ဒီဘက်ခေတ်စီဒီတွေ ပေါ်လာတဲ့အချိန်ကျတော့ ခိုးကူးက တအားလွယ်သွားတယ်။ အဲဒါတွေကြောင့် ဒီဘက်ခေတ်မှာ ဂီတပိုင်းယိမ်းယိုင် လာသလို လုပ်ရတာတွေလည်း မလွယ်တော့ဘူးပေါ့”လို့ ဘိုဘိုဟန်က ပြောပြပါတယ်။ အခုလည်း ဂီတအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းတော့မယ့်အပေါ် အကြံပြုပြော ကြားစကားများ ရှိမလားလို့မေးတဲ့အခါမှာတော့..”ဦးတို့ကလည်း ဂီတအစည်းအရုံးဗဟိုမှာလည်း လုပ်တယ်ဆိုတော့ ဒါကို နိုင်ငံတော်ကလည်း အကောင်းဆုံးလုပ်ပေးမှာ ပါ။ အခုဟာက မဲစနစ်နဲ့သွားရမှာဆိုတော့ မဲလက်ခံရတဲ့အများဆုံးလူက အဆင့်ရှိသွားမှာပါ။ ဘာမှ ပြောဖို့တောင်လိုမှာ မဟုတ်ပါဘူး။ ဖွဲ့လိုက်ပြီး ပြီဆိုရင်တော့ အရင်ဆုံး ခိုးကူးကိုတော့ နိုင်အောင်လုပ်ရမယ်”လို့ပြောပါတယ်။အခု နောက်ပိုင်းဂီတလူငယ်လေးတွေက သူတို့ခေတ်ထက်ပိုပြီးတော့ ကောင်းမွန်လာကြကြောင်း ဟစ်ဟော့ပ် ပိုင်းတွေကို သိပ်ပြီးနား မလည်ပေမယ့် သူတို့တွေရဲ့ဆိုပုံဆိုပေါက် တွေက တအားကောင်းတဲ့အတွက် အောင် မြင်လာကြတာကို တွေ့နေရကြောင်း ပြောပြပါတယ်။
”စိုင်းစိုင်းခမ်းလှိုင်တို့၊ရဲလေးတို့ဆိုရင် အတော်ကို အောင်မြင်ကြတယ်။ အဲဒါတွေ ကလည်း ပရိသတ်က လက်ခံတဲ့အတွက် သူတို့လေးတွေ နာမည်တအားကြီးတာပေါ့။ ဦးတို့ခေတ်ကလည်း အဲဒီလိုပါပဲ။ သီချင်းဆိုတာလည်း ပုံစံအမျိုးမျိုးရှိနေတော့ ဒီဘက် လူငယ်တွေကလည်း တအားကိုဆိုတတ်၊ ရေးတတ်တယ်။ အဲဒါတွေအပြင် တီးတဲ့ အပိုင်း တွေမှာကအစ သူတို့နဲ့လိုက်ဖက်အောင် လုပ်နိုင်ကြတယ်။ ဦးကတော့ သူတို့လေးတွေကို အားပေးတယ်”လို့ အခုခေတ် ဂီတလူငယ်လေးတွေရဲ့ ဂီတလှုပ်ရှားမှု စွမ်းအင်တွေအပေါ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ထက်လူလူ
http://popularmyanmar.com/mpaper/2012/06/%e1%80%82%e1%80%ae%e1%80%90%e1%80%a1%e1%80%85%e1%80%8a%e1%80%b9%e1%80%b8%e1%80%a1%e1%82%90%e1%80%af%e1%80%b6%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9%e1%80%96%e1%80%bc/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။