Murann Ezine
ဆရာဒေဗစ်လားChin.TVနှင့်ဘုန်းတော်ထင်ရှားစေသည့်ကောက်နုတ်ချက်များ
ဘဝဖြစ်စဉ်အကျဉ်းချုပ်
ကျွန်တော့်ကို လှည်းကူးမြို့အနီးက၊ ဖောင်ကြီးမှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်မှာကြီးပြင်းလာပြီး၊ နှစ်ခြင်းခံခြင်းမှု ဧမာနွေလအသင်းတော်ဖြစ်ပါတယ်။ ဇနီးသည်က ပိုးကရင်အမျိုးသမီးဖြစ်ပြီး သားသမီး၃ယောက်ရှိပါတယ်။ သားအကြီး ၁၃နှစ်၊ သာအလတ် ၁၀နှစ်၊ သမီးအငယ် ၄နှစ်တို့ဖြစ်ပါတယ်။
အသက်တာပြောင်လဲခြင်း
၁၆နှစ်အရွယ်ကတည်းက ပြောင်းလဲခဲ့ပါတယ်။ ဧဝံဂေလိ၊ တရားဟောခြင်းများ စတင်လုပ်ဆောင်ခဲ့ပြီး အသက်၃၀မှာ သင်းအုပ်ဆရာ Ordained Pastor ဖြစ်ဖို့ ရူပါရုံထားခဲ့ပါတယ်။ သခင်ယေရှု၊ ယောသပ်၊ ဒါဝိတ် အသက်၃၀အရွယလုပ်ဆောင်ချက်များကို နှစ်သက်လို့ဖြစ်ပါတယ်။ တိုရမ်တိုမြန်မာခရစ်ယာန် Church မှာသင်းအုပ်ဆရာပါ။ သင်းအုပ်ဆရာ မဖြစ်ခင်မှာလည်း Visiting Pastor အဖြစ် ဧဝံဂေလိတရားဟောခဲ့ပါတယ်။ ပုသိမ်၊မြောင်းမြနဲ့ မြို့များစွာမှာ ဟောခဲ့ပါတယ်။ တိုရမ်တိုအမ်စီအက်ဖ် ဝက်ဆိုဒ်ရှိပါတယ်။
သင်းအုပ်ဆရာမှနယ်လှည့်ဆရာအဖြစ်သို့
အသင်းတော်မှာသင်းအုပ်ဆရာ လုပ်တဲ့အခါ အသင်းတော်တွင်းက ပြသနာများကို မြင်လာပါတယ်။ အလွန်ခက်ခဲပါတယ်။ အသင်းတော်မှာ ၆နှစ် သင်းအုပ်ဆရာလုပ်ရင်း အသင်းတော်အကြောင်းကို Training Background အဖြစ်ကောင်းကောင်း ရရှိပါတယ်။ နယ်လှည့်လိုက်ဟောတာများတော့ မိခင်အသင်းတော်ကို တစ်လတစ်ကြိမ်လောက်ပဲ ရောက်တော့၊ ဆုတောင်းပါတယ်။ မိမိအသင်းတော်မှာ လွှဲပြောင်းပေးလို့ရမဲ့ ဆရာတစ်ပါးကို ရရှိဖို့၊ နောက်ဆုံး လူငယ်ဆရာတစ်ဦး ရရှိပြီး လွဲပြောင်းပေးခဲ့ပါတယ်။ သင်းအုပ်ဆရာဘဝကို ကောင်းကောင်းလုပ်ဆောင်ခဲ့တဲ့အတွက် အသင်းတော်များနိုးကြားဖို့ ဟောပြောဖြစ်လာပါတယ်။ စိတ်ဓါတ်ကျနေတဲ့သင်းအုပ်၊ အသင်းတော်ဖျက်သိမ်းရမလိုဖြစ်နေတဲ့ အသင်းတော် စသဖြင့် များစွာသက်သေဖြစ်စေပါတယ်။
Dream Ministry လုပ်ဆောင်နေခြင်း
သင်းအုပ်ဆရာအဖြစ်ကို လက်လွှတ်ပြီး Dream Ministry ကိုစတင်လုပ်ဆောင်ရာမှာ၊ ယေရှုကို စံနမူနာထားပါတယ်။ Jesus is my champion .. ယေရှုဘာလုပ်ခဲ့သလဲဆိုတော့ ဧဝံဂေလိလုပ်ရင်း Discipleship တပည့်တော်ဖြစ်ခြင်းများကို လုပ်ပါတယ်။
D = Discipleship တပည့်တော်ဖြစ်ခြင်း
R = Revival နိုးကြားမှုများဖြစ်စေခြင်း
E = Evangelism ဧဝံဂေလိလုပ်ခြင်း
A = Assembly အသင်းတော်များတည်ဆောက်ခြင်း
M = Mission မစ်ရှင်လုပ်ခြင်း ...တို့ဖြစ်ပါတယ်။
နိုင်ငံများစွာကိုရောက်ရှိခြင်းနှင့်စံနမူနာပုဂ္ဂိုလ်
ရေတွက်ကြည့်ရင် နိုင်ငံ၂၁ခု ရှိသွားပါပြီ။ သွားမဲ့နိုင်ငံများမှာ အစ္စရေးနိုင်ငံကို သွားဖို့၂ကြိမ်းကြိုးစားခဲ့ပေမဲ့ မရောက်ခဲ့သေးပါဘူး။ အာဖရိကတိုက်က နိုင်ဂျီးရီးယား၊ အီသီယိုပီးယား နိုင်ငံများကိုလည်း သွားဖို့မျှော်လင့်ထားပါတယ်။ Leadership နဲ့ Discipleship အနေနဲ့ သခင်ယေရှုကို စံနမူနာယူထားပါတယ်။ ဒါပေမဲ့ လောကမှာနမူနာယူထားတဲ့ ပုဂ္ဂိုလ်ကို ပြောရင် ရိုင်ဟောက်ဘောင်ကီ ဖြစ်ပါတယ်။ သူရဲ့ လျှို့ဝှက်ချက်ကတော့ ဧဝံဂေလိလုပ်ခြင်းပဲဖြစ်ပါတယ်။ လူပေါင်း 1.2 million, 1.3 million လူထုကြီးကို တရားဟောနိုင်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။
ချင်းမိုင် GMYC 2013
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဂျီအမ်ဝိုင်စီ နိုးကြားထကြွမှု လုပ်တဲ့အချိန်မှာ အများအပြား၊ ပြောင်းလဲကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဂီတ၊ရုပ်ရှင်လောကက အဆိုတော်ကိုမျိုးကြီး၊ သူက အစကတည်းက လူမျိုးစွဲ၊ ဂိုဏ်ဂနအစွဲ မရှိတဲ့ခရစ်ယာန်ဖြစ်ပေမဲ့၊ ငါခရစ်ယာန်ဆိုတဲ့ အစွဲရှိပါတယ်။ ဘုရားကိုနှလုံးသားနဲ့ သိလာသူအဖြစ်ပြောင်းလဲပြီး၊ သက်သေခံစကားပြောလာပါတယ်။ သူ့ဇနီး ဆရာမ လုံး လည်း ပြောင်းလဲလာသူဖြစ်ပါတယ်။ ကဗျာဘွဲ့မှုးလည်း ပြောင်းလဲပြီး၊ အမ်စီအေမှာ သက်သေခံပြောကြားခဲ့ပါတယ်။ နောက် Emperor လူသိများတဲ့ ကိုဝေထွန်းလည်း ပြောင်းလဲခဲ့တယ်။ လူငယ် ဒါရိုက်တာဇော်ကိုကို ..စသည်တို့ဖြစ်ပါတယ်။
မြန်မာပြည်အတွက်အားပေးခြင်း
ဘုရားကိုသိပ်ချစ်ကြတဲ့ မြန်မာပြည်သားများဖြစ်ပါတယ်။ ဗေရိမြို့သားများလိုပဲ လာပြောတဲ့ ဆရာတိုင်းကို လေးစားစွာ နားထောင်ကြတယ်။ သို့သော် ဗေရိမြို့သားများလို ဆရာများပြောစကားတွေဟာ နှုတ်ကပါတ်တော်နဲ့ ညီ၊မညီ လေ့လာခဲ့ကြပါတယ်။ နှုတ်ကပတ်တော်ထက်တော့ ဆရာများကို ပိုပြီးမလေးစားနိုင်ဘူး.. ဆိုတာသိရပါတယ်။ ဒေါ့ထရိန်းများအောက်မှာ ရှိနေသေးတာကိုလည်း တွေ့ရပါတယ်။ ခရစ်ယာန်ဖြစ်တယ် ဆိုတာထက် ဘုရားကို တကယ်သိသူတွေ များလာဖို့ လိုပါတယ်။ ကျမ်းစာနဲ့ ယှဉ်ပြောရရင် မြန်မာနိုင်ငံသားများဟာ ကျမ်းစာထဲက သက်သာလောနိအသင်းသားများလို ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ တရားဟောဆရာများ ဟောတိုင်း နိုးကြားနေတာကို တွေ့ရပါတယ်။ ဒီထက်ပိုပြီး ဘုရားကို ရဖို့ အဓိကမဟုတ်ပါလား။ ကယ်တင်ခြင်းတရာထက် ကယ်တင်ရှင်က ပိုအရေးကြီးပါတယ်။ သမ္မာကျမ်းစာအရေးကြီးပါတယ်။ သို့သော် ကျမ်းစာကို ရေးတဲ့ ဘုရားသခင်က ပိုပြီးအရေးကြီးပါတယ်။
ကယ်တင်ခြင်းရဖို့နှင့် ဓမ္မဆရာအရေးပါပုံ
ဒီဆရာအားဖြင့် မိမိအသက်တာ ပွင့်ထွက်သွားပြီး၊ ဘုရားကိုသိလာခြင်းဟု ပြောနေသူများရှိတယ်။ ဆရာကြောင့်မဟုတ်ပါ.. ဝိညာဉ်တော်အားဖြင့် ဆိုတာ သိရပါမယ်။ ဘုရားနဲ့များများ အချိန်ပေးဖို့လိုပါတယ်။ သူများကြွေးတာပဲ စားနေတဲ့ နှုတ်ကပတ်တော်လေ့လာခြင်းမှ မိမိကိုယ်တိုင် နှုတ်ကပတ်တော်ကို လေ့လာတတ်ဖို့ လိုပါတယ်။ ဘုရားသခင်ဟာ လူတိုင်းကို တန်းတူအခွင့်ပေးထားပါတယ်။ Equal Authority ပေးထားပေမဲ့ ဘုရားကို နားလည်သိရှိသွားသူကိုတော့ ဘုရားအသုံးချသွားမှာဖြစ်ပါတယ်။ မြန်မာပြည်သားများအတွက် စိတ်နှလုံးအသစ်ပြင်ဆင်ဖို့ လိုပါတယ်။ Renew Your Mind .. လို့ပြောရပါမယ်။ မိမိမျက်လုံးကို လူမျိုးရေးမျက်လုံး၊ ဂိုဏ်ဂနမျက်လုံးများကနေ ယေရှုမျက်လုံးအဖြစ် ပြောင်းပြီး နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုရပါတယ်။
အနာရောဂါပျောက်ကင်းခြင်း Miracle Healing
မယ်ရီကယ်ဟီးလင်း ဆိုတာကို ရှင်းပြချင်ပါတယ်။ ဒေးဗစ်လား တရားပွဲတွေမှာ အနာရောဂါကင်းမှုတွေကို လူတွေက အမျိုးမျိုးပြောကြပါတယ်။ သမ္မာကျမ်းစာထဲက မောရှေအကြောင်း... သူလုပ်တဲ့ မယ်ရီကယ်များဟာ ဘုရားလုပ်နေတာဖြစ်ပါတယ်။ တောင်ဝှေးကမြွေဖြစ်၊ လက်မြှောက်လိုက်တာ ပင်လယ်၂ခြမ်းကွဲ.. ဒါတွေဟာ မောရှေလုပ်တာမဟုတ်ပါဘူး။ ဘုရားသခင်လုပ်နေတာပါ။ တန်ခိုးကြီးတဲ့ဘုရားဖြစ်ပါတယ်။ အကန့်အသတ် Limit မရှိပါဘူး။ ထာဝရဘုရားဆိုတာ အစ..အဆုံးမရှိပါ။ အချိန်အကန့်အသတ် မရှိပါ။ သူလုပ်ချင်ရင် လုပ်မှာပဲ ဆိုတာ နားလည်ရပါတယ်။
ကျွန်တော်ရဲ့ စီကရက် (လျှိုဝှက်ချက်) ကို ပြောရရင်တော့ ကျွန်တော်က နဲနဲလည်တယ်။ ဧဝံဂေလိ ပြောတဲ့အခါတိုင်း တန်ခိုးထွက်တယ်ဆိုတာ သိပါတယ်။ ဝိညာဉ်ရေးမှာ လည်တာကတော့ ကောင်းပါတယ်နော်...။ ၁၀၇ ဆာလံ အပိုဒ်၂၀ အတိုင်းဖြစ်ပါတယ်။ နှုတ်ကပတ်တော်ကို စေလွှတ်ပါတယ်။ တကယ်နမိတ်လက္ခဏာများဟာ နှုတ်ကပတ်တော်မှာ ရှိပါတယ်။
ယောန ဘုရားပြောခိုင်းတဲ့ နှုတ်ကပါတ်တော်ကို ပြောတဲ့အခါ နိနဝေမြို့လည်းပြောင်းလဲပါတယ်။
ဒါဏ်ချက်တော်အားဖြင့် အနာရောဂါများ ပျောက်ကင်းမယ်..ဆိုတာကို တကယ်ယုံကြည်တဲ့လူများ မယ်ရီကယ်ဟီလင်း သူတို့အနာရောဂါများ တကယ်ပျောက်ကင်းကြပါတယ်။
တကယ်တော့ I am not the healer.. ကျွန်တော် အနာရောဂါပျောက်ကင်းအောင် မလုပ်နိုင်ပါ။ မင်းငါ့ကိုယုံရင် လုပ်လုပ်ရပါတယ်။
Healing မလုပ်ပါဘူး။ Healer ပဲရှာပါတယ်။
Healthy ကျမ်းမာခြင်းမလုပ်ပါဘူး .. ကျမ်းမာအောင်လုပ်သူကိုပဲ ရှာပါတယ်။
Blessing ကောင်းကြီးမင်္ဂလာ..ထက် Blesser ကောင်းကြီးမင်္ဂလာပေးတဲ့ဘုရားက ပိုအရေးကြီးပါတယ်။
တကယ်လုပ်နေတာ ဘုရားပါ။
သင်တကယ်ယုံရင် သင်လဲလုပ်နိုင်ပါတယ်....။
The End of Part I .........(18-Sep-2013)
********
၂၀၁၃၊ ၂၀၁၄ တရားဒေသနာများမှ ကောက်နုတ်ချက်များ
ဆရာဒေးဗစ်လား Evangelist စင်ကာပူမှာ ၂၀၁၄နှစ်သစ် တရားဒေသနာများ JBCS ဝက်ဆိုဒ်မှာ နားဆင်ရတဲ့အတွက် ကျေးဇူးတော်ချီးမွမ်းပါတယ်။ နောက်ကြောင်းပြန် မကောက်ပဲ ၂၀၁၄ သူ့ရဲ့ တရားဟောချက်အချို့ကို ရေးရင် (ပွင်လင်းစွာ၊ ဘဝအတွေ့ကြုံများကို ငွေငှချက်များမှ အချို့အချက်များ)
- ခရစ်ယန်အသက်တာမှာ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ငယ်စဉ်ကတဲက သူခံစားခဲ့ရပေမဲ့၊ လောက ကျောင်းစာမေးပွဲမှာ ငယ်စဉ်ကအခြေမခံခဲ့လို့ ရှစ်တန်းအစိုးရစာမေးပွဲမှာ ကျရှုံးခဲ့ရကြောင်း၊ ကယ်တင်ခြင်း အခြေခံဖို့လဲလိုကြောင်း၊ မိမိကိုယ်တိုင်လဲ တစ်ခါတစ်ရံ တရားဟောချက်ရှာတဲ့နေရာ သူများပြောင်းလဲအောင် ကြိုးစား၊ ကျမ်းပိုဒ်ရှာပါတယ်၊ မှားခဲ့ပါတယ်။ ခရစ်တော်ကိုပဲ ရှာရပါမယ်။ ခရစ်တော်ကို အမြဲရှာဖွေနေခြင်းဟာ အခြေခံတဲ့ ကယ်တင်ခြင်းစိတ်ချမှု ဖြစ်ကြောင်း။ ဆရာကြီးဦးတင်မောင်ထွန်း ပြောစကား.. အဘ.. ကြိုက်တဲ့အချိန်လောက ထွက်ခွါသွားဖို့ စိတ်ချနေပါတယ်....တဲ့။ ၊
- ယခင်ကတော့ နမိတ်လက္ခဏာပြခြင်းများ၊ စိတ်ဝင်စားပြီး၊ ကျောက်တန်းဟောပြောပဲမှ ဟိန္ဒြူမယုံကြည်သူ ၁၀၀ကျော် ရှေ့၊ လေဖြတ်နေတဲ့သူအဖေကို ခေါ်လာသူရဲ့ ဆရာနော်... ပျောက်မယ်ပြောပြီးခေါ်လာတာ ... ဟုသော စိန်ခေါ်ချက်ကြောင့် တုန်လှုပ်ခဲ့ရသည်။ ဘာမှမတတ်နိုင်၊ ဘုန်းတော်ထင်ရှားစေပါ၊ အလိုတော်ကို ဆပ်ကပ်ပြီး Healing ဖြစ်ရသည်။ မာရယ်ကယ်ဟီလင်း ဖြစ်သွားသူများစွာလဲ ရောဂါပြန်ဖြစ်သည်ကို တွေ့ရသောကြောင့်၊ လုံးဝပျောက်ကင်းမှုသည် သူနှင့်ဘုရားသခင်အပေါ်သာ မူတည်ကြောင်း၊ လက်ခံရသည်။ Healing ထက် Healer ယေရှုခရစ်တော်ကိုသာ မိတ်ဆက်ပေးရသည်။ Evangelist များတွင် ဘီလီဂရေဟန်သည် ဘယ်တော့မှ ဟီလင်းမလုပ်ပါ။ သခင်ယေရှုကိုပဲ မိတ်ဆက်ပေးသူဖြစ်သည်။
- မိမိဘဝ အောင်မြင်ခြင်း (ရွှေ၊ငွေ၊ဥစ္စာ၊ ရာထူး၊ အလုပ်ကိုင်) အဆင်ပြေသောကြောင့် ဆုတောင်းလျှင်ရ၍ ယေရှုဘုရားကို ကိုးကွယ်ပါသည် ဆိုသူများအတွက် စိုးရိမ်မိသည်။ ထိုကောင်းကြီးမင်္ဂလာများထက် အဆပေါင်းများစွာ သာလွန်သော ကောင်းကြီးမင်္ဂလာကို သင့်အားပေးရန် ရှိသည်။ သို့သော် သင်က လက်ခံရန် သန့်ရှင်းခြင်း လိုပါသည်။ အောင်မြင်ခြင်းထက် တိုးတက်မှုကို Focus ဦးတည်ရမည်။ ဘုရားရှင်နှင့် အမြဲဝမ်းမြောက်ကျေနပ်သော အသက်တာဖြစ်သည်။ စစ်မှန်သော လမ်းညွန်၊လမ်းပြ Instruction လိုသည်။ နှုတ်ကပတ်တော်ဖြစ်သည်။
တရားတော်ကို နေ့ညမပြတ် ဆင်ချင်အောက်မေ့ရတာ ..အရင်က ပျင်းစရာထင်ခဲ့သည်။ ယခု မဟုတ်တော့။ စစ်မှန်သောကိုးကွယ်မူဖြစ်ရန် နှုတ်ကပတ်တော်ကို စိတ်ဝိညာဉ်ထဲ၊ နှလုံးထဲမှာ သိုထားရန်ဖြစ်သည်။ အခက်ခဲကြုံလျှင် ပထမဆုံးအလုပ်မှာ ကိုယ်တိုင် တံခါးပိတ် ဆုတောင်းပါ။ The End...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။