ဒိုင်း ခင်ခင် with Aung Ko Ko and 19 others
ဟိုတစ်လောက ဖတ်လိုက်ရတယ် --
လကမ္ဘာကို ဒေါ်လာ ၁၅ သန်းတန် ဟန်နီးမွန်းထွက်မယ့် ခရိုနီပေါက်စလေး ကြွားဝါတာလေးကိုပါ၊ အဲ့ဒီ ခရိုနီလေးက သူ့ကိုယ်သူ
မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ Top 7 ချိတ်တယ် ပြောပြန်တယ်၊
ကြားရသလောက်တော့ သူချိတ်တာ မြန်မာနိုင်ငံရဲ့ ကြွေးမြီးအထူဆုံး လုပ်ငန်းရှင်တွေထဲမှာတော့ Top 7 ချိတ်နိုင်လောက်ပါတယ်လို့
ပြောနေကြတယ်၊

ခရိုနီလေးက အစတုန်းကတော့ ဗဟိုစည်မှာ
ရုံးခန်းလေးဖွင့်ပြီး ရေထွက်ပစ္စည်းလေး
ရောင်းနေရတဲ့အသေးစားလုပ်ငန်းရှင်လေးပေါ့၊ သူ့ကို ရေထွက်လုပ်ငန်းရှင်ကြီးတွေ ဘယ်သူမှမလုပ်ချင်တဲ့ ရေထွက်ပစ္စည်းပို့ကုန် ဥက္ကဌရာထူးကို ဝိုင်းတင်ပေးလိုက်တဲ့ အချိန်ကစပြီး
ပြောင်းလဲသွားတော့တာပဲ၊ မူဆယ် ၁၀၅ မိုင် မှာ
အအေးခန်းတွေကို အကြွေးနဲ့ယူဆောက် အဲ့ဒီမှာပဲ တရုတ်ပြည်ပို့မယ် ရေထွက်ပစ္စည်းမှန်သမျှကို မနားမနေရ မရောင်းမနေရ လုပ်ပြီး အာဏာပြတော့တာပဲ၊ ဥက္ကဌ လုပ်သက် တစ်နှစ်အချိန်လေးပဲ
လုပ်ခဲ့ရပြီး အဲ့ဒီမှာပဲ တော်တော် အချီကြီးရလိုက်တယ်၊

ဥက္ကဌရာထူး ပြုတ်ပြီး မွေး/ရေဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းအဆက်အသွယ်နဲ့ မောင်အေးသမီးနဲ့ ချိတ်မိကာ မိုးထိမိုးမိက ရွှေလုပ်ကွက်တွေကို တူးဖော်လုပ်ကိုင်ခွင့် ရသွားတယ်၊
ခရိုနီလေးက ချေးငွေယူတက်တာလည်း ပက်စက်တယ်၊ လူကြီးတော်တော်များများဆီကကို အတိုးနှုန်းမက်လုံး ကောင်းကောင်းပေးပြီး ချေးတယ်၊
ချေးလို့ရတဲ့နေရတိုင်းကို ပိုက်ဆံချေးပြီး သူဌေးလုပ်နေတာကို လူတွေမသိဘူး ထင်နေပုံရတယ်၊

မြန်မာပြည် Top 7 ချိတ်မချိတ်တော့ မသိဘူး၊
မွေး/ ရေဘဏ်က ချေးထားတဲ့ ကျပ်သန်းထောင်ချီနေတဲ့ ချေးငွေတွေပြန်မဆပ်လို့ ဘဏ်က သူ့နာမည်နဲ့ NPL ( Non Performance List ) ထဲ ထည့်ထားတယ်၊

ခရိုနီတွေရဲ့ထုံးစံအတိုင်း ငွေလေးရှိတော့ မြာ ဇာတ်လမ်းလေးတွေပါလာပြီ၊ အခုယူထားတဲ့ မော်ဒန်လေး မတိုင်ခင်မှာ အဆိုတော်မလေးကို ဖက်ရှင်ဆိုင်ထောင်ပေးထားတာတို့၊ အခုတော့ လင်ယူသွားပြီဖြစ်တဲ့ မင်းသမီးတစ်ယောက်နဲ့လည်း ဇာတ်လမ်းတွေရှိခဲ့တယ်၊ချပြရမယ်ဆိုရင်တော့
ပြီးမှာမဟုတ်တော့ဘူး၊
ပြီးမှာမဟုတ်တော့ဘူး၊
၁၅ သန်းတန် လကမ္ဘာခရီးကို ဟန်းနီးမွန်းထွက်ပြီး
ငွေဖြုန်းဖို့သာ ခေါင်းထဲရှိတာ မိုးထိမိုးမိမှာ ရွှေတွင်းတူးတဲ့ အခြေခံလုပ်သားတွေရဲ့ မပြေလည်မှူ့တွေကိုတော့ ဖြေရှင်းပေးချင်ပုံမရဘူး၊
အားလုံးလည်းသိမှာပါ၊ မိုးထိမိုးမိ ရွှေလုပ်သားတွေ
ဆန္ဒထုပ်ဖော်မှု့တွေကို အာဏာပိုင်တွေနဲ့ပေါင်းပြီး
ဘယ်လိုဖြေရှင်းခဲ့တယ် ဆိုတာကို၊ ခရိုနီကတော့
ခရိုနီပီသစွာ အောက်ခြေလူတန်းစားကို နှိပ်စက်ဖို့ ဝန်မလေးတက်ဘူး၊

သူရထားတဲ့ရွှေလုပ်ကွက်က ရွှေဘယ်လောက်ထွက်လဲ မခန့်မှန်းနိုင်ဘူး၊ သို့သော် အစိုးရကိုတစ်နှစ် ရွှေတန်ချိန် ၅.၅ တန် ပေးသွင်းရတယ်၊
မြေကြီးတစ်ပုံး ကျင်လိုက်တိုင်း ရွှေ ၇ ကျပ်သား ထွက်တယ်ဆိုတော့ စဉ်းစားသာကြည့်ကြပေတော့
ဒီ ခရိုနီ ဘာကြောင့် ထင်ပေါ်ကျော်ကြားလိုပြီး ဘယ်ခရိုနီမှ မထွက်ခဲ့တဲ့ စကားလုံးတွေနဲ့ ပြည်သူကို မစားရဝခမန်း ပြောနေတာလဲဆိုတာကိုပါ ------ ။ ။ ။

Source >> Tomorrow
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။