ရွှေထီးဆောင်းသူ
++++++++++
တစ်ခါက အတော်အတန်ကြွယ်ဝတဲ့ ကုန်သည်ကြီးတစ်ယောက်ရှိပါသတဲ့..။ ကုန်သည်ကြီးဟာ အသက်အရွယ် အတော်အတန် ကြီးရင့်လာပေမယ့်လည်း သားထောက်သမီးခံမရှိတာကြောင့် လည်း အိုမင်းမစွမ်းဖြစ်လာချိန်မှာ
စောင့်ရှောက်ပေးနိုင်ဖို့ နဲ့ အမွေဆက်ခံဖို့ သားသမီးအင်မတန်မှ
လိုချင်ခဲ့ပါသတဲ့..။ အဲဒါကြောင့်လည်း သူဟာ ဇနီးကို ခေါ်ဆောင်ပြီး နာမည်ကြီး
အခါတော်ပေးနဲ့ အတတ်ဟော ပရောဟိတ်ကြီးတစ်ဦးထံကို သွားရောက်ခဲ့တယ်..။
ပရောဟိတ် ဗေဒင်ဆရာကြီးရဲ့ဟောကိန်းတွေ ဟာ
တစ်ခုမကျန် မှန်ကန်တတ်တာ ကြောင့်လည်း ကုန်သည်ကြီးနေထိုင်ရာ မြို့အပြင်
တတိုင်းပြည်လုံးမှာ ကျော်ကြားခဲ့တယ်..။ အဲဒီလိုနဲ့ ကုန်သည်ကြီးဟာ
ဗေဒင်ဆရာကြီးထံကို ရောက်တဲ့အခါ သားသမီးရနိုင်ခြင်းရှိမရှိဆိုတဲ့အကြောင်းကို မေးမြန်းခဲ့တယ်..။
အဲဒီအခါ ဗေဒင်ဆရာကြီးက ကုန်သည်ကြီးရဲ့ လက္ခဏာ၊ ဇာတာ စတဲ့အရာတွေကို သေချာစွာ စိစစ်ပြီးတဲ့အခါ ဒီလိုမျိုးဟောပြောခဲ့တယ်..
"ဘာမှ မပူပါနဲ့ကုန်သည်ကြီး၊ ကုန်သည်ကြီးရဲ့ဇနီးဟာ မကြာခင်မှာပဲ သားတစ်ယောက်ကို ကိုယ်ဝန်ဆောင်ပြီး ချောမောစွာ မွေးဖွားမှာပါ။ ကုန်သည်ကြီးရဲ့သားဟာ.. တစ်ချိန်မှာ ရွှေထီးဆောင်းရမှာ မြေကြီးလက်ပုတ်မလွဲပဲ"
လို့ ဟောပြောလိုက်တယ်.။ အဲဒီနောက်မှာလည်း သင့်တော်ရာ အဆောင် ယတြာတွေနဲ့ပြုလုပ်ပုံပြုလုပ်နည်း၊
ပြုလုပ်ရမယ့်အချိန်တွေကို သေချာစွာမှတ်သားစေတယ်..။ ကုန်သည်ကြီးလည်း..
ဝမ်းသာအားရနဲ့ အိမ်ကိုပြန်လာပြီး ပရောဟိတ်ကြီးညွှန်ကြားလိုက်တဲ့အတိုင်း ယတြာတွေကို အတိအကျပြုလုပ်ခဲ့တယ်..။
အဲသည်လိုနဲ့ လအနည်းငယ်ကြာတဲ့အခါမှာတော့ ကုန်သည်ကြီးရဲ့ဇနီးသည်ဟာ ကိုယ်လေးလက်ဝန်ရှိလာတယ်..။ ကိုးလလွယ်ပြီး အချိန်စေ့မြောက်တဲ့ ဆယ်လအချိန်မှာတော့ အဆင်းအင်္ဂါနဲ့ပြည့်စုံလှတဲ့ သားတစ်ယောက်ဖွားမြင်တယ်..။
ကုန်သည်ကြီးဟာ ရွှေထီးဆောင်းရမယ့်သားကို လိုလေသေးမရှိဖြည့်ဆည်းပေးတယ်..။ မွေးဖွားစဉ်ကစလို့ ကလေးအရွယ်တစ်လျှောက်လုံးလည်း
အချီတော်အချတော်၊ အထိန်းတော်တွေနဲ့တကွ အာဟာရပြည့်စုံအောင်
စီစဉ်ပေးခဲ့တယ်..။ သားလေးဟာ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး
ကျောင်းအပ်နှံပညာသင်ရမယ့်အချိန်ကိုရောက်လာပြန်တယ်..။ အဲဒီအချိန်ကိုရောက်လာတဲ့အခါ .. သားငယ်ဟာ ပညာသင်လိုစိတ်မရှိဘဲ.. ကစားပျော်မြူးချင်စိတ်သာ အားသန်နေခဲ့တယ်.။ ကုန်သည်ကြီးဟာ သားငယ်ရဲ့ ပညာသင်လိုစိတ်မရှိတဲ့အဖြစ်ကို သိပ်ပြီး ဂရုမမူဘဲ ထားခဲ့တယ်..။ သူ့သားဟာ တချိန်မှာ ရွှေထီးဆောင်းရမယ့်သူဖြစ်တာေ ကြာင့်.. ဒါတွေဟာ မလိုအပ်ဘူးလို့ထင်နေခဲ့ပြန် တယ်..။
အဲဒီလိုနဲ့ကုန်သည်ကြီးရဲ့သားဟာ.. လူပျိုအရွယ်ကိုရောက်လာပြန်တ ယ်..။
အဲဒီအချိန်မှာလည်း ကုန်သည်ကြီးရဲ့ ရောင်းရေးဝယ်တာ ကိစ္စတွေကို သင်ယူဖို့၊
ကုန်သည်ကြီးကို ကူညီလုပ်ကိုင်ဖို့ တစ်စုံတစ်ရာမှ စိတ်ကူးခြင်းမရှိဘဲ
အပေါင်းအသင်းများနဲ့သာ ပျော်ပါးလို့နေပြန်တယ်..။ မြင်လေသမျှ မိန်းမငယ်၊
မိန်းမလတ်၊ မိန်းမကြီး တစ်ဦးတစ်လေကိုမျှ အလွတ်မပေးဘဲ ငွေကြေးအားကိုးနဲ့
မှောက်မှားပြန်တယ်.။ အရက်သေစာကို လွန်ကျူးစွာသောက်စားမူးယစ်ြ ပီး ငွေကြေးမှန်သမျှကို ဖြုန်းတီးပြန်တယ်..။
သူ့ရဲ့ သုံးဖြုန်းမှုကြောင့် ကုန်သည်ကြီးရဲ့ စည်းစိမ်ဥစ္စာလည်း ပျက်စီးခဲ့ပြန်တယ်..။ ဒီအချိန်အထိ ကုန်သည်ကြီးဟာ သူ့သားကို တစ်စုံတစ်ရာမှ ပြောဆိုဆုံးမမှု မရှိဘဲ ပျော်သလိုသာ နေပါစေ၊ သူ့ကံနဲ့သူလာတဲ့သူပါလို့ မှတ်ယူထားခဲ့တယ်..။ သူ့သားရဲ့ ရွှေထီးဆောင်းရမယ့်အချိန်ရော က်တဲ့အခါ အလိုအလျောက် လူကောင်းသူကောင်း ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ထားတယ်..။
တစ်ဖြည်းဖြည်းနဲ့လည်း ကုန်သည်ကြီးရဲ့စည်းစိမ်အားလုံးပျက်သုဉ်းပြီး စားရမဲ့၊ သောက်ရမဲ့ဘ၀ကို ရောက်လာခဲ့ပြန်တယ်...။ ကုန်သည်ကြီးတို့ဇနီးမောင်နှံဟာ
အစာအဟာရ မပြည့်ဝတာက တစ်ကြောင်း၊ ဇယာနဲ့ ရောဂါဘယတို့ အလှည့်ကျ နှိပ်စက်တာက
တစ်ကြောင်းတို့ကြောင့် ရှေ့ဆင့်နောက်ဆင့်ပဲ အနိစ္စရောက်ကြတယ်..။
အဲဒီအချိန်ထိ ရွှေထီးဆောင်းလူငယ်ဟာ.. နောင်တတရားမရသေးဘဲ..
သောက်စားမူးယစ်လို့သာနေတယ်. .။
ငတ်တလှည့်ပြတ်တလှည့် ဖြစ်နေပေမယ့်လည်း.. အရက်သေစာအတွက်ငွေကြေးကို မရရတဲ့နည်းနဲ့ ဖြစ်အောင်ရှာဖွေတယ်..။ တစ်ဖြည်းဖြည်းနဲ့ အစာအဟာရ မှီဝဲဖို့ငွေကြေးကိုတောင်မှ မချန်တော့ဘဲ သောက်စားမူးယစ်ဖို့ အရက်သေစာများကိုသာ ၀ယ်ယူသောက်စားပစ်ခဲ့ပြန်တယ် ..
ပူပြင်းလှတဲ့နေ့တစ်နေမှာ လူငယ်ဟာ.. အရက်အလွန်အကျွန်မူးယစ်လာတဲ့ အပြင် အာဟာရလည်း ပြတ်လတ်တာကြောင့် လမ်းဘေးတစ်နေရာမှာ လဲကျသွားတယ်..။ လဲဒီလို လဲကျခြင်းဟာ လူငယ်ရဲ့ နောက်ဆုံးလဲလျောင်းခြင်းဖြစ်တယ်ဆိုတာကို..
သူမကြာခင်မှာ.. သိရတော့မှာပဲဖြစ်တယ်..။ သူလည်းပဲမိဘများရဲ့ တမလွန်ဘ၀ကို
သူလည်းပဲ လိုက်ပါရတော့မယ့် အချိန် ရောက်ရှိလာပြန်တယ်..။ လူငယ်ဟာ သူ့ရဲ့
နောက်ဆုံးမိနစ်ကို စောင့်မျှော်ရင်း ကယ်သူဝေးတဲ့ဘ၀ကို ရောက်လာပြန်တယ်..။
အသက်ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းတွေကို ခက်ခဲစွာ ဖြတ်ကျော်ရင်း
နောက်ဆုံးထွက်သက်ပန်းတိုင်ကို လဲလျောင်းစောင့်မျှော်နေခဲ့ ရရှာတယ်..။
အဲဒီအချိန်မှာပဲ သူလဲကျနေတဲ့ လမ်းမပေါ်ကို ဘုရင်မင်းမြတ်က ဆင်စီးပြီး တိုင်းခန်းလှည့်လည်ခဲ့တယ်.. ။ လမ်းဘေးတစ်နေရာမှာ ပိန်လှီတဲ့ ခန္ဓာကိုယ်နဲ့ ကယ်သူမဲ့လဲလျောင်းညဉ်းတွားေ နတဲ့ လူငယ်ကိုတွေ့မြင်သွားပြန်တယ်..။ ဘုရင်ကြီးဟာ လူငယ်ကို အစာအဟာရပြတ်လတ်နေတဲ့ သူဖုန်းစားတစ်ယောက်လို့ထင်ြ မင်သွားခဲ့တယ်..။ ဘုရင်ကြီးဟာ လူငယ်ကို သနားဂရုဏာသက်သွားခဲ့ပြီး အပါးတော်မြဲအမတ်ကို ဒီလိုပြောတယ်.
.
"အမတ်ကြီး.. လမ်းဘေးမှာ.. လဲလျောင်းနေတဲ့ သူဖုန်းစားဟာကို ငါကိုယ်တော်.. သနားဂရုဏာ သက်လှတယ်ကွယ့်.. ။ နေပူကြဲကြဲမှာ.. အရိပ်အမိုးအောက်ကိုတောင်သွားနိုင်ဖို့ အင်အားမရှိ ချိနဲ့နေရှာတယ်..။ ငါကိုယ်တော်ဆောင်းထားတဲ့ရွှေ ထီးကို ဖြုတ်ပြီး သူဖုန်းစားအနားမှာ စိုက်ပြီး မိုးပေးထားခဲ့ကြ"
လို့ အမိန့်ပေးစေခိုင်းခဲ့တယ်.။ မင်းချင်းတွေလည်း ဘုရင်ကြီးရဲ့ အမိန့်အတိုင်.. ဘုရင်ကြီးရဲ့ ရွှေထီးကို ဖြုတ်ပြီး လူငယ်လဲလျောင်းနေတဲ့ မြေပြင်မှာ ထိုးစိုက်လို့ အရိပ်မိုးပေးခဲ့တယ်..။ အဲဒီနောက်မှာတော့ ဘုရင်ကြီးလည်း ဆက်လက်ကြွမြန်းထွက်ခွာသွားခဲ့တယ်..
အဲဒီလိုနဲ့.. သေငယ်ဇောနဲ့ မြောနေတဲ့လူငယ်ဟာ.. သူ့ရဲ့ နောက်ဆုံးစက္ကန့်ကို ပရောဟိတ်ကြီးရဲ့ ဟောကိန်းအတိုင်း ရွှေထီးဆောင်းရင်းနဲ့ပဲ.. ဖြတ်သန်းခဲ့တော့တယ်..။
----------
ဒီအဖြစ်အပျက်လေးဟာ ကျနော်တို့ရဲ့ ကံကြမ္မာအကြောင်းကို ပြောပြနေခဲ့တယ်..။ ကျနော်တို့တွေဟာ.. ကံကြမ္မာတစ်ခုတည်းကိုသာ အားကိုးလို့မရဘူးဆိုတာကို.. သိစေခဲ့တဲ့ပုံပြင်လေးပဲဖြစ် တယ်..။
ကျနော်တို့တွေဟာ မသိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လောကလူသားတွေဖြစ်တယ်..။
ကိုယ်ဟာ ဘယ်ဘ၀က လာခဲ့လည်း၊ ဘာတွေဆက်ဖြစ်မှာလည်း၊ ဘယ်လိုဖြစ်ဦးမှာလည်း၊
ဘာအတွက်ဖြစ်နေတာလည်း၊ ဘယ်လို ဆက်လုပ်ရမှာလည်း.၊ စတဲ့
မသိခြင်းမေးခွန်းတွေအတွက် အဖြေကို တစိုက်မတ်မတ် ရှာဖွေနေတတ်ကြတယ်..။
အဲဒီလိုရှာဖွေနေရင်းနဲ့.. ကိုယ့်ရဲ့ရှေ့ဖြစ်ကံကြမ္မာဆိုတဲ့
မေးခွန်းရဲ့အဖြေကိုလည်း အလွန်ပဲ သိချင်နေကြပြန်တယ်..။ အဲဒီအခါမှာ..
ရှေ့ဖြစ်ကို ကြိုတင် တွက်ဆ ဟောပြောနိုင်တဲ့ ဗေဒင်၊ လက္ခဏာပညာရှင်တွေဆီ
ချဉ်းကပ် အကြံဥာဏ်ယူကြပြန်တယ်..။ အဲဒီပညာရှင်တွေရဲ့ ဟောကိန်းတွေကတဆင့်
အဆိုးအကောင်းကံကြမ္မာကို သိရှိကြ၊ ယတြာပြုလုပ်ကြပြန်တယ်..။ အဲဒီလို
ပြုလုပ်ခြင်းဟာ မှန်၏၊ မှား၏ တစ်စုံတစ်ရာကို ပြောလိုခြင်းမရှိပေမယ့်..
ကံကြမ္မာတစ်ခုတည်းကိုသာ အလုံးစုံပုံအပ်လို့မရဘူးဆို တဲ့အချက်ကိုတော့ သတိပြုစေလိုတာပဲဖြစ်တယ်..။
တကယ်တော့ ကံကောင်းခြင်းဟောကိန်းများဟာ
သဘာဝအလျောက်ရွာသွန်းလာတဲ့ မိုးရေစက်တွေနဲ့တူလှတယ်..။
မိုးရေစုဆောင်းလိုသူဟာ.. မိုးရေစက်ကို ခံယူဖို့ ခွက်၊ ပုံး စတာတွေနဲ့
ခံယူမှသာ ရရှိနိုင်သလို..။ ကံကြမ္မာကောင်းဆိုတာဟာလည်း.. ကိုယ်တိုင်အားစိုက်ထုတ်မှု တစ်စုံတစ်ရာ ပါမှသာ ရရှိနိုင်မှာပဲဖြစ်တယ်...။ ကံကြမ္မာမိုးရေစက်တွေကို.. အားစိုက်ထုတ်ခြင်းရေခွက်နဲ့ ခံယူကြရမှာပဲဖြစ်တယ်..။ မိုးရေကိုစုဆောင်းချင်ပါလျက်.. တစ်စုံတစ်ရာသော ခွက်နဲ့ မခံယူဘဲ အိမ်ထဲမှာ အိပ်နေမယ်ဆိုရင်တော့.. တစ်စုံတစ်ရအကျိုးကျေးဇူးဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုတယ်.။
တချို့သော သူတွေဟာ.. မွေးရာပါ ကံကြမ္မာကောင်းများနဲ့ ပြည့်စုံကုံလုံကြပြန်တယ်..။ မမွှေးခင်ကတည်းက ကိုယ့်ကံဇာတာ၊ ဟောစာတမ်းကို မိဘများက မေးမြန်းပြီး အမည်နာမကအစ အသေးစိတ်ရွေးချယ်ပေးကြပြန်တ ယ်..။
ငါ့သားက ဘယ်လိုအောင်မြင်မယ့်လူ၊ သူမွေးမှ စီးပွားတက်တာ၊ သူ့အထုတ်နဲ့သူလာတာ
စသဖြင့် အထူးထူးသော စကားများနဲ့ ချီးမြောက်ကြပြန်တယ်..။ အဲဒီလို
စကားတွေကြောင့်ပဲ မိမိဟာ မွေးရာပါ ပါရမီထူးသူ၊ သာမာန်လူများနဲ့မတူသူ အဖြစ်
အမြင်ကျဉ်းမြောင်းစွာ လောကကြီးကို ဖြတ်သန်းကြပြန်တယ်..။ ကံကြမ္မာကောင်းကို
မျှော်ကိုးရင်းနဲ့ပဲ.. အသိဥာဏ်ပညာ၊ အရည်အချင်း ဖွံ့ဖြိုးခွင့်တွေ
ဆုံးရှုံးကြရပြန်တယ်..။ အဲဒီလိုနဲ့ ဥာဏ်နည်းပြီး အရည်အချင်းမရှိတဲ့ သူအဖြစ်
တဖြည်းဖြည်း ရောက်ရှိလာပြန်တယ်..။ မိမိရဲ့ ဥာဏ်နည်းခြင်းအဖြစ်ကို၊
ဥာဏ်နည်းခြင်းကြောင့်ပဲ မသိနိုင်ဖြစ်နေကြရပြန်တယ်။ တကယ်တော့
အဲဒီလိုအဖြစ်အပျက်ဟာ.. ဘ၀ရဲ့ လှော်တက်တွေကို မလှော်ခတ်ပဲ..
ဘယ်ဆီဘယ်ဝယ်မသိတဲ့ ကံကောင်းခြင်းလေအလျဉ်ကိုသာ ရွက်ဖွင့်ရင်းစောင့်စားနေတဲ့  ရူးမိုက်သူများပဲဖြစ်တယ်.. ။
ကျနော်တို့တွေဟာ.. ဦးတည်ရာ၊ အောင်မြင်ရာကို ဦးတည်လှော်ခတ်ရင်းသာ ကံကြမ္မာကောင်းကို စောင့်မျှော်သင့်လှတယ်..။ ကံကောင်းခြင်းလေအလျဉ် ရောက်လာသည်ဖြစ်စေ၊ မရောက်လာသည်ဖြစ်စေ ကိုယ်ရဲ့ပဲ့ကိုင်လှော်ခတ်ခြ င်းနဲ့ ကိုယ့်လက်ရုန်းတွေကို သန်မာအောင်လေ့ကျင့်ပျိုးထော င်နေကြရမှာပဲဖြစ်တယ်..။ ကံကြမ္မာကောင်းဟာ အထောက်အပံ့ကောင်းဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်..အဲဒီအထောက်အပံ့ကိုချည်းမှီခိုလွန်းတဲ့ အခါမှာတော့ ကိုယ့်ရဲ့အစွမ်းအစတွေလည်း ဆုံးရှုံးသွားတတ်တယ်ဆိုတာကို သတိမူသင့်တယ်..။ ကံကိုစောင့်နေရင်းနဲ့ ဥာဏ်နဲ့၊ ၀ီရိယပါ မရှိတော့တဲ့အဖြစ်ကို သိရှိသင့်တယ်..။
Diligence is the mother of good fortune.
ဆိုတဲ့စကားလို.. လုံ့လ၀ီရိယနဲ့ ကြိုးစားအားထုတ်မှုသည်သာ ကံကြမ္မာကောင်းရဲ့မိခင်ဖြစ်တ ယ်ဆိုတဲ့အချက်ကို သတိထားသင့်တယ်..။ တကယ်တော့ "ကံ" ဆိုတာဟာ အားစိုက်ထုတ်ခြင်းဆိုတဲ့ ၀ီရိယသဘောပါတဲ့ "အလုပ်" ပဲဖြစ်တယ်.။
ကံဥာဏ်ဝီရိယ သုံးပါးမျှ၍ ရွှေထီးဆောင်းနိုင်သူများ ဖြစ်ကြပါစေ
(ဖြိုးသုတ)
++++++++++
တစ်ခါက အတော်အတန်ကြွယ်ဝတဲ့ ကုန်သည်ကြီးတစ်ယောက်ရှိပါသတ
ပရောဟိတ် ဗေဒင်ဆရာကြီးရဲ့ဟောကိန်းတွေ
အဲဒီအခါ ဗေဒင်ဆရာကြီးက ကုန်သည်ကြီးရဲ့ လက္ခဏာ၊ ဇာတာ စတဲ့အရာတွေကို သေချာစွာ စိစစ်ပြီးတဲ့အခါ ဒီလိုမျိုးဟောပြောခဲ့တယ်..
"ဘာမှ မပူပါနဲ့ကုန်သည်ကြီး၊ ကုန်သည်ကြီးရဲ့ဇနီးဟာ မကြာခင်မှာပဲ သားတစ်ယောက်ကို ကိုယ်ဝန်ဆောင်ပြီး ချောမောစွာ မွေးဖွားမှာပါ။ ကုန်သည်ကြီးရဲ့သားဟာ.. တစ်ချိန်မှာ ရွှေထီးဆောင်းရမှာ မြေကြီးလက်ပုတ်မလွဲပဲ"
လို့ ဟောပြောလိုက်တယ်.။ အဲဒီနောက်မှာလည်း သင့်တော်ရာ အဆောင် ယတြာတွေနဲ့ပြုလုပ်ပုံပြုလုပ
အဲသည်လိုနဲ့ လအနည်းငယ်ကြာတဲ့အခါမှာတော့ ကုန်သည်ကြီးရဲ့ဇနီးသည်ဟာ ကိုယ်လေးလက်ဝန်ရှိလာတယ်..။ ကိုးလလွယ်ပြီး အချိန်စေ့မြောက်တဲ့ ဆယ်လအချိန်မှာတော့ အဆင်းအင်္ဂါနဲ့ပြည့်စုံလှတဲ့ သားတစ်ယောက်ဖွားမြင်တယ်..။
ကုန်သည်ကြီးဟာ ရွှေထီးဆောင်းရမယ့်သားကို လိုလေသေးမရှိဖြည့်ဆည်းပေးတယ
အဲဒီလိုနဲ့ကုန်သည်ကြီးရဲ့သာ
သူ့ရဲ့ သုံးဖြုန်းမှုကြောင့် ကုန်သည်ကြီးရဲ့ စည်းစိမ်ဥစ္စာလည်း ပျက်စီးခဲ့ပြန်တယ်..။ ဒီအချိန်အထိ ကုန်သည်ကြီးဟာ သူ့သားကို တစ်စုံတစ်ရာမှ ပြောဆိုဆုံးမမှု မရှိဘဲ ပျော်သလိုသာ နေပါစေ၊ သူ့ကံနဲ့သူလာတဲ့သူပါလို့ မှတ်ယူထားခဲ့တယ်..။ သူ့သားရဲ့ ရွှေထီးဆောင်းရမယ့်အချိန်ရော
တစ်ဖြည်းဖြည်းနဲ့လည်း ကုန်သည်ကြီးရဲ့စည်းစိမ်အားလ
ငတ်တလှည့်ပြတ်တလှည့် ဖြစ်နေပေမယ့်လည်း.. အရက်သေစာအတွက်ငွေကြေးကို မရရတဲ့နည်းနဲ့ ဖြစ်အောင်ရှာဖွေတယ်..။ တစ်ဖြည်းဖြည်းနဲ့ အစာအဟာရ မှီဝဲဖို့ငွေကြေးကိုတောင်မှ
ပူပြင်းလှတဲ့နေ့တစ်နေမှာ လူငယ်ဟာ.. အရက်အလွန်အကျွန်မူးယစ်လာတဲ့
အဲဒီအချိန်မှာပဲ သူလဲကျနေတဲ့ လမ်းမပေါ်ကို ဘုရင်မင်းမြတ်က ဆင်စီးပြီး တိုင်းခန်းလှည့်လည်ခဲ့တယ်..
.
"အမတ်ကြီး.. လမ်းဘေးမှာ.. လဲလျောင်းနေတဲ့ သူဖုန်းစားဟာကို ငါကိုယ်တော်.. သနားဂရုဏာ သက်လှတယ်ကွယ့်.. ။ နေပူကြဲကြဲမှာ.. အရိပ်အမိုးအောက်ကိုတောင်သွာ
လို့ အမိန့်ပေးစေခိုင်းခဲ့တယ်.။ မင်းချင်းတွေလည်း ဘုရင်ကြီးရဲ့ အမိန့်အတိုင်.. ဘုရင်ကြီးရဲ့ ရွှေထီးကို ဖြုတ်ပြီး လူငယ်လဲလျောင်းနေတဲ့ မြေပြင်မှာ ထိုးစိုက်လို့ အရိပ်မိုးပေးခဲ့တယ်..။ အဲဒီနောက်မှာတော့ ဘုရင်ကြီးလည်း ဆက်လက်ကြွမြန်းထွက်ခွာသွားခ
အဲဒီလိုနဲ့.. သေငယ်ဇောနဲ့ မြောနေတဲ့လူငယ်ဟာ.. သူ့ရဲ့ နောက်ဆုံးစက္ကန့်ကို ပရောဟိတ်ကြီးရဲ့ ဟောကိန်းအတိုင်း ရွှေထီးဆောင်းရင်းနဲ့ပဲ.. ဖြတ်သန်းခဲ့တော့တယ်..။
----------
ဒီအဖြစ်အပျက်လေးဟာ ကျနော်တို့ရဲ့ ကံကြမ္မာအကြောင်းကို ပြောပြနေခဲ့တယ်..။ ကျနော်တို့တွေဟာ.. ကံကြမ္မာတစ်ခုတည်းကိုသာ အားကိုးလို့မရဘူးဆိုတာကို..
အဲဒီလိုရှာဖွေနေရင်းနဲ့.. ကိုယ့်ရဲ့ရှေ့ဖြစ်ကံကြမ္မာဆိ
တကယ်တော့ ကံကောင်းခြင်းဟောကိန်းများဟ
တချို့သော သူတွေဟာ.. မွေးရာပါ ကံကြမ္မာကောင်းများနဲ့ ပြည့်စုံကုံလုံကြပြန်တယ်..။
ကျနော်တို့တွေဟာ.. ဦးတည်ရာ၊ အောင်မြင်ရာကို ဦးတည်လှော်ခတ်ရင်းသာ ကံကြမ္မာကောင်းကို စောင့်မျှော်သင့်လှတယ်..။ ကံကောင်းခြင်းလေအလျဉ် ရောက်လာသည်ဖြစ်စေ၊ မရောက်လာသည်ဖြစ်စေ ကိုယ်ရဲ့ပဲ့ကိုင်လှော်ခတ်ခြ
Diligence is the mother of good fortune.
ဆိုတဲ့စကားလို.. လုံ့လ၀ီရိယနဲ့ ကြိုးစားအားထုတ်မှုသည်သာ ကံကြမ္မာကောင်းရဲ့မိခင်ဖြစ်တ
ကံဥာဏ်ဝီရိယ သုံးပါးမျှ၍ ရွှေထီးဆောင်းနိုင်သူများ ဖြစ်ကြပါစေ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။