The Lies Daily မိုးလုံးပြည့် နေ့စဉ်
• ဒေါ်စုဟောပြောပွဲကအပြန် ကားလမ်းဘေးမှာ ပုဒ်မ ၄၃၆ မပြင်ဖို့ ဆန္ဒပြကြတဲ့ သူတွေကို ဒေါ်စုက ကားရပ်ခိုင်းပြီး စကားပြောကြည့်တယ်။ အဘိုးကြီး တစ်ယောက်က ဒေါ်စုကို မိုးပြောဂျိုးပြောနဲ့ "ဗိုလ်ချုပ် အောင်ဆန်းက ကျနော်အဖေကို သတ်ခဲ့တာ သူဖက်ဆစ်ဂျပန်တွေကို ခေါ်လာလို့ ဖက်ဆစ်ဂျပန်တွေကြောင့် ကျနော်အဖေသေခဲ့ရတာ "ဆိုပဲ။ ဖက်ဆစ် တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ရဲဘော်တွေကိုမှ အားမနာ။ အဲ့ အသက်တွေ ဘယ်ချောင်သွားထိုးရမလဲ။ ဦးနှောက်မရှိ ပြောပုံက ဗိုလ်ချုပ်ပါ လူသတ်တရားခံဖြစ်သွားတယ်။ ဒေါ်စုကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ခပ်ပြုံးပြုံးပဲ အဲ့လူကို စကား ပြောနေပေမဲ့ အသိဥာဏ်ပညာချင်း မတူတဲ့ လူနှစ်ယောက် စကားပြောတာ သိပ်ကွာခြားတာ မြင်ရလိမ့်မယ်။ ဒီလိုမျိုး လူတွေ တိုင်းပြည်မှာ အများကြီး ရှိနေတယ်။ ပြည်သူကို ရွေးချယ်ဖို့ မိသားစုကို စွန့်လွှတ်ခဲ့တဲ့ ဒေါ်စုကို အော်ဟစ်ပြီး ရန်တွေ့ကြတာ ကျုပ် ဒေါ်စုကို သိပ်သနားတယ်။ စေတနာကို ဝေဒနာလို့မြင်နေတဲ့သူတွေကြောင့် ပြည်သူတွေဘဝ နစ်ပြီးရင်း နစ်နေကြဦးမှာပါပဲ။ ဒေါ်စု ကျန်းမာပါစေလို့ ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်း ဆုတောင်းနေမိတယ်။ (သက်နှင်း သုန္ဒရီ)
• ဒီနေ့ လယ်ဝေးဘက်က အသက် (၇ဝ) ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးက ၄၃၆ ကိုကန့်ကွက်တဲ့ ဆိုင်းဘုတ်ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို RFA မှာ ကြည့်လိုက်ရပါတယ်။ သူက ဗိုလ်ချုပ် အောင်ဆန်း သတ်လို့ သူ့အဖေသေတာတဲ့။ အံ့သြလို့မဆုံးခင်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တွေ သူခေါ်လာလို့တဲ့။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အင်္ဂလိပ်ကျွန်ဘ၀က တိုင်းပြည်လွတ်လပ်ရေးရဖို့ ဂျပန်ဆီမှာ ဒုက္ခခံ စစ်ပညာတွေ သင်ကြားပြီး ရဲဘော်သုံးကျိပ်တို. အင်္ဂလိပ်ကိုပြန်တိုက်ခဲ့ရတဲ့ မြန်မာ့ လွတ်လပ်ရေးဖြစ်စဉ် သမိုင်းကြောင်းကြီး တစ်ခုလုံးကို ဂျပန်သတ်လို့ သူ့အဖေသေခဲ့ရတဲ့ ပုဂ္ဂိုလ်ရေးခံစားမှုတစ်ခုတည်းနဲ့ ပြောင်းပြန် လှန်ပစ်ပြီး ပြောဆိုသွားခဲ့တာ အံ့သြလို့ကို မဆုံးဘူး။ နောက်ပြီး ရဲဘော်သုံးကျိပ်မှာ တာဝန်မရှိဘူး။ ဖက်ဆစ်ကို ခေါ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းမှာပဲ တာဝန်ရှိတယ်ဆိုပဲ။ တပ်မတော်ကို ဘယ်သူ ဦးဆောင် တည်ထောင်သလဲ မေးတော့ ရဲဘော်သုံးကျိပ်တဲ့။ တိုင်းပြည်တည်ငြိမ်အောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာသာ တာဝန်ရှိသတဲ့၊ အစိုးရမှာ တာဝန်မရှိဘူးလားမေးတော့ မဖြေဘူး။ ပိုဆိုးတာက အဲဒီကန့်ကွက်တဲ့ပုဂ္ဂိုလ်ကြီး ပြောတော့ ဗိုလ်ချုပ်က ဖက်ဆစ်ခေါ်လာလို့ သူ့အဖေသေရတယ်ဆိုပြီး၊ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကျတော့ ၅၉(စ) ဟာ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့မူဖြ စ်သည် တဲ့ဗျာ။ (ကျော်စွာမြင့်) (၁၉၈၈-၁၉၉၂ ဗကသ)
လုပ်သားပြည်သူ့နေ့စဉ် မဖတ်ရတာကြာပြီဗျာ။ အခုမှဘဲ့။
ဒေါက်တာတင့်ဆွေ
၁-၆-၂ဝ၁၄
• ဒေါ်စုဟောပြောပွဲကအပြန် ကားလမ်းဘေးမှာ ပုဒ်မ ၄၃၆ မပြင်ဖို့ ဆန္ဒပြကြတဲ့ သူတွေကို ဒေါ်စုက ကားရပ်ခိုင်းပြီး စကားပြောကြည့်တယ်။ အဘိုးကြီး တစ်ယောက်က ဒေါ်စုကို မိုးပြောဂျိုးပြောနဲ့ "ဗိုလ်ချုပ် အောင်ဆန်းက ကျနော်အဖေကို သတ်ခဲ့တာ သူဖက်ဆစ်ဂျပန်တွေကို ခေါ်လာလို့ ဖက်ဆစ်ဂျပန်တွေကြောင့် ကျနော်အဖေသေခဲ့ရတာ "ဆိုပဲ။ ဖက်ဆစ် တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ရဲဘော်တွေကိုမ
• ဒီနေ့ လယ်ဝေးဘက်က အသက် (၇ဝ) ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးက ၄၃၆ ကိုကန့်ကွက်တဲ့ ဆိုင်းဘုတ်ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို RFA မှာ ကြည့်လိုက်ရပါတယ်။ သူက ဗိုလ်ချုပ် အောင်ဆန်း သတ်လို့ သူ့အဖေသေတာတဲ့။ အံ့သြလို့မဆုံးခင်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တွေ သူခေါ်လာလို့တဲ့။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှ
လုပ်သားပြည်သူ့နေ့စဉ် မဖတ်ရတာကြာပြီဗျာ။ အခုမှဘဲ့။
ဒေါက်တာတင့်ဆွေ
၁-၆-၂ဝ၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။