Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 17, 2014

လင်းလင်းနှင့် ခဏလေးများ



လင်းလင်းနှင့် ခဏလေးများ
ကိုယ်ရေးတဲ့သီချင်းကို အဆိုတော် တစ်ယောက်ဆိုတာ နားနဲ့ ပထမဆုံး စကြားရတာ ဘယ်သီချင်းဖြစ်မလဲ။
ကိုလေးဖြူထဲက သီချင်းပဲဗျ။ ဘယ်သီချင်းလည်းတော့ မမှတ်မိတော့ဘူး။
ခဏလေးများ နဲ့ နိစ္စဓူဝ သီချင်းနှစ်ပုဒ်မှာ လင်းလင်းပေးချင်တဲ့ ဒဿနက ဘာတွေများ ဖြစ်မလဲ။
ခဏလေးများ သီချင်းကတော့ ဘ၀မှာ ဖြစ်နေတာတွေ၊ ပျက်နေတာတွေ အကုန်လုံးဟာ ခဏလေးပဲဗျ။ အသက် ၅၀ ၆၀ အရွယ်ရောက်လို့ ငယ်စဉ်နောက်ကြောင်းတွေကို လှည့်ကြည့်လိုက်ရင်လဲ ခဏလေးပဲ။ အောင်မြင်ခမ်းနား ကြီးကျယ်တဲ့ အချိန် ပြုတ်ကျ၊ ကွဲပြဲ၊ ပွန်းရှတဲ့ အချိန် အဲဒီအချိန်တွေကလည်း ခဏလေးပါပဲ။ အဲဒါတွေကို ပြောချင်တာပါ။ နိစ္စဓူဝ သီချင်းကတော့ နေ့တိုင်း ဒီပုံစံတွေချည်းပဲ ထပ်တလဲလဲ ရိုးအီနေတဲ့ ကိစ္စတွေပေါ့။ တစ်နေ့တာ ဒါပဲဆိုတဲ့ သဘောပါ။
လင်းလင်းကြိုက်တဲ့ တေးရေးဆရာတွေကို ပြောပါဆိုရင်။

အများကြီးပဲဗျ။ အကုန်လုံးနီးပါးက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဖြစ်နေတာကိုး။ ဒါပေမယ့် ကိုမောင်မောင်ဇော်လတ်နဲ့ ကိုအယ်ဖြူတို့ရဲ့ သီချင်းတွေကိုတော့ အများဆုံး အနီးကပ်သင်ယူခွင့် ရခဲ့ပါတယ်။

အခုမှ သီချင်းစရေးတဲ့ လူငယ်တစ်ယောက်က လင်းလင်းကို အကြံဥာဏ် တောင်းလာရင် ဘယ်လိုဖြေမလဲ။
ကျွန်တော် အကြံပေးချင်တာကတော့ နိုင်ငံခြား သီချင်းတွေ များများနားထောင်ပါ။ တတ်နိုင်သလောက် စာလည်းများများ ဖတ်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ကိုယ့်ဟာကို ဂစ်တာလေးနဲ့ လိုက်တီး။ နုတ်စ်ထုတ်ကြည့်ပေါ့။ နောက် အဲဒီထဲက စာသားတွေကို တတ်နိုင်သလောက် ဘာသာပြန် လေ့လာကြည့်ပေါ့။ အဲဒီလိုမျိုးများများ လုပ်ဖို့တော့ အကြံပေးချင်ပါတယ်။
Instrument တစ်ခုခုကို သေချာမတတ်လည်း သီချင်းရေးလို့ရပါတယ်ဆိုတဲ့ လူငယ်မျိုးရှိရင်ကော ဘယ်လို အကြံပေးချင်သလဲ။
ကျွန်တော့်အမြင်တော့ အဲဒါမဟုတ်ဘူးလို့ထင်တယ်။ ကွန်ပြုတာ Music တွေကိုတော့ ကျွန်တော် နားမလည်လို့ မပြောတတ်ဘူး။ Instrumental တစ်ခုခုကို အရမ်းကြီး မဟုတ်တောင် ပုံမှန်လောက် မကျွမ်းကျင်ပဲနဲ့ ဖန်တီးဖို့ဆိုတာ မလွယ်ဘူးထင်တယ်။
ကိုယ့်ဘ်က ပေးနိုင်လိုက်တယ်လို့ ထင်တဲ့သီချင်းမျိုး လင်းလင်းဆီမှာ ဘယ်နှစ်ပုဒ်ရှိခဲ့ပြီလဲ။
အဲဒီလိုတော့ မထင်ပါဘူးဗျာ။ ကိုယ်သိသလောက် မှတ်သလောက်တော့ သီချင်းတိုင်းမှာ အားထည့်ထားပါတယ်။
အလင်္ကာမှာ ကိုအယ်ဖြူ တစ်ခါပြောခဲ့ဖူးပါတယ်။ သီချင်းရေးတဲ့နေရာမှာ ဂစ်တာရယ်၊ စာအုပ်ရယ်၊ ဘောပင်ရယ်၊ ခေါင်းအုံးရယ် လိုတယ်တဲ့။ လင်းလင်းရော ဘာတွေလိုမလဲ။
ကျွန်တော်လိုတာကတော့ ဆရာအယ်ဖြူ ပြောတဲ့ ပစ္စည်းတွေရယ် နောက်ထပ် မိုးချုပ်ရမယ်၊ ကွမ်းရှိရမယ်၊ ဆေးလိပ်ရှိမယ်ဆိုရင် ရပါပြီ။ အရမ်းကြီးတော့ မပြည့်စုံသေးဘူးဗျ .. ဟဲ ဟဲ။
ကိုယ့်သီချင်းကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်တာ မထမဆုံးကြားလိုက်ရတဲ့ အချိန်က စိတ်ထဲမှာ ဘယ်လိုနေမလဲ။ မှတ်မှတ်ရရရှိရင် ပြောပြပါဦး။
မှတ်မိတယ်ဗျ၊ ကိုလေးဖြူရယ် ကိုဇော်လတ်ရယ် ကျောက်မြောင်းက အုပ်စုတွေရယ် လက်ဘက်ရည်ဆိုင်မှာ ထိုင်နားထောင်တာ။ ကိုလေးရဲ့ ခဏလေးများ ထွက်တဲ့နေ့မှာလေ။ ကျွန်တော်ကတော့ ၀မ်းသာပြီး ဘာပြောရမှန်းတောင် မသိဘူး။ ထမင်းစားချင်တာလိုလို၊ အိမ်သာတက်ချင်တာလိုလိုနဲ့ လေထဲမှာ လွင့်နေတာပါပဲဗျာ။
Music ပုံစဲတစ်ခုအနေနဲ့ လေ့လာချင်ဆုံး ပုံစံ၊ ဖန်တီးချင်ဆုံး ပုံစံရယ်လို့ သီးခြးရှိမလား။
ပုံစံတစ်ခုတည်း အနေနဲ့ကတော့ ကျွန်တော့်မှာ မရှိဘူးဗျ။ လက်တလောမှာ အရူးအမူးဖြစ်နေတဲ့ Music ပုံစံကို လုပ်ချလိုက်တာပါပဲ။ Rock ရဲ့ အပြင်ကိုတော့ မထွက်ဘူးပေါ့။
မန္တလေးကနေ ဒီလောကထဲကို တိုးဝင်ချိတ်ဆက်ခဲ့ပုံလေးတွေကို ပြန်ပြောပါဦး။
ကျွန်တော် ဆယ်တန်းအောင်တော့ ရန်ကုန်ကိုလာတယ်။ အမေက အိမ်မှာ ဆယ်တန်းအောင်တဲ့သူမရှိဘူး။ ဘွဲ့ဓါတ်ပုံလေးတော့ ချိတ်ချင်တယ် ပြောလို့ အဝေးသင်တက်ပြီး ရန်ကုန်မှာနေတယ်။ ကျောင်းတော့ မန္တလေးမှာ ပြန်တက်တယ်။ စာမေးပွဲဖြေကာနီးဆိုရင် စာမေးပွဲပြန်ဖြေတယ်။ အဲဒီလိုနဲ့ ရန်ကုန်မှာ ဟိုလုပ်ဒီလုပ်လုပ်ရင်း ကျွန်တော်ရေးထားတဲ့သီချင်းတွေ ကိုလေးဖြူကိုပြဖို့ ကြိုးစားတယ်။ တစ်ရက်မှာ ကိုလေးဖြူဆီကို ကျွန်တော်ဖုန်းဆက်ပြီး သီချင်းတွေ ပြဖြစ်တယ်။ ကိုလေးဖြူက အဆင်ပြေတယ် စိတ်ဝင်စားတယ်ဆိုပြီး ဒီလိုဖြစ်သွားတာပေါ့။
ကိုလေးဖြူကိုမှ သီချင်းပြဖြစ်တဲ့ အကြောင်းပြချက်ကော ရှိလား။
အများကြီးရှိပါတယ်။ ကျွန်တော်က IC အရူးလေ။ ကျွန်တော်ဂစ်တာစတီးသင်တာကိုက ကိုလေးဖြုရဲ့ "အသည်းကွဲသီချင်းသစ်" နဲ့ စသင်တာ။ ပြီးတော့ ကျွန်တော်ကလည်း I.C နဲ့ ကိုလေးဖြူနဲ့ ကြီးပြင်းခဲ့တာ။ အဲဒါကြောင့် ကိုလေးဖြူကိုပဲ သီချင်းပြဖြစ်တာပေါ့။
အနုပညာလုပ်ငန်းနဲ့ပတ်သက်ပြီး လင်းလင်းရဲ့ ကျေးဇူးရှင်တွေကို ပြောပြပါဆိုရင်၊
အများကြီးပဲဗျ၊ ဒါပေမယ့် ကိုလေးဖြူနဲ့ ကိုမောင်မောင်ဇော်လတ်ရဲ့ ကျေးဇူးကတော့ အများကြီးပါ။ ကိုလေးဖြုနဲ့ ကိုဇော်လတ်ကြောင့်လည်း ကျွန်တော် ဒီလိုဖြစ်လာတာပါ။
Biography
------------
အမည်ရင်း -ထွေးလင်းကို
အိမ်နာမည် - လင်းလင်း
ဖခင် - ဦးကိုကိုကြီး
မိခင် - ဒေါ်ခင်လဲ့ဝင်း
မွေးချင်း - ညီအစ်ကို ၁၄ ယောက်၊ အငယ်ဆုံးသား။
( မှတ်ချက်- အဲသူ ဆိုတဲ့ နာမည်နဲ့လည်း သီချင်းရေးခဲ့ဖူးပါတယ် ‪#‎WeLoveMusic‬ )
အင်္လကာ May. 2007 မိုနိုလေးနှင့် အင်တာဗျူးမှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။