Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

မတူညီသော လူ့အသိုင်းအ၀ိုင်း နှစ်ခု၏ မတူညီသော ရွေးချယ်မှုပုံစံ

by Aung Zin Latt on Monday, November 5, 2012 at 12:08am


အမေရိကန်တွေ နောင်လေးနှစ်အတွက် ခေါင်းဆောင်ရွေးကြတော့မယ် (အချို့ဆို ကြိုတင်မဲတောင် ပေးထားပြီးပြီ)။ မနေ့က ကြည့်လိုက်ရတဲ့ ကွင်းကောင်တီက မဲဆန္ဒရှင်တွေကို အင်တာဗျူးတွေထဲမှာ အချို့က တော်ပြီ အိုဗားမား ကျုပ်တို့က ကျုပ်တို့ ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံတွေကို အလုပ်မလုပ်တဲ့ သူတွေကို ဖဲ့ပြီး ဝေမျှမပေးနိုင်ဘူး၊ ဒါအမေရိကား အလုပ်လုပ်ရမယ် မိမိဘဝကို မိမိဖန်းတီးရမယ် ဒါပဲတဲ့။


အဲ အချို့ကလည်း ကျမကတော့ အိုဗားမားကိုပဲရွေးမယ်၊ သူဟာ တကိုယ်ကောင်းဆန်မှု အမြစ်တွယ်နေတဲ့ အမေရိကန်လူ့အသိုင်းအဝန်းကို အပြောင်းအလဲ ဖြစ်စေတဲ့သူ၊ သူရဲ့ မပြီးဆုံးသေးတဲ့ သူ့လုပ်ငန်းတွေအတွက် နောက်လေးနှစ် အချိန်ထပ်ပေးရမယ်တဲ့။

မိသားစုတစ်ခုထဲမှာတောင် ကိုယ်ကြိုက်သူကိုယ်ရွေး လွတ်လပ်လိုက်တာ၊ အဲ လွတ်လပ်မှုနဲ့အတူ ကိုယ့်ရဲ့ ရွေးချယ်ခြင်းဟာ ကိုယ့်ကံကြမ္မာပဲဆိုတဲ့ တာဝန်ယူမှုလည်း ပါရှိနေတာကို မဲပေးသူတိုင်းက ကောင်းကောင်းကြီး နားလည်သဘောပေါက်နေပြန်တယ်။

မိမိတို့ကို အုပ်ချုပ်ခွင့်ကို တရားဝင်အပ်နှင်းနေကြပုံကို ကြည့်ရင်း သူတို့ လူ့ဘောင်အဖွဲ့အစည်းကို ငေးမောအားကျမိပြန်ရော။

အဲ အမေရိကန်နဲ့ ရှေ့မနှောင်းလောက်မှာပဲ တရုတ်ပြည်ကလည်း သူတို့ခေါင်းဆောင်သစ်ကို ရွေးတော့မယ်။ ရွေးတော့မယ်ဆိုတာထက် အတည်ပြုတော့မယ်လို့ ပြောရင်ပိုအဆင်မယ်ထင်တာပဲ၊ဘာလို့လည်းဆိုတော့ ခေါင်းဆောင်ရွေးချယ်ရေးအဖွဲ့က ရွေးထားတဲ့ ခေါင်းဆောင်ကို တရားဝင်အတည်ပြုတာလောက်ပဲကိုး။

ဒီလိုခေါင်းဆောင်ရွေးတာက သာမန်ညောင်ည တရုတ်ပြည်သူအများစုနဲ့ လားလားမှ မသက်ဆိုင်ပါဘူး၊ ပြည်သူတွေဟာ သူတို့ကို စီမံအုပ်ချုပ်မဲ့သူ ပေါ်ထွက်လာတာကို ဘာမှပြောခွင့်မရှိပဲ လက်ခံရပါမယ်။

ဒီလိုဆိုတော့ ဟ ပြည်သူတွေကို သူတို့ကို အုပ်ချုပ်မဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ရွေးရတာမှ မဟုတ်တာ လူတစ်စုက သူတို့စိတ်ကြိုက်ရွေးထားတာပဲ ဒါ တရားမဝင်ဘူး လို့ စောဒကတက်စရာရှိမယ်၊ ဒါပေမဲ့ တရုတ်ပြည်သူတွေက ဒါကို ဂရုမစိုက်ပါဘူး။

စစ်တမ်းတွေအရ တရုတ်ပြည်သူတွေ သူတို့အစိုးရကို သဘောကျတာ နိုင်ငံလူဦးရေရဲ့ ၈၀% အထက်မှာ အမြဲရှိနေသတဲ့။ ဟာ အင်တွေလား ပြည်သူတွေက မပြောရဲလို့များလားလို့ တွေးကြမယ် မဟုတ်ဘူးတဲ့ တရုတ်ပြည်သူတွေက တကယ့်ကို သူတို့ ခေါင်းဆောင်တွေအပေါ်မှာ သဘောကျကြတာတဲ့။

တရားဝင်မှုဟာ ပြည်သူတွေရွေးချယ်မှုပေါ်မှာမှ မူတည်မဟုတ်ဘူးတဲ့ ပြည်သူသဘောကျမှုပေါ်မှာပဲ မူတည်တာဆိုပဲ။

ဒါနဲ့ပတ်သက်ပြီး အီတလီကို ဥပမာပြတယ်။

အီတလီဟာ တကယ့် ဒီမိုကရေစီစနစ်နဲ့ အစိုးရကို ရွေးကောက်တင်မြှောက်ကြတာပဲတဲ့၊ ဒါပေမဲ့ အစိုးရ သက်တမ်းပြည့်တာဝန်ထမ်းဆောင်ရတာ အင်မတန်ရှားတယ်၊ သက်တမ်းမပြည့်ခင် ပြုတ်ကျသွားရတာချည်းပဲတဲ့၊ တကယ်ဆို ပြည်သူတွေရွေးကောက်မှ တရားဝင်တယ်ဆိုရင် ဒီလိုပြုတ်ကျစရာမရှိဘူးလေ ပြည်သူတွေက ဘယ်လိုပဲဖြစ်ဖြစ် ၄ နှစ်သက်တမ်းအတွက် ရွေးချယ်ထားတာပဲ မဟုတ်လား။

လေ့လာသူတွေက အမေရိကန်နဲ့ တရုတ်ရဲ့ ရွေးကောက်တင်မြောက်ပုံနဲ့ ပတ်သက်ပြီး အမေရိကန်တွေဟာ သူတို့တိုင်းပြည်ကို နိုင်ငံတစ်နိုင်ငံ Nation State အဖြစ် ပုံဖေါ်ပြီး တရုတ်တွေကတော့ သူတို့တိုင်းပြည်ကို Civilization State အဖြစ်ပုံဖေါ်တယ်လို့ ဆိုကြပါတယ်။

Nation State ဆိုတာ တဦးစီသီးခြား လူသားပြည်သူအများ သဘောတူညီစွာ စုပေါင်းတည်ဆောက်ထားတဲ့ နိုင်ငံတော်ဖြစ်တယ်၊ ပုဂ္ဂလိကလွတ်လပ်ခွင့်ဟာ နိုင်ငံတော်ရဲ့ အင်အားဖြစ်တယ်၊ တရားဝင်မှုနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဟာ တဦးချင်းစီရဲ့ လွတ်လပ်မှုကို အခြေပြုပြီး တည်ဆောက်ထားတယ်။

တရုတ်ကတော့ ဒီလိုမဟုတ်ဘူး။ တရုတ်တွေဟာ တရုတ်ပြည်ဆိုတာထက်ကို တရုတ်လူ့အဖွဲ့အစည်းကြီး ဆိုတာလို့ မြင်ကြသတဲ့။ ကြီးမားလွန်းတဲ့ လူ့အဖွဲ့အစည်းတည်မြဲရေးအတွက် အဓိက လိုအပ်ချက်က ညီညွတ်မှုနဲ့ အမျိုးသား ဂုဏ်ကျက်သရေဖြစ်တယ်၊ ညီညွတ်မှုနဲ့ အမျိုးသား ဂုဏ်ကျက်သရေအတွက် တဦးချင်းစီရဲ့ ရွေးချယ်မှု လွတ်လပ်မှု စတာတွေဟာ အရေးမပါဘူး။

တရုတ်တွေဟာ ဆယ်စုနှစ် ၃ ခုလောက် ဂဏန်း ၂လုံးနဲ့ တိုးတက်နေတဲ့ သူတို့စီးပွားရေးအတွက် ဂုဏ်ယူတယ်၊ ကမ္ဘာ့အမြန်ဆုံး မီးရထားတွေကို ပိုင်ဆိုင်ထားရတာကို ဂုဏ်ယူတယ်၊ တချိန်က သူတို့ကို အနိုင်ကျင့်ခဲ့တဲ့ ဂျပန်ကို စီးပွားရေးအရ ကျော်ဖြတ်ခဲ့တာကို ဂုဏ်ယူတယ်၊ ဒါတွေ ဆက်က်လုပ်ပေးနေနိုင်သမျှ ခေါင်းဆောင်ဆိုသူတွေကို သူတို့လက်နဲ့ မရွေးချယ်ရပေမဲ့ ဂုဏ်ယူနေကြမှာပဲ၊ ကြိုက်နေကြမှာပဲ၊ တရုတ်ပြည်သူတွေအတွက် ၀မ်ကြားပေါင်ရဲ့ နိုင်ငံရေးကို အရင်းပြုပြီး စီးပွားရှာတာဟာ ဂျပန်ရေပြင်စပ်မှာ စစ်ရေးလေ့ကျင့်ပြတဲ့ တရုတ်ရေတပ်ရဲ့ လုပ်ရပ်လောက် စိတ်ဝင်စားစရာမကောင်းဘူး။

ဘာပဲပြောပြော ကျနော်ကတော့ လူ့ဘ၀ဆိုတဲ့ ကာလတိုလေးကို မျိုးချစ်စိတ်ဘိန်းမှိုင်းထဲမှာနစ်အပျော်ခံလို့ လူ့အဖွဲ့အစည်းအတွက် ကိုယ့်ကဏ္ဍ ကင်းပျောက်နေတဲ့ နိုင်ငံတော်မျိုးမှာ လူမဖြစ်ချင်ပါဘူးဗျာ။

ဝန်ခံချက် - ၄ ရက်နေ့ ဘီဘီစီ အင်္ဂလိပ်ပိုင်းက ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရင်းမိရင်းမှ ရေးဖြစ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။