15 November 2012 |By The Public Image
ချင်းတောင်ဒေသတွင် ဆောင်းရာ သီ၌ သီးလေ့ ရှိသော အသားဓာတ် အပြည့်အဝ ပါဝင်သည့် မျောက်ငိုသီး များကို အိန္ဒိယနယ်စပ်ပွဲစားများ အဝယ် လိုက်၍ ဈေးကောင်းရကြောင်း ချင်း တောင်ဒေသခံ တစ်ဦးက လူထုပုံရိပ် သို့ပြောသည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက် ကမှ ဒီအသီးက ဈေးကောင်းရလာတာ၊ တစ်တောင့်ကို ၁၂၀ နှုန်းနဲ့ရတယ်၊ အိန္ဒိယနယ်စပ်ပွဲစားတွေကတော့တအား အဝယ် လိုက်တယ်၊ အိန္ဒိယ မှာဆိုရင် ပိုဈေးကောင်းရမယ်နဲ့ တူတယ်၊ အိန္ဒိယ လည်းကြိုက်တဲ့ သဘောရှိတယ်၊ မနှစ် ကဆိုရင်ကျွန်တော်တို့ သိန်းတစ်ထောင် ဝန်းကျင်ဝင်တယ်”ဟု ၄င်းကပြော သည်။
မျောက်ငိုသီးသည်နှစ်စဉ် နိုဝင်ဘာ တွင်သီးလေ့ရှိပြီး ဇန်နဝါရီ လကုန်ပိုင်း တွင်တုန်းလေ့ရှိကြောင်း၊ ပုံပန်းသဏ္ဌာန် မှာ အလယ်ပိုင်းဒေသ တွင် ပေါက် လေ့ရှိသောဘောစကိုင်း သီးနှင့်တူသော် လည်း ယင်းမျောက်ငိုသီးမှာ အရှည် ၁၄ လက်မ၊ ဗျက်အကျယ် ၂ လက်မခန့် ရှိ၍ ပိုရှည်ကြောင်း၊ အရသာ မှာ အနည်းငယ်ဖန်၍ အနံ့မှာ တညင်း သီးအနံ့နှင့်ဆင်ကြောင်း၊ သို့သော် တညင်းသီးကဲ့သို့ ဘေးဥပါဒ်မဖြစ်ပဲ အရသာရှိပြီး အာဟာရရှိကြောင်း၊ အသီးရင့်သွားလျှင် လက်မထိပ် အရွယ်ရှိ အစေ့သာချက်စားနိုင်ပြီး၊ အစေ့ရောအသားပါနှစ်မျိုး စလုံးစားလိုပါက မနုမရင့်အရွယ်တွင် ခူးဆွတ် စားသုံးနိုင်ကြောင်း၊ များသောအားဖြင့် ဟင်းချက်စားလေ့ ရှိသော်လည်း အစိမ်း စားပါကလည်းရနိုင်ကြောင်း တီးတိန်မြို့ နယ်စိုက်ပျိုး မွေးမြူရေးနှင့် သစ်တော ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထျန်ပီးက လူထုပုံရိပ်သို့မျောက်ငိုသီးနှင့် ပတ်သက် ၍ရှင်းပြသည်။
“နယ်စပ်ပွဲစားက တစ်ရွာဝင် တစ်ရွာထွက်လိုက်ဝယ်တယ်၊ ပြီးတော့ ကလေးကနေ တမူး၊ နန့်ဖာလုံကိုပို့ တယ်၊ တစ်ပင်ကိုငါးသိန်းကျော်ဝင် တယ်၊ထွက်ခြေ ကိုက်တာက ဒီအပင် က နှစ်ရှည်သီးနှံပင်ဖြစ်တယ်၊စစိုက်တာ ကနေ သီးတဲ့ အထိ ငါးနှစ်စောင့်ရ တယ်၊ မန်ကျည်းပင် အရွယ်လောက် ရှိသွား တယ်၊ တစ်ပင်နဲ့ တစ်ပင်ပေ ၆၀ လောက် ခွာပြီးစိုက်ရတယ်၊ ကျွန်တော် ကတော့ မျောက်ငိုပင်ကိုပဲ ဧက ၄၀ စိုက်ထားတယ်၊ မျောက်ငိုသီးရဲ့ အစေ့ ကိုတော့ တရုတ်၊ ထိုင်း၊ စင်္ကာပူ က ဝယ်တာများတယ်၊အစားများတယ်ပေါ့၊ အားရှိတာကတော့ အမှန်ပဲ” ဟု ၄င်းက ပြောသည်။
မျောက်ငိုသီးအား သုတေသန ပြည့်ပြည့်ဝ၀ မလုပ်ရသေးသော်လည်း အသားဓါတ်(ပရိုတိန်း) အပြည့်အဝ ပါရှိသည်ဟု ယူဆရ၍ အာဟာရ ဖြစ်စေနိုင်သည့် အသီးဖြစ်ပြီး ဘေးဥပါဒ် ဖြစ်နိုင်ခြေ အားနည်းကြောင်းချင်း တောင်ရှိ ဆေးပညာရှင်အချို့က မျောက်ငိုသီးနှင့် ပတ်သက်၍ သုံးသပ် ပြောဆို ထားသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။