Today Myanmar
အိမ်မွေး တိရစ္ဆာန်များနှင့် ရင်းနှီးစွာ နေထိုင်ခြင်းသည် နှလုံး ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု သိရ
============================== ============
အိမ်မွေး တိရစ္ဆာန်များ အထူးသဖြင့် ခွေးများဖြင့် လက်ပွန်းတတီး နေထိုင်ခြင်း သည် နှလုံး ကျန်းမာရေး အခြေအနေကို ကောင်းမွန်စေရန် အထောက်အကူ ပြုကြောင်း အမေရိကန် နှလုံး ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။ ''အိမ်မွေး တိရစ္ဆာန်တွေနဲ့ ရင်းရင်းနှီးနှီး နေထိုင်ခြင်းဟာ နှလုံးရော ဂါ ဖြစ်ပွားမှု အန္တရာယ်ကို သိသိသာသာ လျော့ကျ စေပါတယ်''ဟု အမေရိကန် ပြည်ထောင်စု ဟူစတန်မြို့ရှိ ဘေလာဆေး ကောလိပ် နှလုံး စောင့်ရှောက်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာဂလင်း လီဗိုင်းက ပြောကြားခဲ့သည်။ အမေရိကန် အိမ်မွေး တိရစ္ဆာန်ဆို...င်ရာ အဖွဲ့အစည်း၏ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ထုတ်ပြန် သော အမျိုးသား အိမ်မွေး တိရစ္ဆာန် ပိုင်ရှင်များကို လေ့လာဆန်း စစ်ချက်အရ အမေရိကန် ပြည်ထောင်စု တွင် ပိုင်ရှင်ဖြင့် မွေးမြူထားသော ခွေး ၇၈ ဒသမ ၂ သန်းနှင့် ကြောင် အရေအတွက် ၈၆ ဒသမ ၄ သန်း ရှိကြောင်း သိရသည်။
==============================

အမေရိကန်ရှိ အိမ်ထောင်စု ၃၉ ရာခိုင်နှုန်းသည် အနည်းဆုံး ခွေးတစ်ကောင် ပိုင်ဆိုင်ပြီး ၃၃ ရာခိုင်နှုန်း သည် အနည်းဆုံး ကြောင်တစ်ကောင် ပိုင်ဆိုင်သည်ဟု သိရသည်။ ခွေး ပိုင်ဆိုင်ခြင်းသည် နှလုံး ကြွက် သားများ အန္တရာယ် ဖြစ်ပွားမှုကို လျော့ကျ စေနိုင်ကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ခွေး ပိုင်ရှင်များသည် ခွေးနှင့် အတူ လမ်းလျှောက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ပိုမို ရရှိနိုင်သောကြောင့် ဖြစ်ကြောင်း သိရသည်။ လူ ၅၂ဝဝ ကို ဆန်းစစ် လေ့လာချက် အရ ခွေး ပိုင်ရှင်များသည် ခွေးပိုင်ဆိုင်မှု မရှိသူများနှင့် နှိုင်းယှဉ်လျှင် ပိုမို တက်ကြွကြောင်း လေ့လာချက် တစ်ရပ်အရ သိရသည်။ ။ ကျော်ဇင်ထွဋ်
မြ၀တီ
မြ၀တီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။