Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

ဒေါက်ဖိနပ် ဒုက္ခ


Shopping Malls တွေဆီ တစ်နေ့ လောက် အချိန်ပေး လျှောက်ပြီး လှည့်လည် ကြည့်ပါ။
ကြည့်စရာ၊ ရှုစရာ၊ ဝယ်ချင်စရာတွေက များ၊ ရွေးချယ်စရာ တွေ၊ နှိုင်းယှဉ်စရာတွေ ကလည်း တစ်ပုံတစ်ပင်မို့ ခြေတိုအောင် လျှောက်ရပါတယ်။ အဲဒီလို လျှောက်ရ တဲ့အခါ စီးထားတဲ့ ဖိနပ်က ခွာသေး သေး ဒေါက်မြင့်မြင့် ရှူးဖိနပ် ဖြစ်ခဲ့ရင် ခြေချောင်းလေး တွေခမျာ တစ်နေ့တာ ဈေးလျှောက်ကြည့် နေရတဲ့ အချိန် နာရီအတော အတွင်းမှာ လေငတ်ချွေး စိုပြီး ဘယ်မျှ လောက် ပင်ပန်းလိုက် မလဲဆိုတာ တွေးရုံဖြင့် သနားစရာ ပါပဲ။ ဒီတစ်ပတ်တော့ ဆယ်ကျော် သက်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဒေါက်မြင့်ဖိနပ်တွေရဲ့ ပြဿနာကို ဖော်ပြလိုပါတယ်။
ဘယ်လောက်မြင့်တာကို ဒေါက်မြင့် လို့ ခေါ်တာလဲ
၂ လက်မ လောက် ခွာမြင့်၊ ခုံမြင့်ထား ပြီဆိုရင် ဒေါက်မြင့်လို့ ပြော နိုင်ပါပြီ။ အားလုံး သတိပြု မိလာတဲ့ အတိုင်း ဒီခေတ်မှာ ၅ လက်မကနေ ၈ လက်မ အထိမြင့်တဲ့ ဒေါက်ကြီးတွေကို စီးလာကြတာကတော့ ရုပ်ရှင်မင်းသမီး တွေ၊ မော်ဒယ်လ်တွေ၊ အဆိုတော် တွေစတဲ့ လူသိများ ကျော်ကြားသူ တွေ ပါပဲ။ သူတို့က ရုပ်ရှင်ထဲမှာ ခေတ္တ ခဏ သရုပ်ဆောင်ရတာ၊ စတေ့ခ်ျပေါ်မှာ ၅ မိနစ်စာ သီချင်း ဆိုရတာ၊ လမ်း လျှောက်ရ တာမို့ ဟန်လုပ်ပြီး စီးပြနိုင် ပေမယ့် တကယ့်အပြင်လောကမှာ ၂ လက်မ လောက်မြင့်တဲ့ ဖိနပ်ကိုတောင် မနည်း ထိန်းစီးပြီး လမ်းလျှောက် ရတာမို့ ကြာရှည်မှာ ခြေထောက်လေး တွေ အရမ်း ပင်ပန်းလွန်း ပါတယ်။
မိမိနဲ့ သင့်တော်တဲ့ ဒေါက်ဖိနပ်ကို ဘယ်လိုရွေးချယ်မလဲ
ယခုအခါမှာ ဖိနပ်ရောင်း တဲ့ ဆိုင်တွေ အများကြီး တိုးလာပါပြီ။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို အရင်ရွေးပြီး မိမိခြေထောက် မှာ စွပ်ကြည့်ပါ။ တော်၏၊ မတော်၏၊ မကျပ်၊ မချောင်၊ အနေတော်ရှိရဲ့ လား ပထမဦးဆုံး စစ်ဆေးပါ။ ခြေ ထောက်က ဖိနပ်ထဲကို အတင်းထိုး သွင်း ဝင်နေရတာမျိုး ဆိုရင် ရပ်လိုက် ပါ။ ဆက် မကြိုးစားပါနှင့်။ တချို့သော ဆယ်ကျော်သက် များက ဒီဇိုင်းကြိုက် တာနှင့်ပင် တော်၏ မတော်၏ မစဉ်း စား "ကျပ်ချင် ကျပ်ပါစေ၊ စီးရင်း ချောင်လာလိမ့်မယ်" ဆိုပြီး ဖနောင့် ထွက် နေတာမျိုးကိုပင် ဝယ်ယူအား ပေးတာ တွေ့ရပါတယ်။ ဒါလည်း မဖြစ်သင့်ပါ။ တချို့ဖိနပ်များက အရှည်အတော် ဖြစ်ပေမယ့် အပြား သေးပြန်တော့ ခြေဖဝါး အပြန့်ကြီးတဲ့ သူများဆိုရင် မိမိ ခြေဖဝါးနှင့် မကိုက်ဖြစ်ကာ ခြေချောင်း လေးတွေ ပွန်းမိ တိုက်မိ ဖြစ်တတ်ပါ သေးတယ်။ ဒါကြောင့် ခြေဖဝါး အကျယ်ရော၊ အရှည်ရော နှစ်မျိုး စလုံး သင့်တော်ဖို့ အရေးကြီးတယ်။ ဒီဇိုင်းလှ ရုံဖြင့် မပြီးသေး ဘဲ သင့်တော် ရဲ့လား၊ ဖိနပ်ကိုစီးပြီး နေရထိုင်ရ ကောင်းရဲ့လား ဆိုတာကိုပါ သိရအောင် လမ်းလျှောက်ကြည့်ပါ။ လမ်းလျှောက် ကြည့်မှ ပိုသိပါလိမ့်မယ်။
ဖိနပ် သို့မဟုတ် ရှူး ဖိနပ် ကျပ်ရင် ပြသနာရှိတတ်သလား
အမှန်ပါပဲ။
ရှူးဖိနပ် ကျပ်ရင် မစီး ပါနှင့်။ အလုံပိတ် အုပ်ထားတဲ့ ဖိနပ် တွေဟာ စီးရတာ ကျပ်နေရင်၊ ခြေထောက် အရွယ်အစားက ကြီးပြီး ရှူးဖိနပ်ဆိုဒ်က အရွယ်အစား သေး နေတယ်ဆိုရင် ကြာရှည်မှာခြေချောင်း လေးတွေ အထူးသဖြင့် နံပါတ်သုံးနဲ့ လေး ခြေချောင်း အကြားရှိ အာရုံ ကြော တစ်ချောင်းရဲ့ ပတ်ပတ်လည်မှ တစ်သျှူးတွေ ထူလာတတ် ပါတယ်။ အဲဒီအခါ မျိုးမှာ အသားမာလို ခြေဖဝါး ကို မြေပေါ် ချလိုက်တိုင်း နာစေတော့ တာပါပဲ။ ပြီးရင် ခြေချောင်းလေး တွေ ပုံမမှန် အနေအထား ပျက်လာစေ တယ်။ မလှတော့ပါဘူး။ ကြာရင် ကျန်းမာရေး ပြဿနာ ဖြစ်လာ တတ်တယ်။
ကိုယ်ဝန်ဆောင် ချိန်မှာရော ဒေါက်ဖိနပ် စီးသင့် ပါသလား။
လဲမှာပြုမှာ စိုးရိမ်သူ တွေကတော့ ကိုယ်ဝန်ဆောင် ချိန်မှာ အထူး သတိ ထားပြီး ဖိနပ်ကို ရွေးချယ် စီးလေ့ရှိ တယ်။ ဒါပေမယ့် တချို့ မကဲလေး တွေ က ဒေါက်ကြီးတွေနဲ့ စတိုင်လ်ထုတ် ချင်ကြပြန်တယ်။ အမှန်တော့ ကိုယ်ဝန် ရင့်လာတာနဲ့ အမျှ ကိုယ် အလေးချိန် လည်း တိုးလာတယ်။ ဟော်မုန်းတွေ လည်း ပိုထွက်တယ်။ ဒါကြောင့် ကိုယ် ဝန်ဆောင် အမျိုးသမီးလေး တွေဟာ ခြေချောင်းလေး တွေ ပိုပြီး ကြီးလာ၊ တုတ် လာတာမျိုး သတိပြု မိကြလိမ့် မယ်။ တချို့ဆိုရင် ခြေထောက်တွေ ဖောလာ၊ ရောင်လာ ပြန်တယ်။ အဲဒီ လို အခြေအနေ မျိုး မှာ အရင်က စီးခဲ့တဲ့ ဖိနပ်တွေကို ခေတ္တ သိမ်းထား၊ ဘေး ဖယ် ထားပါ။ ခပ်ချောင်ချောင်၊ ခပ် ကြီးကြီး နိမ့်နိမ့် ဖိနပ်မျိုး လောက်သာ စီးသင့်ပါတယ်။
ဒေါက်မြင့်မြင့်ကြီး စီးတာကြာရင် ဘာဖြစ် စေနိုင် ပါသလဲ။
ခြေဖဝါး တိုင်းမှာ အခုံး (Arch) တွေရှိပါတယ်။ ချွင်းချက် အနေနဲ့ တချို့မှာ ၄င်းခြေဖဝါး အခုံးမရှိ တတ် ပါ။ ခြေအပြား ကြီးမို့ ကြာရှည် လမ်းများ များ မလျှောက် လှမ်းနိုင်ပါ။ ခြေ အခုံးရှိတဲ့သူတွေမှာလည်း ဒေါက် မြင့်မြင့်ကြီး တွေစီးတာ နှစ်ကြာလာရင် ထို အခုံးတွေက ခန္ဓာကိုယ် အလေးချိန် ကြီးရဲ့ မျှခြေကို မထိန်းနိုင်တော့ ပျက် သွားတတ် တယ်။ အဲဒီတော့ ကြာကြာ မရပ်နိုင်ဘူးပေါ့။ ဒါကြောင့် ပေါ့ပေါ့ပါးပါး သွားလာ လှုပ်ရှားဖို့ ဆိုရင် ခြေညှပ်ဖိနပ်ဟာ အသင့်လျော် ဆုံးဖြစ်ပြီး တစ်ခါတလေ ပွဲရှိရင် စီးရမယ့် ဒေါက်ကိုလည်း မိမိ ခန္ဓာကိုယ် အလေးချိန်နဲ့ ချိန်ကိုက်ပြီး အထက်မှာ ဖော်ပြခဲ့သလို ရွေးချယ် ဝယ်ယူ ဝတ်ဆင် သင့်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။