Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

စားအုန်းဆီနှင့် ကျန်းမာရေး

07 November 2012 |
By 7Day News
စားအုန်းဆီနှင့် ကျန်းမာရေးပြည့်ဝဆီဖြစ်သော စားအုန်းဆီသည် ကျန်းမာရေး အတွက် မသင့် တော်ကြောင်း လူတိုင်း သိ ရှိကြသည်။ သို့သော် ထိုမသင့်တော်သော စားအုန်းဆီ ကိုသာ လူအများစု စားသုံးနေကြရပြီး လိုအပ်သည်ထက် ပို၍ကျန်းမာရေး မထိခိုက်စေရန်သာ မိမိကိုယ်မိမိ ဂရုပြုကြရ မည်ဖြစ်သည်။ ပြည်တွင်း အတွက် တစ်လလျှင် စားအုန်းဆီတန်ချိန် နှစ်သောင်းခွဲမှ သုံးသောင်းခွဲအထိ တင်သွင်းရပြီး အခြားနိုင်ငံများနည်းတူ ကမ္ဘာ့စားအုန်း စိုက်ပျိုးရောင်းချမှု အများဆုံးဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းနေသည်။ ထို့ပြင် စားအုန်းဆီနှင့် အခြားဆီများကို အိန္ဒိယ၊ တရုတ်၊ အီးယူ အပါအ၀င် နိုင်ငံတော်တော်များများကလည်း တင်သွင်းအသုံးပြုနေကြရသည်။ စားအုန်းဆီသည် မြန်မာလူထုတိုင်း မဖြစ်မနေ အသုံးပြုနေသည့် အရာဖြစ်ပြီး ယခင်အစိုးရလက်ထက်က စားအုန်းဆီတင်သွင်းမှုအား ကုမ္ပဏီတစ်ခုတည်းကသာ လုပ်ကိုင်ပြီး ထိုကုမ္ပဏီမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခဲ့သည်။
စားအုန်းဆီသည် အဆင့်ဆင့်သန့်စင်သည့် အခြေအနေပေါ်မူတည်ပြီး အတန်းအစားနှင့် ဈေးနှုန်းသတ်မှတ်ချက်များရှိရာ အစိုးရလက်ထက်တွင် ပိုမိုအရည်အသွေးကောင်းမွန်သည့် ဆီများတင်သွင်းနိုင်ရန် စားအုန်းဆီတွင်ပါဝင်သည့် ပစ္စည်းများ၏ သတ်မှတ်ချက်များ ပိုမိုတိုးမြှင့်လိုက်ကြောင်း ဆီတင်သွင်းသည့် ကုမ္ပဏီများကပြောသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်မှစ၍ တစ်ဦးတည်းတင်သွင်းခွင့်မပြုတော့ဘဲ စားအုန်းဆီတင်သွင်းချင်သည့် ကုမ္ပဏီများအား အများပိုင်ခွင့်ပြုပေးခဲ့ရာ ယခုအချိန်တွင် ကုမ္ပဏီ ၁၅ ခုခန့်က တင်သွင်းရောင်းချနေပြီး ယခင်က စားအုန်းဆီထက် အရည်အသွေးပိုင်းဆိုင်ရာများ တိုးတက်လာကြောင်း ဆီလုပ်ငန်းဆိုင်ရာလုပ်ငန်းရှင်များက ပြောကြားကြသည်။ “အရင်တုန်းက ဆီကတော့ ရိုးရိုးကြည့်လိုက်တာနဲ့ကို အရောင်ကသိသာတယ်။ စစ်စရာမလိုဘူး။ အညံ့တွေများနေတယ်။ အခုကတော့ မတူတော့ဘူး။ အများတင်သွင်းခွင့်လည်း ပေးထားတော့ ပိုကောင်းလာတယ်”ဟု ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီများအား လစဉ်ဓာတ်ခွဲစစ်ဆေးနေသည့် ဆီလုပ်ငန်းရှင်ဦးခင်စိုးကပြောသည်။
ယခုဈေးကွက်အတွင်း တင်သွင်းဖြန့်ချိနေသည့် စားအုန်းဆီတွင် ယခင်က မှုန်ဝါးနှုန်း (Cloud Point) ၁၀ ဒီဂရီစင်တီဂရိတ်မှ ယခု ၈ ဒီဂရီစင်တီဂရိတ်အထိ သတ်မှတ်ထားသည့်အတွက် ပိုမိုကြည်လင်လာသည့်အပြင် ခဲသည့်အပူချိန်သတ်မှတ်ချက်ကိုလည်း မြင့်ထားသည့်အတွက် ယခင်ခဲသည့်အပူချိန်တွင် အလွယ်တကူ မခဲနိုင်ကြောင်းသိရသည်။ “အရင်ကသွင်းခဲ့တဲ့ စားအုန်းဆီထက် အခုသွင်းနေတဲ့ စားအုန်းဆီက တစ်တန်ကို ဒေါ်လာ ၂၀ ကနေ ၂၅ လောက်အထိ ကွာတယ်။ ဈေးကွာတဲ့အတွက် ပိုအဆင့်ဆင့် သန့်စင်ထားတဲ့ဆီတော့ ဖြစ်တာပေါ့”ဟု စားအုန်းဆီတင်သွင်းနေသည့် Wilmar Trading Pte Ltd. မှ ဦးထွန်းမြင့်ကပြောသည်။ “ဒါပေမဲ့ အဲဒါက အမြင်တစ်ခုပါပဲ။ အရင်ထက် ပိုကြည်တယ်။ လွယ်လွယ်နဲ့ မခဲတော့ဘူးပေါ့။ အထဲမှာပါတဲ့ အရာတွေကတော့ မပြောင်းလဲပါဘူး”ဟု ဦးထွန်းမြင့်ကဆက်လက်ပြောသည်။ စားအုန်းဆီသည် ခန္ခာကိုယ်အတွင်း ပမာဏများစွာ ရောက်ရှိသွားသည့်အခါ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းဖြစ်ပွားမှုကို များစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများကဆိုပြီး ကိုလက်စထရောလ်များခြင်း စသည့်ရောဂါများလည်း ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
သင့်တော်အောင် စနစ်တကျ သန့်စင်ထုတ်လုပ်ထားသော စံချိန်မီစားအုန်းဆီများတွင်ပင် ပြည့်ဝဆီပါဝင်မှုအတွက် အန္တရာယ်ရှိသော အခြေအနေတွင် အရောအနှောမကင်း၊ စံချိန်မမီစားအုန်းဆီများက နဂိုအခြေအနေထက် ပိုမိုဆိုးဝါးစေမည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာနေ၀င်းကပြောသည်။ အဆီသည် ခန္ခာကိုယ်ဇီဝကမ္မ ဖြစ်စဉ်များအတွက် လိုအပ်သော အဓိကအာဟာရကြီး သုံးခုအနက် တစ်ခုဖြစ်သည်။ အဆီသည် ခန္ခာကိုယ်အတွက် အားအင်(ကယ်လိုရီ)ကိုပေးပြီး မရှိမဖြစ်ဟော်မုန်းများ ထုတ်လုပ်ရန်နှင့် ဆဲလ်နံရံများ တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည်။ ထိုသို့မဖြစ်မနေ အသုံးပြုရသည့် ဆီသည် ပုံမှန်ထက်များပြားခြင်း၊ ခန္ခာကိုယ်အတွက် အန္တရာယ်ဖြစ်စေသည့်အရာများ ပါဝင်မှုများပြားခြင်းမှ တစ်ဆင့် နောက်ဆက် တွဲရောဂါများ ဖြစ်ပွားစေသည့်အတွက် ဂရုပြုစားသုံးကြရန် သတိပေးခြင်း များ ဆောင် ရွက်နေခြင်းဖြစ်သည်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာခြင်းသည် ကိုလက်စထရောလ်နှင့် ပြည့်ဝဆီတို့သည် သွေးတွင်းရှိ မကောင်းသော အဆီပမာဏကို မြင့်တက်စေပြီး မပြည့်ဝဆီ အမျိုးအစားသည် ထိုအဆီပမာဏကို လျော့နည်းစေခြင်းဖြစ်၍ ပြည့်ဝဆီသည် ကျန်းမာရေးအတွက်မကောင်းဘဲ မပြည့်ဝဆီသည် ကျန်းမာရေးအတွက် ကောင်းမွန်သည်ဟု ဆိုခြင်းဖြစ်ကြောင်း ဒေါက်တာနေ၀င်းကပြောသည်။ စားသုံးဆီတွင် ဓာတုဗေဒဖွဲ့စည်းပုံပေါ် မူတည်ပြီး အပူချိန်တစ်ခုတွင် ခဲလွယ်သည့် ပြည့်ဝဆီနှင့် အခန်းအပူချိန်တွင် ခဲလေ့မရှိသည့် မပြည့်ဝဆီတို့ရှိပြီး ကျန်းမာရေးအတွက် သင့်တော်သည့် မပြည့်ဝဆီအမျိုးအစားထဲတွင် ပါဝင်သည့် ပဲဆီသည် ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချနိုင်သော်လည်း ဈေးနှုန်းချိုသာသည့် စားအုန်းဆီဈေးကွက်အား လုံးဝမတိုးနိုင်သည့်အတွက် ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများမှာ ရပ်ဆိုင်းလုနီးပါးအထိ ဖြစ်နေသည်မှာ နှစ်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
စားအုန်းဆီဈေး သက်သာခြင်းသည် ၀ယ်လိုအားမြင့်စေရန်အတွက် အဓိကဆွဲဆောင်မှုတစ်ရပ်လည်းဖြစ်ပြီး ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီနှင့် ပြည်တွင်းရှိ ပဲဆီဈေးနှုန်းသည် နှစ်ဆမှသုံးဆအထိ ကွာခြားနေသည့်အပြင် စားအုန်းဆီသည် အကြော်ခံခြင်း၊ ရေရှည် အသုံးခံခြင်းများကြောင့် ပိုမိုလူကြိုက်များသည်။ ပြည်တွင်းရှိ ပဲဆီနှုန်းမြင့်မားနေသည့်အတွက် လက်လှမ်းမီသည့်သူ အလွန်နည်းပါးပြီး ပဲဆီအား ပိုမိုလက်လှမ်းနိုင်ရန် ဈေးနှုန်းကွာဟချက် နည်းပါးအောင် ဆောင်ရွက်ခြင်းသည်လည်း နည်းလမ်းတစ်ခုဖြစ်နိုင်ကြောင်း ဧရာဝတီမြေပဲဆီမှ ဦးခင်စိုးကပြောသည်။ “အခုအချိန်မှာ ဈေးနှုန်းချရောင်းတယ်ဆိုရင်တောင် ကုန်ကြမ်းဝယ်ရတဲ့အနေအထားအရ ဘယ်လိုမှ ကွာခြားချက် ငါးရာ၊ တစ်ထောင်အထိတောင် ချလို့မရဘူးဖြစ်နေတယ်။ အဲဒီတော့ ပဲဆီကို ဈေးလည်းသက်သာ ကိုယ့်အတွက်လည်းကျန်အောင် ပဲဆီနဲ့စား အုန်းဆီနဲ့ ရောရောင်းရတာတွေလည်း ရှိတယ်”ဟု မြေပဲဆီရောင်းချသူတစ်ဦးက သူ၏အခက်အခဲကိုပြောသည်။
နိုင်ငံအများအပြားတွင် စားအုန်းဆီသုံးစွဲနေကြသော်လည်း ပြည်တွင်းတွင် တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက်လာသည့် မည်သည့်ဆီအမျိုးအစားနှင့်မျှ ကိုက်ညီမှုမရှိသည့် ဆီအရောများအား ပြန်လည်ပြုပြင်ထားသောဆီများ ၀င်ရောက်နေခြင်းများကြောင့် ယခင်ကတည်းက ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့်အခြေအနေတွင် ပိုမိုဆိုးရွားသော ကျန်းမာရေးပြဿနာများ တိုးပွားလာနိုင်သည့်အတွက် တိကျသော စစ်ဆေးအရေးယူမှုများဖြင့် ကာကွယ်တားဆီးရမည့်အခြေအနေဖြစ်သည်။ ပုံမှန်ဝင်ငွေရှိသူ များအတွက် ဈေးသက်သက် သာသာဖြင့်ရနိုင်သော၊ တွက်ခြေကိုက်စေသော၊ ဈေးသက်သာသည့် အရာများအား သဘောကျသော်လည်း သတိရှိရှိ၊ ဆင်ဆင်ခြင်ခြင်ဖြင့် စားသုံးကြရန် ဒေါက်တာနေ၀င်းကပြောသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။