Ling Pih added 3 new photos — with Salai Aung Ling and 46 others.
March 11 ·
အမေအိုရဲ့ နေရီညို တေး
~~~~~~~~~~~~~~~
~~~~~~~~~~~~~~~
နေရီရယ် ညိုချိန်
အမေအိုရဲ့
နှာပုလွေမှုတ် သံသာက
မြိုင်တကျောမှာ
ချိုရှရှ သာသာယာယာ လွင်ခိုက်
အမေအိုရဲ့
နှာပုလွေမှုတ် သံသာက
မြိုင်တကျောမှာ
ချိုရှရှ သာသာယာယာ လွင်ခိုက်
မှိုင်းပြပြတောင်တန်းကြီး ရီဝေဝေ…
ငှက်ကြေးတွေ အိပ်တန်းပြန်ဖို့ မေ့တယ်…
ယာခင်းပြန် မောင်မယ်တစ်သိုက် အသက်ရှူဖို့ မေ့တယ်…
ဥသြငယ် အငိုရပ်လို့ တိတ်တယ်…
စမ်းချောင်းငယ် လှိုင်းခတ်သံ ငြိမ့်တယ်…
ကမ္ဘာမြေ တဒင်္ဂဆွံ့အတယ်
အမေအိုရဲ့ ရင်မှဖြစ်သောတေးသံသာမှာ…
သက်ရှိ သက်မဲ့
မလွမ်းဘယ်သူ ရှိနိုင်အံ့နည်း ??
မလွမ်းဘယ်သူ ရှိနိုင်အံ့နည်း ??
မကျွမ်းမြေ့ ဘယ်သူ တင်းနိုင်အံ့နည်း ??
အမယ်အိုရဲ့ အဆွေးမျက်ဝန်းက
မျက်ရည်ကြည်တွေ ပိုးပိုးပေါက်ပေါက်ကျ
အမယ်အိုရဲ့ နှာပုလွေ အချ မှာမှ
မျက်ရည်ကြည်တွေ ပိုးပိုးပေါက်ပေါက်ကျ
အမယ်အိုရဲ့ နှာပုလွေ အချ မှာမှ
အရာရာဟာ နေသားတကျ
ပြန်လည်ပတ် စီးဆင်းသွားတယ် ဆိုပေမယ့်
လွမ်းပဲ့တင်သံက တောင်ယံမှာ လွင့်နေတုန်း~~~
ပြန်လည်ပတ် စီးဆင်းသွားတယ် ဆိုပေမယ့်
လွမ်းပဲ့တင်သံက တောင်ယံမှာ လွင့်နေတုန်း~~~
ချစ်သော အမယ်အိုငဲ့
ငယ်ချစ်နှောင်းကို ဆွေးသလော??
ငယ်ချစ်နှောင်းကို ဆွေးသလော??
ချစ်သော အမေအိုငဲ့
အမေပစ်သား ကို လွမ်းသလော??
အမေပစ်သား ကို လွမ်းသလော??
မြင်ကြားနာသူ့ ရင်
ဆွေးတလျလျ ဆို့တနင့်နင့်
လွမ်းပဲ့တင်သံ ပုလွေသံသာက
တောင်ယံတကျောမှာ
ခုထိ လွင့်နေတုန်းလေ~~~ ။ ။
ဆွေးတလျလျ ဆို့တနင့်နင့်
လွမ်းပဲ့တင်သံ ပုလွေသံသာက
တောင်ယံတကျောမှာ
ခုထိ လွင့်နေတုန်းလေ~~~ ။ ။
ဆလိုင်း လိဏ်းပိ ( မင်းတပ် )
photo by; Tantan Naing & Chin Harkee
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။