။
လူငယ်လည်း ရုတ်တရက်တော့ ဘာကစ စဉ်းစားရမှန်းမသိဘူး။ နောက်တော့မှ အဖြေက အလိုအလျောက် ရောက်လာတယ်။ “ကျွန်တော် လေကို လိုချင်တာပေါ့၊ အဲဒီအချိန်မှာ အသက်ရှူရဖို့ဟာ ကျွန်တော့်အတွက် အရေးအကြီးဆုံးပဲ၊”
အဲဒီတော့မှ ဆော့ခရေတ္တိက အားရပါးရ ပြုံးပြီး၊ “အေး၊ ဟုတ်ပြီကွ၊ မင်း ရေအောက်မှာတုန်းက အရေးတကြီး အသည်းအသန် အသက်ရှူချင်ခဲ့သလို ပညာဗဟုသုတကိုလဲ အဲသလို သဲသဲမဲမဲ အလိုရှိခဲ့မယ်ဆိုရင် တစ်နေ့သောအခါ ပညာရှိ မုချဖြစ်လိမ့်မယ်” လို့ ဆိုလိုက်တယ်။
(မူရင်း။ ။ Eric Saperston ၏ Socrates)
(-ဆရာဖေမြင့်၊ နှလုံးသားအာဟာရ၊ ရသစာများ တတိယတွဲ စာအုပ်မှ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။