by General Knowledge on Wednesday, November 7, 2012 at 7:57am ·
Miss Myanmar Nang Khin Zay Yar လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ် စာချုပ်ချုပ်ဆိုပြီးနောက် ယနေ့(အောက်တိုဘာ ၃၁)တွင် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Blue Mountain ကြော်ငြာရိုက်ကူးနေကြောင်း နန်းခင်ဇေယျာ၏ မန်နေဂျာ ဖြစ်သူက The Voice Weekly သို့ ပြောကြားသည်။
“လွယ်ဟိန်းနဲ့က တစ်နှစ်စာချုပ်
ချုပ်ထားတာပါ။ တစ်ခြားကမ်းလှမ်းလာတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် လွယ်ဟိန်းကုမ္ပဏီ
တစ်ခုတည်းနဲ့ပဲ စာချုပ် ချုပ်ရပါသေးတယ်” ဟု ၎င်းက ပြောကြားသည်။ နန်းခင်ဇေယျာအား
လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း သဘောတူစာချုပ်
ချုပ်ဆိုပွဲအခမ်းအနားကို(အောက်တိုဘာလ၂၆) နံနက် ၁ဝ နာရီက
လွယ်ဟိန်းကုမ္ပဏီရုံးခန်းတွင် ကျင်းပခဲ့သည်။
နန်းခင်ဇေယျာသည် ယခုနှစ်အတွင်း
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကျင်းပသည့် Miss Myanmar
2012 ဆုကို ရရှိထားသည်။ ထို့အပြင် အောက်တိုဘာ (၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ
ကျင်းပခဲ့သော Miss International 2012 ပြိုင်ပွဲတွင်လည်း
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆု၊ People
Choice Award ဆု နှင့် Ambassador Beauty ဆုတို့ကို
ရရှိခဲ့သည်။ လက်ရှိတွင် Miss World ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်
နန်းခင်ဇေယျာအား ဖိတ်ခေါ်ထားသည်။
ဇင်ရော်မောင်မောင်၏ ဟိုဒင်း၊ဟိုဟာပြုမှု ကို ‘ရင်ရှုပ်တဲ့
ရှပ်ရှင်အနုပညာလောက’ ထဲ ဝင်ရောက်လာပြီဖြစ်တဲ့ ညီမငယ် နန်းခင်ဇေယျာ
မခံရစေလိုကြောင်းကို ပရိသတ်တစ်ဦးအနေဖြင့် ရင်တမမ
စောင့်ကြည့်နေရကြောင်း။
The Voice Weekly

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။