Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 13, 2012

သိပ္ပံမောင်ဝပြောသော **“ မြန်မာမိန်းမတို့၏ အခြေအနေ ”**


သိပ္ပံမောင်ဝ ခေတ်စမ်းသမားမဖြစ်မီ ၁၉၃၆ခုနှစ်က ရေးခဲ့တဲ့ စာတမ်းတစောင် ဖတ်မိတယ်။ စာတမ်းအမည်က “မြန်မာမိန်းတို့၏ အခြေအနေအကြောင်း” တဲ့။ သိပ္ပံမောင်ဝရဲ့ Feminism နဲ့ Gender အပေါ် အဲဒီခေတ်က အမြင်လို့ ပြောနိုင်မယ့် စာတမ်းပါ။

ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ တရားဥပဒေအရေး၊ ဘာသာရေးနဲ့ တိုင်းရေးပြည်ရေးမှာ မိန်းမတို့ အခြေအနေတွေကို အခန်း ၅ခန်းနဲ့ ရေးပြထားတာမို့ အကျဉ်းသဘော အဲဒီခေတ်ကာလအမျိုးသမီးများ အခြေအနေကိုမြင်သာအောင် ဖော်ပြချင်ပါတယ်။


ပေါင်းသင်းဆက်ဆံရေးတွင် မြန်မာမိန်းမတို့၏အခြေအနေ

လူမှုဆက်ဆံရေးမှာ မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံ သူများ အိမ်တွင်းပုန်းတာနဲ့ အနောက်နိုင်ငံသူများ ပွင့်လင်းလွန်းတဲ့ အစွန်းနှစ်ဖက် ကြားလို့ သိပ္ပံမောင်ဝက သုံးသပ်ပါတယ်။ “အပျိုဖော် လူပျိုဖော်” ဝင်လာရင် အိုးချင်း ထားအိုးချင်ထိ၊ ကြိုးချင်းထား ကြိုးချင်းငြိမယ်ဆိုပြီး ကျား၊မ သတ်သတ်စီဖွံ့ဖြိုးစေခဲ့တဲ့ မြန်မာ့အလေ့အထကိုလည်း ဖော်ပြထားပါတယ်။ ဒီကဏ္ဍမှာ ရည်းစားသနာထားတာ၊ စာပေးစာယူလုပ်တာ၊ ခိုးရာလိုက်ပြေးတာ၊ မိဘစီစဉ်ပေးစားတာတွေရဲ့အပေါ် ပြဿ နာနဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးထားပါတယ်။



မြန်မာ့အိမ်ထောင်မှုစနစ်မှာ မိန်းမကယောကျာ်းရဲ့ လခငွေကိုကိုင်တွယ်ပြီး စီမံအုပ်ချုပ်မှု သဘောနဲ့ လူမှုရေးများပါအရေးပါပုံကိုလည်း ရေးထားပါတယ်။ ယောက်ျား၊ မိန်းမ လူမှုဆက်ဆံရေးမှာ အနောက်နိုင်ငံတွေလို ထုံးစံအတည်တကျမရှိပေမယ့် တဦးနဲ့တဦး ရှေ့အပြူအမူ၊ အမူအယာ အထူးသတိပြု နေထိုင်ကြတာမျိုးကိုလည်း ဖော်ပြထားပါ တယ်။

ဒီခေတ်မှာ အထူးအဆန်းမဟုတ်သလို ထင်ကြတဲ့ မိန်းမနဲ့ အရက်သေစာ သောက်စားမှု ကိုလည်း တင်ပြထားတာတွေ့ရပါတယ်။ မုဆိုးမနဲ့ ပတ်ဝန်းကျင်အမြင်ကိုလည်း ထည့်ရေးထားပါသေးတယ်။

။------------------------------။



ပညာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ

ပညာရေးမှာ မြန်မာမိန်းမများ အရေအတွက်နည်းသည့်တိုင် မညံ့ပုံကို ပုဂံခေတ်ကနေ ချီပြီး ပြန်ပြောထားပါတယ်။

ကျစွာမင်းကြီးရဲ့ သမီးတော်ဟာ သဒ္ဒါကျမ်းတစောင်ကို ပြုစုခဲ့တဲ့အကြောင်း၊ ရဟန်းများ ကိုပင် စာချတဲ့အကြောင်းနဲ့ ထိုလက်ထက်က အပျိုကညာများ ဆန်ဖွပ်၊ ဈေးရောင်းရင်း သဒ္ဒါ၊ သင်္ဂြိုဟ် ခဲရာခဲဆစ်တို့ကို လေ့လာကြောင်းတွေ ဖော်ပြထားပါတယ်။



သမိုင်းထဲက ပညာရှိမိန်းမများအဖြစ် ဇင်းမယ်မိဖုရား၊ ပဲခူးမိဖုရား၊ နန်းတွင်းမိညို၊ နန်းတွင်းမိဖြူ၊ ရဝေရှင်ထွေးစတဲ့ မိဖုရားနဲ့ နန်းတွင်းသူတွေကို ဖော်ပြထားပါတယ်။ သိပ္ပံမောင်ဝတို့ခေတ်က ပညာရေးမှာ ယောကျာ်းလေးတွေထက် မိန်းကလေးက ပညာသင်ကြားရမှု နောက်ကျတာကြောင့် အနည်းငယ် ညံ့သွားပုံ၊ မိန်းကလေးကျောင်း များ ပေါ်လာတာကြောင့် အိုင်အေ၊ ဘီအေ အောင်တဲ့ မိန်းကလေးများရှိလာပုံ၊ အောက်ခြေလူတန်းစား မိန်းမတွေကတော့ ဝမ်းဝခါးလှအောင် အပမ်းတကြီး ရှာဖွေ ရတာကြောင့် တိုင်းရင်းစာကိုပင် မဖတ်နိုင်သူတွေ ရှိကြောင်းလည်း ပါဝင်ပါတယ်။

။------------------------------။



တရားဥပဒေတွင် မြန်မာမိန်းမတို့၏အခြေအနေ

မိန်းမတို့ အခွင့်အရေးနဲ့ ပတ်သက်လို့ ဓမ္မသတ်စာစောင် တခုနဲ့တခု မညီညွတ် တာကြောင့် အရှုပ်အရှုပ်အထွေးထွေးဖြစ်နေလို့ ရှေ့နေရှေ့ရပ်နဲ့ တရားသူကြီးတွေ တရားမှန်လမ်းမှန်ရောက်ဖို့ အကြပ်အတည်းနဲ့ ကြုံရကြောင်းကို ထောက်ပြထားပါတယ်။



အသက် ၂၀ မပြည့်ခင် မိန်းကလေးက ခိုးရာလိုက်တဲ့အခါ မိဘတွေသဘောမတူက အချိန်မရွေးခွဲပစ်နိုင်ကြောင်းကိုမြင်းကွန်းဓမ္မသတ်ကို ကိုးကားပြီး “သူကညာကို၊ ကြိုက်ပါသောအား၊ ယောကျာ်းခိုး၍၊ တကျိပ်စေ့ပင်၊ သားတည်းမြင်လည်း၊ မိခင်ဘမင်း၊ မဆောက်နှင်းက၊ မနေရချေ၊ မိဘကြိုက်သူ၊ ပေးစားဟူ၏” လို့ ပါကြောင်းနဲ့ မိန်းကလေး က အခွင့်အရေးဆုံးရှုံးနေကြောင်း ပြောထားပါတယ်။

မယားကြီး၊ မယားငယ် ပြဿနာ၊ မယားကြီးနဲ့ မယားငယ် အခွင့်အရေး၊ ဒါမျိုးတွေ ပပျောက်ဖို့ ထိုခေတ်က အစိုးရတွေ ဥပဒေကို တဖြည်းဖြည်းပြောင်းလဲနေကြောင်းလည်း ဖော်ပြထားပါတယ်။ လင်ကွာ မယားကွာ ပစ္စည်းခွဲဝေပုံများ နဲ့ လူမျိုးခြားနဲ့လက်ထပ်တဲ့ အခါ မြန်မာမိန်းမများ နစ်နာမှုဆိုင်ရာတွေကိုလည်း ဆွေးနွေးထားပါတယ်။

။------------------------------။



ကိုးကွယ်ရာ ဘာသာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ

မိန်းမတို့၏ အခြေအနေနဲ့ အခွင့်အရေးကို စဉ်းစားရာမှာ ဘာသာတရားကို မပယ်ထား သင့်ကြောင်း၊ ဗုဒ္ဓဘာသာအရ ယောက်ျားက မိန်းမထက် မြတ်သည်ဟု ဖြေဆိုသူများမှာ နက်နက်နဲနဲ မတွေးတောဘဲ ဖြေဆိုသူများဖြစ်ကြောင်း ပြောထားပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရ မြန်မာတွေဟာ ဂုဏ်အသက်ကို အရေးဂရုဓမ္မ အလေးပြုရတာကြောင့် ယောကျာ်းနဲ့ မိန်းမတို့ရဲ့ အခြေအနေကို တမျိုးတမည် ဆင်ခြင်နိုင်သေးကြောင်း ထောက်ပြထားပါတယ်။ အမိကို ဖြစ်စေ၊ အဖကို ဖြစ်စေ ပြစ်မှားလျှင် အပြစ်ကြီးမှု အတူတူပင်ဖြစ်ကြောင်း ဥပမာပေးထားပါတယ်။

ယောကျာ်းနှင့် မိန်းမ မြတ်၏ အမြတ်၏ အကျိုးအပြစ်များကို ဘုရားဟောသုတ္တန်များ၊ မန်လည်ဆရာတော်ရဲ့ မဃဒေဝလင်္ကာများနဲ့ ယှဉ်ပြီး ရေးထားပါတယ်။ ယောကျာ်း၊ မိန်းမ မဟူ အတွင်းဓာတ်ခံသာလျှင် ပဓာနအရင်းခံဖြစ်ကြောင်း နိဂုံးချုပ်ထားပါတယ်။

။------------------------------။



တိုင်းရေးပြည်ရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ အရေးအခွင့်



တိုင်းရေးပြည်မှု၊ ယခုခေတ်အခေါ် နိုင်ငံရေးမှာ မိန်းမများ ဝင်ရောက်ဆောင်ရွက်နိုင်ခွင့် ရရေး ဆူပူဆောင်းဆိုကြသည်မှာ အနောက်နိုင်ငံက စကြောင်း၊ မြန်မာပြည်သမိုင်း အုပ်ချုပ်ရေးကဏ္ဍတွင် မိန်းမများရှိခဲ့ကြောင်း၊ ဘုရင်မကြီးရှင်စောပု၊ ရှင်စောနစ်၊ မင်းဆက်ငါးဆက်တိုင် မိဖုရားဖြစ်ခဲ့သူ ရှင်ဘို့မယ်၊ အလယ်နန်းမတော် ဆင်ဖြူမရှင် စသူတို့မှအစ မြန်မာမင်းများ လက်ထက်တော်အခါက မိန်းမရွာသူကြီး၊ မိန်းမဆယ် အိမ်ခေါင်း၊ မိန်းမစာချီ စသူတို့ ရှိခဲ့ကြောင်းတွေ ဖော်ပြထားပါတယ်။


၁၁၁၉ ခုနှစ်မှာ မြေခဲရွာသူကြီးသည် မိန်းမဖြစ်ကြောင်း၊ ၁၁၂၇ ခုနှစ် တောင်ပုံတန်း အဝင် ရေမြက်ရွာစစ်တမ်းမှာ ရွာသူကြီးက မမိငြိမ်းဖြစ်ကြောင်း၊ ဒါ့အပြင် ပုဂံနယ်မှာ မိန်းမရွာသူကြီး ၆ ယောက်ရှိကြောင်းတွေ ဖော်ပြထားပါတယ်။

ပုသိမ်မြို့ ဆားကျင်းများကို သမီးများကဆက်ခံရပြီး သားများကပိုင်ဆိုင်ခွင့် မရကြောင်း၊ တချို့သော ရေနံရိုးတို့မှာ ယောကျာ်းက မဆက်ခံရဘဲ သမီးမိန်းမများကသာ ဆက်ခံခွင့် ရကြောင်း ရေးထားပါတယ်။


အင်္ဂလိပ်ခေတ်ရောက်မှ မိန်းမသူကြီး၊ ဆယ်အိမ်ခေါင်းတွေ ပပျောက်ကုန်တာ ဖြစ်တယ် လို့ သိရပါတယ်။ ၁၂၈၇ ခုနှစ် တပို့တွဲလဆန်းထုတ် သူရိယ သတင်းစာမှာ မင်းတိုင်ပင် အမတ် ရွေးကောက်ပွဲနဲ့ မြူနီစီပယ် လူကြီး ရွေးကောက်ပွဲတွေမှာ မြန်မာအမျိုးသမီးတွေ ဝင်ရောက် မဲဆန္ဒပေးဖို့ အခွင့်ရပေမယ့် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်း ရွေးကောက်ပွဲ မှာ ဗုဒ္ဓဘာသာအမျိုးသမီးတွေ မဲဆန္ဒယင်ရောက် ပေးပိုင်ခွင့်မရှိလို့ ဝေဖန်ရေးသားထား တာကိုလည်း ဖော်ပြထားပါတယ်။



သိပ္ပံမောင်ဝရဲ့စာတမ်းကို ၁၉၃၆ ခုနှစ် ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းကနေ ဖော်ပြခဲ့တာပါ။ စာတမ်းတခုလုံးအချုပ်အားဖြင့် ယောကျာ်းနဲ့ မိန်းမ တတန်းတစားတည်း ထားမှသာသင့်မြတ်ကြောင်း၊ တတန်းတည်းဆိုသော်လည်း နေရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ကျင့်ကြံရန် မဟုတ်ကြောင်း၊ မိမိတို့ဆိုင်ရာ တင့် တယ်သော နေရာများမှ ဝင်ရောက်ဆောင်ရွက်သင့်ကြောင်း၊ အကျင့်စာရိတ္တ ချို့ယွင်း ပျက်ပြားမည့် နေရာများမှာ မိန်းမများဟာ ကောင်းစွာ ရှောင်ရှားသင့်ကြောင်း သိပ္ပံမောင်ဝက အကြံပြုပြီး သူ့စာတမ်းကို နိဂုံးချုပ်ထားပါတယ်။



မောင်ဘုန်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။