ဆာလာအိတ်
အိမ်ထောင်ရှင်မများကို လေးစား၍ တန်ဖိုးထားပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယောက်ျားဖြစ်သူ ရုံးက ပြန်ရောက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရုတ်တရက် ဆွံ့အသွားတယ်။ ကလေးတွေက အိမ်အပြင်ဘက်က ရွှံ့တွေထဲမှာ ညအိပ်ဝတ်စုံတွေတောင် မလဲဘဲ ဆော့ကစားနေကြတယ်။ မီးဖိုခန်းထဲမှာက မဆေးရသေးတဲ့ ပန်းကန်တွေ၊ စားပွဲပေါ်ဖိတ်ကျနေတဲ့ နို့တွေ၊ ပြန့်ကျဲနေတဲ့ မုန့်တွေနဲ့ ပေပွနေပါတယ်။

ဧည့်ခန်းထဲကြည့်လိုက်တော့ အခြေအနေက ပိုလို့တောင် ဆိုးနေပါသေးတယ်။ အခန်းစီးတွေက ညစ်ပတ်လို့၊ ပန်းအိုးတွေကလည်း ကွဲ၊ ကြမ်းပြင်မှာလည်း အမှိုက်တွေ၊ ဗီရိုကလည်း ဖုန်တွေနဲ့ပေါ့။
ဒါနဲ့ ယောက်ျားဖြစ်သူလည်း မိန်းမများ ဖျားနေသလား? တစ်ခုခု ထိခိုက်မိထားသလား? ဆိုပြီး အိပ်ခန်းထဲကို အပြေးဝင်ကြည့်လိုက်မိပါတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက မိန်းမဖြစ်သူဟာ အိပ်ရာပေါ်မှာ လဲလျောင်းပြီး၊ သက်သောင့်သက်သာ တီဗီ ထိုင်ကြည့်နေတာပါ။
ဒါနဲ့ ယောက်ျားဖြစ်သူလည်း
"တစ်အိမ်လုံး ဘာတွေဖြစ်နေတာလဲ"
ထိုအခါ မိန်းမဖြစ်သူမှ
"ရှင် အိမ်ပြန်လာတိုင်း ကျမကို ရှင် မေးလေ့ရှိတယ်လေ၊ မင်း တစ်နေ့တစ်နေ့ အိမ်မှာ ဘာထိုင်လုပ်နေလဲ ဆိုပြီး။ အဲဒါကြောင့် ကျမ ဒီနေ့ ရှင့်ကို တစ်နေ့တစ်နေ့ ကျမ အိမ်မှာ ဘာလုပ်တယ် ဆိုတာကို ပြလိုက်တာပဲ"
နေရာတိုင်းမှာ၊ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ သူ့နေရာနဲ့သူ အရေးပါကြပါတယ်။ သေးသိမ်တဲ့ အလုပ်ကို လုပ်နေရတဲ့သူပဲ၊ ပညာသား မပါတဲ့ အလုပ်ကို လုပ်နေရတဲ့သူပဲ ဆိုပြီး အထင်မသေးသင့်ပါဘူး။ အားလုံးသော လူသားတွေဟာ ကမ္ဘာကြီး စီးချက်ညီဖို့ ကျရာနေရာကနေ တာဝန်ကျေနေကြပါတယ်။
အိမ်မှုကိစ္စလုပ်ရတဲ့ အိမ်ထောင်ရှင်မဖြစ်ဖြစ်၊ ပိုက်ဆံရှာတဲ့ ခင်ပွန်းသည်ပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ်၊ အမှိုက်သိမ်းရတဲ့ စည်ပင်ဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့။
Sarlar8 << Pho Shann >>
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။