ထိုင်ဝမ် ဇီဝနည်းပညာ သိပ္ပံသုတေသီများသည် မျိုးဗီဇ ပြောင်းလဲထားသည့် ပန်းရောင် နတ်သမီးငါး (Angel Fish)များကို ထုတ်ဖော် ပြသခဲ့သည်။ ပြပွဲတစ်ခုတွင် ပထမဆုံး မိတ်ဆက်ပြသခဲ့သော ငါးကလေးများသည် အမှောင်ထဲတွင် တောက်ပထွန်းလင်းနေနိုင်သော ဂုဏ်သတ္တိမျိုး ရှိနေပြီး ထိုင်ဝမ်တက္ကသိုလ် နှစ်ခုနှင့် ပုဂ္ဂလိက ဇီဝနည်းပညာ ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယင်းငါးလေးများကို ထိုင်ဝမ် နိုင်ငံတကာ အလှမွေးငါး ပြပွဲတွင် ထုတ်ဖော် ပြသခဲ့သည်။
ယင်းငါးလေးများသည် အမှောင်ထဲတွင် တောက်ပသော အရောင်ကို ထုတ်လွှတ်ကာ သားကောင်များကို ဆွဲဆောင်ရန်နှင့် ရန်သူများကို ခြောက်လှန့်ရန် အသုံးပြုနိုင်သည်။ Angel Fishများသည် မူလအားဖြင့် Cichildaeမျိုးနွယ်များ ဖြစ်ကြပြီး တောင်အမေရိကရှိ အမေဇုန်မြစ်အတွင်း ဦးစွာရှင်သန် ကျက်စားသော ရေချိုငါးများ ဖြစ်ကြသည်။ သမပိုင်းနှင့် အပူပိုင်းဇုန်တို့တွင် အဓိက နေထိုင်သော အဆိုပါငါးများသည် မျိုးကွဲပေါင်း (၁၁)ခုထိ ရှိနေကြောင်းလည်း သိရသည်။


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။