by LAS Group ပညာရေးအကြံပေးအဖွဲ့  on Friday, November 2, 2012 at 9:55am ·
ကျနော်တို့ LAS Group ပညာရေးအကြံပေးအဖွဲ့သားများသည် Critical Thinking အကြောင်းအရာဖြင့် ပတ်သက်သည်များကို မြန်မာလူမျိုးများအားလုံး အဆင်ပြေ ဖတ်သား မှတ်ယှူနိုင်ရန် အတတ်နိုင်ဆုံး မြန်မာဘာသာဖြင့် ဘာသာပြန်ရေးသားထားပါသည်။ဘာသာပြန်ရေးသားမှုများတွင် အမှားများပါလျှင် နားလည်ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမ တောင်းပန်လိုပါသည်ခင်ဗျာ၊
Critical Thinking ကို ပုံလေးဖြင်လည်း ထည့်သွင်းဖော်ပြထားပါသည်။အောက်တွင် စာဖတ်သူများအဆင်ပြေစေရန် အင်္ဂလိပ်၊ မြန်မာ ၂မျိုးလုံးရေးသားဖော်ပြထားပါသည်။
နှိုင်းဆ
ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း (Critical Thinking) ဟူသည်
နှိုင်းဆ ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း
(Critical Thinking) ဟူသည် ရှင်းလင်းပြတ်သားစွာနှင့် ဆက်စပ်ဆင်ခြင
်ဥဏ်ရှိစွာတွေးတတ်သော အရည်အချင်းပင်ဖြစ်သည်။ ထင်ဟပ်ပြီး သီးခြားလွတ်လပ်စွာ
ဖြေရှင်းနိုင်သောအရည်အချင်းလည်းပါဝင်သည်။ နှိုင်းဆ ချင့်ချိန် ဝေဖန်ပြီး တွေးတတ်သည့်
စွမ်းရည်ရှိသူအနေ ဖြင့်အောက်ပါတို့ကိုလုပ်ဆောင်နိုင်သည်။
- အတွေးများအကြား ယုတ္တိကျကျ ဆက်သွယ်နေသည်ကို
နားလည်ခြင်း
- စောဒကများအပေါ် ခွဲခြား၊ တည်ဆောက်၊
တန်ဖိုးဖြတ်တတ်ခြင်း
- ဆင်ခြင်တွေးတောရာ၌ ဟန်ချက်မညီမှုများနှင့်
မှားလေ့ရှိသောအမှားများကို ရှာဖွေတတ်ခြင်း
- ပြသာနာများကို စနစ်တကျ
ဖြေရှင်းတတ်ခြင်း
- အတွေးများ၏ လိုက်လျောညီထွေမှုနှင့်
အရေးပါမှုကို ခွဲခြားသိရှိခြင်း
- တစ်ဦးတစ်ယောက်၏
ယုံကြည်မှုများနှင့်တန်ဖိုးစံများ၏ ဟန်ချက်မျှတမှုကို ထင်ဟပ်သိနားလည်ခြင်း
နှိုင်းဆ ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း
(Critical Thinking) သည် အချက်အလက်စုဆောင်းသည့် ကိစ္စမဟုတ်ပါ။ မှတ်ဥဏ်ကောင်းရှိပြီး
အချက်အလက်များစွာကိုသိသူသည် အလေးအနက်တွေးသည့် အမှုကိစ္စတွင် ကောင်းရမည်ဟု မဟုတ်ပါ။
နှိုင်းဆ ချင့်ချိန် ဝေဖန် တွေးခေါ်တတ်သောသူသည်
သူသိသလောက်ဖြင့်တွေးတောအဖြေရှာနိုင်သည်။ ပြသာနာများကိုဖြေရှင်းရန် အချက်အလက်များကို
မည်သို့သုံးရမည်ဖြစ်ကြောင်း သူသိယုံတင်မက လိုက်လျောညီထွေရှိမည့် အချက်အလက်များကို
ဘယ်ကရမည်လဲဟုရှာတတ်ဖွေတတ်ပြီး
ကိုယ်တိုင်သိအောင်လည်းလုပ်ဆောင်နိုင်သူဖြစ်ပါသည်။
နှိုင်းဆ ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း
(Critical Thinking) က အခြားသူများနှင့်ပြိုင်ကာ အချေအတင် ငြင်းခုန်ပြောတတ်ခြင်း၊
အလေးအနက် တွေးပြတတ်ခြင်း နှင့်မရောထွေးသင့်ပါ။ နှိုင်းဆ ချင့်ချိန် ဝေဖန်သော
တွေးခေါ်ခြင်း (Critical Thinking) စွမ်းရည်များကို အမြင်မှားများနှင့် ဆင်ခြင်မှု
အလွဲများအပေါ် ထောက်ပြရာတွင် သုံးနိုင်သော်လည်း ပေါင်းစည်းဆင်ခြင်ခြင်းနှင့်
အပြုသဘောလုပ်ငန်းများတွင်လည်း အလေးအနက်တွေးခြင်းကို
အရေးပါကြောင်းတွေ့နိုင်ပါသည်။
ပညာရှာရာတွင်ဖြစ်စေ၊ ကျနော်တို့၏သီအိုရီများကို
မြှင့်တင်ရာတွင်ဖြစ်စေ၊ ချေပချက်များကို ခိုင်မာစေရာတွင်ဖြစ်စေ အလေးအနက်တွေးခြင်းက
ကျနော်တို့ကိုကူညီပေးနိုင်ပါသည်။ အလုပ်၏ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သိသာစေရန်နှင့်
လူမှုရေးရာဖွဲ့စည်းလုပ်ဆောင်မှုများကို တိုးတက်လာစေရန် နှိုင်းဆ ချင့်ချိန် ဝေဖန်သော
တွေးခေါ်ခြင်း (Critical Thinking) ကိုကျနော်တို့အသုံးချနိုင်ပါလိမ့်မည်။
နှိုင်းဆ ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း
(Critical Thinking) သည် ဖန်တီးနိုင်စွမ်းကို ပိတ်ပင်တားဆီးစေတတ်သည်ဟု
လူအချို့ကယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယုတ္တိဗေဒနှင့်
ကြောင်းကျိုးဆီလျော်မှုစည်းမျဉ်းများကို လိုက်နာဖို့လိုသောကြောင့်ဖြစ်သည်ဟုဆိုသည်။
သို့ပေသော်ငြားလည်း ဖန်တီးနိုင်စွမ်း (Creativity) မှာမူ စည်းမျဉ်းများကို
ဖောက်ဖျက်ပစ်ဖို့
လိုအပ်ကောင်းလိုအပ်မည်ဖြစ်ပါသည်။ထိုသို့ယုံကြည်ခြင်းမှာအယူလွဲခြင်းဖြစ်သည်ဟု
ယူဆနိုင်ပါသည်။ နှိုင်းဆ ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း (Critical Thinking) သည်
ပုံစံခွက်အပြင်သို့ထွက်ပြီး တွေးခြင်း၊ သဘောတူပြီးသည့်ကိစ္စကိုစိန်ခေါ်ခြင်းနှင့်
လူကြိုက်နည်းသောချဉ်းကပ်မှုများကို သုံးခြင်းနှင့် အလွန်သဟဇာတဖြစ်နေပါသည်။
ဘယ်အရာနှင့်ပတ်သက်သည်ဖြစ်စေ နှိုင်းဆ ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း (Critical
Thinking) သည် ဖန်တီးနိုင်စွမ်းရှိခြင်း၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။
ကျနော်တို့၏ ဖန်တီးမှုပါသောအတွေးများကို တန်ဖိုးဖြတ်ရန်နှင့် အဆင့်  မြှင့်တင်ပေးရန်
အလေးအနက်တွေးခြင်းကို ကျနော်တို့လိုအပ်သောကြောင့်ပင်ဖြစ်သည်။
နှိုင်းဆ ချင့်ချိန် ဝေဖန်သော တွေးခေါ်ခြင်း
(Critical Thinking) ၏ စွမ်းရည်များအရေးပါပုံ
ကျနော်တို့သည် နှိုင်းဆ ချင့်ချိန် ဝေဖန်သော
တွေးခေါ်ခြင်း (Critical Thinking) များစွာကို နေ့စဉ်နှင့်အမျှပြုလုပ်နေကြရာတွင်
ဘယ်ခေါင်းလျှော် ရည်ဝယ်ရမလဲ၊ ဘယ်ရုပ်ရှင်ကြည့်မလဲဟူသော သာမာန်ကိစ္စမျိုးမှအစ
ဘယ်သူ့ကိုမဲပေးမလဲ ကျနော်တို့က လေးတွေကို ဘယ်လိုစည်းကမ်းချမှတ်ကြမလဲ
ဟူသောအရေးကြီးကိစ္စမျိုးအဆုံးပါဝင်လျက်ရှိသည်။ ရုပ်မြင်သံကြားတွင် သို့မဟုတ်
အင်တာနက်ပေါ်တွင် တွေ့သမျှအရာခပ်သိမ်းကို ယုံကြည်မည့်အစား အချက်အလက် များကို
ကောင်းစွာသိရှိအောင်လုပ်ပြီး ပညာတတ်ဆန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်သည့်
စွမ်းရည်များရှိဖို့ အရေးကြီးလှသည်။ ကြော်ငြာသည် ကျနော်တို့လူ့အဖွဲ့အစည်းတွင်
အသားကျပြီးဖြစ်သည့်အလျောက် ကလေးများသည်ပင်လျှင် သူတို့မြင်တာ၊ ကြားတာကို
ဘယ်လိုဝေခွဲသုံးသပ်ရမလဲဟု သိဖို့လိုအပ်ပါသည်။ သူတို့ တွင်ခိုင်မာသော
အလေးအနက်တွေးတောမှုစွမ်းရည်များ လိုအပ်သည်ဆိုသောသဘောဖြစ်သည်။ ခေါင်း
ဆောင်များအနေဖြင့် အလေးအနက်တွေးတတ်သူများဖြစ်ရန်နှင့် ကောလိပ်ဝင်ခွင့်၊
အလုပ်ခန့်ထားခြင်း၊ အလုပ်တွင်ရာထူးတက်ခြင်းကိစ္စရပ်များတွင်လည်း
ခေါင်းဆောင်မှုအတွေ့အကြုံရှိရန်လိုအပ်သည်။
What Is Critical
Thinking?
Critical thinking is the ability to
think clearly and rationally. It includes the ability to engage in
reflective and independent thinking. Someone with critical thinking skills is
able to do the following :
- understand the logical connections between ideas
- identify, construct and evaluate arguments
- detect inconsistencies and common mistakes in reasoning
- solve problems systematically
- identify the relevance and importance of ideas
- reflect on the justification of one's own beliefs and values
Critical thinking is not a matter of
accumulating information. A person with a good memory and who knows a lot of
facts is not necessarily good at critical thinking. A critical thinker is able
to deduce consequences from what he knows, and he knows how to make use of
information to solve problems, and to seek relevant sources of information to
inform himself.
Critical thinking should not be confused with
being argumentative or being critical of other people. Although critical
thinking skills can be used in exposing fallacies and bad reasoning, critical
thinking can also play an important role in cooperative reasoning and
constructive tasks. Critical thinking can help us acquire knowledge, improve our
theories, and strengthen arguments. We can use critical thinking to enhance work
processes and improve social institutions.
Some people believe that critical thinking
hinders creativity because it requires following the rules of logic and
rationality, but creativity might require breaking rules. This is a
misconception. Critical thinking is quite compatible with thinking
"out-of-the-box", challenging consensus and purusing less popular approaches. If
anything, critical thinking is an essential part of creativity because we need
critical thinking to evaluate and improve our creative ideas.
Why Critical Thinking Skills Are
Important?
We make lots of critical judgments every day,
from mundane choices like which shampoo to buy or what movie to watch to
important decisions like whom to vote for or how to discipline our children.
It's important that we have the skills to make informed, educated decisions
instead of believing everything we see on T.V. or the Internet. Since
advertising is so prevalent in our society, even kids need to know how to
analyze what they see and hear, and this means they need strong critical
thinking skills. It's imperative that leaders are good critical thinkers, and
leadership experience is a must for college admission, employment and
advancement in the workplace.
LAS Group – International Education Consultants, Mandalay Head OfficeNo. 6, 33th Street, Bet: 67th & 68th Street, Chan Aye Thar Zan, Mandalay, Myanmar.Mobile: (+95) 9910 53125, 9731 64372, 94025 37199Skype: las.groupE-mail: joe@lasgroups.com or pthu@lasgroups.comWeb: www.lasgroups.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။