ဖားနှစ်ကောင်
တစ်ခါတော့ ဖားအုပ်ကြီးတစ်အုပ်ဟာ တောထဲမှာ ခရီးသွားကြတယ်။ ဒီဖက်တောကနေ ဟိုဖက်တောအထိ ရွှေ့ပြောင်းသွားကြတယ်။ အဲဒီအချိန်မှာပဲ အရှေ့ကသွားတဲ့ဖားနှစ်ကောင်ဟာ ရေတွင်းဟောင်းကြီးတစ်ခုထဲကို ပြုတ်ကျသွားကြတယ်။ ရေတွင်းက အတော်နက်တဲ့အတွက် ကျန်တဲ့ဖားတွေကတော့ " မင်းတို့နှစ်ယောက် အသေသာခံလိုက်ပါတော့ " လို့ပြောကြတယ်။
ဒါပေမယ့် ရေတွင်းထဲက ဖားနှစ်ကောင်ကတော့ အပေါ်ကို တက်နိုင်သလောက်ပြန်ခုန်တက်မယ်ပေါ့။ အနားက ဖားအုပ်ကြီးကလဲ တက်မလာတော့နဲ့ မင်းတို့ မတက်နိုင်လောက်ပါဘူး လို့ပြောကြသတဲ့။
ဖားနှစ်ကောင်ဟာ စပြီးခုန်တယ် ပထမဖားဟာ သွက်တယ်။ သူက အပေါ်ကို မြန်မြန်နဲ့ရောက်တယ်။ ခုန်နေတဲ့အချိန်မှာလဲ တွင်းပေါ်ကဖားအုပ်ကြီးက " အပင်ပန်းခံပြီးလုပ်မနေပါနဲ့ အသေခံလိုက်ပါကွာ " လို့ဝိုင်းပြောကြတယ်။ ဒီလိုနဲ့ အဲဒီဖားဟာတွင်းဝနားလဲရောက်ရော ခြေကုန်လက်ပန်ုးကျပြီးတော့ နောက်ဆုံးတော့ အပေါ်ကို ပြန်မရောက်နိုင်တော့ဘူးထင်ပြီးတော့ ခုန်ချပြီး အသေခံလိုက်တယ်။
ဒုတိယဖားကတော့ တက်လာတယ်။ ဖားအုပ်ကြီးကလဲ " တက်ဖို့မလွယ်ဘူး အသေခံလိုက်တော့ " လို့ဝိုင်းအော်ကြတယ်။ အဲဒီဖားဟာ ခုန်လိုက်ရပ်လိုက်နဲ့ နောက်ဆုံးမှာတော့ တွင်းပေါ်ကို ပြန်ရောက်လာတယ်။ အားလုံးကလဲ အံ့သြကြတယ်။
ဒါနဲ့ ဖားအုပ်ကြီးက " မင်းကို ဟိုဖားလို အသေခံမယ်လို့ ထင်နေတာ မင်းငါတို့ အော်နေတာတွေကို မကြားဘူးလားကွ "
ဟိုဖားက မကြားတဲ့ပုံနဲ့ " ကျွန်တော်က နားမကြားတစ်ယောက်ပါဗျာ ခင်ဗျားတို့ အကုန်လုံး ၀ိုင်းပြီးအားပေးအော်ဟစ်နေတာကို မြင်တော့ ကျွန်တော် အားတက်ပြီး ဒီပေါ်ကိုရောက်လာတာပါ " တဲ့
တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့ အလုပ်တွေလုပ်တဲ့အခါ ဘေးကပြောတာတွေ ကန့်ကွက်တာတွေ ကြုံရရင်တော့ ခဏလေး နားကန်းတတ်ဖို့ လိုအပ်ပါတယ်နော်
မောင်စိုင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။