ဘရာဇီး (Brazil)
ဘရာဇီးနိုင်ငံဟာတောင်အမေရိကားတိုက်မှာအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။
ဘရာဇီးဆိုတဲ့နာမည်ဟာ brazilwood ဆိုတဲ့သစ်ပင်အမည်ကနေဆင်းသက်လာတာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံဟာတောင်အမေရိကားတိုက်တခုလုံးမှာပေါ်တူဂီ
စကားပြောတဲ့နိုင်ငံဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ ဟာလူဦးရေအရရော၊နယ်မြေအကျယ်အဝန်းအရပါကမ္ဘာမှာ
ငါးနိုင်ငံမြောက်အကြီးဆုံးဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ ဟာ၂၀၁၂ခုနှစ်တုန်းကလူဦးရေ ၁၉၄မီလိယံရှိပါတယ်။
ဘရာဇီးနိုင်ငံရဲ့မြို့တော်ဟာ Brasilia ဖြစ်ပြီးအကြီးဆုံးမြို့တော်ကတော့Sao Paulo ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ မှာယဉ်မောင်းတာဟာညာဖက်ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ မှာကမ္ဘာပေါ်မှာဒုတိယအရှည်ဆုံးမြစ်ဖြစ်တဲ့အမေဇုံမြစ်စီးဆင်းပါတယ်။
ဘရာဇီးနိုင်ငံ မှာအမေဇုံသစ်တောရဲ့ ၆၀ ရာခိုင်နှုန်းတည်ရှိနေပါတယ်။
ဘရာဇီးနိုင်ငံ မှာအများဆုံးမုတ်သုံရာသီဥတုကိုတွေ့ရပါတယ်။
ဘရာဇီးနိုင်ငံ မှာလေဆိပ်ပေါင်း၂၅၀၀ ရှိပါတယ်။
ဘရာဇီးနိုင်ငံ မှာအကျော်ကြားဆုံးအားကစားနည်းဟာ ဘောလုံးကစားနည်းဖြစ်ပြီးဘရာဇီးဘောလုံးအသင်းဟာကမ္ဘာ့အကောင်းဆုံးဘောလုံး
အသင်းအဖြစ်ကျော်ကြားသလိုကမ္ဘာ့ဖလားဘောလုံးဆုကိုငါးကြိမ်တိုင်တိုင်ရရှိ
ထားတာလဲဖြစ်ပါတယ်။

OMO
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။