Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 16, 2014

ဒါ ဖတ်ပြီးမှ ဂျပန်သွားအလုပ်လုပ်ပါ

ဒါ ဖတ်ပြီးမှ ဂျပန်သွားအလုပ်လုပ်ပါ
စက်မှုနည်းပညာထွန်းကားသော ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားခြောက်သောင်းခေါ်ယူမည်ဟု ကြေညာထားသည်။ ယခင်က ဂျပန်သို့ သွားမည်ဆိုလျှင် သိန်းေ ပါင်းများစွာပေးခဲ့ရပြီး အလုပ်သမားများ ငွေလိမ်ခံခဲ့ရသည့် ပြဿနာများလည်း ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ဂျပန်သို့ အေဂျင်စီများမှ တစ်ဆင့် အလုပ်သမား စေလွှတ်မှုကို ဝန်ကြီးဌာနက ကြီးကြပ်၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် (MOEAF) မှထိန်းကျောင်းပို့လွှတ် မည်ဖြစ်ရာ ဂျပန်သို့ သွားလိုသူများ အ တွက် (MOEAF) ဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် မေးမြန်းတင်ပြလိုက်ပါသည်။

လက်ရှိ ဂျပန်ကနေ မြန်မာလုပ်သားခြောက်သောင်းကို ခေါ်ယူမယ်ဆိုတဲ့အစီအစဉ်ကလည်း ရှိနေတော့ ဒီကနေ ဂျပန်သွားဖို့ စိတ်ဝင်စားတဲ့ လူတွေအတွက် ဘာတွေပြင် ဆင်ထားသင့်လဲဆိုတာကို ပြောပြပေးပါရှင်။
ဂျပန်ကိုသွားမယ်ဆိုရင်တော့ ပထမဦးဆုံး Passport လုပ်ရမယ်။ နောက်ပြီးတော့ အဓိကအရေးကြီးတာ ဂျပန်ဘာသာစကားပေါ့။ ဂျပန်ဘာသာ စကားကို နာရီနှစ်ရာ သင်ကြားရမယ်။ ပြီးတော့ ကိုယ်အလုပ်သွားလုပ်မယ့်အပိုင်းကို တတ်ကျွမ်းရမယ်။ လက်တွေ့ တော့လုပ်တတ်ရမယ်ပေါ့။ အထည်ချုပ်ဆို အထည်ချုပ်တော့ ချုပ်တတ် ရ မယ်။ ဆောက်လုပ်ရေးအပိုင်းဆိုလည်း ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ လုပ်တတ်ရမယ်ပေါ့။
အခုလုပ်သားခေါ်ယူတဲ့ အပိုင်းကိုရော အစိုးရပိုင်းက ထိန်းချုပ်သွားမှာလား။ (MOEAF) အနေနဲ့ အေဂျင်စီတွေကို ထိန်းချုပ်ပြီးလုပ်သားလွှတ်မှာလား ဆိုတာ သိချင်ပါတယ်။
ကျွန်တော်တို့က ဘယ်သူမှ ချုပ် ကိုင်သွားမှာတော့ မဟုတ်ပါဘူး။ ကြီး ကြပ်ပြီးတော့ လွှတ်မယ်ပေါ့နော်။ မှန် မှန်ကန်ကန် ဖြစ်အောင် ကြီးကြပ်ရမှာပေါ့။ ကျွန်တော်တို့က ကြီးကြပ်မှာတော့ မဟုတ်ပါဘူး။ ကြီးကြပ်တာကတော့ အလုပ်သမားဝန်ကြီးဌာနက ကြီးကြပ်မယ်။ ကျွန်တော်တို့က ပံ့ပိုးကူညီသွားမယ်ပေါ့။ လုပ်သားတွေ ဟိုကို သေသေ ချာချာရောက်အောင် ပို့ပေးနိုင်အောင် အေဂျင်စီတွေ နည်းလမ်းမှန်မှန်နဲ့ ပို့ အောင်ဆောင်ရွက်သွားမှာပါ။ အရင်ကဆို ဂျပန်ကိုသွားဖို့ သိန်းရာဂဏန်းနဲ့ ချီပြီး ကုန်ကျတာမျိုး ရှိခဲ့တယ်။
အခုဆိုရင် ဂျပန်သွားမယ့် လူတွေအတွက် ဝန်ဆောင်ခ တိတိကျကျနဲ့ ဘယ်လောက်ကုန်ကျမလဲဆိုတာ သိပါရစေ။
ကျွန်တော်တို့ သတ်မှတ်ထားတာကတော့ အမေရိကန်ဒေါ်လာ ၃ဝဝဝ ပါ။ တရားဝင်ကတော့ ၃ဝဝဝ သတ်မှတ်ထားတာပဲ။ သို့သော်လည်း တရားမဝင်ကတော့ အမျိုး မျိုးတောင်းနေကြတာ။
အခု ဂျပန်ကို အလုပ်သွားလုပ်ဖို့ စိတ်ဝင်စားမှုတွေက များလာတယ်ဆိုတော့ သွားချင်သူတွေအတွက် ဘယ်လို အေဂျင်စီမျိုးတွေနဲ့ ချိတ်ဆက်ပြီး သွားရမလဲ ဆိုတာ အကြံပြုပေးပါ။
ကိုယ်သွားမယ့် အေဂျင်စီရဲ့သမိုင်း ကြောင်းပေါ့။ ဆက်သွယ်တဲ့ အေဂျင်စီက မှန်မှန်ကန်ကန် လုပ်သလား။ နောက်ပြီးအရင်တုန်းက သမိုင်းကြောင်း အမည်း စက်ရှိခဲ့ သလား။ ဒါတွေ ကြည့် ပေါ့။ မရှိဘူးဆိုရင်တော့ စည်းကမ်းတကျနဲ့ လွှတ်ရင်သွားသင့်ပါတယ်။
လက်ရှိ ဝန်ဆောင်ခက ကန်ဒေါ်လာ ၃ဝဝဝသတ်မှတ်ထားတယ်ပေါ့။ ဒါပေမဲ့ လုပ်သားတွေအနေနဲ့ အေဂျင်စီမှား ချိတ်ဆက်မိတာမျိုးရှိရင် (MOEAF) ကို တိုင်ကြားလို့ ရနိုင် မလား။ တိုင်ကြားလို့ ရမယ်ဆိုရင် ဘယ်လို အရေးယူပေးမလဲဆိုတာ သိပါရစေ။
ကျွန်တော်တို့ကိုတိုင်ကြားလို့ ရပါတယ်။ တိုင်ကြားလာပြီဆိုရင် အလုပ်သမား ဝန်ကြီးဌာနဆီကို Report လုပ်မယ်။ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခထက်ပိုယူလို့မရပါဘူး။ ပိုယူရင် သက်ဆိုင်ရာ အေဂျင်စီကို Report လုပ်မယ့် ဝန်ကြီးဌာနက သူထိုက်သင့်တဲ့ အရေးယူမှု လုပ်သွားမှာပါ။
ဂျပန်နိုင်ငံကရော မြန်မာလုပ်သားတွေ အလုပ်လုပ်ဖို့စိတ်ချရပါ့မလား။ လက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေရှိတဲ့ ထိုင်းတို့ မလေးရှားတို့မှာ ပြဿနာတွေ တက်နေတယ် ဆိုတော့လေ။ ဂျပန်ကရော လုံခြုံမှု ရှိနိုင်မလား။
ဂျပန်က နိုင်ငံကြီးဖြစ်တယ်။ တိုးတက်သော နိုင်ငံကြီးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစားလိုက်နာသော နိုင်ငံဖြစ်တဲ့အတွက် လုံခြုံစိတ်ချမှုရှိတယ်။ သွားသင့် တဲ့နိုင်ငံထဲမှာလည်း ပါတယ်။
ဂျပန်က လက်ရှိ ခေါ်ယူနေတဲ့ လုပ်ငန်းပိုင်းတွေကို ပြောပြပေးပါ။
ခေါ်ယူနေတဲ့ လုပ်ငန်းပိုင်းက မျိုးစုံပါပဲ။ စက်ရုံ၊ အလုပ်ရုံတွေ၊ အထည်ချုပ်၊ ဆောက်လုပ်ရေးအပိုင်းတွေရော လုပ်ငန်းမျိုးစုံက ခေါ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။