နစ်ခ်ဝှစ်တနေ
ဆုကြေးငွေစုစုပေါင်း ၆ ဒသမ ၁ သန်း ချီးမြှင့်တဲ့ CIMB Classic ဂေါက်သီးရိုက် ပြိုင်ပွဲဟာ တိုက်
ဂါးဝုဒ်စ်အပါအ၀င် ကမ္ဘာ့ ထိပ်သီးဂေါက်သီးစူပါစတား အများ အပြား ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အတွက်
အကြိတ်အနယ်ရှိလှပြီး ဂေါက်သီး ၀ါသနာအိုးများ အကြိုက်တွေ့ခဲ့သည့် ထိပ်တန်းပြိုင်ပွဲတစ်ပွဲ
ဖြစ်ခဲ့ရပါတယ်။
မလေးရှားမြို့တော် ကွာလာလမ်ပူရှိ THe Mines ဂေါက်ကလပ်မှာ ကျင်းပ ခဲ့တဲ့ အဆိုပါ CIMB
Classic ပြိုင်ပွဲမှာ လက်စွမ်းပြဗိုလ်စွဲခဲ့သူကတော့ အမေ ရိကန်ဂေါက်သီးငွေကြယ်ပွင့် နစ်ခ်ဝှစ်
တနေဖြစ်ပြီး နာမည်ကြီးတိုက်ဂါးဝုဒ်စ်ကို ကျော်လွှားကာ လေးရက်တာ စုစုပေါင်း ရိုက်ချက်
၂၆၂ ချက်နဲ့ သတ်မှတ်ရိုက်ချက် အောက် ၂၂ ချက်လျော့ရိုက်ကာ ဆုကြေး ဒေါ်လာ ၁ ဒသမ
၃ သန်းနဲ့ ချန်ပီယံ ဆုဖလားပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဟာလည်း ဂေါက်သီးအားကစားစာမျက်နှာမှာ
တာစားနေတဲ့အကြောင်းအရာတစ်ရပ်ပါပဲ။
၂၀၀၃ ကာလကမှ ပရော်ဖက်ရှင်နယ် ဂေါက်သီးကမ္ဘာကို ခြေချလာသူ ငွေကြယ်ပွင့် ဂေါက်သီး
ပလေရာ နစ်ခ်ဟာ အခုပြိုင်ပွဲမှာ ဗိုလ်စွဲလိမ့်မယ်လို့ ပြိုင်ပွဲမစတင်မီက အများစုက ယုံကြည်ခဲ့
ကြပေမယ့် လေးရက်တာ အမှားအယွင်း ကင်းကင်း၊ တည်တည်ငြိမ်ငြိမ်ကစား သွားနိုင်ခဲ့တာမို့
ကမ္ဘာ့အဆင့်(၂) ၀ုဒ်စ်ကို ကျော်လွှားပြီး CIMB Classic ချန်ပီယံ စာရင်းဝင်တစ်ယောက်ဖြစ်လာ
ခဲ့ခြင်း ဟာ သူ့ရဲ့ဇာတိမြေကယ်လီဖိုးနီးယား ပရိသတ်တွေအတွက်လည်း ဂုဏ်ယူ ပီတိဖြစ်စရာ
လို့ ဆိုရဦးမှာပဲပေါ့။
Fresno State University လက်ရွေး စင်တစ်ဦးဖြစ်ခဲ့သူ နစ်ခ်ဟာ ဂေါက်သီး မျိုးရိုးထဲက ဆင်း
သက်လာခဲ့သူလို့ ဆိုရ မယ့်သူဖြစ်ပြီး ဦးလေးအရင်းဖြစ်သူ ကိုယ်တိုင်ကလည်း ပီဂျီအေပြိုင်ပွဲ
တွေမှာ ၀င်နွှဲခဲ့သူ ထိပ်တန်းဂေါက်သီးသမား တစ်ဦးပဲဖြစ်ပါတယ်။
အခုဆွတ်ခူးရရှိခဲ့တဲ့ ဆုဖလားဟာ ပဉ္စမမြောက်ချန်ပီယံဆုဖလားဖြစ်ပြီး ကမ္ဘာ့အဆင့်(၁၀)အထိ
လှမ်းတက်လာ နိုင်ခဲ့တဲ့ ကြိုးစားအားထုတ်မှုကိုတော့ အားလုံးက ချီးကျူးစကားဆိုနေကြရပါ
တယ်။
အခုပြိုင်ပွဲမှာ စတုတ္ထရရှိခဲ့တဲ့ ကမ္ဘာ့ အဆင့်(၂)တိုက်ဂါးဝုဒ်စ်ကလည်း "နစ်ခ် ဟာ တကယ့်ကို
အလားအလာရှိတဲ့ လူငယ်လက်တက်တစ်ဦးပါ။ ၂၂ ချက် လျော့ရိုက်နိုင်ခဲ့တဲ့ သူ့ရိုက်ချက်ဟာ
တော်ရုံတန်ရုံကစားသမားတွေ အမီ လိုက်ဖို့ မလွယ်ကူပါဘူး။ ကျွန်တော်လည်း အစွမ်းကုန်ကြိုး
စားခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး"ဟု ၀မ်းမြောက်ချီးကျူး စကား
ဆိုခဲ့ပါတယ်။
အခုကျင်းပခဲ့တဲ့ ဃြှု ပြိုင်ပွဲဟာ ဗျငညွှေသကမ စာရင်းမှာ ပါဝင်ခဲ့ပြီး ပီဂျီအေ အဆင့်ကိုတော့
လာမယ့် ၂၀၁၃ ကျမှ စာရင်းပေါက်မှာ ဖြစ်ပါတယ်။
ယမန်နှစ်ချန်ပီယံ ဘိုဗန် ပဲ့လ်ကလည်း "ဒီပြိုင်ပွဲမှာ နှစ်နှစ်ဆက် ဗိုလ်စွဲတဲ့သူ ရှားတာမို့ ကျွန်
တော်မရနိုင် ဘူးလို့ ကြိုသိနေခဲ့ပါတယ်။ တကယ် လည်း ကျွန်တော့ရိုက်ချက်တွေ မဟန်ခဲ့ပါ
ဘူး။ နစ်ခ်က တကယ့်ကို အကောင်း ဆုံးရိုက်နိုင်ခဲ့တာ ချီးကျူးပါတယ်"ဟု ဂုဏ်ပြုစကားပြော
ကြားခဲ့ပါတယ်။
ပူပူနွေးနွေး မလေးရှားချန်ပီယံ နစ်ခ်ဟာ နောက်ဆုံးနေ့မှာ အကောင်းဆုံး လက်စွမ်းပြရိုက်နိုင်ခဲ့
ပြီး သတ်မှတ် ရိုက်ချက်အောက် ၁၉ ချက်လျော့ရိုက် နိုင်ကာ ၅၉ ချက် ရိုက်နိုင်ခဲ့တာ တကယ့်
ကို စံချိန်တစ်ခုပဲဖြစ်ပါတယ်။
အခုလို ပီဂျီအေအဆင့်မှာ ၁၉ ချက်လျော့ရိုက် နိုင်ခဲ့သူ စူပါဂေါက်သီးစတားငါးဦးပဲရှိပါ သေး
တယ်။၁၉၇၇ မင်းဖစ်ကလပ်စစ် မှာ ဂီဘာဂါ၊ ၁၉၉၁ လတ်စ်ဗီးဂတ်စ် ဖိတ်ခေါ်ဖလားမှာ ချစ်ပ်
ဘက်၊ ၁၉၉၉ဘော့ဟုပ်ဖိတ်ခေါ်ဖလားမှာ ဒေးဗစ် သူဘော၊ ၂၀၁၀ ဂျွန်ဒီရာကလပ်စစ်မှာ
ပေါလ်ဂွိုင်ဒိုစ်တို့က စံချိန်တင်ထား ခဲ့ကြပြီး အခု ၂၀၁၂ မှာ နစ်ခ်က ပဉ္စမမြောက် လက်စွမ်းပြ
နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ပူပြင်း မှုရယ်၊ မိုးစက်မိုးပေါက်တွေရယ်၊ စွတ်စို ထိုင်းမှိုင်းမှုတွေရယ်က နစ်ခ်ကို ပိုမို လက်စောင်း
ထက်စေခဲ့တာပဲလို့ မလေးရှား အားကစားစာစောင်တွေက တင်စားနေကြပါတယ်။
ချန်ပီယံဆုဖလား ရယူအပြီးမှာ ကယ်လီဖိုးနီးယားသား နစ်ခ်က "ဒီပြိုင်ပွဲမှာ အခုလို ဗိုလ်စွဲ လိမ့်
မယ်လို့ တကယ့်ကို မမျှော်လင့်ရဲခဲ့ တာပါ။ တကယ့် ထိတ်ထိတ်ကြဲ ဂေါက်သီး စူပါစတားတွေ
ကြားမှာ ကျွန်တော့ အတွက် နေရာမရှိဘူးလို့ ထင်ခဲ့မိတာပါ။ ငယ်ဘ၀အိပ်မက်တွေ အကောင်
အထည် ပေါ်လာတော့ အရမ်းကို ကြည်နူးမိ ပါတယ်။သွန်သင်ပြသခဲ့သူအားလုံးကို လည်း
ကျေးဇူးတင်ရှိပါတယ်"လို့ ရင်ဖွင့် စကားဆိုခဲ့ပါတယ်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။