Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 8, 2012

နိုင်ငံခြားသားများ ကျူးလွန်သည့် ရာဇ၀တ်မှုခင်းနှင့် လိမ်လည်မှုပိုများလာ


7Day News Journal
ရန်ကုန်၊ နိုဝင်ဘာ-၎
အိဖြူလွင်၊ မိုးညို
နိုင်ငံတကာနှင့်ဆက်သွယ်မှု များပြားလာသည်နှင့်အမျှ နိုင်ငံခြားသားများ၏ ရာဇ၀တ်မှုကျူးလွန်မှုများ တစ်နေ့တခြားများပြားလာကာ တရားစွဲဆို အရေးယူမှုများလည်း များပြားလာရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားရေးဝန်ထမ်းများထံမှ သတင်းရရှိသည်။
ယခုနှစ်ပိုင်းတွင် နိုင်ငံခြားသားများ ကျူးလွန်သော ပြစ်မှုများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ဖောက်ဖျက်ခြင်းများရှိသကဲ့သို့ လိမ်လည်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုစသည့် ရာဇ၀တ်မှုများဖြင့် အရေးယူရခြင်းများရှိလာကြောင်း သိရသည်။
နိုင်ငံခြားသားပိုင် စက်ရုံများ မှ အကြီးတန်း ၀န်ထမ်းများက မြန်မာဝန်ထမ်းများကို ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ ဧည့်သည်က ဟိုတယ်ဝန်ထမ်းကို ကိုယ်ထိလက်ရောက် စော်ကားခြင်း စသည်များအပြင် ရာဇ၀တ်မှုခင်းများနှင့် လိမ်လည်မှုများ ပါရှိလာခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄) ရှိ ဟိုင်မိုဆံပင်တုစက်ရုံတွင် ကိုရီးယားလူမျိုးအရာရှိနှင့် စက်ရုံအလုပ်သမားများကြား အငြင်းပွားမှု ဖြစ်ပွားရာမှ
ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သဖြင့် ကိုရီးယားလူမျိုးကို အလုပ်သမား ၁၅ ဦးက ကာယိနြေ္ဒထိခိုက်မှုနှင့် သာမန်နာကျင်မှု အမှုနှစ်မှုဖြင့်
အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသား ဧည့်သည်တစ်ဦးက ဟိုတယ်ဧည့်ကြိုဝန်ထမ်းတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ရာ
အဆိုပါ အမှုတွင် ဧည့်ကြိုအမျိုးသမီးက တရားစွဲဆိုမှုတွင် ဆယ်လတိတိ နှစ်ဦးနှစ်ဖက် အပြန်အလှန်တရားစွဲဆိုကြပြီး ဂျပန်နိုင်ငံသားက
တောင်းပန်ကြေး ကျပ်သိန်း ၁၀၀ ပေး၍ အမှုအား ရုပ်သိမ်းခဲ့ကာ လက်ရှိတွင် ဂျပန်နိုင်ငံသားမှာ ပုဇွန်တောင်မြို့နယ် လ၀ကဦးစီးမှူးက ဖွင့်ထားသည့်
လ၀က ဥပဒေချိုးဖောက်မှုဖြင့် အမှုဆက်လက်ရင်ဆိုင်လျက်ရှိသည်ဟု ဧည့်ကြိုအမျိုးသမီးဘက်မှ အမှုလိုက်ရှေ့နေဦးဝင်းနိုင်က ပြောသည်။
“ဖြစ်ပြီးတဲ့ကိစ္စကို ပြန်လည် မပြောချင်တော့ပါဘူး။ ဧည့်သည်က မူးနေတယ်လေ။ နောက်ပြီး သူခေါ်လာတဲ့ ကောင်မလေးကို ကျွန်မတို့က
ပေးမ၀င်တော့ ပြဿနာက ပိုကြီးထွားသွားတာပါ” ဟု Orchid ဟိုတယ်မှ ဧည့်ကြိုအမျိုးသမီး မအေးအေးကြည်က ပြောသည်။
မည်သည့် နိုင်ငံခြားသား တစ်ဦးကိုမဆို နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ပါက အပြစ်ပေး အရေးယူပိုင်ခွင့်ရှိပြီး
ရာဇ၀တ်မှုနှင့်သက်ဆိုင်သော ပြစ်မှုများကိုကျူးလွန်ပါက ပြည်တွင်းတရားရုံးများတွင် တရားစွဲဆိုဆုံးဖြတ်ကာ အပြစ်ပေးပိုင်ခွင့်ရှိသည်ဟု
မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။
သို့ရာတွင် နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု မပျက်စေရန်၊ ရန်လိုစိတ်များ မဖြစ်စေရန်အတွက် ပြစ်ဒဏ်စီရင်ရာတွင် လျှော့ပေါ့ခြင်းများ၊
ဥပမာအားဖြင့် ထောင်ဒဏ်ချမှတ်သော်လည်း သတ်မှတ်ပြစ်ဒဏ်အပြည့်အ၀ မခံစားရဘဲ သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းပေးခြင်းမျိုးလည်း
ရှိသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ဆိုသည်။
“ခုက နိုင်ငံခြားသားတွေဝင်လာပြီ။ ကောင်းတာရော၊မကောင်းတာရော ပါလာမယ်။ ဒါကြောင့် ကိုယ့်နိုင်ငံသားတွေ အထူးသဖြင့်
အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် မတရားကျူးလွန်လာရင် ပြင်းပြင်းထန်ထန် အရေးယူပြပြီး ဒါမျိုးဒီမှာ အလုပ်မရဘူးဆိုတာ သိအောင်လုပ်ထားရမယ်” ဟု ပြည်ပရောက် နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များအတွင်းကလည်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တရုတ်နိုင်ငံသားအချို့က ဖုန်းဟန်းဆက်အဟောင်းများအား
မြို့အတွင်း လူစည်ကားရာနေရာများ၊ လက်ဖက်ရည်ဆိုင်တို့တွင် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စများတွင်
တိုင်တန်းခြင်း မရှိခဲ့သောကြောင့် အဆိုပါ အဖွဲ့သည် အရေးယူမှုမခံရဘဲ လိမ်လည်မှုအကြိမ်ရေ အများအပြား ကျူးလွန်နိုင်ခဲ့သည်။ နိုင်ငံသားများအပေါ်
နိုင်ငံခြားသားများက ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပွားရာတွင် နိုင်ငံသားများက တိုင်တန်းမှုနည်းပြီး ထိုသို့ ဖြစ်ရခြင်းမှာလည်း နိုင်ငံသားတို့က ၎င်းတို့နှင့်
ရင်ဆိုင်ရမည့် သူ၏ဓနအင်အားကြောင့်ဖြစ်စေ ဖြစ်ပြီးသမျှ အရှည်ရှည် မလုပ်လိုကြသည်ကတစ်ကြောင်းကြောင့် ဖြစ်သည်ဟု တရားရေးဝန်ထမ်းများက သုံးသပ်ပြောကြားသည်။

နိုင်ငံခြားသားများအား ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ပေးရာတွင် ထိရောက်စွာ အရေးယူနိုင်ရန်လိုအပ်ပြီး ထိရောက်စွာ ပြစ်ဒဏ်မချမှတ်နိုင်ပါက
ပြစ်မှုကျူးလွန်ခြင်းကို အားပေးရာရောက်သည်ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နှင့် ပြစ်မှုဆိုင်ရာဥပဒေတို့တွင် ဥပဒေသည် နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ အရေးယူရမည်ဆိုသော်လည်း နိုင်ငံခြားသားဖြစ်သည့်အတွက် ပြစ်ဒဏ်လျှော့ပေါ့ခြင်းမျိုးများလည်းရှိသည်ဟု တရားရုံးရှေ့နေတစ်ဦးက ပြောသည်။
နိုင်ငံခြားသားများ ကျူးလွန်သော ပြစ်မှုများသည် ရာဇ၀တ်မှုမဟုတ်ဘဲ တရားမ၀င် လူပုဂ္ဂိုလ်အသင်းအဖွဲ့များနှင့် ဆက်သွယ်ခြင်းများ ပြုလုပ်ပါက
ပြည်နှင်ဒဏ်ပေးဆောင်ရွက်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။
ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံသားနှင့် ဧည့်ကြိုအမျိုးသမီးပုံစံနှင့် အလားတူ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့သော အင်းလျားလိတ်ဟိုတယ်၌ ပြင်သစ်နိုင်ငံသားတစ်ဦးနှင့် ဧည့်ကြိုကောင်တာရှိ ဟိုတယ်အမျိုးသမီးဝန်ထမ်းတစ်ဦးတို့သည် ကြွေးဝယ်ကတ်နှင့်
ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ ဟိုတယ်ဝန်ထမ်းအမျိုးသမီးက ပြင်သစ်နိုင်ငံသားအား ငွေသားပါဝင်မှု မရှိဟု ပြောကြားရာမှ နှစ်ဖက်အချင်းများပြီး ပြင်သစ်နိုင်ငံသားက ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်။ ယင်းအမှုမှာ တစ်နှစ်ကျော်ကြာခဲ့ကာ ဟိုတယ်ဝန်ထမ်းအမျိုးသမီးက အမှုကိုပြန်လည်ရုပ်သိမ်းခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်ခဲ့ဖူးသည်။
“နိုင်ငံခြားသားတွေနဲ့ဆက်နွှယ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေမှာ အရင်တုန်းက ဒီလိုပြဿနာတွေ ခဏခဏဖြစ်ဖူးတယ်။
လေဆိပ်က ၀န်ထမ်းတစ်ဦးဆို ဆွဲလားရမ်းလားအထိ ဖြစ်ဖူးပေမယ့် နောက်ရက်မှာ နိုင်ငံခြားသားက ပြန်ပြီးလာတောင်းပန်သွားတယ်” ဟု တရားရုံး
ရှေ့နေဦးသန်းလွင်က ပြောကြားသည်။
 
မြန်မာနိုင်ငံတွင်း ရောက်ရှိလာသူ နိုင်ငံခြားသားအားလုံးတွင် ရာဇ၀တ်မှု(သို့မဟုတ်)နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရန် ရည်ရွယ်ချက်နှင့် ၀င်ရောက်လာသူများ ရှိ၊ မရှိ စိစစ်ရန်အတွက် နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားသည်။ အဆိုပါ ကော်မတီသည် ပြည်ပတွင် ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံတော်သို့ လေဆိပ်၊
ရေဆိပ်၊ နယ်စပ်စစ်ဆေးရေး ဂိတ်များမှ ၀င်ရောက်စဉ် စစ်ဆေးခြင်း၊ နိုင်ငံတော်အတွင်းရှိနေစဉ် စိစစ်ခြင်းတို့ကို လုပ်ဆောင်ကြောင်းသိရသည်။နိုင်ငံအတွင်း စိစစ်ရာတွင် ဗီဇာစည်းကမ်းအတိုင်း နေထိုင်မှုရှိမရှိ၊ ခရီးသွားလာမှုကန့်သတ်ချက်များ ဖောက်ဖျက်မှု ရှိ၊ မရှိ၊ သံရုံးများတွင်
ဖွင့်လှစ်ထားသော စင်တာများ၌ နိုင်ငံရေး စွက်ဖက်မှုရှိမရှိ၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုများမှ ဆန့်ကျင်လုပ်ဆောင်၊ သွားလာမှုများ ရှိမရှိ၊
ဝန်ကြီးဌာနမှ ထောက်ခံခေါ်ယူထားသော ဗီဇာအသီးသီးဖြင့် ၀င်ရောက်လာသူများ ဗီဇာစည်းကမ်း ဖောက်ဖျက်ခြင်း ရှိမရှိ၊ ကမ္ဘာလှည့်ခရီးသည်များမှ
နယ်စပ်ဖြတ်ကျော်မှုခင်းနှင့် Tourism Related Crime များ ကျူးလွန်ခြင်းရှိမရှိတို့ကို ပြုလုပ်ကြောင်းလည်း သတင်းရရှိသည်။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။