Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 13, 2012

CYBER WORLD # ကဗျာ/ အနုပညာ မရှိတဲ့ ဂြိုဟ်က ဂြိုဟ်သားတစ်ယောက်ရဲ့ ကဗျာ အသိအမြင်

By Aung Yin Nyein on Tuesday, November 13, 2012 at 5:35am ·
(နိဒါန်း)

" ကျွန်တော်က ခင်ဗျားတို့ နေစကြ၀ဠာရဲ့ အပြင်ဘက် အလင်းနှစ် ၅.၆ သန်း အကွာအဝေးမှာ ရှိတဲ့ Cyber World ဂြိုဟ်ကလာတဲ့ ဂြိုဟ်သားတစ်ယောက်ပါ။ ကျွန်တော့်နာမည် Neo#1 AYN 17061973 လို့ ခေါ်ပါတယ်။ ကျွန်တော် လူသားကမ္ဘာကို ရောက်လာတော့ ခင်ဗျားတို့ ရန်ကုန်က လူတွေဟာ " ကဗျာဆိုတာ ဘာပဲ ညာပဲ " ဆိုပြီး ပြသနာမဟုတ်တာကို ပြသနာလုပ်ပြီး ရေးကြီးခွင်ကျယ် ဆွေးနွေးနေတာ သတိပြုမိတယ်။ ကျွန်တော်တို့ ဂြိုဟ်မှာတော့ ကဗျာဆိုတာ မရှိ၊ ခင်ဗျားတို့ဆီက ပေါ့ပ်အင်တာဗျူးတွေမှာ Celebrities တွေလျှာအရိုးမရှိတိုင်း လျှောက်ပြောနေကြတဲ့ အနုပညာဆိုတာလည်း မရှိ။ ကျွန်တော်ဟာ ကဗျာနဲ့ အနုပညာ မရှိတဲ့ ဂြိုဟ်တစ်ခုဆီကနေ ခင်ဗျားတို့ လူသားကမ္ဘာဆီ အလည်ရောက်လာတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပါတယ် "

( Neo#1 AYN 17061973 , ကဗျာဆရာ ငြိဏ်းဝေရဲ့ အနမတဂ်ဂ စာအုပ်မိတ်ဆက်ပွဲ၊ ကဗျာဝပ်ရှော့ပ်မှာ ပြောခဲ့တဲ့ စကား )
 
Neo#1 AYN 1706197 ရဲ့ အမြင်

ကျွန်တော့် အတွေ့အကြုံအရ ကော်ဖီဆိုင်တစ်ဆိုင်မှာပဲ ဖြစ်ဖြစ်၊ ကဗျာဝပ်ရှော့ပ်တစ်ခုမှာပဲ ဖြစ်ဖြစ် ( အနုပညာသရုပ်မှန်ရဲ့ သဘောသဘာဝက သုညပဲ။ အနုပညာဆိုတဲ့အရာ တကယ် မရှိဘူး။ ကဗျာဆိုတာလည်း သုညပဲ။ ကဗျာဆိုတာ တကယ် မရှိဘူး ) လို့ ပြောလိုက်ရင် ကြားနာရသူ အတော်များများက အဲဒီ အဆိုပြုချက်ကို စဉ်းစားဆင်ခြင်မှု မပြုကြဘဲ ပေါ့ပျက်တဲ့ စကားလုံးတွေနဲ့ အလွယ်တကူ ငြင်းဆန်ပစ်လိုက်ကြတာ များပါတယ်။

သူတို့ကိုယ်တိုင် ကဗျာဆရာတွေဖြစ်နေကြပါလျက်နဲ့ ရသပညာနဲ့ စပ်ဆိုင်တဲ့ အယူအဆမျိုးတွေကို ဘာကြောင့် အလေးအနက် ဆင်ခြင်သုံးသပ်မှု မလုပ်ဘဲ မျက်လုံးစုံမှိတ် ငြင်းဆန်ပစ်တဲ့ အပြုအမူနဲ့ အလေ့အထမျိုးတွေ ရှိနေကြရတာလဲ။ ဒီမေးခွန်းအတွက် အဖြေက ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိနေတာ တွေ့ရပါတယ်။

(၁) ဒြပ်မဲ့သဘောဆန်ပြီး နက်နဲသိမ်မွေ့တဲ့ အကြောင်းအရာ/ ရသဗေဒဆိုင်ရာ ပြသနာတွေကို ဦးနှောက် အခြောက်ခံပြီး မစဉ်းစားချင်လို့။ စဉ်းစား ဆင်ခြင် သုံးသပ်တှဲ့ အလေ့အကျင့် မရှိလို့
(၂) သူတို့ လက်ခံယုံကြည်ထားတဲ့ ကဗျာ အသိအမြင်/ င်္စနှုန်းတန်ဖိုးတွေနဲ့ ကွဲပြားခြားနားနေလို့။
(၃) ကိုယ်နဲ့ မတူတဲ့ အယူအဆ/ အသိအမြင်တစ်ခုကို လက်ခံစဉ်းစား နှလုံးသွင်းပေးတဲ့ သိမှုဆိုင်ရာ အလေ့အကျင့် မရှိလို့။
(၄) ကဗျာ/ အနုပညာ ဆိုတာ ဖန်တီးဖို့ပဲ၊ ကဗျာ/ အနုပညာ အကြောင်း ဘာမှ မသိလည်း ကိစ္စ မရှိဘူး ဆိုတဲ့ အယူအဆမျိုးနဲ့ အသိအမြင် တံခါးပိတ်ထားလို့။
(၅) ဒါမှမဟုတ် ကိုယ့် မသိစိတ်ကိုယ် အမှန်အတိုင်း မမြင်နိုင်တဲ့၊ တခြား ခိုင်လုံတဲ့ အကြောင်းရင်းခံ တစ်ခုခု ရှိနေလို့။

ကျွန်တော်တို့ ခေတ်ရဲ့ နောက်ဆုံးမျိုးဆက် လူငယ်ကဗျာဆရာ မောနွေကတော့
" ခင်ဗျား အယူအဆတွေက သုညဆီကို ဦးတည်နေလို့ လူတွေ အလွယ်တကူ လက်မခံနိုင်ကြတာ ဖြစ်ပါလိမ့်မယ်။ ဘယ်ကိစ္စမဆို သုညဆီရောက်အောင် စဉ်းစားဖို့၊ မရှိခြင်းသဘောဆီ ရောက်အောင် အသိအမြင် ရွေ့လျားဖို့ဆိုတာ မလွယ်ဘူးလေ။ လူတွေရဲ့ အမြင်က အကောင်အထည်ရှိတဲ့ ဒြပ်ရှိသဘောတွေကိုပဲ အလွယ်တကူ မြင်နိုင်ကြတာ။ ဒြပ်မဲ့သဘောတွေကို မြင်အောင် ကြည့်ဖို့ အသိဥာဏ်နဲ့ ဆင်ခြင်တုံတရားကို သိပ်အသုံးပြုလေ့ မရှိကြဘူး " လို့ သူ့ အမြင်ကို ထုတ်ဖော် ပြောပြဖူးပါတယ်။

သူ့ ထင်မြင်ယူဆချက်ဟာ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း များတယ်၊ လူမှု အမှန်တရားနဲ့ နီးစပ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ ကဗျာဆရာတွေဟာ " ကဗျာရဲ့ သရုပ်မှန်သဘောသဘာဝဆိုတာ ဘာမှန်းမသိ၊ အနုပညာဆိုတာ ဘာမှန်းမသိဘဲ ကဗျာအနုပညာလက်ရာတွေကို မျက်ရမ်းမှန်းဆ ဖန်တီးနေကြတဲ့သူတွေ ဖြစ်နေကြတော့မှာပဲ " လို့ တွေးနေမိပါတယ်။

" ကဗျာဆိုတဲ့ အရာတွေ " နဲ့ " ကဗျာ "

အခု ကဗျာနဲ့ ပတ်သက်တဲ့ ကျွန်တော့် အသိအမြင်ကို ဆွေးနွေးခွင့် ပြုစေချင်ပါတယ်။

" ကဗျာ " ဆိုတဲ့ စကားလုံးဝေါဟာရကို သုံးစွဲပြောဆိုပြီဆိုရင် " အဲဒါ ကဗျာပါ..... လို့ လူတွေ ထင်မြင်ယူဆပြောဆို နေကြတဲ့ စာသားအဆောက်အအုံတွေ " နဲ့ " ကဗျာဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ပာယ်/ အနှစ်သာရ တစ်ခုခု " ဆိုပြီး ဆိုလိုရင်း အနက် နှစ်မျိုး ထွက်နေတယ် ဆိုတာ ပထမဦးဆုံး နှလုံးသွင်း စဉ်းစားထားပေးစေလိုပါတယ်။ အဲဒီထက် ပို ကျစ်လျစ်ပြီး ကြည်လင်ရှင်းလင်းတဲ့ စကားလုံး သုံးရမယ်ဆိုရင်တော့ " ကဗျာဆိုတဲ့ အရာတွေ " နဲ့ " ကဗျာ " ပေါ့။

မြန်မာကဗျာဆရာ အများစုဟာ " ကဗျာဆိုတဲ့ အရာတွေ " နဲ့ " ကဗျာ " ကို ကွဲကွဲပြားပြား ဆင်ခြင်နားလည်မှု မရှိဘဲ ရောထွေးသိမြင်နားလည်ထားကြလေ့ ရှိတယ်။ ဒီနေရာမှာ ကျွန်တော့် ဆိုလိုရင်းစကား ပြတ်သားထိရောက်မှု ရှိစေဖို့ " လေနဲ့ဝမ်း မကွဲဘူး " ဆိုတဲ့ အရပ်ပြောဘာသာစကား အသုံးအနှုန်းတစ်ခုကို ကိုးကားသုံးစွဲချင်ပါတယ်။
" မြန်မာကဗျာဆရာ အများစုဟာ ကဗျာဆိုင်ရာ အသိအမြင်မှာ လေနဲ့ ၀မ်း မကွဲဘူး " လို့ ဆိုလိုက်ရင် အင်မတန် ထိရောက်အောင်မြင်လှပတဲ့ ၀ါကျတစ်ကြောင်း ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။

အခု " ကဗျာဆိုတဲ့ အရာတွေ " နဲ့ " ကဗျာ " အကြောင်း ကျွန်တော်တို့ ဆက် ဆွေးနွေးကြရအောင်။

အနုပညာ ယုံကြည်ချက် ပြင်းထန်တဲ့ ကဗျာဆရာတစ်ယောက်၊ ဒါမှ မဟုတ် ကဗျာကို အဖြည့်ခံလုပ်ပြီး ပုဂလိကအတ္တ( Ego ) တည်ဆောက်ချင်တဲ့ လူတစ်ယောက်၊ ဒါမှမဟုတ် ကဗျာကို အကြောင်းပြုပြီး ပေါ်ပြူလာဖြစ် လူရာဝင်ဆံ့ချင်တဲ့ လူတစ်ယောက်။

အဲဒီလို အဇ္ဈတ္တ ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိနေတဲ့ လူတစ်ယောက်ယောက်က စကားလုံးဝေါဟာရ၊ ဘာသာစကားမီဒီယမ်တွေကို အသုံးပြုတည်ဆောက်ပြီး သူ ဖန်တီးလိုက်တဲ့ လက်ရာကို " ဒါ ကဗျာ " လို့ သတ်မှတ်ယူဆ ပြောဆိုတယ်။ တချို့လူတွေက သူကိုယ်တိုင် " ဒါ ကဗျာ " လို့ သတ်မှတ်ယူဆသလို တခြားသူတွေကလည်း သူ့လက်ရာကို သူ့လို သတ်မှတ်ယူဆစေလိုတဲ့ စိတ်လိုအင်ဆန္ဒ အခံ ရှိကြတယ်။ တချို့လူတွေကတော့ သူ့လက်ရာကို တခြားသူတွေက " ကဗျာ " ပါလို့ လက်ခံသည် ဖြစ်စေ၊ ငြင်းဆန်သည် ဖြစ်စေ ခေါင်းထဲ ထည့် မစဉ်းစားဘဲ ( လူငယ်ဆန်ဆန် ခပ်ရိုင်းရိုင်း ပြောရရင် ဘယ်သူ့ကိုမှ စောက် ဂရု မစိုက်ဘဲ ) သူ့ ထင်မြင်ယူဆချက်နဲ့ သူ လွတ်လပ်ယုံကြည်စွာ နေထိုင်တယ်။

ကျွန်တော့် အမြင် ပြောရရင် " 'ဒါ ကဗျာပါ" လို့ သူတို့ ပြောဆိုတဲ့ အရာတွေဟာ " ကဗျာ " မဟုတ်ဘဲ " ကဗျာ ဆိုတဲ့ အရာတွေ " သာ ဖြစ်ပါတယ်။

ကဗျာဆရာတွေ ပြောတဲ့ " ကဗျာဆိုတဲ့ အရာတွေ " ဟာ ဘာသာစကားနဲ့ ပြုလုပ်တည်ဆောက်ထားတဲ့ " စာသား အဆောက်အအုံတွေ " သာ ဖြစ်တယ်။ အဲဒီ စာသားအဆောက်အအုံတွေထဲမှာ စကားလုံး၊ နိမိတ်ပုံ သင်္ကေတ၊ အသံစီးဆင်းမှု၊ ကဗျာဘာသာစကားနဲ့ အရပ်သုံး ဘာသာစကား ၊ စကားလုံးနဲ့ ၀ါကျအဆက်အစပ်၊ နော်ကခံ အကြောင်းအရာ၊ စကားလုံးတွေက ရည်ညွှန်းနေတဲ့ တိုက်ရိုက်နဲ့ ဆင့်ပွားအနက်အဓိပ္ပာယ်၊ ပုံသဏ္ဍာန်နဲ့ ဖွဲ့စည်းမှု၊ ကဗျာအတတ်ပညာ ( ကဗျာနဲ့ပတ်သက်ပြီး ခင်ဗျား သိထားတာ အကုန် ဆက်ဖြည့်ရေး) စတဲ့ အပေါ်ယံ ထင်ရှားမြင်သာတဲ့ ကဗျာဆိုင်ရာ အချက်အလက်/ ယူနစ် တွေ ပါဝင်တယ်။ အပေါ်ယံစာသားအဆောက်အအုံရဲ့ တောက်ကွယ်က အတွင်းသားထဲအထိ အသိဥာဏ် တိုးဝင်ကြည့်ရင်တော့ ကဗျာဆရာ ပြောလိုတဲ့ အသိအမြင်၊ ကွဲပြားခြားနားတဲ့ ကဗျာအလှဓာတ်နဲ့ ရသအလှအပ၊ စာသားတွေဆီကတစ်ဆင့် ရရှိတဲ့ သိမှုအလှအပ စတာတွေကို အသိဥာဏ်နဲ့ ထိတွေ့သိမြင်ခံစား ရမှာပါ။

ခင်ဗျာဟာ ကဗျာဆရာတစ်ယောက်ပဲ ဖြစ်ဖြစ်၊ ကဗျာဖတ်သူ တစ်ယောက်ပဲ ဖြစ်ဖြစ် ကိုယ့် အမြင်အာရုံ မျက်စိရှေ့မှောက်က " စာသား အဆောက်အအုံတစ်ခု " ကို စာသားအဆောက်အအုံလို့ အမှန်အတိုင်း သိမြင်ဖို့ လိုအပ်ပါတယ်။ အဲဒီလို အမှန်အတိုင်း မသိမြင်ဘဲ " စာသား အဆောက်အအုံ " ကို " ကဗျာ " ပါလို့ ထင်မြင်ယူဆနေရင်တော့ ခင်ဗျား အသိအမြင် အာရုံ မှောက်မှားနေတာပဲ ဖြစ်လိမ့်မယ်။ " စာသားအျေဆာက်အအုံ တစ်ခု " ကို " ကဗျာ " ပါလို့ သတ်မှတ်ယူဆတာဟာ ခင်ဗျားရဲ့ ပညတ်သဘော၊ သညာသဘောေ ဆာင်တဲ့ ပုဂ`ဂလိက ထင်မြင်ယူဆချက် သက်သက်ပဲ။ လူတစ်ဦးချင်းစီရဲ့ ပုဂ`ဂလိက ထင်မြင်ယူဆချက်တွေဟာ အမှန်တရားမဟုတ်၊ တခြား ထင်မြင်ယူဆချက်တွေနဲ့ ချိန်ထိုးနှိုင်းယှဉ်လိုက်ရင် အချိန်မရွေး မှားယွင်းလွဲချော်သွားနိုင်ခြေ ရှိတဲ့ စိတ်ကူးနှဲ့ အသိအမြင် တည်ဆောက်မှုတွေပဲ ဆိုတာ ခင်ဗျား သိမြင်နားလည်ထားပြီး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။

" ကဗျာဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရ "

ကဗျာဆရာဆိုတဲ့ လူတစ်ယောက်က ဘာသာစကားတွေ အသုံးပြုပြီး ဖွဲ့စည်းတည်ဆောက်ဖန်တီးထားတဲ့ " စာသား အဆောက်အအုံတွေ " ဟာ " ကဗျာဆိုတဲ့ အရာတွေ " သာ ဖြစ်ပြီး တကယ့် " ကဗျာ " မဟုတ်သေးဘူလို့ ကျွန်တော် ပြောခဲ့တယ်။ ဒါဆိုရင် " ကဗျာ ဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရ " ဒါမှ မဟုတ် " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ " ၊ ဒါမှမဟုတ် " တကယ့် ကဗျာ " ဆိုတာ ဘာလဲ။

ဒီ မေးခွန်းဝါကျမှာ ကျွန်တော် ဆက်ဆွေးနွေးမယ့် အကြောင်းအရာ ( ခွဲ ) တွေကို စကားစု ဦးစားပေး အစဉ်လိုက် နေရာချထားတာ သတ်ပြုမိစေချင်ပါတယ်။

(၁) ကဗျာ ဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရ
(၂) ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ
(၃) တကယ့် ကဗျာ

အခု နံပါတ် (၁) " ကဗျာ ဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ဗ္ပာယ်နှဲ့ အနှစ်သာရ " ဆိုတဲ့ အကြောင်းအရာကို အရင်ဆုံး ဆွေးနွေးကြည့်ရအောင်ပါ။

ခင်ဗျား လက်တွေ့စမ်းသပ်ကြည့်ချင်တယ် ဆိုရင် " ကဗျာ ဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ဗ္ပာယ်နှဲ့ အနှစ်သာရ ဆိုတာ ဘာလဲ " လို့ ကဗျာနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့ လူ (၁၀) ယောက်ကို မေးမြန်းစူးစမ်း ကြည့်ုလိုက်ပါ။ ( ခင်ဗျား မေးခွန်းကို ဖြေမယ့်သူက I.Q မြင့်ပြီး ဦးနှောက် အလုပ်လုပ်တဲ့ လူတစ်ယောက် ဖြစ်ဖို့တော့ လိုလိမ့်မယ်။ )
လူ ဆယ်ယောက်ဆီက မတူကွဲပြားခြားနားတဲ့ အဖြေ (၁၀) မျိုး ( သို့မဟုတ် ) ကဗျာဆိုင်ရာ အနက် ဖွင့်ဆိုချက် (၁၀) မျိုး ထွက်လာလိမ့်မယ်လို့ ကျွန်တော် ပြောရဲပါတယ်။

လူတစ်ဦးချင်းစီဟာ သူ့ ကိုယ်ပိုင် အယူအဆ / အသိအမြင်ကို အနီးစပ်ဆုံး ပုံဖော်ပြနိုင်မယ့် ကဗျာ အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုစီကို ပြောပြကြလိမ့်မယ်။ လူတစ်ဦးချင်းဆီမှာ တည်ဆောက်ပုံဖော်ထားပြီးသား ရှိရင်းစွဲ ကဗျာ အယူအဆ/ အသိအမြင်တွေ ကွဲပြားခြားနားနေတာနဲ့ အမျှ သူတို့ ဖွင့်ဆို ပြောပြတဲ့ ကဗျာဆိုင်ရာ အဓိပ္ပာယ် ဖွင့် ဆိုချက် တွေဟာ ကွဲပြားခြားနားနေလိမ့်မယ်။

အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေထဲမှာ ဆင်တူယိုးမှား ( သို့မဟုတ် ) ဆန့်ကျင်ဘက် ဖြစ်မှု သဘောတွေ ပါဝင်ကောင်း ပါဝင်နေနိုင်ပါတယ်။

ဥပမာ-

(၁) ကဗျာဆိုတာ ဘာသာစကားရဲ့ အညွန့်အဖူး
(၂) ကဗျာဆိုတာ ပုဂလိက အာရုံခံစားမှုနဲ့ လူမှုအတွေ့အကြုံ/ အသိအမြင်တွေကို ကဗျာဘာသာစကားအားဖြင့် ဖွဲ့စည်းတင်ပြခြင်း
(၃) ကဗျာဆိုတာ စကားလုံးနဲ့ ဘာသာစကားတွေ ပေါင်းစပ်ဓာတ်ပြုခြင်းရဲ့ နောက်ကွယ်က သွေးသားပူနွေးမှု ( Neo# AYN 17061973 )
(၄) ကဗျာဆိုတာ စိတ်ကူးအဓိက၊ အသိဥာဏ်ပညာ ထုတ်ကုန်ပစ္စည်းတစ်မျိုး
(၅) ကဗျာဆိုတာ ထူးခြားဆန်းကြယ်ပြီး မှော်ဆန်တဲ့ သိမှု / ရသအလှအပ ပေးနိုင်တဲ့ စာသား အစုအဝေး
(၆) ကဗျာဆိုတာ သုည / တကယ် မရှိ/ မရှိခြင်းကို ရှိသယောင်ယောင် အာရုံထင်မြင် ယူဆနေမိတဲ့ အရာ
(၇) ကဗျာဆိုတာ ဘာမှ မဟုတ်ပါဘူးကွာ
(၈) ကဗျာဆိုတာ တွေးခေါ်ပညာရှင်တွေ/ ဘုရားရှင်တွေတောင် စစ်မှန်တဲ့ အဓိပ္ပာယ်ရောက်အောင် မဖွင့်ဆိုနိုင်တဲ့ အရာ ( သို့မဟုတ် ) ဒိုင်မင်းရှင်း ၇ ခု ရှိတဲ့ အရှိတရား တစ်မျိုး
(၉) ကဗျာဆိုတာ ကိုယ်ပိုင်/ စိတ္တဇ နာမ် အမျိုးအစား စကားလုံး တစ်လုံး သက်သက် သာ။ ( Thierry De Duve )

ခင်ဗျားဟာ စဉ်းစားတွေးခေါ်တတ်တဲ့ အလေ့အကျင့်ရှိတဲ့ လူတစ်ယောက်၊ ဒါမှမဟုတ် ရသပညာဆိုင်ရာ စာအုပ်စာတမ်းတွေ ဖတ်ရှုလေ့လာလေ့ ရှိတဲ့ လူတစ်ယောက် ဖြစ်မယ်ဆိုရင် ကျွန်တော် ဥပမာရေးပြထားတဲ့ စကားစုတွေ/ ၀ါကျတွေဟာ " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ " နဲ့ " တကယ့် ကဗျာ " မဟုတ်သေးဘဲ " ကဗျာဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ " သာ ဖြစ်တယ်ဆိုတာ အလွယ်တကူ သိမြင်ပြီး ဖြစ်လိမ့်မယ် ထင်ပါတယ်။

ကျွန်တော် အသေအချာ ပြောရဲပါတယ်။

" ကဗျာ ဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ဗ္ပာယ်နှဲ့ အနှစ်သာရဆိုတာ ဘာလဲ " လို့ ခင်ဗျား မေးမြန်းဆင်ခြင်လိုက်ရင် မတူကွဲပြားခြားနားပြီး အချင်းချင်း ဆင်တူယိုးမှား / ဆန့်ကျင်ကွဲလွဲနေတဲ့ " ကဗျာဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ " ကိုပဲ ရနိုင်လိမ့်မယ်။ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေထဲမှာ " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ" နဲ့ " တကယ့် ကဗျာ " ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရကို ဘယ်လိုမှ ခင်ဗျား ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

အဲဒီ " ကဗျာဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ " ဟာ လူတစ်ဦးချင်းစီရဲ့ ပုဂလိက ထင်မြင်ယူဆချက်တွေကို အခိုင်အမာ ပုံဖော်ထားတဲ့၊ အဓိပ္ပာယ်တစ်ခုခုကို ထပ်မံရည်ညွှန်းနေတဲ့ စကားလုံး သက်သက်တွေပဲ ဖြစ်ပါတယ်။ လူဆယ်ယောက်မှာ ကဗျာဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်( ၁၀) မျိုး၊ ကဗျာ အမှန်တရား (၁၀) ခု။

ခင်ဗျားရဲ့ ကိုယ်ပိုင် ကဗျာ အမှန်တရားပါလို့ ထင်မြင်ယူဆထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ တခြားလူတစ်ယောက်ရဲ့ အမြင်မှာ မှားယွင်းလွဲချော်နေတဲ့ အသိအမြင်/ အဓိပ္ပာယ်တစ်ခု ဖြစ်နေနိုင်တယ်။ ကဗျာဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အချင်းချင်း တိုက်ဆိုင်ညှိနှိုင်း စစ်ဆေးကြည့်လိုက်ရင် လူတစ်ဦးချင်းစီရဲ့ ကဗျာ အမှန်တရားဟာ ရာနှုန်းပြည့် ခိုင်မာ ပြည့်စုံမှု မရှိ၊ ကျိုးပျက်ပြိုကွဲသွားတာ တွေ့ရလိမ့်မယ်။

opps! something is wrong!

ခင်ဗျားရဲ့ ကဗျာ အမှန်တရားဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာ သတိရပါ။

ခင်ဗျားရဲ့ ကဗျာဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ စကားလုံးတွေနဲ့ ဖွဲစည်းတည်ဆောက်ထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် သက်သက်သာ ဖြစ်ပြီး " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ " နဲ့ " တကယ့် ကဗျာ " မဟုတ်သေးဘူး ဆိုတာကို ထပ်ဆင့် စဉ်းစားဆင်ခြင် ဖို့လည်း မမေ့မလျော့ ရှိစေချင်ပါတယ်။

" တကယ့် ကဗျာ " သို့မဟုတ် " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ "

အိုခေ။

အခု " တကယ့် ကဗျာ " ဒါမှ မဟုတ် " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ " အကြောင်း ကျွန်တော်တို့ စဉ်းစားဆင်ခြင်မှု ဆက်လုပ်ကြပါမယ်။

" ဒါ ကဗျာပါ လို့ လူတွေ ထင်မြင်ယူဆ ပြောဆို နေကြတဲ့ စာသား အဆောက်အအုံ ( သို့်မဟုတ်) ကဗျာဆိုတဲ့ အရာတွေ " နဲ့ " "ကဗျာ ဆိုတဲ့ စကားလုံးက ရည်ညွှန်းနေတဲ့ အဓိပ္ဗ္ပာယ်နှဲ့ အနှစ်သာရ တစ်ခုခု ( သို့မဟုတ် ) ခင်ဗျားတို့ ပုဂလိက ထင်မြင်ယူဆထားတဲ့ ကဗျာ " ဟာ " တကယ့် ကဗျာ " မဟုတ်သေးဘူးဆိုရင် " တကယ့်ကဗျာ " ဒါမှမဟုတ် " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ " က ဘာလဲ။

အဲဒါဟာ ဘယ်လို အရာမျိုး ( ကြီး ) လဲ။

စောစောက စမ်းသပ် စစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ လူ (၁၀) ယောက်ကို မေးမြန်းခဲ့ဖူးသလိုပဲ နောက်ထပ် လူ(၁၀) ယောက်ကို ဒီမေးခွန်း ခင်ဗျား ထပ်မံ မေးမြန်း စူးစမ်းကြည့်လိုက်ပါ။ ခင်ဗျား ကိုယ်တိုင် စဉ်းစား ရှာဖွေထားတဲ့ အဖြေမှာပဲ ဖြစ်ဖြစ်၊ တခြားသူတွေရဲ့ အဖြေမှာပဲ ဖြစ်ဖြစ် နောက်ထပ် " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝနဲ့ ဆိုင်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အသစ်တွေ " ပဲ ထပ် ထွက်လာတာ မြင်တွေ့ရလိမ့်မယ်။ ကျွန်တော်တို့ အဓိက ရှာဖွေနေတဲ့ " ကဗျာရဲ့ သရုပ်မှန်သဘောသဘာဝ " ဆိုတာကိုတော့ အရိပ်အယောင်/ သဲလွန်စတောင်မှ ရှာလို့ တွေ့မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာလောကနဲ့ လူသားတွေရဲ့ တွေးတောဆင်ခြင်မှု နယ်ပယ်အတွင်းမှာ " ကဗျာသရုပ်မှန်ရဲ့ သဘောသဘာဝ " နဲ့ " တကယ့် ကဗျာ " ဆိုတာ လုံးဝ( လုံးဝ ) ရှိမနေလို့ပဲ။

အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ နည်းလမ်း မျိုးစုံနဲ့ စကားလုံးတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ထင်မြင်ယူဆချက်တွေဟာ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်မှု ပုံစံ/ အကွက်အဆင်နဲ့ အသိအမြင်တွေကို သြဇာလွှမ်းမိုးထားတတ်ကြတယ်။ ဒါပေမဲ့ အဲဒါတွေဟာ တကယ့်အစစ်အမှန်တရား မဟုတ်ဘဲ ပညတ်သဘော၊ သင်္ကေတသဘော၊ သညာသဘော၊ ပုဂလိက အာရုံထင်မြင်တည်ဆောက်မှုသဘောဆောင်တဲ့ အတုအယောင်တွေသာ ဖြစ်တယ် ဆိုတာ အသိဥာဏ်မှာ အမြင် ကြည်လင် ရှင်းလင်းထားဖို့ လိုပါတယ်။

ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အသိအမြင်မှာ တစ်သက်လုံး စွဲလမ်းတည်ဆောက် ဆုပ်ကိုင်လာခဲ့တဲ့ ကဗျာဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ အာရုံထင်မြင်ယူဆချက်တွေကို ခဏမေ့ထားလိုက်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့ အတွေးအခေါ် အသိအမြင်တွေ သုညတစ်လုံးလို ဟင်းလင်းပွင့်ပြီး လွတ်လပ်ပေါ့ပါးသွားစေချင်တဲ့ စေတနာနဲ့ ပြောနေတာပါ။

ကျွန်တော် ပြောပြမယ်။

အမှန်တကယ်တော့ ဒီကမ္ဘာလောကမှာ " တကယ့် ကဗျာ " နဲ့ " ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝ" ဆိုတာ မရှိဘူး။
တကယ့်ကဗျာက သုညပဲ။
ကဗျာရဲ့ သရုပ်မှန် သဘောသဘာဝက သုညပဲ။

သုညဆိုတာ မရှိခြင်း။
မရှိခြင်းကိုပဲ ရှိနေသယောင်ယောင် အာရုံထင်မြင်ယူဆနေမိတဲ့ သဘော။

မြွေတစ်ကောင်ကို အရေခွံလှန်သလို၊ လူတစ်ယောက်ရဲ့ ရုပ်နာမ်ခန္ဓာ အစုအဝေး အစိတ်အပိုင်းတွေကို တစ်စစီ ခွဲခြမ်းစိတ်ဖြာပစ်လိုက်သလို ပြောရရင်၊ ခင်ဗျားတို့ ပါးစပ်အရသာခံပြီး ပြောပြောနေကြတဲ့ Deconstruction နည်းနဲ့ ချဉ်းကပ်ဆင်ခြင်ပြီး အားမနာတမ်းပြောရရင် ခင်ဗျားတို့ဟာ ဒီကမ္ဘာလောကမှာ အမှန်တကယ် တည်ရှိမနေတဲ့ အရာတစ်ခုကို ရှိနေသယောင်ယောင် အာရုံထင်မြင်မှောက်မှားပြီး " ဒါ ကဗျာ ပဲ " ၊ " ဒါ အနုပညာ ပဲ " လို့ မျက်ရမ်းမှန်းဆ သတ်မှတ် ယူဆ ပြောဆိုနေကြတဲ့ လူတွေပဲ။

( နိဂုံး )

၂၀၁၂ စက်တင်ဘာ ၂၈ ရက်။
ဗိုလ်အောင်ကျော်လမ်း ( အောက်ဘလောက် ) Home Entertainment မှာ လုပ်တဲ့ ကဗျာဝပ်ရှော့ပ်တစ်ခု။


" ကျွန်တော်က ခင်ဗျားတို့ နေစကြ၀ဠာရဲ့ အပြင်ဘက် အလင်းနှစ် ၅.၆ သန်း အကွာအဝေးမှာ ရှိတဲ့ Cyber World ဂြိုဟ်ကလာတဲ့ ဂြိုဟ်သားတစ်ယောက်ပါ။ ကျွန်တော့်နာမည် Neo#1 AYN 17061973 လို့ ခေါ်ပါတယ်။ ကျွန်တော် လူသားကမ္ဘာကို ရောက်လာတော့ ခင်ဗျားတို့ ရန်ကုန်က လူတွေဟာ " ကဗျာဆိုတာ ဘာပဲ ညာပဲ " ဆိုပြီး ပြသနာမဟုတ်တာကို ပြသနာလုပ်ပြီး ရေးကြီးခွင်ကျယ် ဆွေးနွေးနေတာ သတိပြုမိတယ်။ ကျွန်တော်တို့ ဂြိုဟ်မှာတော့ ကဗျာဆိုတာ မရှိ၊ ခင်ဗျားတို့ဆီက ပေါ့ပ်အင်တာဗျူးတွေမှာ Celebrities တွေလျှာအရိုးမရှိတိုင်း လျှောက်ပြောနေကြတဲ့ အနုပညာဆိုတာလည်း မရှိ။ ကျွန်တော်ဟာ ကဗျာနဲ့ အနုပညာ မရှိတဲ့ ဂြိုဟ်တစ်ခုဆီကနေ ခင်ဗျားတို့ လူသားကမ္ဘာဆီ အလည်ရောက်လာတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပါတယ် "

အဲဒီလို ကျွန်တော် ပြောလိုက်တော့ ကဗျာဝပ်ရှော့ပ်ထဲမှာ ရှိနေတဲ့ ကဗျာဆရာတွေနဲ့ ပရိသတ်တွေက တကယ့် ဂြိုဟ်သားတစ်ယောက်ကို တွေ့လိုက်ရသလို အံ့သြထူးဆန်းပြီး အနောက်ဘက်ကျကျနေရာက ကဗျာဆရာတချို့က လှောင်ပြောင်ရယ်မောကြပါတယ်။

သိပ်တော့ မထူးဆန်းပါဘူး။

ရောင်စုံရုပ်ပုံတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေပါတဲ့ ကွာလတီ မဂဇင်းတွေထဲက ပေါ့ပ်အင်တာဗျူးတွေမှာ အနုပညာသရုပ်မှန်အကြောင်း နကန်းတစ်လုံးမှ မသိနားမလည်တဲ့ Celebrities တွေက " အနုပညာ အနုပညာ " လို့ မရှက်မကြောက် ထပ်တလဲလဲ ပြောကြတာကို ဖတ်ပြီး ကျွန်တော် လှောင်ပြောင်ရယ်မောခဲ့ဖူးသလို ခပ်ဆင်ဆင် ပုံစံမျိုးပေါ့။

( အမှန်တကယ်က ဆန့်ကျင်ဘက် အသွင် ပုံစံမျိုးပါ။ )

ကဗျာဆိုတာ မရှိ၊ အနုပညာဆိုတာ မရှိတဲ့ ဂြိုဟ်ကမ္ဘာတစ်ခုဆီက " ကဗျာဆိုတာ သုည၊ အနုပညာ သရုပ်မှန်ဆိုတာ သုည " လှို့ တွေးခေါ်ယူဆထားတဲ့ ဂြိုဟ်သားတစ်ယောက်ရဲ့ ကဗျာဆိုင်ရာ အသိအမြင်ကို ရန်ကုန်က ကဗျာဆရာတွေ လှောင်ပြောင်ရယ်မောကြတာ သိပ်တော့ မထူးဆန်းလှပါဘူး။ ကိုယ်နဲ့ အသိအမြင်ချင်း မတူတဲ့ လူတွေအပေါ် လှောင်ပြောင်ရယ်မောတတ်တဲ့ လူမှုအလေ့အကျင့်ဟာ လူသားတွေရဲ့ ကမ္ဘာမှာ အရိုးစွဲနေတဲ့ ယဉ်ကျေးမှုတစ်ခုပဲလို့ နားလည်ခဲ့ရပါတယ်။

ကျွန်တော်က ကဗျာနဲ့ အနုပညာ မရှိတဲ့ ဂြီုဟ်ကလာတဲ့ ဂြိုဟ်သားတစ်ယောက်ပါ။

ကျွန်တော့်နာမည် Neo#1 AYN 17061973 လို့ ခေါ်ပါတယ်။

" Art is a proper name " ရသဗေဒပညာရှင် Thierry De Duve က ပြောခဲ့တယ်။ " Art is Idea " လို့ Conceptual Artists တွေက ပြောခဲ့တယ်။

ကျွန်တော်ကတော့ " Art is Zero, Art is Nothing, Poetry is Zero, Poetry is Nothing " ဆိုတဲ့ ကျွန်တော်တို့ ဂြိုဟ်ပေါ်က ကဗျာ/ အနုပညာ ဆိုင်ရာအသိအမြင်ကို ခင်ဗျားတို့သိအောင် ပြောပြခဲ့ချင်ပါတယ်။

သြော် မေ့နေလို့။

3 Dimensions လောကမှာ ရှင်သန်ကျင်လည်နေတဲ့ သက်ရှိသတ္တ၀ါတွေဟာ 4 Dimensions ရှိတဲ့ လောကက သတ္တ၀ါတွေကို သူတို့အမြင်အာရုံနဲ့ မသိမမြင်နိုင်၊ တကယ်လို့ မတော်တဆ ကြုံကြိုက်တိုက်ဆိုင်လို့ သိမြင်ခွင့် ရရင်လည်း အပြည့်အ၀ မမြင်ရဘဲ သူတို့ အမြင်မှာ အံ့သြထိတ်လန့်စရာ ၊ ပုံစံပျက်ယွင်းနေတဲ့ အစိတ်အပိုင်းတွေ အဖြစ်သာ မြင်ရတယ်တဲ့။

ကျွန်တော်တို့ ဂြိုဟ်က 7 Dimensions ရှိတဲ့ ဂြိုဟ်ကမ္ဘာတစ်ခုပါ။

ကျွန်တော်တို့ ဂြိုဟ်မှာ ခင်ဗျားတို့ ပြောပြောနေတဲ့ " ကဗျာ " ဆိုတာကို " စာသားတွေ " လို့ပဲ ခေါ်ဝေါ်ပြောဆိုကြပါတယ်။


ေ အာ င် ရ င် ငြိ မ်း
( Neo#1 AYN 17061973 )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။