Myanmar News Update
ကပ်ကြုံတဲ့အခါ ပိုးမွှားတွေက လူသားအဖို့ အဟာရဖြစ်လို့ဆို
မေလ ၁၄ ရက် ၂၀၁၃
ကမ္ဘာ တဝှမ်းငတ်ပြတ်မှု ဘေးကြုံတဲ့အခါမှာ ကမ္ဘာမှာရှိတဲ့ ပိုးမွှား နှံကောင်တွေက လူသားတွေကို အဟာရပေးဖို့ရာ အရေးကြီးလာမှာဖြစ်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့က ဆိုပါတယ်။
မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ငတ်ပြတ်မှုတွေ ဖြစ်လာတဲ့အခါ ပိုးမွှား နှံကောင်တွေဟာ အဟာရ ဖြည့်ပေးဖို့ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တာကို ထည့်တွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
...

ဒီပိုးမွှားတွေ ထဲမှာ၊ နွားချီးပိုးတွေ၊ ခူကောင်တွေ၊ တွားသွားတဲ့ အကောင်တွေမှာ ပရိုတင်းနဲ့ သံဓါတ်တွေ အများကြီး ပါဝင်တာဖြစ်တဲ့ အတွက်ကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ သုံးပုံတပုံ ဖြစ်တဲ့ လူသန်း၂ထောင်ကို အထောက်အပံ့ ပေးနေတယ်လို့ ဆိုပါတယ်။
အစီရင်ခံစာထဲမှာ ဒီပိုးမွှား သတ္တဝါတွေကို အကြီးအကျယ် ထုတ်လုပ်မှုတွေ ပြုသင့်တယ်လို့လည်း ပါရှိ ပါတယ်။ အခုလို အစားအသောက်ထဲမှာ ဒီလို ပိုးမွှားတွေကို စားတယ်ဆိုတာကိုပဲ တိုးတက်တဲ့ အနောက်တိုင်း နိုင်ငံတွေက ရွံ့ရှာ အော့အံ စိတ်တွေ ဖြစ်လာ ကြပေမဲ့ အခုအခါမှာ ကမ္ဘာမှာ အစိမ်းစားတဲ့ ဓလေ့တွေ လက်ခံလာပြီး ဖြစ်တဲ့အကြောင်း ဥပမာအားဖြင့် ဂျပန် အစားအစာ ဖြစ်တဲ့ စူရှီး ဆိုတာ ငါးကို အစိမ်းစားတာပဲ ဖြစ်တယ်လို့ တင်ပြထားပါတယ်။
radioaustralia

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။