Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 13, 2014

မြင်သမျှ… ကြားသမျှ

မြင်သမျှ… ကြားသမျှ
***********************
လာပြန်ပေါ့ နောက်တစ်ခါ
မနေ့တစ်နေ့ကမှ တရားဝင်ထုတ်ပြန်လိုက်တဲ့ သတင်းပါပဲ။ လာဘ်ပေးလာဘ်ယူမှုဟာ အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်းနှင့် လာဘ်ပေးလာဘ်ယူမှုကြောင့် ပတ် ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်မှုများကိုပါပျက်စီးနေစေကြောင်း စသည်ဖြင့် ထုတ်ပြန်ပါတယ်။မှန်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုဟာတိုင်းပြည်တစ်ပြည် တိုးတက်ဖို့ ကို အနှောင့်အယှက်ပြုနှောင့်နှေးစေပြီး ပေးသူနဲ့ယူသူ နှစ်ယောက်တည်းအကျိုး ရှိတာမို့
တိုင်းပြည်တစ်ခုအတွက် မကောင်းမှုများဆီ တွန်းပို့နေခြင်းသာ ဖြစ်ပါတယ်။ ကျန်းမာရေးမှာ လာဘ်ပေးလာဘ်ယူ ပြုတယ်။ ပညာရေးမှာ လာဘ်ပေး လာဘ်ယူ ပြု တယ်။ ဒီမှာ ဖြတ်ပြောပါရစေဦး။
ပညာရေးအတွက် ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်တစ် ခုရဲ့ ကြော်ငြာမှာ ကျောင်း သားတွေ ကျောင်း အပ်ပြီးတာနဲ့ အောင်စာရင်းကို အခမဲ့ကြည့် ရှုနိုင်ပါပြီဆို လို့ အံ့သြယူရပါတယ်။ စာမေးပွဲဖြေဖို့ မပြောနဲ့ ကျောင်းအပ်တာနဲ့ကို အောင် စာရင်း အခမဲ့ကြည့်ရှုနိုင်ပြီဆိုတော့ တစ်မျိုး ဖြစ်နေမလား။ ထားပါ။ တရား စီရင်ရေးမှာ လာဘ်ပေး လာဘ်ယူ လုပ်ကြတယ်ဗျာ။ ကဲ…ကုန်ပြီ။ပိုဆိုးတာက တရားစီရင်ရေးဟာ လာဘ်ပေးလာဘ်ယူ အများဆုံးဆိုတာ ကြောင့် ကမ္ဘာ့ အကျင့် အပျက်ဆုံး လာဘ်အစားဆုံး နိုင်ငံစာရင်းထဲမှာပါ ဝင်နေတာ
အထူးအဆန်းတော့ မဟုတ်ပါဘူး။ နောက်ပြီး လာဘ်ပေးလာဘ်ယူမှု ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်မှုများ ပျက်စီးလာတယ်လို့ ဆိုပါတယ်။ဒါ က လည်း ဟုတ်ပါတယ်။ လာဘ်ပေးသူ၊ လာဘ်ယူသူတို့ လက်ဝါးချင်းရိုက်ပြီး သစ်တောတွေ ခုတ်လာတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးရုံမျှမက ရာသီဥတုပါ ဖောက်ပြန် တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒါကဘာလို့လဲ၊ သစ်ပင်သစ်တောတွေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ပြုန်းတီးလို့ပေါ့။ ဒါပေမဲ့ဗျာ။ ရိုးရိုးလေးပဲ တွေး ကြည့်။ လာဘ်ပေး လာဘ် ယူကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ ပျက်စီးသတဲ့။ ဟုတ်ပြီ။ ရိုးရိုးလေးပဲ တွေးကြည့်ပါဗျာ။
သစ်တောခုတ်ဖို့ လာဘ်ပေးချင်ရင် ဘယ်သူ့ကို ပေးရမလဲ။ ကဲ..ရိုးရိုး လေးပြန်တွေးကြည့်။ တိုင်းပြည်တစ်ခုက သစ်တောတွေ ဘယ်သူက ပိုင်သလဲ။ ဒီတော့ လာဘ်ပေး ချင်ရင် ဘယ်သူ့ကို ပေးရမလဲ။ ဒီလောက်တစ်နိုင်ငံလုံး သစ်တောတွေကို ခုတ်ဖို့ ဘယ်သူက လာဘ်ပေးနိုင်တာလဲ။ ရှင်းရှင်းလေးပဲ။ လာဘ်ပေးသူကိုရော လာဘ်ယူသူ ကိုရော တစ်နိုင်ငံလုံး သိတယ်။ ဒါပေမဲ့ ဖမ်းမမိတာပဲ ဆိုးတယ်။ တစ်ခါမှဖမ်းမိတယ်ဆိုတဲ့ သတင်းမကြားဖူးဘူး။ ကြားဖူးကြလား။ ဒီတော့ ဒီစကား ခဏခဏ ကြားနေကြ ရတာ ဟာသများလားလို့။
မိန်းမကိုယ်စား တောင်းပန်တဲ့သူ
ဒီသတင်းကလည်း ရယ်စရာတော့ အကောင်းသားပါဗျာ။ အင်တာနက် ပေါ်မှာ ကျွန်တော့်မိန်းမပြောခဲ့တဲ့ စကားအတွက် တောင်းပန်ပါတယ်ဆို ပြီး ထုတ်ပြန်တယ်ဗျာ။ လူ တစ်ယောက်ဟာ ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမတစ်ယောက်ကိုတောင် အမှားမဖြစ်အောင် အကြံမပေးနိုင်ရင် သူများကို ဘယ်လိုများ အကြံပေးမလဲ ခင်ဗျာ။ ကိုယ့်မိ သားစု ကိုတောင် နှုတ်အာ မကြမ်းမိအောင် အကြံမပေးနိုင်ရင်သူများကို ဘယ်လိုများ အကြံပေးချင်ရတာလဲ သိချင်မိပြန်ပါတယ်။ ဒါမှမဟုတ် သတင်းမှန်သမျှ ထုတ်ပြန်နေ ကျဖြစ် လို့အကျင့်ပါပြီး ကိုယ့်မိန်းမသတင်းကိုပါ ယောင်ပြီး ထုတ်ပြန်နေမိတာလားဆိုတာလည်း သိချင်ပြန်ပါတယ်။ အမှန်တော့ အင်တာနက်ဆိုတာ လူတကာ လက်ဆော့ ခွင့်ရ တဲ့ နေရာဆို ပေမယ့် လူကြီးတွေအနေနဲ့တော့ လက် မဆော့မိစေဖို့တော့ လိုပါတယ်ခင်ဗျာ။ ဒါက နောင်တစ်ခေတ်ရဲ့သမိုင်းဖြစ်တာကြောင့် သတိပေးရတာပါ။
တကယ်ရော တည်ငြိမ်ပြီတဲ့လား
အခြေအနေတင်းမာနေတဲ့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နှစ်နိုင်ငံသင့်မြတ်ရေးအတွက် အလံတင်အခမ်းအနား ကျင်းပခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ် ကွတ်ခိုင်နဲ့ တာမိုးညဲလမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး မြန်မာ့တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးကြောင်း သတင်းလည်း ကြားရပါတယ်။ဆူပူမှုတွေ၊ ပစ်ခတ်မှုတွေ၊ ဆန္ဒပြ မှုတွေ အများအပြားနဲ့ နေနေရတဲ့ဘဝ မှာ တကယ်ရောအေးချမ်းရဲ့လား ဆို တာကလည်း စိုးရိမ်စရာတစ်ခုဖြစ်လို့ လာပါပြီ။ဒီကြားထဲ မြို့ကြီးနေရာတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှု၊ လူစုလူဝေး များနဲ့ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေကိုလည်း တထိတ်ထိတ်နဲ့ ကြားနေရပါသေးတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ချောက် ထဲကျနေ တာ လား၊ ချောက်ထဲ ကျလုဆဲ ဖြစ်နေတာလား မသိတဲ့နယ်မြေလေးဟာ စုန်းစုန်းလည်း မြုပ်သွားနိုင်ပါတယ်။ ဘယ်နေရာက သတင်းကြားကြား ဆူပွက် ပူလောင်နေ တာေ ကြာင့် ရင်လေး စရာချည်းပဲလို့လည်း မြင်မိပါတယ်။ လိုချင်တာကို လုပ်ပေးဖို့ခက်ရင် စဉ်းစားပါ။ ဆွေးနွေးပါ။ ရပါတယ်။ ဒါ ပေမဲ့ တည်ငြိမ်မှုကိုတော့ လုပ်ပေးဖို့၊ လူတွေ စိတ် လက်ချမ်းသာဖို့ကတော့ အဓိကပိုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
ဘယ်သူ့ကို အပြစ်ပြောရမလဲ
အခုကြားနေရတဲ့ သတင်းကလည်း ရယ်ပဲရယ်ရမလား၊ ငိုပဲငိုချလိုက်ရမလား မသိဘူးဖြစ်နေမိပါတယ်။ မကြာခင် အခကြေးငွေသက်သာစွာဖြင့် ချပေးမယ့် တယ်လီဖုန်း ကုမ္ပဏီကို ဆန့်ကျင်ဖို့ လှုံ့ဆော်နေတာမျိုးပါ။ ဒီဖုန်းကိုသုံးရင် ဘယ်နေရာကို ငွေဝင်ပြီးဘာတွေဖြစ်မယ်ပေါ့ဗျာ။ ကောင်းပါတယ်။ စိတ်ပါသူတွေ လုပ်ကြပါ။ ဒါပေမဲ့ဗျာ။ အဲဒီ လို ပြောနေသူတွေ က တရုတ်ဖုန်းကြီးကိုင်ပြီး ပြောနေတာတော့ မြင်ရတာ တစ်မျိုးကြီးဗျာ။ ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ နိုင်ငံကို လူမှုရေး၊ စီးပွားရေး ဝင်ေ ရာက် ခြယ်လှယ်တာ ဘယ်နိုင်ငံများလဲ။ ကဲ..အဲဒီဖုန်းကို ကိုင်တော့ရော ကိုယ့်နိုင်ငံ ကရေတွေ၊ မြေတွေ သူတို့ ပြန်ဝယ်နိုင်ဖို့ ကိုယ်ကပဲ အဲဒီပိုက် ဆံတွေ ပြန် စိုက် ပေးေ နရတယ် မဟုတ်လား။ ကိုရီးယား ဖုန်းကိုင်တော့လည်း ကိုရီးယားကို ပိုက် ဆံပေးရတာပဲလေ။ ကဲ…ဒီလို ပြော မယ်ဆို ကိုယ့်နိုင်ငံက အဲဒါမျိုး ဘာ ထွက်လို့လဲ။
ကိုယ်စီးရတဲ့ ကားကိုက ဂျပန်ကား။ ကိုယ့်နိုင်ငံကထွက်တယ်ဆို အခြားအားမကိုးနဲ့ ကိုယ့်လူမျိုးကိုယ် အားပေးကြပေါ့။ အခုတော့ ကိုယ့်နိုင်ငံကလည်း ဘာမှမထွက်ပဲ ဘယ် လိုလုပ် ကြရမှာလဲ။ ကျွန်တော် ဘယ်သူ့ကိုမှ ဘာမှလိုက်ပြောနေတာ မဟုတ်ဘူးနော်။ မျိုးချစ်တာတော့ ကျွန်တော်လည်း ချစ်တာပဲ။ ဒါပေမဲ့ ကိုယ့်ဆီကဟာတွေ မှ အား ကိုးမရတာ။ ကဲ..ဘယ်လိုလုပ်ကြမလဲ။
နောက်ဆုံးသတင်းကတော့ ထုံးစံပါပဲ
လမ်းတွေမှာ ရေမြောင်းတွေလုပ်မယ်ဆိုပြီး လမ်းဖျက်ထားတာ အခုတစ်ပတ်ပါဆို ငါးပတ်ရှိပါပြီ။ မိုးအကုန်လောက် လမ်းတွေ ပြန်ကောင်းဖို့ ဆုတောင်းရမှာပဲ။
နောက်တစ်ပတ်ပေါ့ဗျာ။
အကြည်တော်
Posted by AF in ဆောင်းပါးများ
Popular Myanmar News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။