Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 14, 2013

‘လူ့အောက်ကျို့လို့ လူပိပြီး မသေဘူး’ ဆိုတဲ့ ဆောင်ပုဒ် လက်ကိုင်ပြုသူ မြင့်မြတ်

 
Popular Journal
‘လူ့အောက်ကျို့လို့ လူပိပြီး မသေဘူး’ ဆိုတဲ့ ဆောင်ပုဒ် လက်ကိုင်ပြုသူ မြင့်မြတ်

မြန်မာပြည် တစ်နံတစ်လျားမှာ ရှိကြတဲ့ ရုပ်ရှင် ဗီဒီယို ချစ်သူ ပရိသတ်တွေရဲ့ စိတ်နှလုံးသားထဲ တဖြည်းဖြည်း စွဲဆောင်လာသူ လူငယ် သရုပ်ဆောင် အနုပညာရှင် ကတော့ မြင့်မြတ် ပဲဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ အနုပညာ ပိုင်း ဆိုင်ရာ သရုပ်ဆောင် စွမ်းရည်တွေ နဲ့ ဖက်ရှင် စတိုင်တွေ ကိုလည်း လူငယ် ပရိသတ်တွေ ကြားမှာ နေရာ တစ်နေရာ အခိုင် အမာရှိလာသူဖြစ်ပါတယ်။ ဒါကြောင့် လူငယ် သရုပ်ဆောင် မြင့်မြတ်ရဲ့ လူမှု ဘဝနေထိုင်မှု နဲ့ ယုံကြည် သက်ဝင်မှု အကြောင်းအရာ များကို ဒီတစ်ပတ် လိုက်ဖ်စတိုင် ကဏ္ဍကနေ ဖော်ပြ လိုက်ရပါတယ်။


သာမန်လူ့ဘဝနဲ့ အနုပညာသည် ဘဝဟာ ထူးထူးခြားခြားကွာခြားမှု မရှိပါဘူး

“ကျွန်တော်တို့ အနုပညာရှင် တွေနဲ့ သာမန်သူတွေက ပိုက်ဆံရှာ နေရတာချင်း ကတော့ အတူတူပါပဲ။ သိပ်ပြီးတော့ ထူးထူးခြားခြားကြီး မရှိပါဘူး။ အနုပညာသမား ဆိုတော့ လူချစ်လူခင် ပေါများတဲ့ နေရာမှာ သူများတွေ ထက် ပိုများတာတော့ ရှိတယ်။ ကျန်တာ ကတော့ အနုပညာ သမားလည်း လူပဲ။ တအားကြီး ထူးထူး ခြားခြား ကွာခြားတာမျိုးတော့ မရှိပါဘူး”

ဘာသာတရားကို ယုံယုံကြည်ကြည် ကိုးကွယ်ဖြစ်တယ်

“ကျွန်တော် တစ်လကို တစ်ခါ ဘုန်းကြီးကျောင်း သွား လေ့ရှိတယ်။ အလှူလုပ် တယ်။ ပုံမှန် ကတော့ ကိုယ့်ရဲ့အိမ်မှာ ဘာသာရေး နဲ့ ပတ်သက်ပြီး နိုင်သလောက်လေး လုပ်ဖြစ်တယ်။ ပြီးတော့ ဘာသာရေး ဆိုတာက စိတ်နှစ်ပြီး ကျင့်ကြံလုပ် နိုင်မယ်ဆိုရင် ပိုကောင်းတယ်။ လူငယ် တွေကိုလည်း ပိုလုပ်စေချင်ပါတယ်။ အဓိကက တန်ပြန် အကျိုးကို မျှော်လင့်ပြီး လုပ်တာထက် ယုံကြည်မှု ထားပြီး မဆုတ်မနစ် လုပ်သင့်တယ် လို့ ထင် တယ်။ ကျွန်တော် ကတော့ ဘာသာတရားကို ယုံယုံကြည်ကြည် နဲ့ ကိုးကွယ်ဖြစ်ပါတယ်။

အနုပညာကြေးနဲ့ အလှူအတန်းလုပ်တယ်

ကျွန်တော်က အခုလို အနုပညာ နဲ့လုပ်ကိုင်ပြီး ရလာတဲ့ ငွေကြေးတွေ ကို လှူသင့်တာ ရှိရင် လှူတယ်။ သုံးသင့်တာ ရှိရင်လည်း သုံးတယ်။ မိဘ တွေကိုလည်း ပေးတယ်။ ကျွန်တော့် လက်အောက် ငယ်သားတွေ ကိုလည်း ပေးတယ်။ ကျွန်တော် တစ်ယောက် တည်းတော့ မသုံးဖြစ်ဘူး။ အဓိပ္ပာယ် ရှိရှိလေးပဲ သုံးတယ်။ဘဝရှေ့ရေး အတွက် လည်း ဆုသင့်တာကို ဆုဖြစ် တယ်။ အလကား သက်သက်တော့ မသုံးဖြစ်ဘူး။ အကျိုး ရှိရှိ ပဲ သုံး ဖြစ်တယ်။

အားလပ်ရက်တွေမှာ ခရီးထွက်ဖြစ်တယ်

ကျွန်တော် တအား စိတ်ပင်ပန်း ပြီး ဖိစီးမှုတွေ များလာရင် အဓိကက တော့ အလုပ် နားရက်တွေ ရှိလာရင် ကျွန်တော် ခရီးထွက်လိုက်တယ်။ ခရီး ကပြန်လာရင်လည်း ကျွန်တော် စိတ်ညစ်ခဲ့တာ မှန်သမျှ ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူး။ အားလုံးကို အစ ကနေပြီး ပြန်လုပ်လိုက်တယ်။ ခရီး ထွက်ခြင်း ကလည်း စိတ်ညစ်စရာတွေ တချို့တစ်ဝက်ကို ပြေပျောက်စေနိုင် တယ်လို့လည်း ထင်ပါတယ်။

ဘောလုံးကန်တာနဲ့ လက်ဝှေ့ထိုးတာ ဝါသနာပါတယ်

ကျွန်တော်တခြား ဝါသနာ ပါတာဆိုရင် ဘောလုံး ကန်တာကို ဝါသနာပါတယ်။ ပြီးရင် လက်ဝှေ့ကို လည်း ဝါသနာပါ ပါတယ်။ အနုပညာရှင် တစ်ယောက် မဖြစ် ခဲ့ရင် တခြား အလုပ်နဲ့ စီးပွားရေး သမား အနေနဲ့ ပိုက်ဆံ ရှာနေရမှာပဲ။

မိသားစုအရေးထက်အလုပ်ကို ဦးစားပေးတယ်

ကျွန်တော်က မိသားစုကို အချိန်ပေးတာ နည်းပါတယ်။ ဒါကတော့ ထုံးစံပဲ၊ မိသားစုကို ကျွန်တော် အချိန်ပေးရင် အလုပ် မှာ တာဝန်လစ် ဟင်းသွားမှာ စိုးတယ်။ အဲဒီ နှစ်ခုကို မျှအောင် လုပ်ဖို့ ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လက်ရှိ ဘဝ ရပ်တည်မှုအရ ကျွန်တော် ကတော့ အလုပ်ကိုပဲ ဦးစားပေးဖြစ်တာ များပါတယ်။ လက်ဆွဲ ဆောင်ပုဒ် အနေနဲ့ အခု ချိန်ထိ “လူ့အောက်ကျို့လို့ လူပိပြီး မသေဘူး” ဆိုတဲ့ ဆောင်ပုဒ်လေး ကိုတော့ လက်ကိုင်ထားတယ်။

ဘဝနဲ့အလုပ်ကတစ်ထပ်တည်းကျ ပါတယ်
ဒီသရုပ်ဆောင် အလုပ် ကတော့ ကျွန်တော့် ရဲ့ ဘဝပါပဲ။ ကျွန်တော့်ရဲ့ ဝါသနာ နဲ့ ဘဝ ရပ်တည်မှု နောက်ပြီး ဒီအလုပ် နဲ့ ပတ်သက်ပြီး တအားလည်း တန်ဖိုး ထားတယ်။ ဘဝ နဲ့ ကိုယ်လုပ်ကိုင် နေတဲ့ အနုပညာ အလုပ် ကလည်း တစ်ထပ်တည်း ကျပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-ကိုလင်း(Studio K)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။