Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

ဇော်ဝင်းထွဋ် နဲ့ မေးခွန်း (၇)ခု လတ်တလော ဖြစ်ပျက်နေသည့် ဂီတ အစည်းအရုံး အကြောင်း


ကြော်ငြာတွေ မရိုက်တာကြာပြီ ဖြစ်တဲ့ ဇော်ဝင်းထွဋ်ကို ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးတဲ့ အသည်းအားဆေး ကြော်ငြာ ရိုက်ကွင်းမှာ တွေ့ရပါတယ်။ ရော့ခ်ကာ ကြီးဇော်ဝင်းထွဋ်က သီချင်း ဆိုတဲ့အခါ ပရိသတ် ရင်ထဲရောက်အောင် ဆိုသလိုပဲ၊ ကြော်ငြာကိုလည်း ပရိသတ်တွေ စိတ်ဝင်စားအောင် အိုက်တင်ကို အကောင်း ဆုံး ဖြစ်အောင် ကြိုးစား သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဇော်ဝင်းထွဋ် ကိုတော့ လက်ရှိ ရိုက်နေတဲ့ ကြော်ငြာ အကြောင်း၊ စိုင်းခမ်းလိတ် ဖောင်ဒေးရှင်း အကြောင်း၊ ဂီတ အစည်းအရုံး နဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- အခု လက်ရှိဖြစ်နေတဲ့ ဂီတ အစည်းအရုံး ရဲ့ ရွေးကောက်ပွဲ ကိစ္စတွေ၊ အလွှာတွေ တောင်းတဲ့ ကိစ္စတွေ အပေါ် ကိုညီထွဋ်ရဲ့ အမြင်ကို သိချင်ပါတယ်။ ကိုညီ ထွဋ်ကော ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဝင်ပါဖို့ စိတ်ကူး ရှိပါသလား။ အလွှာတွေ တောင်းတဲ့အခါမှာ ပဋိပက္ခတွေ ဖြစ်သွားခဲ့ ရခြင်းက ဘယ်အခြေအနေပေါ် မူတည် ပြီး ဖြစ်သွားခဲ့တာလို့ သုံးသပ်မိလဲ။
ဖြေ- ပါလို့ ရတဲ့အပိုင်း သိပ်မရှိဘူး။ လိုအပ်ရင်တော့ ရံပေးရမှာပေါ့။ ကြုံလာသမျှ အတွေ့အကြုံ အရ ပြောပြလို့ ရပါတယ်။ လောလောဆယ်တော့ ဘာမှ ဝင်လုပ်လို့ မရသေးဘူး။ အားလုံး နဲ့တော့ တွေ့ပါတယ်။ အကုန်လုံး ဒီရှိသမျှ ကလေးတွေ ရော၊ လူကြီးတွေ နဲ့ရော အမြဲစကား ပြောဖြစ်ပါတယ်။ ဖြစ်သွားတယ် ဆိုတဲ့ သဘောက လမ်းကြောင်း လွဲသွားလို့ပါ။ ဦးတည်ချက် တူရင်တော့ ဖြစ်စရာ မလိုဘူးလေ။ စီဒီတွေ ရောင်းရဖို့ ခိုးကူးတွေ ပပျောက် ဖို့ပြောတယ်။ ဂီတလောက ကောင်းဖို့ ပြောတယ် ဆိုရင် အားလုံးက အတူတူပဲလေ။ စီဒီတွေ ရောင်းရမှတော့ ကျွန်တော့် အခွေလည်း ရောင်းရမယ်။ ဟင်္သာတ ထွန်းရင်လည်း ရောင်းရမှာပဲ၊၊ အကုန်ရောင်း ရမှာပဲလေ။ သီချင်းတွေ ကို ကောင်းကောင်းမွန်မွန်ဝယ်ပြီးတော့ နားထောင်တယ်ဆို အားလုံးရောင်းရမှာပဲ။ အဲဒါလွဲသွားပြီးတော့ သူ့ဂီတ၊ ကိုယ့်ဂီတအဆင်မပြေတာကတော့ ဝမ်းနည်းစရာပေါ့။ တချို့လူကြီးတွေလည်း အမြင် ကျယ်ကျယ် မကြည့်လို့ ပဲလား၊ လူငယ်တွေကလည်း ပြောရ ခက်တယ်ဗျ။ Generation ကြောင့်လည်း ဖြစ်နိုင်တယ်။ ဂီတနဲ့ မဆိုင်ဘူး။ လူငယ်တွေက ဒါကို လမ်းကြောင်း လွဲပြီးတော့ ဂီတက ဘာဖြစ်တယ်။ ကာလပေါ်က ဘာဖြစ်တယ်။ အဲဒီလို လုပ်လို့ မရဘူး။ ဂီတဆိုတာ အတူတူပဲ။ အဓိက ကတော့ ကိုယ် သွားမယ့် လမ်းကြောင်းက ဘာလဲ။ ဂီတလမ်းကြောင်း ကောင်းမွန်ဖို့ ဆိုတာ ခေါင်းထဲထည့်ထား ရင်ပြီးတာပဲ၊၊ ကျန်တာ ကြိုက်သလို သဘော ထား ကွဲလွဲလို့ ရတယ်။ နောက် ဆုံး တော့ တူသွားမှာပဲလေ။
မေး-အလွှာတောင်းတဲ့ လူငယ်တွေ အပေါ် ကိုညီထွဋ် ဘယ်လိုမြင်လဲ။ လူငယ်တွေက ကိုညီထွဋ်ဆီ လာပြီး အကြံဥာဏ်တောင်းတာ မျိုးကော ရှိလား။ ကိုညီထွဋ်ကော ဘယ်လို အကြံဥာဏ် ပေးဖြစ်လဲ။ ဂီတ အစည်းအရုံး အမှုဆောင်သစ် ရွေးချယ်ပွဲမှာ ကိုညီထွဋ် ဝင်ရောက် အရွေးချယ်ခံဖို့ စိတ်ကူး ရှိပါသလား။
ဖြေ-ကျွန်တော် အကြံပေးဖြစ်တာကတော့ ရှင်းပါတယ်။ ကလေးတွေအ လွှာလုပ်ချင် တယ်ဆိုလည်း သူတို့ တက်ကြွတဲ့အခါ အားပေးရမှာပဲ။ လူကြီး တစ်ယောက်အနေ နဲ့ ကိုယ့်သားသမီး တွေလို သဘောထားတယ်။ သူတို့တွေ စိတ်ပါဝင်စားတယ် ဆိုရင်ပဲ ကျေနပ်ရမှာပဲလေ။ ကလေးတွေက သူတို့ရဲ့ အနာဂတ်ကို စိတ်ဝင်စားတယ်။ ဂီတလောကကို စိတ်ဝင်စားတယ် ဆိုတော့ ဝမ်းသာတယ်။ ကျွန်တော့် အနေနဲ့လည်း အမြဲ မေးဖြစ်သလို မျက်ခြေလည်း မပြတ်ပါဘူး။ သူတို့လည်း ကျွန်တော့်အိမ် လာပါတယ်။ စကားပြောဖြစ် ကြပါတယ်။ အခြေအနေအရ သူတို့နေရာ လိုချင်တဲ့အတွက်၊ များများ ပါဝင်ချင်တဲ့ အတွက် တောင်းတာပါ။ ကျွန်တော်က လက်ခံတယ်။ လူငယ် တစ်ရပ် အနေနဲ့ ပါလာတာကို ကြိုဆိုတဲ့ အနေနဲ့ ထောက်ခံ တယ်။ သူတို့ကို လုပ်စေချင်တယ်။ ဒီလို အပေါင်းအသင်း နဲ့ အသိုင်းအဝိုင်းနဲ့ အစည်းအဝေး တွေ ဘာတွေ စုပြီးပြောတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်သဘော ထား၊ သူ့သဘော ထားတွေကို တင်ပြတယ်။ အဲဒါမှ အဆင့်က မြင့်လာမှာလေ။ ကျွန်တော် ဝင်ရောက် အရွေး ခံဖို့တော့ မရှိပါဘူး။ မဲတော့သွားပေးမှာပါ။
မေး-လူငယ်တွေကို အခွင့်အရေး ပေးသင့် တယ် လို့မြင်မိသလား။ ကိုညီထွဋ် ဖြစ်စေချင်တဲ့ ဂီတ အစည်းအရုံးက ဘယ်လိုပုံစံလဲ။ ဂီတလောကသား အားလုံးရဲ့ တာဝန် ကို ယူရမယ့် ဂီတအစည်း အရုံး ဥက္ကဋ္ဌကကော ဘယ်လောက် အရေးကြီးလဲ။
ဖြေ-သူတို့ကို အခွင့်အရေး တစ်ခု ပေးကိုပေးရမယ်။ အဲဒီအခါကျမှ သူတို့ အချင်းချင်းမှာပဲ ပြန်ပြီးတော့ တော်တဲ့သူနဲ့ မတော်တဲ့သူနဲ့ တကယ် စိတ်ဝင်စားတဲ့သူ နဲ့ ရေရှည် ခံမယ့်သူ၊ မခံမယ့်သူ ဒီလို ကွာလာမှာပေါ့။ ဂီတ အစည်းအရုံးကို ဘယ်လိုဖြစ်စေချင်လဲ ဆိုတော့ ဂီတ အစည်းအရုံးဟာ ဘယ်လို အဖွဲ့အစည်းမျိုးလဲ ဆိုတာ အခြေခံအရ သဘောပေါက်ဖို့ လိုတယ်။ ဂီတ အစည်းအရုံးသည် NGO အဖွဲ့အစည်း လိုမျိုး ဖြစ်လိမ့်မယ်။ ဂီတသမားတွေရဲ့ ပြောရေး ဆိုခွင့် ရှိတဲ့ နေရာ၊ ကျွန်တော်တို့ရဲ့ ရင်ဖွင့်လို့ ရတဲ့နေရာ ဒီကနေတစ်ဆင့် သက်ဆိုင်ရာ အဆင့်ဆင့် ကြား နိုင်တဲ့နေရာမျိုး ဖြစ်စေချင်တာပါ။ အဲဒီလို ဖြစ်သင့်တယ် လို့ထင်တယ်။ ဥက္ကဋ္ဌ ကလည်း အရေးကြီး ပါတယ်။ ဥက္ကဋ္ဌဟာ စည်းရုံးရေး သဘောဆောင်ရမှာပေါ့။ ဘက်မလိုက်ဘဲနဲ့ အားလုံး စည်းစည်းလုံးလုံးနဲ့ ဖြစ်အောင် လုပ်ရမယ်။ သူကိုယ်တိုင်ကလည်း အားလုံးက လေး စားရအောင် နေပေးဖို့တော့လိုမှာပေါ့။
မေး- လူငယ်တွေကို ကိုညီထွဋ် ဘာမှာချင်သလဲ။
ဖြေ-လူငယ်တွေကို မှာချင်တာက အဓိက တစ်ချက်တည်းပါပဲ။ စိတ်လိုက်မာန်ပါ လျှောက်မလုပ်နဲ့။ မရိုင်းဖို့ပါပဲ။ ခေတ်ကလည်း ပြောင်းပြီ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မလိုလားအပ်တဲ့ ရိုင်းစိုင်းမှုမျိုးကို မလိုချင်ဘူး။ နောက်တစ်ခု ပိုဆိုးတာက လူကြီးတွေနဲ့ ထိပ်တိုက် တွေ့သွားနိုင်တဲ့ ကိစ္စတွေရှိတယ်။ ဒီအချိန်ရဲ့ ဂီတလောက က လူကြီးတွေ အတွက် ရော၊ လူငယ်တွေ အတွက်ရော ဘယ်သူ့ အတွက်မှ မကောင်းတဲ့ အချိန်ဖြစ်နေတယ်။ အဲတော့ ငါတို့ကနည်းနည်း ခံရရင် အသက် ကြီးတဲ့ လူတွေက ပိုတောင်မှ ခံရစရာ ရှိတယ် ဆိုတော့ ဒီလူကြီးတွေ စိတ်မကောင်းဖြစ်မှာ၊ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ မလိုလားဘူး။ ရှင်းရှင်းပြောရရင် ကိုယ့် ပိုက်ဆံနဲ့ ကိုယ်၊ ကိုယ့်ကား ဓာတ်ဆီ ကိုယ်ထည့် ပြီးလုပ်နေကြ တဲ့လူကြီးတွေ များပါတယ်။ ဒါကြောင့် သိပ်လည်း ဇွတ်ပြောလို့ မကောင်းဘူး။
မေး-လက်ရှိ ဂီတလောက အခြေအနေ နဲ့ ဂီတ လောကမှာ ဖြစ်နေတဲ့ ပုံစံကိုကော ဘယ်လိုသုံးသပ်မိလဲ။
ဖြေ- ပြန်ပြီး စနစ်တကျ လုပ်ရလိမ့်မယ်။ အခုဟာက ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ ကလေးတွေ အလွှာပေါ်လာတာကို သဘောကျတယ် ဆိုတာကလည်း ဒီအလွှာမှာ ရှိသမျှ ကို သူတို့မလုပ်နိုင်ဘူး ဆိုရင်တောင် သူတို့အလွှာ လေးကောင်းဖို့ သူတို့ လုပ်ရင်လည်း အတူတူပဲ။ စနစ်တကျ စုစုစည်းစည်း နဲ့ အုပ်စုလေးတွေ ဖွဲ့ပြီးတော့ လုပ်တာ ကောင်းပါတယ်။ အဲဒီလို လုပ်မှလည်း ရမယ့် အခြေအနေပေါ့။ သီချင်းလေးတစ်ပုဒ် ဆိုလိုက်ပြီး ဒီသီချင်းလေး ဘယ်ရောက်သွားမှန်း မသိတဲ့ ဘဝက လွတ်ချင် ပြီ။ ကျွန်တော့် ရဲ့သားသမီးတွေ လက်ထက်မှာ လည်း အဲဒီလို မခံစားချင်တော့ဘူး။ ကိုယ်လုပ်လိုက်တဲ့ သီချင်းလေး ထိုက်ထိုက်တန်တန် နဲ့ လူတစ်ရာ နားထောင်ရင် တစ်ရာ၊ လူတစ် သိန်းနားထောင်ရင် တစ်သိန်း၊ အဲဒီလိုမျိုးဖြစ် စေချင်တာပေါ့။
မေး- ကိုညီထွဋ်ရဲ့ပထမဆုံး ရိုက်ခဲ့တဲ့ ကြော်ငြာ အကြောင်းလည်း သိချင်တယ်။ ကြော်ငြာ တစ်ခု ရိုက်ပြီးတိုင်း ကိုညီထွဋ်ရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားမှုဖြစ်လဲ။ ပရိသတ် နဲ့ ပတ်သက်ပြီးပေါ့။
ဖြေ- ၁၉၈၃ ခုနှစ်လောက်က ကြော်ငြာ စရိုက်ခဲ့တယ်။ “မာကျူရီည” အခွေ ထွက်ပြီးတော့ပေါ့။ သုခိတာ ဆေးလိပ်ကြော်ငြာပေါ့။ နောက် အင်းဝ ဘီစကစ်ကို သမီးလေး နဲ့ ရိုက်တယ်။ အိုအေစစ် ရေသန့်ရိုက်တယ်။ ကြားမှာ တော်တော်ရိုက် ဖြစ်တယ်။ များသောအားဖြင့် ကိုယ့်စတိုင်လည်း မပျက်တဲ့ ကြော်ငြာမျိုးပေါ့။ နောက်သီချင်း မဆိုရတဲ့ ဟာမျိုးပေါ့။ ကြော်ငြာ သီချင်းကြီးတော့ မဆိုပေးချင်ဘူး။ ကိုယ်နဲ့ မဆိုင်တဲ့ ကာရိုက်တာလည်း မလုပ်ချင်ဘူး။ ကျွန်တော် နေ့စဉ်သွားနေတဲ့ ပုံစံအတိုင်းပဲ ရိုက် ဖြစ်တာ များတယ်။ အသက် ၄ဝ လောက် ကျတော့ ကြော်ငြာ မရိုက်ချင်တော့ဘူး။ ဂျင်ဆိုမင် နောက်ပိုင်းပေါ့။ အမှန်မှာတော့ မရိုက်ချင်ပါဘူး။ အားလည်း မအားပါ ဘူး။ စိတ်ထဲမှာလည်း ကြော်ငြာရိုက်လိုက်တိုင်း ဘယ်လို ခံစားရလဲ ဆိုတော့ ကြော်ငြာရိုက်တယ် ဆိုတာ အင်တာတိန်းမန့် တစ်ခုပါမှ အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ်။ ကုန်ပစ္စည်းကို တအား ဇောင်းပေးတာမျိုး ဖြစ်မှာလည်း ကြောက်တယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်စိတ်ထဲမှာ ကိုယ့် ပရိသတ်ကိုပါ ထည့်ပြီးတော့ ရောင်းစား ရသလို တစ်ခါတလေ ခံစားရတယ်။ ဒါကြောင့် ငြင်းခဲ့တာ များပါတယ်။
မေး-ကြော်ငြာတွေ ရိုက်ခဲ့တဲ့ အတွေ့အကြုံ အရ ကြော်ငြာ တစ်ခုပေါက်ခြင်း၊ မပေါက် ခြင်းအပေါ် ဘယ်လို သုံးသပ်မိသလဲ။
ဖြေ-ကျွန်တော်တို့ မြန်မာပြည် အနေအထား နဲ့ကတော့ ပေါက်အောင် ဆိုတာကတော့ လွယ်ပါတယ်။ ဘယ်လိုနည်း နဲ့ပေါက်မလဲဆို တာကတော့ ခက်တာပေါ့။ အဆင့် အတန်း တစ်ခုခုနဲ့ ဥာဏ်ရည်တစ်ခုခု Level တစ်ခုခုမှာ ပေါက်အောင် လုပ်ဖို့ ဆိုတာကတော့ ခက်တယ်။ ကျွန်တ်ာတို့က ကျွန်တော်တို့ အသက်အရွယ် နဲ့တော့ စဉ်းစား ရတာပေါ့။ အဓိကကတော့ ဒါရိုက်တာ မွေးရမယ် ထင်တာပဲလေ။ ဒါရိုက်တာ ကတော့ သူလည်း ပေါက်ချင်တော့ ဇွတ်ရိုက်မယ့် ဒါရိုက်တာနဲ့ မတွေ့ဖို့တော့ လိုတာပေါ့။ ဒါရိုက်တာ ကလည်း သူ့နာမည် ကျန်အောင်လုပ်မယ့် ဒါရိုက်တာမျိုး လည်း လိုမယ် ထင်ပါတယ်။


လင်းအက္ခရာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။