ပြင်သစ်ပြည်မှာ သံယောဇဉ်အကြီးဆုံး ငါးတစ်မျိုးရှိတယ် ။ သူတို့ကို Angelfish လို့လည်းခေါ်ကြတယ် ။ သူတို့ ကျော်ကြားရတဲ့အချက်ကတော့ သူတို့ကြားက ခိုင်မာတဲ့ သံယောဇဉ်ကြိုးတွေကြောင်ဖြစ်တယ် ။
Atlantic Ocena ရဲ့ ပူနွေးတဲ့ ရေ တွေမှာ သူတို့ကိုတွေ့ရလေ့ရှိတယ် ။ သူတို့ငါးထီးငါးမ စုံတွဲဟာ မိတ်လိုက်ဖို့တစ်ခုတည်းအတွက် ဖြစ်တည်ခဲ့ကြတာမဟုတ်ဘူး ။ သူတို့ ခင်ပွန်း သို့မဟုတ် ဇနီးနဲ့အတူ အမြဲပဲ ခရီးထွက်ကြတယ် ၊ အစာရှာကြတယ် အတူ အိပ်ကြတယ် အန္တရာယ်တွေကိုလည်း အတူတကွ ရင်ဆိုင်ကြတယ် ။
ထူးခြားချက်က ငယ်ငယ်ရွယ်ရွယ်တစ်ကောင်တည်းနေတဲ့ Angelfish ဆိုတာ တွေ့ရခဲပြီး အသက်ကြီး နေတဲ့ အရွယ်ရောက်နေတဲ့ Angelfish တွေကိုတော့ တစ်ကောင်တည်း တွေ့ရလေ့ရှိတယ် ။ ဘာကြောင့်လည်းဆိုတော့ သူတို့ ထဲက အထီး သို့မဟုတ် အမ တစ်ကောင်ကောင်သေဆုံးသွားပြီဆိုရင် သူတို့ဟာ ဘယ်တော့မှ နောက်တစ်ကောင်နဲ့ မိတ်လိုက်လေ့မရှိကြတော့ဘူး ။ သေဆုံးသွားတဲ့ သူတို့ ဇနီး သို့မဟုတ် ခင်ပွန်းအပေါ်မှာ သစ္စာစောင့်ထိမ်းသောအားဖြင့် သေသည်အထိ တစ်ကောင်တည်းပဲနေလေ့ရှိကြတဲ့အတွက်ဖြစ်တယ် ။
####################
အကြီးမားဆုံးနဲ့အလေးနက်ဆုံးအချစ်က
တစ်ဦးပေါ်တစ်ဦး ရိုးသားတဲ့သစ္စာနဲ့ နှောင်ဖွဲ့ချည်တွယ်ထားခြင်းသာဖြစ်တယ် ။
တစ်ဦးပေါ်တစ်ဦး ရိုးသားတဲ့သစ္စာနဲ့ နှောင်ဖွဲ့ချည်တွယ်ထားခြင်းသာဖြစ်တယ် ။
သက်တန့်ချို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။