တစ်ခါတုန်းက လူတစ်ယောက်ဟာ သင်္ဘောတစ်စီးနဲ့ပြင်သစ်ပြည်ကိုခရီးထွက်လာပါတယ် ။ လမ်းခရီးတစ်နေရာရောက်တဲ့အခါ အလွန်ကိုဆိုးရွားတဲ့မုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ရပါတော့တယ် ။
သင်္ဘောပေါ်မှာ မုန်တိုင်းကြောင့် လူတွေအားလုံးဟာ ကြောက်လန့်တကြားပြေးလွှားနေပေမယ့် အဖွားအိုတစ်ဦးကတော့ တကယ့်ကိုတည်တည်ငြိမ်ငြိမ်နဲ့ဘုရားကို အာရုံပြုနေတယ်ဆိုတာ သူတွေ့သွားတယ် ။ မုန်တိုင်း ငြိမ်သက်သွားတဲ့အခါ သူက အဖွားကို သွားမေးခဲ့တယ် ။
“ အဖွား ခုနက မုန်တိုင်း လာတုန်းကမကြောက်ဘူးလား ”
အဖွားအိုကပြုံးပြီးတော့ပြန်ပြောတယ် ။
အဖွားအိုကပြုံးပြီးတော့ပြန်ပြောတယ် ။
“ အဖွားမှာ သမီးနှစ်ယောက်ရှိတယ် လူကလေး ရဲ့ သမီးကြီးကတော့ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ကောင်းကင်ဘုံမှာရောက်နေပါပြီ သမီးငယ်ကတော့ ပြင်သစ်မှာပါကွဲ့ ခုနက မုန်တိုင်းတိုက်တော့အဖွားက ဆုတောင်းနေပါတယ် အကယ်၍များ အဖွားကို ကောင်းကင်ဘုံပို့လိုက်မယ်ဆိုရင် သမီးကြီးနဲ့အဖွားတွေ့လို့ရပြီလေ တကယ်လို့အသက်ရှင်ပြီးကျန်ခဲ့မယ်ဆိုရင် သမီးငယ်ကိုသွားကြည့်လို့ရပြီ ဘယ်ကိုသွားသွားအ ဖွားအတွက် က အတူတူပဲမို့ အဖွားမကြောက်ခဲ့ပါဘူးကွယ် ”
------------------------------------------------------
တကယ်တော့ တစ်ခုခုကိုဆုံးရှုံးတယ်ဆိုတာ ဘ၀ မဟုတ်သေးပါဘူး ။
အဲဒီဘ၀ကြီးဆုံးရှုံးသွားမှာကိုလည်းစိုးရိမ်စရာမလိုပါဘူး ။
ဘ၀ တစ်ခု အစမပြုရသေးတာပဲစိုးရိမ်ဖို့ကောင်းတာပါ ။
တခါတလေ ကျွန်တော်တို့ သွားနေတဲ့ခရီးဟာ ဘယ်လမ်းကနေသွားသွားအတူတူပါပဲ ။ နောက်ဆုံးပန်းတိုင်ရောက်တဲ့အခါ အတူတူပဲမို့ ကိုယ့်ရဲ့ခံယူချက်စိတ်ထားသာ သက်တောင့်သက်သာဖြစ်နေဖို့အရေးကြီးပါတယ် ။
တစ်ခုခုကို ဆုံးရှုံးသွားမှာ မစိုးရိမ်ပါနဲ့ . . . ။
သက်တန့်ချို
The storm and old lady အား ဆီလျှော်သလိုဘာသာပြန်သည် ။
The storm and old lady အား ဆီလျှော်သလိုဘာသာပြန်သည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။