စားပြီး အိပ်ချင် ရောဂါ( ဟာသ)
Thursday, May 02, 2013
တစ်ခါက မြို့တစ်မြို့ရှိ ဆေးရုံတစ်ရုံတွင် စာအလွန်တော်သော လူလတ်ပိုင်း ဆရာဝန် တစ်ယောက်ရှိလေသည်။ ၄င်းသည် စာတော်ရုံမက လက်တွေ့ပိုင်းတွင်ပါ အထူးကျွမ်းကျင်လေရာ ပါရဂူ ကြီးများကလည်း အားထား ကြလေသည်။ ပြင်ပလူနာ ဌာနမှ လူနာအား ၄င်းက ကြည့်ရှုပြီး ရောဂါနာမည် တပ်ကာ လွှတ်လိုက်သော လူနာမှန်သမျှ ၄င်းခန့်မှန်းထားသော ရောဂါနှင့် ကွက်တိ ဖြစ်နေသည်က များသဖြင့် အထူးကုကြီးများ...ကပင် ထိုဆရာဝန်အား တစ်လေးတစား ရှိကြ့လေသည်။ သို့သော် ထိုဆရာဝန်လေးတွင် ဥာဉ်ဆိုး တစ်ခုတော့ရှိလေသည်။ ထိုသည်မှာ ရွဲ့တတ်ခြင်းပင်။ တော်ရုံတန်ရုံ လူနာ သူ့အားလာပတ်၍ မရ။ သူက ထိုလူနာ တကယ်ရောဂါ ဖြစ်မဖြစ် သိနှင့်ပြီး ဖြစ်သည်။ ထို့အပြင် ၄င်းအား ပညာလာပြသော အနှီလူနာအား ပညာ ပြန်ပြတတ်သေးသည်။ တစ်ခါသော် ဌာနဆိုင်ရာ တစ်ခုမှ ၀န်ထမ်းတစ်ယောက် ဂယ်ရှာချင်၍ ဆေးရုံလာပြလေသည်။ ဂယ်ရှာရခြင်း အကြောင်းမှာ ဌာနတွင် လူကြီးလာမည် ဖြစ်၍ စာရင်းများရှုင်း နေကြသောကြောင့် အလုပ်ရှုပ်နေကြချိန်တွင် ၄င်းက အချောင်ခိုလို ခြင်း ဖြစ်လေရာ အထက်ပါ ဆရာဝန် နှင့် တည့်တည့်သွားတိုးတော့သည်။
ဆရာဝန်။ ။ ပြော ဘာဖြစ်တုန်း
လူနာ။ ။ ဆေး၇ုံတက်ချင်လို့ပါဆရာ
ဆရာဝန်။ ။ ရောဂါ တစ်ခုခု ဖြစ်မှ ဆေးရုံတင်လို့ရမှာပေါ့ ဘာမှ မရှိရင်တော့ ဘယ်လိုတင်မတုန်း
လူနာ။ ။ ဟိုလေ ဟိုဟာ ကျွန်တော် ဗိုက်အမြဲဆာတယ် စားပြီးသွားရင်လည်း အိပ်ချင်လာပြန်ရော အိပ်ယာက နိုးရင် ပြန်စားချင်တယ် ပြီးရင် ပြန်အိပ်ချင်လာရော ဖြစ်နေတယ် ဆရာ
ဆရာဝန်က ထိုလူနာ သူ့အားလာပတ်သည်ကို သိလိုက်သည်။ သို့နှင့် သူ၏ ၀သီ အတိုင်း ပညာ ပြချင်လာသောကြောင့် ကဲဒါဆိုလည်း တက် ဟုဆိုကာ တင်ပေးလိုက်သည်။ သက်ဆိုင်ရာ Ward ကို ရောက်သော တာဝန်ကျ ဟောက်စ်ဆာဂျင်မှ သူရေးပေးလိုက်သော ရောဂါနာမည်အား ဖတ်လိုက်ရာ
" S P E C"
ဟောက်စ်ဆာဂျင်လေး မျက်စိလည်သွားသည်။ ထိုရောဂါနာမည် သူမကြားဖူး။ သို့သော် ထိုအစ်ကိုကြီး တပ်လိုက်သော ရောဂါနာမည် ဖြစ်သဖြင့် ပြင်လည်းမပြင်ရဲ။ သို့နှင့် ထိုရောဂါ နာမည် အတိုင်းသာ တင်ထားလိုက်လေသည်။ မနက်ကျတော့ သက်ဆိုင်ရာ ပါရဂူ ကြီးမှ Ward ထဲ Round လေလျှင် အထက်ပါ ရောဂါနာမည်နှင့် လူအား တွေ့လေလျှင် အဆိုပါ ပါရဂူ ကြီးလည်း ခေါင်းစားသွားသည်။ သူ့လုပ်သက် နှစ် ၂၀ ခန့်ရှိပြီ။ ထိုရောဂါ နာမည် မကြားဖူး။ တင်လိုက်သော ဆရာဝန်ကလည်း အလွန်လွဲခဲလှသော ဆရာဝန်။ ခက်တာက လူနာမှာလည်း မည်သည့် ရောဂါ လက္ခဏာ မှ မရှိ။ ထိုဆရာဝန်လေးအား ခေါ်မေးရန်မှာလည်း မိမိသိက္ခာကျမည် စိုးသည်။ သို့နှင့် ရုံးခန်းထဲ အမြန်ပြေး ဟန်းဖုန်းကို ထုတ်ကာ သူငယ်ချင်း ဆရာဝန်အား လှမ်းမေးရသည်။
" ဟေ့ကောင် SPEC ဆိုတာ ဘာရောဂါတုန်း"
" အော် ဒါလား "
" အေး ဟုတ်တယ် မင်းသိတယ်လား"
" ဟေ့အေး တစ်ခါမှ မကြားဖူးပါလား"
" ဟာကွာ ပြောတော့ သိသလိုလို ဘာလိုလိုနဲ့"
သို့နှင့် ပါရဂူကြီးလည်း အင်တာနက် ဖွင့်ကာရှာသည်။ Oxford handbook ကို အထပ်ထပ်အခါခါ ပြန်ဖတ်သည်။ စာလုံးတူတာပင် ရှာမတွေ့။ ခက်ပြီ။ ၄င်းမသိသော ရောဂါအား ထိုဆရာဝန်လေးသိနေသည်မှာ များစွာ ခံရခက်လှသည်။ ထိုသို့ဖြင့် သုံးရက်ခန့်မြောက်တွင် ဆရာဝန်လေးမှာ နယ်မြို့လေး တစ်မြို့သို့ ပြောင်းရွှေ့ခွင့် ကျသဖြင့် ပြောင်းသွားလေရာ ပို၍ အကြပ်ရိုက်ကုန်ကြတော့သည်။ သူရှိတုန်းက မေးထားလိုက်ရင် အကောင်းသား။ အခုတော့ ခက်ပြီ။ သေချာအောင် ဓါတ်မှန်ရိုက်ကြည့်သည်။ ဆီးစစ် သွေးစစ် အာထရာဆောင်း အီးစီဂျီ နောက်ဆုံး MRI ပါ ရိုက်ကြည့်သည်။ ဘာဆိုဘာမှ မတွေ့။ လူနာက လည်းဆင်းချင်လွန်း၍ တဂျီဂျီ။ ဤတွင် ပါရဂူ ကြီးလက်လျှော့လိုက်ရတော့သည်
" S P E C= Sarr Pee Eait Chin ( စားပြီးအိပ်ချင်)
Credit to Ko Pwa Gyi
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။