Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 10, 2012

“ အသက်ရှည်ရခြင်း အကြောင်း ”

 
Royal Hero Media's photo.
လူတို့၏ အမြင့်ဆုံး သက်တမ်းကို နှစ် -၁၂၀ ဟု သတ်မှတ် ထားသော်လည်း ပျမ်းမျှအားဖြင့် အမှန်တကယ် သက်တမ်းမှာ ၆၀ နှင့် ၇၀ ကြားသာ ဖြစ်၏။ သို့သော် မှတ်တမ်းများအရ အသက် ၁၃၅-၁၄၀ နှစ်ထိ နေခဲ့သူများ ရှိကြောင်း သိရပါသည်။
အရည်ရှ
ည်ခြင်း၏ အကြောင်းဇာစ်မြစ်ကို အတိအကျ မသိနိုင်ကြသေးပေ။ အယူအဆအမျိုးမျိုး၊ လက်ခံထားမှု အမျိုးမျိုး ရှိသည်။ သိပ္ပံပညာအရ သုတေသနပြု လေ့လာခဲ့ကြပြီး ဖြစ်နိုင်ဖွယ်ရာများကို တင်ပြထား ကြသည်များ ရှိသည်။ တချို့ယူဆထားချက်များသည် ဘာသာရေးနှင့် ဆက်နွှယ်နေသည်။ အစဉ်အလာရ ရှေးဆိုရိုးစကားများလည်း ရှိသေးသည်။

၁။ သီလမြဲခြင်း


ဗုဒ္ဓဘာသာတွင် ပါရပီ - ၁၀ ပါးရှိသည်။ သီလကောင်းလျှင် အသက်ရှည် သည်ဟု လက်ခံထားကြသည်။ ဒါနသည် ပစ္စည်းဥစ္စာ ကြွယ်ဝခြင်းနှင့် အခြံအရံပေါများခြင်းကို ရစေနိုင်သည်။ “ ရေဘူးနဲ့ ဖိနပ်မပါလျှင် နွေခါမှသိ၊ ဒါနနဲ့ သီလမပါလျှင် သေခါမှသိ” ဟူသော လူကြီးများ၏ ဆုံးမစကားသည် မှတ်ယူဖွယ်ရာ ဖြစ်ပါသည်။

“အဘွားက သက်ရှည်ကျန်းမာမှာပေါ့ သီလကောင်းတာကိုး” ဟု ဘွားသက်ရှည်ကို ချီးမွမ်းစကား ဆိုတတ်ကြသည်။ သီလတွင် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသည်ဖြင့် ရှိရာ လူတိုင်း ငါးပါးသီလကို တတ်နိုင်သမျှ လုံခြုံအောင် စောင့်ထန်းဖို့လိုပါသည်။ သီလမြဲခြင်းသည် သက်ရှည်ခြင်း အတွက် အထောက်အပံ့ ဖြစ်ပေသည်။

၂။ အရက်၊ ဆေးလိပ် မသောက်ခြင်း

အရက်နှင့် ဆေးလိပ် မသောက်တတ်သူများသည် သာမန်လူများထက် အသက်ပိုရှည်သည် ဆိုခြင်းကို လက်ခံနိုင်ဖွယ် ဖြစ်ပါသည်။ အရက် သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်သဖြင့် အသက်တိုစေသည်မှာ သေချာပါသည်။

သို့သော် အရက်သောက်ခြင်းနှင့် အသက်ရှည်ခြင်းတို့၏ ဆက်နွှယ်မှုနှင့် ပတ်သက်သော ရယ်စရာပုံပြင် တစ်ခု ကြားဖူးသည်။ အသက် “၉၀” ကျော် ဘိုးသက်ရှည် တစ်ဦးအား လူငယ်တစ်ယောက်က “အဘိုးဘာကြောင့် အခုလို သက်ရှည်ကျန်းမာ နေရတယ်ဆိုတာ သိပါရစေ” ဟု မေးရာ “အဘိုးက ငယ်စဉ်ကစပြီး မူးယစ်စေတတ်တဲ့ အရက်သေစာ ရှောင်ကြဉ်လို့ပေါ့ ငါးမြေးရဲ့” ဟု ဖြေလေသည်။

ထိုအချိန်တွင် အိမ်၏ အတွင်းခန်း၌ တစ်စုံတစ်ယောက် အော်ဟစ် ဆူညံ သောင်းကျန်းနေသော အသံများ ကြားရသဖြင့် လူငယ်က “ အဘိုး … အဘိုး … အတွင်းခန်းမှာ အော်ဟစ်ဆူညံနေတာ ဘယ်သူပါလဲ” ဟု စပ်စုမိရာ “အဲဒါ င့ါ အဖေပေါ့၊ သူက အရက်မူးလာရင် ဒီလိုပါပဲကွယ်” ဟု ဖြေလေသည်။
မည်သို့ပင်ဖြစ်စေ အရက်နှင့် ဆေးလိပ်ရှောင်ပါက ရောဂါကင်း၍ အသက် ရှည်မည် ဖြစ်ပါသည်။

၃။ သက်သတ်လွတ်စားခြင်း

သက်သတ်လွတ်စားသူများ၊ အသက်ပိုရှည်သည်ဟု လက်ခံ ယူဆထားသူများ ရှိကြသည်။ ဆေးပညာ ရှုထောင့်မှ ကြည့်လျှင် ဤအယူအဆ မှန်သည် မမှန်သည်ကို ဆုံးဖြတ်ပေးရန် ခက်ခဲပါသည်။ လက်တွေ့အားဖြင့် သက်သတ်လွတ် ဘုဉ်းပေးသော ဆရာတော်ကြီးများ သက်ရှည် ကျန်းမာ ကြကြောင်းမှာ မျက်မြင်ဒိဋ္ဌ ဖြစ်ပါသည်။

၎။ အားကစား

သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်သူများသည် အားကစား သမားများ ဖြစ်ကြသည်ဟု ဆိုပါသည်။ အားကစားလေ့ကျင့်မှုသည် ရောဂါများ ဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။ ဇရာ၏ ဖြစ်စဉ်များကိုလည်း တားဆီး နိုင်ပါသည်။ အားကစားခြင်းဖြင့် ကျန်းမာခြင်းကို ပိုမို ကောင်းမွန်စေသည်မှာ အငြင်းပွားဖွယ် မရှိပေ။ ကျန်းမာခြင်းသည် သက်ရှည်မှုအတွက် အထောက်အကူ ပြုနိုင်သဖြင့် အသက်ရှည်ခြင်းနှင့် အားကစား လိုက်စား ခြင်းမှာ တိုက်ရိုက်ဆက်နွှယ်မှု ရှိပါသည်။

၅။ သားဦး သမီးဦးဖြစ်ခြင်း


သားဦး သမီးဦးများသည် ပို၍ အသက်ရှည်ကြသည်ဟု သိပ္ပံပညာရှင်များက တွေ့ရှိလက်ခံထားကြသည်။ မိခင်၏ အသက်ငယ်ရွယ်စဉ်၌ မွေးဖွားခြင်း ဖြစ်သည့် အတွက်ဟု ဆိုပါသည်။ အသက်ရာကျော် အဘိုးအဘွား များသည် သားဦး သမီးဦးများဖြစ်ကြကြောင်း သုတေသန ပြုလုပ်ချက်များ အရ သိရှိရပါသည်။ ဤအချက်မှာ ဆေးပညာသဘောအရ လက်ခံနိုင်ဖွယ်ရာ ဖြစ်ပါသည်။

၆။ မျိုးရိုးဗီဇ


အသက်ရှည်ခြင်းသည် မျိုးရိုးဗီဇနှင့် အဓိကသက်ဆိုင်ကြောင်း သိပ္ပံပညာရှင် များ၏ သုတေသပြု ရှာဖွေဖော် ထုတ်ချက်များအရ မကြာမီက တွေ့ရှိလိုက်ပြီ ဖြစ်ပါသည်။

တချို့မိသားစုများ၏ မျိုးရိုးအစဉ်အဆက်လိုက် အသက်ရှည်ကြကြောင်း သာဓကများစွာ တွေ့ရှိရသည်။ အသက် ၁၀၀ နှင့် အထက် သက်ရှိထင်ကြား ရှိနေကြသော အဘိုးအဘွားများ၏ မိဘညီအစ်ကို မောင်မနှမ များသည် လည်း အသက်ရှည်သူများပင် ဖြစ်ကြသည်ဟု ဆိုပါသည်။

အသက်ရှည်သူများတွင် ထူးခြားသည့် ဗီဇ (Genes) များပါရှိကြပြီး ယင်းသည် သေစေနိုင်လောက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ် ပေးနိုင်ကြောင်း တွေ့ရသည်။ အသက်အရွယ် ကြီးရင့်သဖြင့် ဖြစ်ပေါ်လာမည့် ဇရာ၏ ဖြစ်စဉ်များကိုလည်း ဂျင်းများက တားဆီးပေးနိုင်သည်။ ခရိုမိုဇုန်း (Chromosome) တစ်ခုရှိ ဂျင်း(Genes)များသည် အသက်အရွယ် ကြီးရင့်မှုနှင့် ရောဂါဖြစ်ပွားမှုတို့ကို လျှော့ချပေးနိုင်သည်မှာ သေချာနေပြီ ဖြစ်သဖြင့် အသက်ရှည်ခြင်းသည် မျိုးရိုးဗီဇနှင့်လည်း ဆိုင်သည်ဟု ဆိုရပေမည်။

သေခြင်း၊ ရှင်းခြင်းနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ၏ အယူအဆ တွေ့ရှိ ချက်များထက် ယခုဘဝနှင့် အတိတ်ဘဝက ပြုခဲ့သော “ သီလ ”သာ လျှင် အဓိကဖြစ်သည်ဟု ဒေါက်တာ အေးကျော်မှလက်ခံထားသည်။

ရည်ညွှန်း။ “ ဒေါက်တာအေးကျော်- အာဟာရနှင့်ဆိုင်သော ကျန်းမာရေး ” စာအုပ်မှ ကူးယူဖော်ပြချက် ဖြစ်ပါသည်။

 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။