မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း
၂၁ ရာစု၏ ကုဋေရှစ်ဆယ် သူဌေးသား
ရှေးသရော အခါက ဖြစ်သည်။
ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးသား တစ်ဦးသည် ငယ်ရွယ်စဉ်အခါက
ပညာကို အလေးထား သင်ယူခြင်း မရှိပဲ ဆော့ကစား ပျော်ပါးခြင်းတို့ဖြင့်သာ
အချိန်ဖြုန်းနေလေသည်။

မိဘနှစ်ပါးကွယ်လွန်သော အခါ၌လည်း ဘာမှ မလုပ်တတ်မကိုင်တတ်ပဲ
သူငယ်ချင်းများနှင့် သောက်စားပျော်ပါး မူးယစ်ခြင်း လောင်ကစား လုပ်
ခြင်းတို့ကိုသာ ပြုလုပ်နေလေသည်။
မိဘနှစ်ပါးလက်ထက်က ရှိခဲ့သော ငယ်ကျွန်တို့ကလည်း ပစ္စည်း ဥစ္စာတို့ကို
ခိုးယူ ထွက်ပြေးကြလေသည်။သူကိုယ်တိုင်ကလ ည်း ရှိသမျှ အိမ်ခြံ
ပစ္စည်းတို့ကိုပါ ရောင်းချ သုံးဖြုန်းပစ်လေသည်။
နောက်ဆုံး၌ လမ်းဘေးတွင် ခွက်ဆွဲ၍ တောင်းစားရသော သူတောင်းစား
ဘ၀ သို့ ရောက်ခဲ့ရလေသည်။မြို့ထဲ ရွာထဲမှ လူများကလည်း ၄င်းသူဌေး
သားကို မောင်းထုတ်လိုက်ကြပါလေတော့သတည်း ။........။
.............................. .............................. .............................. ..
သူဌေးသားသည် အစာရေဆာ ငတ်မွတ်နေခြင်း အနာရောဂါ ဝေဒနာများ
ခံစားနေရခြင်းတို့ကြောင့် တောလမ်းဘေး တနေရာတွင် လဲနေပြီး သေအံ့ဆဲ
ဆဲ ဖြစ်နေလေသည်။
ထိုအချိန်၌ ၄င်း၏ သောက်စားဖော်သောက်စားဖက် ဘုရင့်ဆွေတော်မျိုး
တော် တစ်ဦးက တွေ့ရှိသွားပြီး အထူးကုဆေးခန်းသို့ ခေါ်ယူကာ ကုသပေး
လေသည်။
ရက်အနည်းကြာသော အခါ ရောဂါ ဝေဒနာများ ပျောက်ကင်းပြီး ပြန်လည် ကျန်းမာလာခဲ့လေသည်။၎င်း၏ သောက်ဖော်စားဖက်ဖြစ်သူ ဘုရင့်ဆွေတော်
မျိုးတော် သူငယ်ချင်းက
“ ကဲ ကျန်းမာရေးတော့ ပြန်ကောင်းလာပြီ စီးပွား အတူတူ လုပ်ကြရ
အောင် ဗျာ....”
ဟု ဆိုကာ စီးပွားစပ်တူလုပ်ကိုင်ကြလေသည်။သူဌေးသားက လူရှေ့သူရှေ့
သို့ ထွက်ကာ ရုပ်လုံးပြရလေသည်။ဘုရင့်ဆွေတော် မျိုးတော် သူငယ်ချင်းက
နောက်ကွယ်မှနေ ဘုရင့်၏ အရှိန်အ၀ါကို သုံးကာ စီးပွားရေးလောကကို
အနိုင်ကျင့် လက်ဝါးကြီး အုပ်ကြလေသည်။
(က)ဘုရင့်စီမံကိန်းဟု အကြောင်းပြကာ ပြည်သူ လူထု ပိုင်ဆိုင်သော လယ်ယာမြေ ချောင်းမြောင်း အင်း အိုင် တို့ကို သိမ်းယူသည်။
(ခ)လမ်းခွန် တံတား ခွန် စသည့် အခွန်အကောက် ကန်ထရိုက်များကို
ဈေးပေါပေါနှင့် ရအောင် လုယူသည်။
(ဂ)ဘုရင့်စီမံကိန်းများကို အကြောင်းပြ၍ တိုင်းပြည်ဘဏ္ဍာများကို ခိုးထုတ် လိမ် ထုတ်သည်။
(ဃ)လူရှေ့သူရှေ့ တွင် စီးပွားရေးလုပ်ငန်းကြီးများကို ဗန်းပြ လုပ်ကိုင် သည်။ နောက်ကွယ်တွင်တော့ တိုင်းပြည်၏ သယံဇာတများဖြစ်သော
ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ကျွန်းသစ်၊ ရေနံ၊ သဘာဝ ဓါတ်ငွေ့၊
ကျောက်မီးသွေး၊ သတ္တု၊ စသည်တို့ကို ခိုးထုတ်ရောင်းစားသည်။
(င) ဘုရင့်တပ်မတော် သုံးရန်အတွက် လက်နက်များကိုတခြား
တိုင်းပြည်များမှ နေ ၀ယ်ယူ ပေးသည်။ပွဲစားခ အမြောက်အများယူသည်။
(စ)ပြည်ပမှနေ မြင်းရထား တင်သွင်း ၀ယ်ယူခွင့် ပါမစ် များကို လက်ဝါးကြီး
အုပ်သည်။
(ဆ)ဘုရင့်ကို မျက်နှာလို မျက်နှာရ လုပ်ကာ တိုင်းကျိုးပြည်ပြု အလုပ်များ
ကို လုပ်ချင်ယောင် ဆောင်ပြသည်။
(ဇ)........................... .............................. .......သည်။
(ဈ).......................... .............................. ........သည်။
(ည)........................... .............................. ......သည်။
နောက်ဆုံးတွင်တော့ ကုဋေရှစ်ဆယ်သူဌေးသားသည် မိဘနှစ်ပါး ကွယ်လွန်ပြီးနောက် သိပ်မကြာသော အချိန်ကာလ လေးတွင်
“ ဘီလျံ ရှစ်ဆယ် ”
ချမ်းသာ ကြွယ်ဝသော သူဌေးကြီး ဖြစ်သွားပါလေတော့ သတည်း။..........။
မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
2.5.3013 PM 7;45
သူငယ်ချင်းများနှင့် သောက်စားပျော်ပါး မူးယစ်ခြင်း လောင်ကစား လုပ်
ခြင်းတို့ကိုသာ ပြုလုပ်နေလေသည်။
မိဘနှစ်ပါးလက်ထက်က ရှိခဲ့သော ငယ်ကျွန်တို့ကလည်း ပစ္စည်း ဥစ္စာတို့ကို
ခိုးယူ ထွက်ပြေးကြလေသည်။သူကိုယ်တိုင်ကလ
ပစ္စည်းတို့ကိုပါ ရောင်းချ သုံးဖြုန်းပစ်လေသည်။
နောက်ဆုံး၌ လမ်းဘေးတွင် ခွက်ဆွဲ၍ တောင်းစားရသော သူတောင်းစား
ဘ၀ သို့ ရောက်ခဲ့ရလေသည်။မြို့ထဲ ရွာထဲမှ လူများကလည်း ၄င်းသူဌေး
သားကို မောင်းထုတ်လိုက်ကြပါလေတော့သတည်း
..............................
သူဌေးသားသည် အစာရေဆာ ငတ်မွတ်နေခြင်း အနာရောဂါ ဝေဒနာများ
ခံစားနေရခြင်းတို့ကြောင့် တောလမ်းဘေး တနေရာတွင် လဲနေပြီး သေအံ့ဆဲ
ဆဲ ဖြစ်နေလေသည်။
ထိုအချိန်၌ ၄င်း၏ သောက်စားဖော်သောက်စားဖက် ဘုရင့်ဆွေတော်မျိုး
တော် တစ်ဦးက တွေ့ရှိသွားပြီး အထူးကုဆေးခန်းသို့ ခေါ်ယူကာ ကုသပေး
လေသည်။
ရက်အနည်းကြာသော အခါ ရောဂါ ဝေဒနာများ ပျောက်ကင်းပြီး ပြန်လည် ကျန်းမာလာခဲ့လေသည်။၎င်း၏ သောက်ဖော်စားဖက်ဖြစ်သူ ဘုရင့်ဆွေတော်
မျိုးတော် သူငယ်ချင်းက
“ ကဲ ကျန်းမာရေးတော့ ပြန်ကောင်းလာပြီ စီးပွား အတူတူ လုပ်ကြရ
အောင် ဗျာ....”
ဟု ဆိုကာ စီးပွားစပ်တူလုပ်ကိုင်ကြလေသည်။သ
သို့ ထွက်ကာ ရုပ်လုံးပြရလေသည်။ဘုရင့်ဆွေတော်
နောက်ကွယ်မှနေ ဘုရင့်၏ အရှိန်အ၀ါကို သုံးကာ စီးပွားရေးလောကကို
အနိုင်ကျင့် လက်ဝါးကြီး အုပ်ကြလေသည်။
(က)ဘုရင့်စီမံကိန်းဟု အကြောင်းပြကာ ပြည်သူ လူထု ပိုင်ဆိုင်သော လယ်ယာမြေ ချောင်းမြောင်း အင်း အိုင် တို့ကို သိမ်းယူသည်။
(ခ)လမ်းခွန် တံတား ခွန် စသည့် အခွန်အကောက် ကန်ထရိုက်များကို
ဈေးပေါပေါနှင့် ရအောင် လုယူသည်။
(ဂ)ဘုရင့်စီမံကိန်းများကို အကြောင်းပြ၍ တိုင်းပြည်ဘဏ္ဍာများကို ခိုးထုတ် လိမ် ထုတ်သည်။
(ဃ)လူရှေ့သူရှေ့ တွင် စီးပွားရေးလုပ်ငန်းကြီးများကို ဗန်းပြ လုပ်ကိုင် သည်။ နောက်ကွယ်တွင်တော့ တိုင်းပြည်၏ သယံဇာတများဖြစ်သော
ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ကျွန်းသစ်၊ ရေနံ၊ သဘာဝ ဓါတ်ငွေ့၊
ကျောက်မီးသွေး၊ သတ္တု၊ စသည်တို့ကို ခိုးထုတ်ရောင်းစားသည်။
(င) ဘုရင့်တပ်မတော် သုံးရန်အတွက် လက်နက်များကိုတခြား
တိုင်းပြည်များမှ နေ ၀ယ်ယူ ပေးသည်။ပွဲစားခ အမြောက်အများယူသည်။
(စ)ပြည်ပမှနေ မြင်းရထား တင်သွင်း ၀ယ်ယူခွင့် ပါမစ် များကို လက်ဝါးကြီး
အုပ်သည်။
(ဆ)ဘုရင့်ကို မျက်နှာလို မျက်နှာရ လုပ်ကာ တိုင်းကျိုးပြည်ပြု အလုပ်များ
ကို လုပ်ချင်ယောင် ဆောင်ပြသည်။
(ဇ)...........................
(စ်)..........................
(ည)...........................
နောက်ဆုံးတွင်တော့ ကုဋေရှစ်ဆယ်သူဌေးသားသည် မိဘနှစ်ပါး ကွယ်လွန်ပြီးနောက် သိပ်မကြာသော အချိန်ကာလ လေးတွင်
“ ဘီလျံ ရှစ်ဆယ် ”
ချမ်းသာ ကြွယ်ဝသော သူဌေးကြီး ဖြစ်သွားပါလေတော့ သတည်း။..........။
မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
2.5.3013 PM 7;45
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။