နှင်းဆီဖူးလေးများ-Love BUDS
~လေဖြတ်သည့်ဘေး ဝေးကြပါစေ~
(အသက်ငယ်သူတွေလဲ လေဖြစ်တက်ပါတယ်)
အသက်ငယ်သူတွေက ပြောကြပါမယ် အသက်ကြီးမှ လေဖြတ်တာပါ အဲလိုအထင်တွေက လုံးဝ မဟုတ်ပါဘူး လေဖြတ်တယ်ဆိုတာ အသက်ကြီးမှဖြတ်တာမဟုတ်ပါဘူးအသက်ငယ်ရယ်သူတွေလဲ လေဖြစ်တက်ပါတယ် ။ ဒီဘက်နှစ်တွေမှာဆို အသက်ငယ်ငယ်နဲ့ လေဖြတ်တာတွေ ပိုများနေပါပြီ။ရောဂါအခံကြောင့် လေဖြတ်ခြင်းလည်း ဖြစ်နိုင်ပါတယ် ။
ဘယ်လိုရောဂါတွေလဲကို ပြောရရင်...
၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊
၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊
၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊
၎။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊
၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း တို့ ဖြစ်ကြပါတယ် ။
လေဖြတ်သည့်လူနာကို အေးအေးဆေးဆေးနေထိုင်သက်သောင့်သက်သာဖြစ်စေရန် အရင်ထားပေးရပါမယ် ၊ ဦးနှောက်သွေးကြောပိတ် (Cerebral Infarct)လို့ပဲ ဖြစ်ဖြစ်၊ ဦးနှောက်သွေးကြောပေါက် (Cerebral Haemorrhage) လို့ လေဖြတ်တာပဲဖြစ်ဖြစ်၊ လေဖြတ်တဲ့ဝေဒနာဟာ တကြိမ်၊ တရက်တည်းနဲ့ ဖြစ်မယ်ကုသမယ် ရောဂါပျောက်သွားမယ်ဆိုတာ မဟုတ်သည့်အတွက် တရက်ထက်တရက် ခန္ဓာကိုယ်ပျက်စီးမှုဟာ ရက်ဆက်ပြီး ပိုပိုဆိုးလာတတ်ပါတယ် ။ အဲလိုဖြစ်တက်သည့်ကို အထူးသတိထားပေးရပါမယ် ။တစ်ချို့ က ဖြစ်လာတော့မှာကို မသိကြပါဘူး တစ်ချို့ လေဖြတ်တော့မယ်ဆိုရင်ဦးစွာဖြစ်ပေါ်လာသည့်အကြောင်းအရာတွေ လာတက်ပါတယ် အဲဒါကတော့
ပထမရက်မှာ ပါးရွဲ့ လာပြီး လေးလံထုံထိုင်လာပြီး မျက်လုံးပြူးတယ်ဆိုရင် နောက်ရက်မှာ လက်မြှောက်မရ၊ နောက်ရက်မှာ ဗုန်းဗုန်းလဲ စသည်ဖြင့် နောက်ဆုံးကျမှ တကယ်ကို လေဖြတ်ခြင်း (Completed Stroke) အဆင့်သို့ ရောက်ရှိဖြစ်သွားရပါတယ် ။
တစ်ချို့ လူတွေဆိုရင်အကြောက်တရားမရှိကြဘူးလို့ တောင် ပြောရမယ်ထင်တယ် ကိုယ့်က ပထမအကြိမ်မှာ လေဖြတ်လေဖြန်းသည့် ဝေဒနာကို ခံစားရတာကို ကျန်းမာရေး အသိတွေ ဆောင်ရန်ရှောင်ရန်တွေကို အလေးမထားတော့ ဒုတိယအကြိမ်မြောက်၊ တတိယအကြိမ်မြောက် လေဖြန်းတယ်၊ လေဖြတ်တယ် ဆိုတာတွေ ဖြစ်ပေါ်ခံစားရတက်ကြပါတယ် ။
လေဖြတ်ရောဂါတွေမှာ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်ကြပါတယ် ။
သိသာထင်ရှားသော အချက်များကို ပြောပြရရင်ဖြင့်...
>>>တချို့က ပါးတခြမ်းရွဲ့၊ မျက်စိမှိတ်မရဘဲ ပြူးနေသည့်ပုံစံမျိုး ၊ နှုတ်ခမ်းပိတ်မရ ဖြစ်တယ်။
>>>တစ်ချို့ လူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှ အင်မတန်ဆိုးဝါးတဲ့ အနံ့များထွက်တယ်။
>>>တချို့ ဝေဒနာရှင်တွေမှာ လျှာပဲလေဖြတ်တာ လျှာစောင်းသွားတယ်။ လျှာတိုဝင်သွားတယ်။အဲလိုဖြစ်သည့်အတွက် ပြောသည့် စကားမပီတော့ဘူး။
>>>တချို့က မှတ်ဥာဏ်ပိုင်းဦးနှောက်ကို ထိမိဖြစ်ပေါ်သည့်အတွက်ကြောင့် ကိုယ့်နာမည်ကအစ အကုန်မေ့ကုန်တယ်။ ပြန်မပြောတတ်တော့ဘူး။
>>>တချို့ ပါးစပ်ကနေ သွားရည်တွေ ကျကျနေတက်တယ်။
တစ်ချို့ ဆိုရင် လူနာသွားမေးလို့ မြင်လိုက်ရင် ဝမ်းနည်းစိတ်တွေဖြစ်ပေါ်သည့်အတွက် ငိုတယ်တာတွေရှိသလို
>>>တစ်ချို့ လူနာတွေမှာ ရယ်နေတက်တာလည်း ရှိပါတယ် ။
တစ်ချို့ လေဖြတ်ပုံက ဘယ်ခြေ-ညာလက်၊ ညာခြေ-ဘယ်လက်၊ စသည်ဖြင့် ထောင့်သန်းဖြတ်ခြင်း တို့ ဖြစ်ကြပါတယ် ။
လေဖြတ်ဝေဒနာဟာအသက်ရှင်သန်နေပေမဲ့လူသားတစ်ယောက်ပြု့ မှု့ ဆောင်ရွက်နိုင်ခြင်းကို ဆုံးရှုံးစေနိုင်သည့် အလွန်ပင် ဆိုးရွားသော ရောဂါတစ်ခုဖြစ်သလို့  လူ့သက်တမ်းကိုလည်း ဆုတ်ယုတ်တိုတောင်စေနိုင်သည့်ရောဂါဖြစ်ပါတယ် ဒါကြောင့် မဖြစ်ခင်ကို မကျရောက်ခင် အသိဖြင့် ကျန်းမာရေး အမြင်များသိရှိဖို့ လိုအပ်ပါသည် ။
ဒါကြောင့် နေကောင်းကျန်းမာနေစဉ်မှာတစ်ချို့ တစ်လေမှာ လေဖြတ်ရင် ဖြတ်ပါစေဆိုပြီး ဖြစ်သလိုနေထိုင်ကြပါတယ် ဒါဟာ လုံးဝကို မထားသင့် မနေထိုင်သင့်သည့် စိတ်ဖြစ်ပါတယ် ။ ဖြတ်သွားခဲ့ရင် နောက်ဆက်တွဲ လူမှု့ အဖွဲ့ အစည်းနှင့် မိသားစုရေးရာတွေမှာ ပေးဆပ်ရမည့် တန်းဖိုးတွေ များပါတယ် အဲလို့ ဖြစ်စဉ်များကို အသိပေးတင်ပြခဲ့သည့် ကျန်းမာရေး ပို့ စ်များလဲ များစွာရှိခဲ့ပါတယ် ။
လေဖြတ်ခြင်းဆိုတာ ကိုယ်ဘယ်လိုပုံစုံမျိုးနဲ့ လေဖြတ်မယ်ဆိုတာ ကြိုတင်မှန်းဆလို့ မရပါဘူးဒါကြောင့်ကြိုမသိနိုင်တဲ့အတွက် လေဖြတ်စေနိုင်မည့် အကြောင်းရင်းများစွာကို ကျန်းမာရေး အသိမြင်ခြင်းဖြင့် သတိကြီးစွာ စားသောက်နေထိုင်ကြပါလို့ ရေးသားတင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။
<<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
credit>>>written by Mg Mandalay.
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
photo from google

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။