Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 23, 2016

နတ်သျှင်နောင်

နတ်သျှင်နောင်

ကွန်မင့် (၁) Aung Zaw Latt ဆရာ နတ်ရှင်နောင်ရာဇဝင်လေးသိချင်ပါတယ်။

ကွန်မင့် (၂) Thet Lwin နတ်သျှင်နောင်မိခင်နဲ့ ရာဇဓတုကလျာက ညီမ အရင်း။ တူတော်စပ်သူ နတ်ရှင်နောင်ဟာ သူ့ထက် ၁၉ နှစ်ကြီးတဲ့ ဒေါ်လေး မုဆိုးမကိုမှ တန်းတန်းစွဲချစ်ရလို့ ၇ နစ် ၇ မိုး ပိုးခဲ့လို့ ညားရပြန်တော့ ၇ လပဲ ပေါင်းလိုက်ရ။ ရာဇဓာတုကလျှာခမြာမှာလဲ တူအရင်းတွေပဲ ညားခဲ့ရရှာတယ်။ သေတော့ ဟံသာဝတီ နန်းတော်ထဲမှ မနေရ။ တောင်ငူ မြတ်စောညီနောင်စေတီရင်းမှာ ဦးခေါင်းချလိုက်ရရှာတယ်။ ကံနည်းသူ နတ်သျှင်နောင်လို့ မပြောချင်ဘူး။ ကံနည်းသူဟာ ရာဇဓာတုကလျာ (ဟံသာဝတီ ဆင်ဖြူရှင်ဘုရင့်နောင်ရဲ့အချစ်ဆုံး သမီး) လို့ ပြောချင်တယ်။

နတ်ရှင်နောင်လို့ နောက်ပိုင်းလူတွေကရေးကြပေမယ့် မူရင်းရာဇဝင်မှာ နတ်သျှင်နောင်လို့သာရေးပါတယ်။ သူဟာ အဘက်ဘက်မှာ ကျွမ်းကျင်လိမ္မာတယ်၊ သူရသတ္တိနှင့်လည်းပြည့်စုံတယ်၊ ပညာတို့ကိုလည်း ရှာဖွေဆည်းပူးတယ်လို့ ရေးတယ်။ နတ်သျှင်နောင်အမည်ဟာ ရာဇဝင်ဆရာတွေကပေးတာမဟုတ်ဘူးလို့ ယူဆရတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ စာဆိုဘုရင်နဲ့ ရတုဖွဲ့ဆိုရာမှာတံခွန်စိုက်သူလို့လည်း အမွှမ်းတင်ထားပါတယ်။

- ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊
- ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ထပ်လောင်းလောင်းဝှန်း ရှိလိမ့်ဟန်ကို၊
- တိမ်ညိုလေလျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွမတတ်သော့့်။

ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) မှာ ထင်ရှားခဲ့တဲ့ စာဆိုရှင် (၁၄) ဦးရှိတယ်။
၁။ ဝရာဘိသံဃနာထ ဆရာတော်၊
၂။ ရာဇဓာတုကလျာ၊
၃။ ရဝေရှင်ထွေး၊
၎။ နတ်သျှင်နောင်၊
၅။ မင်းဇေယျရန္တမိတ်-တောင်ငူ၊
၆။ တောင်ဖီလာ ဆရာတော်၊
၇။ ရှင်ကုမာရကဿပ၊
၈။ ရှင်ကရဝိက၊
၉။ ရှင်သံကိုယ်၊
၁ဝ။ သဒ္ဓမ္မလင်္ကာရ ဆရာတော်၊
၁၁။ ဆီသည်ရွာစား ဦးအောင်ကြီး၊
၁၂။ ရှင်ဥက္ကံသမာလာ၊
၁၃။ ရှင်စန္ဒမဉ္ဇူ၊
၁၄။ ဦးကုလားတို့ ဖြစ်ကြတယ်။

နတ်ရှင်နောင်ကို ၁၅၇၈ ခုမှာမွေးတယ်။ သူ့ဖွားသက္ကရာဇ်နဲ့ပတ်သက်ပြီး၊ အငြင်းပွားတယ်။ဦးချမ်းမြ (မြကေတု) က ၉၃၃ ခုနှစ်လို့ အကိုးအကား အထောက်အထားတွေနဲ့ပြတယ်။ သီဟသူက ၁၅၈၄ ခုမှာ တောင်ငူမှာ နန်းတည်တဲ့အခါ သားတော်နတ်ရှင်နောင်ကို အိမ်ရှေ့ဥပရာဇာပေးတယ်။ ဘုရင့်နောင်မင်းတရားကြီး၏သမီးတော်နဲ့ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောရဲ့ နှမတော် ရာဇဓာတုကလျာနဲ့ လက်ထပ်ပေးတယ်။

ရာဇဓာတုကလျာကို ဘုရင့်နောင်ရဲ့မိဘုရား ရာဇဒေဝီဘွဲ့ခံ တပယင်း စတုဂါမဏိရဲ့သမီး ရှင်ထွေးလှကနေ ၉၂၁ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်၊ တနင်္ဂနွေနေ့မှာမွေးတယ်။ နတ်သျှင်နောင်ထက် (၁၃) နှစ် ကြီးတယ်။ အဒေါ်နဲ့ တူတော်တယ်။ ဓာတုကလျာရဲ့ ပထမကြင်ရာတော် မဟာဥပရာဇာနဲ့ နတ်သျှင်နောင်က ဝမ်းကွဲညီအကိုတော်လို့ မရီးနဲ့ မတ်လည်းတော်ပြန်တယ်။ သူတို့ထိမ်းမြားတော့ ရာဇဓာတုကလျာက (၄၃) နှစ်နဲ့ နတ်သျှင်နောင်က အသက် (၃ဝ) ရှိပြီ။ သူတို့ဟာ (၇) လသာ ပေါင်းဖက်လိုက်ကြရရှာပါတယ်။

၁၆၁၃ မှာ ပေါ်တူဂီ ငဇင်ကာ ခေါ် ဒီဗရစ်တိုနဲ့ မုတ္တမစား ဗညားဓလတို့ကနေ တောင်ငူကိုတိုက်ယူတယ်။ ရွှေနန်းတော်၊ ကျောင်း၊ ကန်၊ အိမ်ရာ အားလုံးကို မီးတိုက်တယ်။ တောင်ငူဘုရင်ခံ နတ်သျှင်နောင်ကို လှေပေါ်တင်ပြီး သန်လျင်ကို ခေါ်ဆောင်သွားတယ်။

အင်းဝဘုရင် အနောက်ဖက်လွန်မင်း ခေါ် မဟာဓမ္မရာဇာကနေ သံလျင်ကိုပြန်တိုက်ယူပြီး ငဇင်ကာရော နတ်သျှင်နောင်ပါ ဖမ်းဆီးရမိတယ်။ ငဇင်ကာကို ၁၆၁၃ မတ်လ ၂၈ ရက်နေ့ သန်လျင်မြို့လယ်မှာ တံကျင်တင်ပြီးသတ်တယ်။ ငဇင်ကာက ကက်သလစ်ဘာသာဝင်မို့ ကားစင်နဲ့ကွပ်မျက်ပုံရတယ်။ အဲဒီနေ့မှာပဲ နတ်သျှင်နောင်ကိုလည်း ရင်ကိုဖွင့်ပြီးသတ်တယ်။ သူ့အလောင်းကို မီးသင်္ဂြိုဟ်ပြီး၊ သန်လျင်ကျိုက်ခေါက်စေတီ မြောက်ဘက်စောင်းတန်းအနောက်မှာ ကုလားကျောင်းစံ အရိုးအိုးစေတီ တည်ထားတယ်ဆိုတယ်။ နတ်လျှင်နောင်သေတော့ အသက် ၃၅ နှစ်သာ ရှိသေးတယ်။

ဆရာသန်းဝင်းလှိုင်ရေးသာတာထဲမှာ နတ်သျှင်နောင် သစ္စာဖောက်မဟုတ်လို့ အချက်အလက်တွေနဲ့ ထောက်ပြထားတယ်။ နတ်သျှင်နောင်ဟာ အချစ်မှာသာမက အရှင်သခင်ကိုလည်း တော်လှန်ခဲ့သူမဟုတ်ပါလို့ဆိုတယ်။ ဘရင်ဂျီဘာသာဝင်ပြီး နှစ်ခြင်းခံတာ မဟုတ်လို့လည်း ငြင်းတယ်။ ပူတကေ (ပေါ်တူဂီ) ရာဇဝင်က တဖက်သတ်ရေးထားခြင်းနဲ့ ငဇင်ကာရဲ့ လုပ်ဇာတ်မျှသာလို့ ဆိုပါတယ်။

နတ်သျှင်နောင် ဗုဒ္ဓဘာသာကိုစွန့်ပြီး၊ ဘရင်ဂျီဘာသာထဲဝင်တယ်လို့ ပူတကေ (ပေါ်တူကီ) ရာဇဝင်ကရေးတာ မမှန်ကြောင်းကို (ဘဝဂ်ရပ်သူ၊ နတ်လူဝှန်ချောက်၊ ညွတ်ရောက်သည်၊ ကျိုက်ခေါက်ကောင်းကင့် ထွက်ချာသော်ဝ်) ဖွဲ့ဆိုတဲ့ ကျိုက်ခေါက်ဘုရားတိုင်ရတုကို သန်လျင်ရောက်မှ ရေးတာလို့ထောက်ပြတယ်။

ရှင့်ပင့်စတေ၊ ခုနှစ်နေတိ၊ မီး ရေ လေဆုံး၊ ခြောက်ဘုံလုံးက၊ ရွက်ကျုံးရှစ်ဦး၊ တေဘုန်းထူးကို၊ မဖူးကြားကာ၊ သည်သာစက်၌ ကြုံကြိုက်တွေ့ရ၊ ဆယ်ဆဆယ်ပြန်၊ ကျူးလွန်စုံမက်၊ ရှေးထက်ဝမ်းမြောက်၊ ပြည်ဆူလျှောက်သည်လို့ သူ ရှိခိုးဆုတောင်းစာကိုလည်း ကိုးကားတယ်။

နတ်သျှင်နောင် ပြုစုသွားခဲ့တဲ့စာပေများ
၁။ ဘုရားတိုင်ရတုများ
၂။ ရာသီဘွဲ့ရတုများ
၃။ သစ္စာတိုင်ရတုများ
၎။ စစ်ချီရတုများ
၅။ ကျေးစေရတုများ
၆။ အခြားရတုများ
၇။ သခင်ဘိုးဧချင်း
၈။ မင်းသက်ရှင်ဧချင်း
၉။ ဝိမလရာဇာဧချင်း
၁ဝ။ ဘုရင့်နှမတော်ဧချင်း
၁၁။ သခင်မင်းစည်ဧချင်း
၁၂။ စစ်ကိုင်းသခင်ဧချင်း စတာတွေဖြစ်တယ်။

မြန်မာပညာရှင်တွေက နဝဒေးကြီးက ရတုစပ်ဆိုရာမှာ သူ့ထက်ဗဟုသုတသာတယ်လို့ ကောက်ချက်ချကြတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။