Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 9, 2014

ရှုံးနိမ့်သူလည်း သုရဲကောင်း ဖြစ်ထိုက်ခဲ့ပါတယ်။

သူရဲကောင်း
__________
ပြင်သစ်စာရေးဆရာ Victor Hugo (1802.2.26-1885.5.22) က ဒီလိုစကားတစ်ခွန်း ဆိုခဲ့ပါတယ်။
"ကျရှုံးခြင်းက ကျရှုံးသူကို ပိုပြီးမြင့်မြတ်စေခဲ့တယ်။ လဲနေတဲ့နပိုလီယံက ရပ်နေတဲ့နပိုလီယံထက် ပိုမြင့်မြတ်ခဲ့ပါတယ်"
၁၈၁၅ခုနှစ် Waterlooစစ်ပွဲအပြီးမှာ နပိုလီယံတစ်ယောက် နယ်နှင်ဒဏ်ခံရပြန်တယ်။ ဒီတစ်ခေါက်တော့ သူ့ကို ဝေးလံတဲ့ အတ္တလန္တိတ်သမုဒ္ဒရာနားက Saint Helenaကျွန်းကို နှင်လိုက်ပါတယ်။ ၅နှစ်အကြာမှာ နပိုလီယံဟာ အဲဒီကျွန်းပေါ်မှာပဲ တစ်ယောက်တည်း အထီးကျန်ဆန်စွာနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ဒါပေမယ့် ဒီကနေ့ရဲ့ Waterlooမှာတော့ နပိုလီယံရဲ့ရုပ်တုက မားမားမတ်မတ်ကြီး ရှိနေခဲ့ပါတယ်။ မောက်မာဝင့်ကြွားတဲ့ ဂျပုဘုရင်နပိုလီယံဟာ ချပ်ဝတ်တန်ဆာအပြည့်နဲ့ အားရကျေနပ်စွာ အောင်မြင်တဲ့ကိုယ်နေဟန်ထား ပြနေခဲ့တယ်။
ဥရောပတိုက်သားတိုင်းရဲ့ရင်ထဲမှာ နပိုလီယံရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရှိခဲ့သလို မြင့်မြတ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး၊ ထက်မြက်တဲ့စစ်သူကြီး၊ သူရဲကောင်းတစ်ဦးအနေနဲ့လည်း ရှိခဲ့ပါတယ်။ ဝါတာလူးစစ်ပွဲမှာ နပိုလီယံဟာ လုံးဝရှုံးနိမ့်သူဖြစ်ခဲ့ပေမယ့် ပြိုင်ဖက်ကို ပြားပြားဝပ်စေခဲ့ပြီး သူ့နာမည်ကို လူတွေထာဝရ စွဲမြဲမှတ်သားသွားစေအောင် အကျိုးသက်ရောက်မှုရှိခဲ့တယ်။
သမိုင်းမှာ နာမည်ကြီးခဲ့သူတချို့၊ ယနေ့ထိ လူတွေစွဲစွဲမြဲမြဲ မှတ်မိနေသူတချို့ဟာ အဖက်ဖက်က ကျရှုံးခဲ့ဖူးတယ်ဆိုပေမယ့် သူတို့ကို သူရဲကောင်းမဟုတ်ဘူးလို့တော့ မပြောနိုင်ပါဘူး။
အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူတိုင်းက ရွှေတံဆိပ်ဆုကို မျှော်မှန်းကြသူတွေချည်းပါ။ ဒါပေမယ့် ရွှေတံဆိပ်ဆုက တစ်ခုပဲရှိတဲ့အတွက် အနိုင်အရှုံးဆိုတာကို အားကစားသမားတိုင်း ရင်ဆိုင်ကြုံတွေ့ရပါတယ်။
လူတချို့က ကြိုးစားအားထုတ်မှုကြောင့် ရွှေတံဆိပ်ဆုကို အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့ပြီး လူတွေရဲ့ လက်ခုပ်သံနဲ့ ပန်းစည်းကို ရခဲ့ကြတယ်။ လူတချို့က ကြိုးစားအားထုတ်ခဲ့ပေမယ့် ငွေတံဆိပ်၊ ကြေးတံဆိပ်ပဲ ရခဲ့တယ်။ တချို့က ဘာဆုမှ မရခဲ့ကြဘူး။ ဒါပေမယ့် သူတို့ကို လူတိုင်း လက်ခုပ်သြဘာပေးကြတယ်။
လူတွေဟာ ဘဝအတွက် စစ်ပွဲတွေ အများကြီးတိုက်ရတယ်။ ဘဝအတွက် လူတိုင်း ပေးဆပ်ရတယ်။ ဒါပေမယ့် ပေးဆပ်တိုင်း မျှော်မှန်းထားတဲ့ အကျိုးရလဒ်ကို ခံစားကြရမှာ မဟုတ်ပါဘူး။ စိတ်ကူးအိပ်မက်တွေ ပြိုကွဲရင်လည်း ပြိုကွဲမယ်၊ ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရင်လည်း ရင်ဆိုင်ရမယ်။ ဒါပေမယ့် တစ်ခါတလေမှာ လူတစ်ယောက်ရဲ့တန်ဖိုးက သူလုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့ နောက်ဆုံးရလဒ်ပေါ် မမူတည်ဘဲ ကြိုးစားအားထုတ်ခဲ့တဲ့ဖြစ်စဉ်မှာပဲ မူတည်ခဲ့ပါတယ်။ ကြိုးစားနေဆဲမှာ ရှုံးနိမ့်တဲ့ဝေဒနာကိုလည်း ခံစားနိုင်သလို အောင်မြင်တဲ့ပျော်ရွှင်မှုကိုလည်း ခံစားနိုင်မယ်။ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုခဲ့ပါတယ်။
ဆင်းရဲဒုက္ခတိုင်းဟာ စိတ်ဓာတ်အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ်ဖြစ်စေသလို လူ့ဘဝအတွက် အဖိုးတန်တဲ့ အတွေ့အကြုံလည်းဖြစ်စေပါတယ်။ ဒါကြောင့် သူရဲကောင်းတစ်ဦးကို ရူံးနိမ့်တာ၊ အောင်မြင်တာနဲ့ အဖိုးဖြတ်လို့ မရပါဘူး။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သူကြိုးစားအားထုတ်ခဲ့တယ်၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့တယ်ဆိုရင် လုံလောက်ပါပြီ။
သမိုင်းတစ်လျှောက်က သူရဲကောင်းတိုင်းဟာ အရာရာကို အောင်မြင်ခဲ့သူမဟုတ်သလို ပြေပြေပြစ်ပြစ် ဖြတ်ကျော်ခဲ့သူတွေလည်း မဟုတ်ခဲ့ပါဘူး။ တချို့က နှစ်ရှည်သမိုင်းတွေနဲ့ သက်သေပြပြီး၊ ရွေးချယ်ပြီးမှ သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိခဲ့သူတွေဖြစ်တယ်။ ဒါကြောင့် လူ့ဘဝမှာ အရာရာတိုင်းကိုအောင်နိုင်တဲ့ စစ်သူကြီးဆိုတာ မရှိသလို အောင်နိုင်သူတိုင်းမှ သူရဲကောင်းဖြစ်တာ မဟုတ်ပါဘူး။ ရှုံးနိမ့်သူလည်း သုရဲကောင်း ဖြစ်ထိုက်ခဲ့ပါတယ်။
သူရဲကောင်းရဲ့တကယ့်အဓိပ္ပာယ်က ဇွဲလုံ့လနဲ့ကြံ့ခိုင်မှုကို ပဓာနထားတဲ့ စိတ်ဓာတ်အာနိသင်ပဲဖြစ်ပါတယ်။
ရေးသားသူ--- Hu Bao Lin
နိုင်းနိုင်းစနေ (Saturday, December 04, 2010)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။