Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 9, 2016

လိပ်ပြာသန့်ပါစေ …

လိပ်ပြာသန့်ပါစေ …
============

တစ်နေ့မှာ ကောင်လေးတစ်ယောက် နဲ့ ကောင်မလေး တစ်ယောက် အတူတူ ကစားနေကြပါတယ် … ။ ကောင်လေးမှာ ကျောက်ဒိုးလေးတွေ ရှိတယ် …. ကောင်မလေးမှာတော့ သကြားလုံးလေးတွေ ရှိပါတယ် … ။

ကောင်လေးက ကောင်မလေးကို “နင့်ကို ငါ့ရဲ့ ကျောက်ဒိုးလေးတွေပေးမယ် … ငါ့ကို နင့်ရဲ့ သကြားလုံးတွေ ပေးမလား …. နင့်ရဲ့ သကြားလုံးနဲ့ ငါ့ရဲ့ ကျောက်ဒိုးတွေ လဲကြမယ်လေ …” လို့ ပြောပါတယ် … ။ ကောင်မလေးက လည်း သဘောတူပါတယ် … ။

ဒါပေမယ့် တကယ့်တကယ် လဲကြတော့ … ကောင်လေးက အလှဆုံး နဲ့ အကြီးဆုံးဆိုတဲ့ ကျောက်ဒိုးကို ချန်ထားလိုက်ပြီးတော့ … ကျန်တာတွေကို ပေးလိုက်ပါတယ် … ၊ ကောင်မလေး ကတော့ ကတိထားကြတဲ့ အတိုင်း သူ(မ)ရဲ့ သကြားလုံးတွေ အားလုံးကို ကောင်လေးကို ပေးလိုက်ပါတယ် … ။

အဲဒီလိုနဲ့ ကစားပြီးလို့ ကိုယ်စီ ကိုယ်စီ အိမ်ကို ပြန်ကြတယ် … ညဖက်ရောက်လို့ အိပ်ရာဝင်တော့ ကောင်မလေးက တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ် … ။ ဒါပေမယ့် ကောင်လေး ကတော့ တလူးလူး တလွန့်လွန့် နဲ့ ကောင်းကောင်း အိပ်မပျော်ပါဘူး … ၊ ကောင်လေးစိတ်ထဲမှာ သူက ကျောက်ဒိုး တွေ အကုန်မပေးဘဲ အကြီးဆုံး အလှဆုံးဆိုတာကို ချန်ထားလိုက်သလိုမျိုး … ကောင်မလေးကများ သကြားလုံးတွေ ချန်ထားသလား ဆိုတာ သိချင်တဲ့ စိတ်နဲ့ … အိပ်လို့ မပျော်နိုင်တာပါ …. ။

စာစုလေးကတော့ ဒါပါပဲ … ကိုယ့်ဘက်ကသာ ရာနှုန်းပြည့် ရိုးသားတယ်ဆိုရင် … လိပ်ပြာသန့်ပြီး တော့ အရာရာမှ စိတ်ရှင်းပါတယ် … ကိုယ့်ဘက်က မရိုးသားခဲ့ရင် … ကိုယ့်လိုပဲ သူ့ကလုပ်လေမလား ဆိုတဲ့ သံသယ စိတ်က ကိုယ့်စိတ်ကို ပြန်ပြီး ပင်ပန်းစေပါတယ် … ။

ရုရှားစကားပုံ လို့ ထင်ပါတယ် … “A clear conscience is the softest pillow.” လို့ ကြားဖူး ပါတယ် …. တစ်ချို့ကလည်း “A good conscience is a good pillow.” လို့ ပြောကြပါတယ် … ဂျာမာန် စကားပုံလို့လည်း ဆိုပါတယ် ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းကတော့ အတူတူပါပဲ … ။

တနေ့တာကုန်ဆုံးလို့ လုပ်ငန်းကိစ္စ အဝဝ ပြီးဆုံးလို့ အိပ်ရာဝင်တဲ့ အခါ …. အိပ်ရာပေါ်လှဲ လိုက်တာနဲ့ တစ်နေ့တာ လုပ်ခဲ့တဲ့ အတွေးတွေဟာ ခေါင်းထဲကို ဝင်လာတတ်ပါတယ် … အဲဒီအချိန်မှာ ကိုယ့်ရဲ့ တစ်နေတာ လုပ်ခဲ့သမျှ အလုပ်တွေဟာ ကိုယ့်အတွက် လိပ်ပြာသန့်တယ် ဆိုရင် ကောင်းကောင်း မွန်မွန် အိပ်စက် အနားယူနိုင်ပါလိမ့်မယ် ….. ကိုယ့်ကသာ မရိုးသားတာ … မဟုတ်တာ … တစ်စုံတရာကို လုပ်ထားခဲ့မယ်ဆိုရင် …. ဘယ်သူမှ မသိပေမယ့် ကိုယ့်ကိုကိုယ် သိပါတယ် … အဲဒီ စိတ်ကပဲ ကိုယ့်ကို ခြောက်လှန့်စေပါတယ် … ။

ပြီးတော့ မဟတ္တမ ဂန္ဒီ ပြောဖူးတဲ့ စကားတစ်ခု ရှိပါသေးတယ် …. “Happiness is when what you think, what you say, and what you do are in harmony.” ဒါကြောင့်မို့ ကိုယ့်ရဲ့အတွေးထဲမှာ ကိုယ့်ကိုယ်ကို ပဋိပက္ခဖြစ်စေမယ့် … စကားတွေ … အလုပ်တွေ … အကြောင်းအရာတွေကို မဖန်တီးမိပါစေနဲ့၊ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောနိုင်ဖို့ ကြိုးစားကြည့်ပါ … ထို့အတူပဲ … ပြောတဲ့ အတိုင်းလည်း လုပ်နိုင်ဖို့ လိုပါတယ် … ။

တစ်ခါတစ်လေမှာ ကိုယ့်စိတ်ထဲမှာ တွေးထားတာက တစ်မျိုး လက်တွေ့ပြောလိုက်တာ … လုပ်လိုက်တာက တစ်မျိုး ဖြစ်တတ်ပါတယ် … ဒါကလည်း တစ်ခါတစ်လေမှ လူမှုရေးကိစ္စတွေကြောင့် တဖတ်သားအတွက် ထောက်ထားပြီး ပြောလိုက်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ် … ဒါ့အပြင် ကိုယ့်စိတ်ထဲမှာ ကိုယ့်ကို အထင်ကြီးစေချင်တဲ့ …. လေးစားစေချင်တဲ့ … သဘောကြောင့်လည်း ကိုယ့်စိတ်ရင်းနဲ့ ကိုယ့်အပြော … ကိုယ့်အလုပ်တွေ မကိုက်ညီတော့တာမျိုးတွေလည်း လုပ်မိတတ်ပါတယ် … ။

ဒါကြောင့် ကိုယ့်ရင်ထဲမှာ ရှိတဲ့ အတိုင်း ပွင့်ပွင့်လင်းလင်း တည့်တည့်မတ်မတ် ပြောလိုက် … လုပ်လိုက်တာက ပိုကောင်းပါတယ် … တကယ်လို့မှ အဲဒီလို မပြောချင် … မလုပ်ချင်ရင်လည်း ဒီအတိုင်းလေး တိတ်တိတ်နေလိုက် တာက ပိုကောင်းပါတယ် … ။

ဒါကြောင့် စာဖတ်သူများ ဘာပဲလုပ်လုပ် ကိုယ့်လိပ်ပြာ ကိုယ်သန့်အောင် ပြောဆို လုပ်ကိုင် ဆောင်ရွက် နိုင်ကြပါစေ ....

မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be The Best !

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။