Smart Pro Journal
ရေစိုခံသော Sony Xperia Z1 review
ဖုန်းအကြီးကြီးတွေကို မကိုင်ချင်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစား သေးငယ်ပြီး ပေါ့ပါးတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် ရေစိုခံတဲ့ အတွက် သုံးစွဲသူတွေ အကြိုက်တွေ့စေမယ့် sony Xperia Z1 အကြောင်း review ရေးသား လိုက်ရပါတယ်။
မျက်နှာပြင်
မျက်နှာပြင် အရွယ်အစား ကတော့ မကြီးပါဘူး ၄.၃ လက်မသာ ရှိလို့ လွယ်ကူစွာ သယ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် သေးငယ်ပေါ့ပါးသော ဖုန်းကို ကိုင်ချင်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။
ဒီဇိုင်း
ဒီဇိုင်းအနေနဲ့ ကလည်း အဆိုးပါဘူး။ အလေးချိန် ကတော့ ၁၃၇ ဂရမ်ဖြစ်ပါတယ်။ အ၇ွယ်အစား အားဖြင့်ကတော့ 127 x 64.9 x 9.5 mm ဖြစ်ပါတယ်။ Android ဗားရှင်းကတော့ 4.3 (Sony-specific UI) OS အသုံးပြုထား ပါတယ်။ RAM ကတော့ 2GB ဖြစ်ပြီး အတွင်းမှတ်ဥာဏ်က 16GB ဖြစ်ပါတယ်။ processor အနေနဲ့ကတော့ quad-core 2.2GHz Snapdragon 800 processor ဖြစ်ပါတယ်။
ကင်မရာ
ကင်မရာ အနေနဲ့ကလည်း ကောင်းမွန်ပါတယ်။ 20.7-megapixel အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားသော ရုပ်ထွက်ကို ရရှိနိုင်မှာပါ။
ဘတ္တရီ
ဘတ္တရီကိုလည်း ကြာရှည်ခံအောင် ပြုလုပ်ပေးထားပါတယ်။ 3000 mAh အသုံးပြုပေးထား ပါတယ်။ ဒါကြောင့် ခရီးဝေးကို သွားလျှင် ဘတ္တရီ ကြည်ရှည်ခံမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။
ဒါကြောင့် Sony ချစ်ပရိသတ်တွေ အတွက် Sony Xperia Z1 အကြောင်းလေးကို review ရေး၍ တင်ပြပေးလိုက် ရပါတယ်။
ကျော်လင်းနိုင် (www.smart.com.mm)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။