မီးမီးခဲပြောပြတဲ့ သူမ ဖေဖေစောဘွဲ့မှူးရဲ့ မမေ့နိုင်ဖွယ် အမှတ်တရအချို့
********************************************
********************************************
“အဖေ က မီးမီးခဲ တို့ကို ချစ်တာက အနုပညာသမား တယောက် ချစ်သလို ချစ်တာ။ သူများ အဖေတွေလို စာကြည့်၊ ကျောင်းတက်၊ အတင်း မလုပ်ခိုင်းဘဲ သမီးတွေကို ကျောင်းမှာ ပျော်အောင် ထားတယ်။”
“တခါ တခါ သူ ပိုက်ဆံ ရလာပြီ (တီးခတ်လို့ရတဲ့ ငွေကြေး)၊ များများ ရလာပြီဆိုရင် ကျောင်းအုပ် ဆရာမကြီးဆီ ဝင်တွေ့ခွင့်တောင်းပြီး ကလေးတွေကို စာသင်ခန်းထဲက လာခေါ်၊ ပြီးတော့မှ တိရစ္ဆာန်ရုံ ခေါ်သွား၊ မုန့်တွေ ဝယ်ကျွေး နဲ့ မီးခဲ တို့ ကျောင်းလွှတ်အောင် မစောင့်ဘဲ ကလေးတွေကို မထင်မှတ်တဲ့ အချိန်မှာ ပျော်ရွှင်တဲ့ ရသလေးတွေ ရအောင်၊ လွပ်လပ်စွာ ကစားခွင့်ရအောင် လုပ်ပေးသလို၊ နောက်ရက်တွေမှာတော့ စည်းကမ်းအတိုင်း ကျောင်းပြန်တက်ခိုင်းတယ်။”
အနုပညာ သမား ပီပီ ကလေးတွေရဲ့ ဘဝကို ငယ်စဉ်ကတည်းက လွတ်လွတ်လပ်လပ် လမ်းဖွင့်ပေးတဲ့ စိတ်ဓာတ်ကလည်း တကယ်တော့ မှတ်တမ်း တင်လောက်ပါတယ်။ ပြီးတော့လည်းမီးမီခဲက ဆက်ပြောပါသေးတယ်။
“အဲဒီလို ကလေးတွေ နဲ့ တိရစ္ဆာန်ရုံ သွား၊ မုန့်တွေ ဝယ်ကျွေးပြီး အရိပ်အောက်မှာ ကလေးတွေ ဆော့ကြပြီ ဆိုရင် အဖေ က သီချင်း ရေးတော့တာပဲ။ သူ ရေးချင်တဲ့ အချိန်မှာ စာအုပ် မလိုပါဘူး။ အင်္ကျီထဲက ဘောလ်ပင်ထုတ်၊ ပုဆိုးကို ခြေသလုံးပေါ်အောင် လှန်ပြီး သူ့ရဲ့ ခြေသလုံးသား အကြီးကြီး ပေါ်မှာ သူ ရေးချင်တဲ့၊ ခံစားရတဲ့ စာသားတွေကို ချက်ချင်း ချရေးလိုက်တယ်။” လို့ ပြောပြတော့
ကျွန်တော့်မှာ ဦးဘွဲ့ကြီး ရဲ့ ပကာသန မရှိမှု၊ လက်တွေ့ဆန်မှုတွေ အတွက် အံ့သြ မိရပါတယ်။...
(နိုင်ဇော်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။