Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 14, 2012

အရက်သေစာ သောက်စားခြင်းနှင့် ကျန်းမာရေး အကျိုးရလဒ်များ

14 November 2012 |By SHADE Journal
နှစ် ပရိစ္ဆေဒ ကာလ များစွာက မိမိ တိုင်းပြည်ကို ချစ်ကြသော ပရန်စစ်လူ တစ်စုသည် တိုင်းသူ ပြည်သား လူအများ တို့မှာ တိုးတက်ခြင်းမရှိ၊ ဧကန်မုချ ဆုတ်ယုတ် နေကြောင်းကို သိကြသော အခါ ဘယ်အကြောင်း ဘယ်အတွက်ကြောင့်က မွေးဖွားခြင်းထက် သေဆုံး ခြင်းက များပြားနေကြ သနည်းဟု စူးစမ်း စစ်ဆေး ရှာဖွေ ခဲ့ကြသည်။
သေသေချာ ချာစစ်ဆေးပြီးသည့်နောက် အခြားသော အကြောင်းအရာ များကြောင့် မွေးဖွားနှုန်း ထက်သေဆုံးမှု များခြင်း၏ အကြောင်းမှာ အရက်သောက်သုံးခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည် ဟုဆိုသည်။ ၄င်း ပရန်စစ် လူတစ်စု၏ဖော်ပြချက် မှတ်စုတွင်အရက် သောက်ခြင်းအကြောင်းလည်းပါရှိခဲ့သည်။
အရက်သောက်ခြင်း အတတ်သည် လူသားတို့အား မူလရှိသောမေတ္တာ တရားကိုလျော့ပါးစေ၍ မိသားစု၏ဝတ္တရား ကိုလည်း လျော့ပါးစေသည်။ ထို့အပြင် မိမိအလုပ်အကိုင်၌လည်း ညံ့ဖျင်းစေလာ တတ်ပြီး ထိုမျှမကအရက်သောက်ခြင်း သည် ရောဂါများစွာ ဖြစ်နေခြင်း၏ မူလအစ ဖြစ်သည်။ အရက်နှင့်ပတ်သက်၍ ဖြစ် တတ်သောရောဂါများမှာ သွက်ချာပါဒ၊ ပန်းသေခြင်း၊ အစာအိမ်ရောင်ခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်တို့ ရောင်ခြင်း၊ ချောင်းဆိုးသွေးပါရောဂါ ဖြစ်ခြင်းနှင့် ရူးသွပ်စေတတ်သောရောဂါ များကို ဖြစ်ပွားစေသည်။
အရက်သောက် ခြင်းအတွက် အထက်ပါရောဂါတို့ဖြစ်ပွား တတ်သည့်အပြင် အဆိုပါရောဂါများ ဖြစ်ပွားရာ၌ အရက်မသောက်သူတို့ကို ဆေးကုသရာ၌ လွယ်ကူသော်လည်း အရက်သောက်သုံးသူများအတွက် ဆေး ကုသဖို့ မျှော်လင့်ချက်ကနည်းလွန်းသည်။ အရက်သည် သဘာဝမှဖြစ်လာ သည်မဟုတ်။ အချဉ်ဖောက်ယူခြင်းအား ဖြင့်သာရကြသည်။
အရက်သည် အလွန် တန်ခိုးကြီးသော အဆိပ်အပင်းဖြစ်သည်။ လူများကိုချက်ချင်းသတ်ရန်အတွက် အရက်ပြန်များကိုမလိုအပ်ချေ။ အရက် တစ်ဆ၊ ရေအဆတစ်ရာရောထားသော ရေအိုးတွင် တီကောင်ကိုဖြစ်စေ၊ ငါးကို ဖြစ်စေထည့်ထားလိုက်ပါက အမြန်သေ သွားသည်ကိုမြင်နိုင်ပါလိမ့်မည်။ ကြက် ဥအကာအဖြူကို ဝီစကီ၌ဖြစ်စေ၊ အခြား အရက်ပြင်းပြင်း၌ဖြစ်စေ၊ ထည့်ချေပါက အချိန်ကာလမကြာမီ ခဲ၍မာသွားလိမ့် မည်ကိုတွေ့နိုင်ပါသည်။
ဤသို့ ခဲသွား ခြင်းမှာ ကြက်ဥကိုရေနွေးဆူဆူထဲသို့ ချခြင်း၊ သံပူပေါ်သို့ချခြင်းနှင့်တူ၏။ သို့ ကြောင့် လူ၏အစာအိမ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်များနှင့်အကြော အခြင်တို့သည်လည်း ကြက်ဥအဖြူ အကာကဲ့သို့ပင်ဖြစ်သောကြောင့် အရက် သောက်ပါက မည်သို့ဖြစ်မည်ကိုစဉ်းစား ၍ပင်သိနိုင်ပေသည်။
အရက်သည် အစာမဟုတ် အရက်သည် အာဟာရဖြစ်သော အစားအစာတစ်ခုမဟုတ်ပါ။ အစာဆို သည်မှာ မိမိကစားသောက်လိုက်သော အခါ ခန္ဓာကိုယ်အတွင်းသို့သက်ဆင်း ဝင်ရောက်ပြီး ဘေးဥပဒ်အန္တရာယ်မပေး ဘဲ အပူခွန်အားအာဟာရဖြစ်ပွား၍ လူ၏ခန္ဓာကိုယ်အတွက်တောင့်တင်း၍ ဖွံ့ဖြိုးစေရန်အတွက်အထောက်အကူ ဖြစ်စေသည်။
လူ့ခန္ဓာကိုယ်ထဲမှ ပွန်းပဲ့ နေသောချို့ယွင်းမှုများကိုပြုပြင်ပေးနိုင် လေသည်။ အရက်သည် အစာမဟုတ် သကဲ့သို့ လည်ချောင်းမှစအိုဝအထိ ဆက်သွယ်လျက်ရှိသောအစာအိမ်၊ အူ သိမ်၊ အူငယ်တို့သို့မစင်ပို့ရာပြွန်ချောင်း မှဝင်သဖြင့်ပြောင်းလဲခြင်းမရှိဘဲအသွေး ထဲသို့ကျရောက်သော်လည်း အရက်က အရက်ပင်ဖြစ်နေလျက်ရှိသည်။ အရက် သည် ကိုယ်ကာယအတွက် အာဟာရ မဖြစ်ဘဲ မိမိနှင့်ထိတွေ့လေသမျှသော အရာများကို ပူလောင်စေပြီးရွံ့တွန့်စေ တတ်ကြောင်းသိကြမည်ထင်ပါသည်။
အစာအိမ်သည် မိမိကျန်းမာနေစဉ်အ တွင်းမှာမည်သည့်အစာကိုစားသည်ဖြစ် စေလက်ခံပါ၏။ သို့သော် အရက်ကို ပထမဆုံးသောအကြိမ် သောက်သုံးရာ၌ အစာအိမ်ကလက်မခံလိုဘဲ အန်ထုတ် တတ်သည်။ အစာအိမ်က မိမိ၏ရန်သူ ကြီးသဖွယ်သိသဖြင့် မြန်နိုင်သလောက် မြန်မြန်ပြန်ထုတ်၏။ အစာအာဟာရမှာ ကိုယ်ကာယကိုဝဖြိုး၍ ခွန်အားကြီးပွား စေ၏။သို့သော်အရက်က ကိုယ်ကာယ ကိုဆုတ်လျော့စေသည်။
အရက်ကကြွက်သား၊အကြော တို့ကိုခွန်အားမပေးနိုင်ခြင်း၊ ခွန်အားတိုးတက်ပြီး အမောအပန်း ခံနိုင်ရန် အပြေးအလွှားလုပ်ရခြင်း၊ ခုန် ခြင်း၊ ဘောလုံးကစားခြင်း၊ လှေလှော် ခြင်း၊ လက်ဝှေ့ထိုးခြင်း၊ တောင်တက် ခြင်းအစရှိသောအလေ့အထတို့ကိုကျင့် ကြံသူတို့က အရက်ကိုလုံးဝရှောင်ကြ ၏။
စစ်မြေပြင်အတွင်းတွင် နံနက်စော စော၌အရက်သောက်သောစစ်သည်တို့ မှာ ခရီးဝေးကွာသောနေရာများသို့မချီ တက်နိုင်ကြပေ။ အရက်ရှောင်သော စစ်သည်တို့မှာ ဝေးလံကြမ်းတမ်းသော နေရာများထိချီတက်နိုင်ကြသည်ကို အ ထင်အရှားတွေ့မြင်နိုင်ရပေလိမ့်မည်။ စိတ်ကိုအရက်က စိုးမိုးနိုင်ခြင်း အရက်သောက်သုံးသူတို့က မိမိ တို့၏စိတ်ကူးထက်မြက်စေသည်ဟု ထင်၍ဆင်ခြေပေးတတ်ကြသည်။
အမှန် အားဖြင့် အရက်ကိုသောက်စ ၁၀မိနစ် အချိန်ခန့်တွင် စိတ်ကူးသွက်လက်သည့် ဟန်ရှိသော်လည်း ထိုသူ၏ထင်မြင် ချက်များနှင့် နှုတ်ထွက်စကားတို့မှာ သတိလက်လွတ်နှင့်ပြောစကားများ အကြိမ်ကြိမ်ထပ်လာသည်ကို အရက် သောက်သူတို့က မိမိကိုယ်မိမိသတိမ ထားမိတတ်ကြပေ။
ထန်းရည်မူး ကျွဲခိုး ပေါ်ဆိုသကဲ့သို့ ယခင်ကနှုတ်စောင့် စည်းသောသူသည် အရက်သောက်ပြီး သောအခါ မိမိကိုယ်ကိုမလုံမလဲဖြစ်လာ ၍နှုတ်နည်းသောသူပင် စကားပေါများ လာသည်။ ပြောလိုက်သည့်စကားပင် သင့်၏၊ မသင့်၏မဆင်ခြင်နိုင်ဘဲ ကြမ်း တမ်းသောစကားများပင် လွယ်လင့် တကူပြောလာတတ်သည်ကို တွေ့မြင် နိုင်ပေလိမ့်မည်။
အရက်သောက်ပြီး မကြာမီ မူးဝေခေါင်းလေးသဖြင့်အရက် မှိန်းမှိန်းပြီး အိပ်ချင်သောဆန္ဒများဖြစ် လာပေလိမ့်မည်။ ဤသို့ဖြစ်လာခြင်းမှာ အရက်သည် ဦးနှောက်ကိုထုံမှိုင်းတွေဝေ ဖြစ်စေတတ်သောကြောင့်ပင်။ အရက်၏အကျိုးအကြောင်း အဆိုး အကောင်းသည် ဦးနှောက်၌မည်သို့ သက်ရောက်သည်ကိုသိလို၍ ဆေးဆရာ ကြီးတစ်ဦးသည် စမ်းသပ်ရှာဖွေကြည့် ရာ မိမိကိုယ်တိုင်အရက်ကို ၁၂ရက် တိုင်တိုင်သောက်သုံးကြည့်၏။
တစ်ရက် လျှင် ပုလင်ပြားအသေးတစ်ပြားကို သောက်သုံးသည်ဟုဆိုသည်။ ၁၂ရက် ပြည့်မြောက်သောနေ့၌ သူ၏ဥာဏ်စွမ်း သည် ယခင်ကထက်ဆုတ်ထုတ်လာ သည်ကို အဖြေရှာရသည်။ ယခင်က တစ်မိနစ်တွင် ဂဏန်းပေါင်း(၄၀)ကို တွက်ပေါင်းနိုင်ပြီး ၁၂ရက်ပြည့်သော နေ့တွင် တစ်မိနစ်ကာလအတွင်း ဂဏန်း ပေါင်း(၂၄)လုံးကိုသာပေါင်းနိုင်သည်ကို အဖြေရှာတွေ့ခဲ့သည်။ ယခင်က ၂မိနစ် နှင့် အလွတ်ကျက်မှတ်နိုင်သောလင်္ကာ တစ်ပုဒ်ကို အရက် ၁၂ရက်သောက်ပြီး နောက် ၆မိနစ်ကြာမှအလွတ်ရသည်ဟု ဆိုသည်။
အရက်သည် ဦးနှောက်ကို ဘေးဥပါဒ်ပေးကြောင်းအထင်အရှားဆုံး သက်သေမှာ အရက်သောက်သူတို့ သည် ရူးသွပ်သကဲ့သို့ဖြစ်သွားတတ် သည့်သူများပင်ဖြစ်သည်။ အကျင့်စာရိတ္တကိုအရက်ကစိုးမိုးခြင်း လူသတ္တဝါတို့၌ အမှားနှင့်အမှန်ကို ပိုင်းခြားနားလည်နိုင်သော အရှက်အ ကြောက်စိတ်ရှိ၏။ ထိုအရှက်အကြောက် စိတ်သည် လူတို့၏ကိုယ်ကျင့်တရားကို ထိန်းသိမ်းပေးနေခြင်းပင်။ အရှက်အ ကြောက်မရှိက ထင်တိုင်းကျဲ၍ လုပ်ချင် တိုင်းလုပ်ဆောင်နေပါက ကိုယ်ကျင့် တရားပျက်ပြားလာမည်မှာ မလွဲဧကန် ဖြစ်သည်။
ယာဉ်တိုက်မှုအများစုတွင် အဓိကဖြစ်ပွားရခြင်းမှာလည်း အရက် သောက်၍ မောင်းနှင်ကြသောကြောင့် အသက်ပါဆုံးရှုံးရသည်အထိဖြစ်ကြရ သည်။ အရက်နှင့် ရောဂါဘယများ အရက်ကို နေ့စဉ်အနည်းငယ်မျှ သောက်စားက မိမိအားဘေးဥပါဒ်မဖြစ် စေဟုထင်မြင်နေကြပါလိမ့်မည်။ သို့ရာ တွင်ခန္ဓာကိုယ်အတွင်း၌ရှိသောအသည်း၊ အဆုတ်၊ကျောက်ကပ်၊အစာအိမ်သွေး ကြောကြီးငယ်တို့ကို ကြည့်မြင်ကြည့်ပါ။ ゞင်းတို့သည်တဖြည်းဖြည်းဆွေးမြေ့ရောဂါ ကပ်ရောက်ကြောင်းကိုမြင်ရပါလိမ့်မည်။
ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသောရောဂါ ပိုးမွှားတို့ကိုဖျက်ဆီးဖယ်ရှားနိုင်သောသတ္တိ သည် ယခင်ကတည်းကခန္ဓာကိုယ် အတွင်း၌ရှိထားပြီးဖြစ်သည်။ အရက် သည် ထိုခွန်အားကိုပျက်ပြားစေသဖြင့် မူလစွမ်းအားယုတ်လျော့ကာ အဆုတ် ရောဂါ၊ ချောင်းဆိုးသွေးပါရောဂါ၊ ကျောက်ကပ်နာ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါစသည်ဖြင့်လွယ်ကူစွာ ကူးစက်တတ်သည်။
သေချာမှုတစ်ခုက အရက်သောက်သုံးသူတိုင်းတွင်မည်သည့် ရောဂါမျိုးမဆို လျင်မြန်စွာကူးစက်တတ် လေသည်။ အရက်၏တန်ခိုးသည် မိမိ တွင်သာလွှမ်းမိုးသည်မကဘဲ မိမိရရှိ လာသော သားသမီးများတွင်လည်း မိမိ သောက်သုံးထားသော အရက်၏အကျိုး ဆက်ကိုခံကြရသည်။ တစ်ကမ္ဘာလုံး စာရင်းအရ ကလေးအရူးထောင်တွင် ၄၁ရာခိုင်နှုန်းသည် အရက်သမားများ၏ သားသမီးများဖြစ်ကြောင်း သုတေသန စာရင်းအရ သိရှိရသည်။
အရက်သည် လူ့အသက်ကိုတိုစေသည် အတိုင်းတိုင်းအပြည်ပြည်ရှိ အသက် အာမခံကုမ္ပဏီများက အရက်သောက် သောသူတို့သည် အရက်မသောက် သောသူတို့လောက် အသက်ရှည်သည် အထိမနေကြရသည်ကိုစာရင်းအရ သိ ရှိရသည်။ အရက်သောက်သုံးသူတို့က အရက် မသောက်သော သူတို့ထက် နှစ် ဆမျှရောဂါထူကြောင်းတွေ့ရှိရသည့် အပြင် သေဆုံးမှုမှာလည်း ထက်ဝက် ပိုများကြောင်း လန်ဒန်သုတေသီများ၏ စာရင်းပြုစုမှုအရသိရှိရသည်။ အရက်သည်အသုံးဝင်သောဆေးဝါး ဖြစ်သလား၊ ဆေးဆရာတို့က လူနာ၏ရောဂါ ကို သက်သာမည်အထင်နှင့် အရက် ကိုဆေးအမှတ်ဖြင့် ပေးကြသည်များ လည်းတွေ့တတ်သည်။
သို့သော်လည်း ယခုကာလ၌ အရက်သည်ရောဂါမ သက်သာစေသည့်အပြင် သာ၍တိုးပွား စေတတ်ကြောင်းသိကြပေလိမ့်မည်။ အရက်ကိုဆေးအဖြစ်သုံးကြသည်မှာ အရေပြားပေါ်၌ အချို့သောရောဂါတို့ ကိုဆေးဖြင့်လိမ်းရခြင်းတစ်နည်းသာရှိ ၏။ သတင်းစာများတို့၌ အစာကိုကြေ စေသောခွန်အားဖြစ်စေသောအရက်ဟူ ၍ မကြာမကြာကြေညာကြခဲ့ကြ၏။ ဤသို့သောကြေညာစာတို့မှာ မဟုတ် မမှန်သောအရာကိုဖော်ပြနေခြင်းပင်ဖြစ် သည်။
ထို့ကြောင့် လူနာတို့က အရက် နှင့်မူးယစ်စေတတ်သောအရာတို့ကို ရှောင်ရှားနိုင်လေကောင်းလေပင်ဖြစ်သည်။ အရက်ဖြတ်နိုင်သောနည်း ဤကဲ့သို့ မကောင်းသောအကျင့် ဆိုးကို အောင်မြင်နှိမ်နင်းပါတော့မည် ဟု တည်ကြည်သောစိတ်က မိမိကိုယ် တိုင်ပြဌာန်းနိုင်မှသာ အရက်ပြတ်နိုင် လိမ့်မည်ဖြစ်သည်။ မည်သည့်ဘာသာ တရားကမှ အရက်သောက်ခြင်းကို ကောင်းသည်၊ မွန်မြတ်သည်ဟုမဆိုလို ကြပါ။ လူတို့၏အစားအသောက်သည် အရက်ကိုသောက်ချင်သော၊ တောင့်တ ခြင်းနှင့်များစွာဆက်စပ်နေကြောင်း သိ နိုင်ပါသည်။
ဤသို့ဖြစ်၍ အရက်ဖြတ် နေသောသူတို့မှာ မည်သည့်အသားကို မျှမစားဘဲ မဆလာပါသောအစားအစာ များကိုပါ လုံးဝရှောင်ကြဉ်ရပါမည်။ အရက်သောက်ချင်သောဆန္ဒမပေါ်ရ လေအောင် ဆေးလိပ်ကိုပါလုံးဝဖြတ် ကြရပါမည်။ အဘယ့်ကြောင့်ဆိုသော် ဆေးလိပ်သောက်ခြင်းက အရက်ကိုပါ သောက်စေတတ်သည့်မူလအစပင်ဖြစ် သည်။
သန့်ရှင်းလတ်ဆတ်သောသစ် သီးဝလံများစွာစားသောက်ပြီး ရေကို များများသောက်သင့်ပေသည်။ လက် ဖက်ရည်၊ ကော်ဖီတို့ကိုလည်းရှောင်ရှား ရန်လိုအပ်သည်။ ရေချိုးသည့်အခါတွင် လည်း ဦးစွာပထမရေနွေးနှင့်ချိုးရမည်။ ရေနွေးချိုးပြီးသည်နှင့်တစ်ကိုယ်လုံးအား ရေအေးလောင်းချိုးကာ ခန္ဓာကိုယ်အား ခြောက်သွေ့အောင်တဘက်ဖြင့်သုတ် ပေးရမည်။
အိမ်၏အပြင်ဘက်တွင် နေ နိုင်သလောက်နေရပါမည်။ ရေချိုးပြီး သည့်နောက် ခန္ဓာကိုယ်မှချွေးပြန်ထွက် လာအောင် လှုပ်ရှားပေးရပါမည်။ ဤကဲ့သို့ဆောင်ရွက် ပါက အရက် သောက်ချင်စိတ်ပပျောက်လာပြီး အရက် ပြတ်ဖို့အတွက် ကောင်းသောနည်းလမ်း တစ်ခုပင်ဖြစ်ပေသည်။
Ref:Health and Longevity
(India)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။