Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

မေတ္တာဥယျာဉ်

Wednesday, November 07, 2012 3 comments




ကားလ်ဟာ အလွန်အေးဆေးတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ စကားလည်း များများ ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ လူတိုင်းကိုတော့ တည်ငြိမ်အေးဆေးပြီး နှစ်လိုဖွယ် အပြုံးနဲ့ ပြုံးပြတတ်လေ့ရှိတယ်။ ဒီရပ်ကွက်ထဲမှာ နေလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိလာပေမဲ့လို့ ဘယ်သူကမှ သူ့အကြောင်း သိပ်မသိကြပါဘူး။ အမြဲတမ်း ပြုံးနေတတ်တဲ့ ကားလ်တစ်ယောက် ပတ်ဝန်းကျင်က လူတွေနဲ့တော့ ရောရော နှောနှော ထဲထဲဝင်ဝင် ပေါင်းသင်းဆက်ဆံတာ သိပ်မတွေ့ရပါဘူး။ သူအငြိမ်းစား မယူခင်ကတော့ မနက်တိုင်း ဘတ်စ်ကားစီးပြီး မြို့ထဲက အလုပ်ရှိရာကို သွားတတ်ပါတယ်။ သူ ငယ်ရွယ်နုပျိုစဉ်တုန်းက ဒုတိယကမ္ဘာစစ် ဖြစ်လာခဲ့ပါတယ်။ အဲဒီချိန်မှာ ကားလ်ဟာ တိုင်းပြည်အတွက် စစ်တပ်ထဲဝင်ပြီး တာဝန် ထမ်းဆောင်နေခဲ့စဉ်မှာ သေနတ်ကျည်ဆန် ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။
မနက်တိုင်း သူ့အိမ်ကနေ ဘတ်စ်ကားဂိတ်ရှိရာ လမ်းထိပ်ကို ခြေတစ်ဖက်ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်သွားတတ်တဲ့ ကားလ်ကို တွေ့မိသူတိုင်းက ခင်မင်ဂရုဏာစိတ်တွေနဲ့ ပြုံးပြ နှုတ်ဆက် တတ်ကြပါတယ်။ သတိထားဖို့လည်း လူတွေက သူ့ကို သတိပေးကြတယ်။ ကားလ်တို့နေတဲ့ရပ်ကွက်ဟာ မြို့အစွန်မှာ ရှိတာကြောင့် ရန်ပွဲတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ပြီး လုယက်ကြတာတွေ၊ မူးယစ်ဆေးဝါးမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ခြေတစ်ဖက် မသန်ရှာတဲ့ အဖိုးအိုအတွက် လူတွေက စိတ်ပူကြတာပါ။ သူကတော့ အပူအပင်မရှိသလို အေးအေးဆေးဆေး လမ်းလျှောက်သွားတတ်ပါတယ်။ အသက်အရွယ် ရလာလို့ အငြိမ်းစားယူပြီးတာတောင် ခြေတစ်ဖက် မသန်မစွမ်းဖြစ်နေပေမဲ့ အလုပ်ကို တက်တက်ကြွကြွ လုပ်နေတုန်း၊ ရပ်ကွပ်လေးမှာ လိုအပ်တဲ့ ကိစ္စတွေရှိရင်လည်း စေတနာ့ဝန်ထမ်းအဖြစ် သူ တတ်နိုင်သလောက် လုပ်နေဆဲဖြစ်တဲ့ ကားလ်ကို ရပ်ကွက်က လူတွေကလည်း လေးစားချစ်ခင်ကြတာ မဆန်းပါဘူး။

တစ်ရက်မှာ အဖိုးအိုကားလ်ဟာ လက်ကမ်းစာရွက်လေးတစ်ခုထဲက ကြော်ငြာကို မြင်လိုက်ပါတယ်။ အဲဒီကြော်ငြာက သူတို့ရပ်ကွက်ရဲ့ ဘုရားရှိခိုးကျောင်းနောက်ဖက်က ဥယျာဉ်ပန်းခြံလေးတစ်ခုကို စေတနာ့ဝန်ထမ်းအဖြစ် ပြုစုစောင့်လျှောက်ပေးမဲ့သူ အလိုရှိတယ်ဆိုတဲ့ ကြော်ငြာလေးပါ။ အဲဒါကိုလည်း တွေ့လိုက်ရော အဖိုးအိုကားလ်ဟာ မဆိုင်းမတွဘဲ သူလုပ်ပါမယ်လို့ အကြောင်းကြားလိုက်ပါတယ်။ ဘုရားကျောင်းရဲ့ တာဝန်ရှိသူတွေက သူ့လိုခြေထောက် မသန်စွမ်းတဲ့ အဖိုးအိုတစ်ယောက်က ဥယျာဉ်ကို တာဝန်ယူ စောင့်ရှောက်မယ်ဆိုတာ မယုံကြည်နိုင်သလို ဖြစ်နေကြပေမဲ့ သူကတော့ အခိုင်အမာဘဲ ဆုံးဖြတ်ထားပါတယ်။ ဒီဥယျာဉ်ကို သူဟာ အခကြေးငွေ မရဘဲ စေတနာသက်သက်နဲ့ ပြုစုစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

အသက် ၈၇နှစ် ပြည့်လာတဲ့ ကားလ်ဟာ သစ်ပင် ပန်းပင်တွေကို အဖော်လုပ်ပြီး ဥယျာဉ်လေးကို သေချာပြုစု စောင့်ရှောက်ပါတယ်။ ဥယျာဉ်လေးဟာလည်း သစ်ပင်တွေနဲ့ စိမ်းစိုပြီး ပန်းတွေလည်း ဝေဆာဖူးပွင့်လှပလို့ နေပါတယ်။ အဖိုးအို ကားလ်ကတော့ သူပြုစုထားတဲ့ သစ်ပင်လေးတွေကိုကြည့်ပြီး ပီတိတွေ ဖြစ်နေတော့တာပါဘဲ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ပန်းပင်တွေ ရေလောင်းနေတဲ့ အဖိုးအို ရှိရာကို လူငယ်သုံးယောက် ရောက်လာကြပါတယ်။ ပုံစံတွေက ဆေးကြောင်နေသလို မူးနေသလို ပုံစံတွေနဲ့ သူ့ကို ရန်ပြုမဲ့ အမူအရာတွေ ပေါက်နေပေမဲ့ အဖိုးအိုက သူတို့ကို အေးအေးဆေးဆေးဘဲ တုံ့ပြန်ပါတယ်။ သူကိုင်ထားတဲ့ ရေပိုက်ကို မြောက်ပြလိုက်ပြီး “ဒီပိုက်ကနေ ရေသောက်ချင်လို့လား ”လို့ မေးလိုက်ပါတယ်။ အဲဒီလူငယ် သုံးယောက်ထဲက အရပ်အရှည်ဆုံးနဲ့ အသန်မာဆုံးလူငယ်တစ်ယောက်က အဖိုးအိုရဲ့ စကားကို “ဟုတ်ပါ့ဗျာ.. ရေသောက်ချင်လို့ပါ ” လို့ မခိုးမခန့်အပြုံးတစ်ချက်နဲ့အတူ ပြန်ပြောလိုက်ပါတယ်။

အဖိုးအိုက အဲဒီလူငယ်လက်ထဲကို သူ့ရေပိုက်ကို လှမ်းပေးလိုက်ချိန်မှာဘဲ ကျန်တဲ့ လူငယ်နှစ်ယောက်က အဖိုးအို ကားလ်ရဲ့ လက်တွေကို ချုပ်ကိုင်ပြီး သူ့ကို မြေပြင်ပေါ် တွန်းလှဲလိုက်ပါတယ်။ ရေပိုက်ဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ပိုက်က ရေတွေက ဒလဟော စီးကျလို့ နေပါတယ်။ အဖိုးအိုဟာ မြေပြင်ပေါ် လှဲကျသွားပြီး မူးဝေနေတုန်းမှာဘဲ လူငယ်တွေဟာ သူ့ရဲ့ အိတ်ဆောင်နာရီ၊ ကိုယ်ပေါ်က ပိုက်ဆံအိတ်၊ စတာတွေကို နှိုက်ယူပြီး ထွက်ပြေးသွားကြပါတယ်။ အဖိုးအိုဟာ သူ့ကိုယ်သူ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားပေမဲ့ အင်အားကုန်ခမ်းပြီး မူးဝေနေတာကြောင့် မကြာခဏ လှဲကျသွားတာကြောင့် ချက်ခြင်း ထနိုင်ဖို့ မကြိုးစားတော့ဘဲ ခဏလောက် ငြိမ်သက်ပြီး နေလိုက်ပါတယ်။ အဲဒီအချိန်မှာ ပန်းခြံရဲ့ အနီးဆုံးအိမ်ဖြစ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာဟာ လူငယ်သုံးယောက်က အဖိုးအိုကို ရန်မူနေတာကို သူ့အိမ် ပြူတင်းပေါက်ကနေ တွေ့လို့ အဖိုးအိုကို ကူဖို့ ပြေးလာပေမဲ့ လူငယ်တွေကိုတော့ မမှီလိုက်တော့ပါဘူး။ ထွက်ပြေးသွားကြပါပြီ။

သင်းအုပ်ဆရာက အဖိုးအိုကားလ်ကို မတ်တပ်ရပ်နိုင်အောင် ထူပေးပြီး “ ကားလ် ခင်ဗျား အဆင်ပြေရဲ့လား။ ဘယ်နေရာတွေ နာသွားသေးလဲ” လို့ မေးတော့ အဖိုးအိုက ခေါင်းကို ခါပြပြီး “ဘာမှ မဖြစ်ပါဘူး… ကလေးတွေက ငယ်သေးတော့ ဆိုးကြတယ်လေ။ သူတို့တွေ တစ်နေ့တော့ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်ရှိလာမှာပါကွာ.”လို့ ဖြေပါတယ်။.ပြီးတော့ သူဟာ ရေပိုက်ကို ဆွဲလိုက်ပြီး ပန်းပင်တွေကို ရေသွားလောင်းနေပါတယ်။
သင်းအုပ်ဆရာကြီးက ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ “ကားလ် ဘာလုပ်နေတာလဲ ။ ခင်ဗျားကို နာကျင်အောင်လုပ်သွားတဲ့ သူတွေကို ရှာပြီး အပြစ်ပေးဖို့ ရဲစခန်းကို တိုင်လေ” လို့ ပြောတော့ “နေပါစေတော့ကွာ။ ကလေးတွေကို ဘာမှ မလုပ်တော့ပါဘူး။ ငါ့ပန်းပင်တွေဘဲ အေးဆေး ရေဆက် လောင်းလိုက်ပါဦးမယ်။ နောက်တောင် ကျနေပြီ။ နေပူလာရင် ရေလောင်းလို့ မကောင်းတော့ဘူးကွ ” လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပါတယ်။ သင်းအုပ်ဆရာဟာ အဖိုးအိုကိုကြည့်ပြီး အံ့အား သင့်မိပါတော့တယ်။ သူဟာ တကယ်ကို ဘာမှ မဖြစ်သလို နေနိုင်လိုက်တာ။ ကိုယ့်ကို ရန်လုပ်သွားတဲ့သူတွေကို ဘယ်လိုစိတ်နဲ့များ ခွင့်လွှတ်နေနိုင်တယ် မသိပါဘူးလို့လည်း တွေးနေမိပါတယ်။ အဖိုးအို ကားလ်ဟာ တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါဘဲ။

နောက်သုံးပတ်လောက် ကြာတဲ့အချိန်မှာ အဲဒီ လူငယ်သုံးယောက်ဟာ အဖိုးအိုဆီ ထပ်ရောက်လာပါတယ်။ အဖိုးအိုက လူငယ်သုံးယောက်ကို မှတ်မိပေမဲ့ ဘာမှ မဖြစ်သလိုပါဘဲ။ အရင်နေ့ကလိုဘဲ ရေပိုက်ခေါင်းကို မြောက်ပြပြီး ရေသောက်ဦးမလားလို့ မေးလိုက်ပါတယ်။ လူငယ်သုံးယောက်က ဒီတစ်ကြိမ်မှာတော့ သူ့ကို ကိုယ်ထိလက်ရောက် နာကျင်အောင် မလုပ်တော့ပါဘူး ဒါပေမဲ့ သူ့လက်ထဲက ရေပိုက်ကို ဆောင့်ဆွဲယူလိုက်ပြီး သူ့ရဲ့ ခေါင်းကနေ ခြေဖျားအထိ အေးစက်နေတဲ့ ရေတွေ ရွဲရွဲစိုသွားအောင် ရေပိုက်က ရေတွေနဲ့ စိန်ပြေ နေပြေ လောင်းချလိုက်ပါတယ်။ အဖိုးအို တစ်ကိုယ်လုံး ရွှဲစိုပြီး ခိုက်ခိုက်တုန်လာတော့မှ ရေပိုက်ကို ပစ်ချကာ သူတို့လာခဲ့တဲ့ လမ်းမအတိုင်း အော်ဟစ်ရယ်မောရင်း၊ လမ်းပေါ်က ကျောက်ခဲတွေကို ကန်ကျောက်ရင်း ပြန်ထွက်သွားကြပါတယ်။ အဖိုးအိုဟာ လူငယ်လေးတွေ ထွက်သွားရာဘက်ကို ငေးကြည့်နေလိုက်ပြီး နောက်တော့ ရေပိုက်ကိုကောက်ကိုင်လိုက်ကာ နေရောင်ရှိတဲ့ဘက်ကို မျက်နှာမူပြီး ရေဆက်လောင်းနေလိုက်ပါတော့တယ်။ သူ့မျက်နှာပေါ်မှာ လူငယ်လေးတွေကို စိတ်တို စိတ်ဆိုးနေတဲ့ အရိပ်အယောင်မျှပင် မတွေ့ဘဲ အေးဆေးတည်ငြိမ်လို့သာ နေပါတယ်။

ဒီလိုနဲ့ နွေရာသီဟာ တဖြုတ်ဖြုတ်နဲ့ ကုန်ဆုံးသွားခဲ့ပြီး ဆောင်းဦးကို ဝင်ရောက်လာပါတော့တယ်။ အဖိုးအိုကတော့ လုပ်နေကျအတိုင်း ဥယျဉ်ကို ပေါင်းသင်၊ ရေလောင်း၊ ပန်းပင်တွေ ပြုစု စသဖြင့် လုပ်မြဲ လုပ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ သစ်ပင်တွေကို မြေဆွပေးတဲ့ သူ့ရဲ့ နောက်ကျောဘက်ကို တစ်စုံတစ်ယောက် ရောက်လို့လာတဲ့အတွက် သူ အထိတ်တလန့် ကြည့်လိုက်မိပြီး မြက်ခင်းပြင်ပေါ် လဲကျသွားပါတယ်။ ရောက်လာတဲ့ သူက သူ့ဆီ လာနေကျ ကောင်လေးသုံးယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ အရပ်ရှည်ရှည် လူငယ်လေးပါဘဲ။ ဒီတစ်ခါမှာတော့ ထိုကောင်လေးက “ မကြောက်ပါနဲ့ အဖိုး၊ ဒီတစ်ခါ ခင်ဗျားကို ရန်လုပ်မလို့ လာတာ မဟုတ်ပါဘူး။ ”လို့ နူးညံ့ ငြင်သာတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ ပြီးတော့ တက်တူးတွေ၊ အမာရွတ်တွေ ပြည့်နေတဲ့ သူရဲ့ ညာလက်ကိုလည်း အဖိုးအိုကို ကမ်းပေးလိုက်ပြီး နှုတ်ဆက်ဖော်ရွေလိုတဲ့ အမူအရာကို ပြနေပါတယ်။

သူဟာ လဲနေတဲ့ အဖိုးအိုကို ဆွဲထူပေးပြီးနောက် သူ့ရဲ့ အင်္ကျီအိတ်ကို နှိုက်လိုက်ပြီး တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်ကာ အဖိုးအိုကို ကမ်းပေးလိုက်ပါတယ်။ အဖိုးအိုက ယောင်နနနဲ့ လှမ်းယူလိုက်ရင်း ဘာတွေပါလိမ့်လို့ မေးလိုက်တော့ ခင်ဗျားရဲ့ ပိုက်ဆံအိတ်လေ။ ကျွန်တော် ပြန်လာပေးတာပါ။ ပိုက်ဆံအိတ်ထဲမှာ ခင်ဗျားထည့်ထားတဲ့ ငွေတွေလည်း အားလုံး ပါပါတယ်” လို့ ပြောလိုက်တော့ အဖိုးအိုက “ ဘာဖြစ်လို့ အခုလိုပြန်လာပေးတာလဲ” လို့ မေးလိုက်ပါတယ်။ အဲဒီလို မေးလိက်တော့ လူငယ်ဟာ သူ့ရဲ့ ခြေထောက်ကို ဂဏှာမငြိမ် ဟိုရွေ့ဒီရွှေ့လုပ်လိုက်ရင်း မျက်နှာပေါ်မှာလည်း ရှက်ရွံ့သလို အရိပ်အယောင်တွေ ပြေးလွှားနေတာ တွေ့လိုက်ရပါတယ်။

ကျွန်တော် အဖိုးဆီက သင်ခန်းစာရလိုက်လို့ပါ။ ကျွန်တော်တို့ဟာ ငွေလိုတဲ့အတွက် ဘာမှ ပြန်မလုပ်နိုင်တဲ့ အဖိုးလို အသက်ကြီးတဲ့လူတစ်ယောက်ဆီက လုယူခဲ့တယ်။ ပြီးတော့ နာကျင်ထိခိုက်အောင်လည်း ကိုယ်ထိ လက်ရောက် လုပ်ခဲ့ပါတယ်။ အဖိုးဆီကို ကျွန်တော်တို့ ရောက်လာတိုင်းလည်း အဖိုးက အော်ဟစ်တာမျိုး ၊ ကျွန်တော်တို့ကို ပြန်ပြီး တိုက်ခိုက်တာမျိုးတွေ မလုပ်ဘဲ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။ အမုန်းတွေအစား ချစ်ခြင်းမေတ္တာကိုသာ ပြခဲ့တယ်” လူငယ်က သူ့စကားကို ခဏ ရပ်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်ပါတယ်။ ပြီးတော့ “ကျွန်တော် အဖိုးဆီက ဒီပစ္စည်းကို ယူသွားပြီးကတည်းက အိပ်လို့မပျော်ခဲ့ပါဘူး။ ဒါကြောင့် အခုလို လာပြန်ပေးတာပါ။ ”

လူငယ်ဟာ စိတ်ကသိကအောက် ဖြစ်နေပုံနဲ့ သူ့စကားကို ခဏ ရပ်လိုက်ပြန်ပါတယ်။ သူ့ပုံစံက ဘာဆက်ပြောရမှန်း မသိတော့အောင် ဖြစ်နေသလိုပါဘဲ။ “ကျွန်တော့်ကို ဒီလိုစိတ်မျိုးဖြစ်စေခဲ့တဲ့အတွက် အဖိုးကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်ပြီး လူငယ်ဟာ ခြံထဲကနေ အပြင်ဘက်က လမ်းမကြီးပေါ်ကို ထွက်ခွာသွားပါတော့တယ်။ အဖိုးအိုဟာ သူ့လက်ထဲ ပြန်ရောက်လာတဲ့ အိတ်ကို မယုံကြည်နိုင်သလို ငုံ့ကြည့်နေလိုက်ပြီး အိတ်ကို ဖြေးညှင်းစွာ ဆွဲဖွင့်လိုက်ပါတယ်။ အိတ်ထဲမှာ သူ့နာရီလေးကို ပြန်တွေ့လိုက်တော့ ဆွဲထုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်မှာ ပြန်ပတ်ထားလိုက်ပါတယ်။ နောက် ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးတစ်ပုံကို ဆွဲထုတ်လိုက်ပြန်ပါတယ်။ အဲဒါလေးက သူငယ်ရွယ်စဉ် မင်္ဂလာဆောင်တုန်းက ဓာတ်ပုံပါ။ ဓာတ်ပုံထဲက စုံတွဲလေးကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကအတိုင်း ပြုံးရွှင်ကြည်နူးနေတဲ့ မျက်နှာတွေ သူ့ကို ကြည့်နေခဲ့ပါတယ်။

ခရစ္စမတ်ရက်အပြီး အေးစက်နေတဲ့ တစ်ခုသော ရက်တစ်ရက်မှာ အဖိုးအိုကားလ်ဟာ သေဆုံးသွားခဲ့ပါတယ်။ ရပ်ကွက်ထဲက လူပေါင်းများစွာဟာ အေးစက်နေတဲ့ ရာသီဥတုကို မမှုဘဲ အဖိုးအိုရဲ့ အသုဘကို တက်ရောက်လာကြပါတယ်။ သင်းအုပ်ဆရာဟာ လူပေါင်းများစွာထဲကမှ သူမသိတဲ့ လူငယ်တစ်ယောက်ဟာ အဖိုးအို ကားလ်ရဲ့ အသုဘ တက်လာတာကို သတိထားမိလိုက်ပါတယ်။ သူဟာ ဘုရားရှိခိုးကျောင်းရဲ့ ထောင့်အစွန်ခုံလေးမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့ပါတယ်။ အခကြေးငွေ မယူဘဲ သေသည်အထိ ဥယျာဉ်လေးကို ပြုစုစောင့်ရှောက်သွားတဲ့ ကားလ်းရဲ့ အကြောင်းကို လူအများက ပြောဆိုနေခဲ့ကြပါတယ်။ သူတို့ဟာ ဒီဥယျာဉ်လေးကိုမြင်တိုင်း ကားလ်းကို သတိရနေကြမှာ အသေအချာပါဘဲ။



နွေဦးရာသီရောက်လာချိန် တစ်ခုသောရက်မှာ လက်ကမ်းကြော်ငြာလေးတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အဖိုးအို ကားလ်း ပြုစုခဲ့တဲ့ ဥယျာဉ်ကို ဆက်လက်ပြုစု စောင့်ရှောက်မဲ့သူတစ်ယောက် အလိုရှိတယ်ဆိုတဲ့ ကြော်ငြာပါဘဲ။ ကြော်ငြာပြီး သိပ်မကြာခင်မှာ လူငယ်တစ်ယောက်က အလုပ်လာလျှောက်ပါတယ်။ အဲဒီလူငယ်ရဲ့ လက်မှာ အမာရွတ်တွေရှိပြီး တက်တူးတွေလည်း ထိုးထားပါတယ်။

“အဖိုးအို ကားလ်ရဲ့ ဥယျာဉ်ကို ဆက်ပြီး စောင့်ရှောက်ဖို့ ကျွန်တော့်ကို အလုပ်ခန့်မယ်ဆိုရင် ကျွန်တော် လုပ်ပါရစေ” လို့ လူငယ်က ပြောပါတယ်။ အဲဒီ လူငယ်ကို သင်းအုပ်ဆရာက ကောင်းကောင်း မှတ်မိပါတယ်။ အဖိုးအို ကားလ်ရဲ့ အသုဘကို ရောက်လာခဲ့တဲ့ လူငယ်ပါပဲ။ အဖိုးအိုကားလ်ရဲ့ ကြင်နာတတ်မှုက ဒီလူငယ်လေးရဲ့ ဘဝကို ပြောင်းလဲစေခဲ့ဟန် တူပါတယ်။ သင်းအုပ်ဆရာက ဥယျာဉ်ရဲ့ သော့ကို လူငယ်လေးရဲ့ လက်ထဲကို ပေးလိုက်ပြီး “ကဲ အခုအချိန်က စပြီတော့ ကားလ်ရဲ့ ဥယျဉ်လေးကို မင်း. သူ့ကိုယ်စား စောင့်ရှောက်ပေးပေတော့” လို့ ပြောလိုက်ပါတယ်။ လူငယ်လေးဟာ ဥယျာဉ်ကို အဖိုးအို ကားလ် ရှိစဉ်က အတိုင်း ပြုစုစောင့်ရှောက်ပါတယ်။ ဥယျာဉ်ကို ပြုစုစောင့်ရှောက်ရင်းမှာပဲ သူဟာ ကောလိပ်ကျောင်းကိုလည်း ဆက်တက်ပါတယ်။ ဘွဲ့ရပြီးတော့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ ထို့နောက် လူမှုရေး အဖွဲ့အစည်း တစ်ခုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ သို့ပေမယ့် ဥယျဉ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ကိုလည်း မပျက်ကွက်ခဲ့ပါဘူး။ ပန်းတွေ ပွင့်သထက် ပွင့်အောင်၊ စိုပြေသထက် စိုပြေအောင် သူ ကြိုးစားခဲ့ပါတယ်။

တစ်ခုသော ရက်တစ်ရက်မှာတော့ သူဟာ ဥယျာဉ်လေးကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး ဆိုတဲ့ အကြောင်းပြောဖို့ သင်းအုပ်ဆရာထံ ရောက်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ဇနီးလေးဟာ လွန်ခဲ့တဲ့ ညက သားယောက်ျားလေး မွေးဖွားခဲ့ပြီ ဖြစ်တာကြောင့် အဲဒီကလေးလေးကို ပြုစုစောင့်ရှောက်ရမှာ ဖြစ်တဲ့ အတွက် ဥယျဉ်ကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့တဲ့ အကြောင်း သင်းအုပ်ဆရာကို ရှင်းပြပါတယ်။ လူငယ်ရဲ့ မျက်နှာပေါ်မှာတော့ ရှက်ပြုံလေးနဲ့ အတူ ပီတိတွေဖြာနေတဲ့ မျက်ဝန်းတစ်စုံနဲ့ပါပဲ။

“မင်းရဲ့ သားလေးအတွက် ဂုဏ်ယူပါတယ်” လို့ သင်းအုပ်ဆရာက ပြန်ပြောလိုက်ပြီး လူငယ်လေး ဆီက သော့ကို လက်ခံယူလိုက်ပါတယ်။ တဆက်တည်းမှာပဲ သင်းအုပ်ဆရာက

“ဒါနဲ့.. မင်းရဲ့ ကလေးနာမည်က ဘယ်လိုခေါ်သလဲ” လို့ပါ မေးလိုက်ပါတယ်။

“ကားလ် ပါ” လို့ လူငယ်လေးက ပြန်ဖြေပြီး သင်းအုပ်ဆရာရှေ့ကနေ အေးဆေးတည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့ ထွက်ခွာသွားပါတော့တယ်။






‎23‎:‎49CARL'S GARDEN ( AUTHOR UNKNOWN ) ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။