Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 11, 2012

Athen History အေသင်သမိုင်း အပိုင်း(၁+၂)

အေသင်မြို့ နိုင်ငံ မှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက် လာပုံ သမိုင်းအကျဉ်း
အပိုင်း(၁)
နိဒါန်း။ အေသင် ကို တကြော့ ပြန်လှည့် ကြည့်ကြ ရအောင်
(၂၁) ရာစု အစပိုင်း ကာလ၊ ကမ္ဘာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေရဲ့ အ၀န်းအ၀ိုင်ထဲမှာ ကျွန်တော်တို့နိုင်ငံဟာလဲ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ နဲ့ ဒေသဆိုင်ရာ အင်အားကြီး နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ တရုတ်၊ အန္ဒိယ၊ အာဆီယံ အစရှိသည်တို့ရဲ့ အထူးအာရုံစိုက် ခံရတဲ့ နိုင်ငံတခုဖြစ်လာပါတယ်။ ကမ္ဘာ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ ခေါ် ပြည်သူ့အာဏာ ကို တက်ခ်နိုလိုဂျီ နည်းပညာသစ် တွေရဲ့ အကူအညီနဲ့ ကမ္ဘာမှုပြုလာကြတဲ့ အခု (globalization of peoples power) လို အချိန် ကာလ မှာ လေးစားရ ပါသော ကျွန်တော် များ Vansangva စာဖတ်ပရိသတ်တွေ နဲ့ သောတရှင် များကို ကမ္ဘာ့ဒီမိုကရေစီ စတင်ပေါက်ဖွားရာဖြစ်တဲ့ ဟိုး လွန်ခဲ့တဲ့ အနှစ်ပေါင်း ၂၅၀၀ က ဂရိခေါမ ဂန္တ၀င်သမိုင်းထဲ က အေသင် ဆိုတဲ့ မြို့ နိုင်ငံလေးဆီ ကို အာရုံပြောင်း ခေါ်ဆောင် သွားချင်ပါတယ်။
အခုလို (၂၁) ရာစုခေတ်ထဲကိုကျွန်တော်တို့ချည်းနင်းဝင်ရောက်နေပြီး လူသားမျိုးဆက်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ဟာလည်း အထွတ် အထိပ် ကို ရောက်နေချိန်မှာ ဘာဖြစ်လို့ မွေးကင်းစ (သို့မဟုတ်) ဒီမိုကရေစီရဲ့ သန္ဓေသား ရေမွှာ အဆင့် လို့ တောင်ပြောလို့ ရတဲ့ ရှေးကျပြီး နုနယ်တဲ့ အေသင် ရဲ့ တိုက်ရိုက် ဒီမိုကရေစီ စနစ် ပေါ်ထွန်းလာပုံ သမိုင်းကြောင်းတွေကို အာရုံစိုက် ပြီးပြန်လည် မီးမောင်းထိုးပြရသလဲ ဆိုတာကိုတော့ ဒီဆွေးနွေးခန်းရဲ့ နိဂုံး မှာ အကျယ်တဝင့် တင်ပြဆွေးနွေး သွားမှာ ဖြစ်ပါ တယ်။
အေသင်မြို့နိုင်ငံ နဲ့ လူထုပါဝင်တဲ့ ဒီမိုကရေစီ
ဘီစီ ၅၀၄ လောက်မှာပေါ်ပေါက်ခဲ့တဲ့ ဂရိ ခေါမ နိုင်ငံ က အေသင်မြို့ရဲ့ တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟာ နိုင်ငံသား လို့ အသတ်မှတ် ခံရတဲ့ လူထုလူတန်းစားတရပ်လုံး ကျယ်ကျယ် ပြန့်ပြန့် ပါဝင်တဲ့ ဒီမိုကရေစီ (participatory democracy) စနစ်ဖြစ်တယ်။ တနည်းပြော ရရင် မြို့နိုင်ငံတခုလုံးရဲ့ အရေးကိစ္စ တွေနဲ့ ပတ်သက်လာရင် အသက်ပြည့်ပြီး လွတ်လပ်တဲ့ ယောက်ျား ဖြစ်သူ နိုင်ငံသားတိုင်း ဟာ မြို့လုံး ကျွတ် ညီလာခံမှာ ကျယ်ကျယ်ပြန့်ပြန့် ညီတူမျှတူ လွတ်လွတ်လပ်လပ် ပါဝင်ဆွေးနွေး ငြင်းခုံခွင့်၊ မဲပေးပိုင်ခွင့် တွေရှိကြပါတယ်။
အေသင် မြို့ နိုင်ငံရဲ့ နိုင်ငံရေး တည်ဆောက်ပုံ
အေသင် မြို့နိုင်ငံရဲ့ တိုက်ရိုက် ဒီမိုကရေစီစနစ်အောက်မှာ နိုင်ငံရေး တည်ဆောက်ပုံ political structure ကို လိုရင်းတိုရှင်း ဖေါ်ပြရမယ် ဆိုရင် ၊၊၊၊၊၊၊

(၁) တနှစ် တကြိမ် မဲစနစ်နဲ့ အလှည့်ကျ ရွေးကောက်ခံရတဲ့ လူ ၅၀၀ ပါဝင်တဲ့ မြို့ကောင်စီ က နိစ္စဓူဝ နိုင်ငံ့ အရေးတွေကို တာဝန်ယူ ထမ်းဆောင် ရပါတယ်။ သူတို့ကို လခ ပေးထားတယ်။ ဒီတော့ နိုင်ငံသားတိုင်းဟာ သူ့တသက်မှာ အနည်းဆုံး တခါတော့ တနှစ် သက်တမ်းရှိပြီး လူ ၅၀၀ ပါဝင်တဲ့ မြို့ကောင်စီ (တနည်းအားဖြင့် အေသင်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်လို့ပဲ ဆိုကြပါဆို့) အဲဒီမှာ ပါဝင် ထမ်း ဆောင်ဖို့ အခွင့်အလမ်းရှိကြတယ်။
(၂) အဲဒီ ကောင်စီကပဲ တမြို့သားလုံးပါဝင်တက်ရောက်ရတဲ့ မြို့လုံးကျွတ် ညီလာခံ ကို တနှစ်ကို (၄) ကြိမ် ခေါ်ယူကျင်းပ ပေးရတယ်။ ဒီမြို့လုံးကျွတ် ညီလာခံကတော့ ဒီနေ့ ခေတ် အခေါ်နဲ့ဆိုရင် အေသင်ရဲ့ ဥပဒေပြု မဏ္ဍိုင်ဆိုပါစို့။
(၃) မှုခင်းတွေကြားနာ စစ်ဆေးဖို့နဲ့ တရားစီရင်မှုကို ဂျူရီလူကြီး အယောက် ၂၀၀ ကို နိုင်ငံသားထဲကနေ မဲစနစ် နဲ့ အလွတ်ရွေးပြီး ကြားနာ၊ စစ်ဆေး၊ စီရင်စေပါတယ်။ အေသင် ရဲ့တရားရေးမဏ္ဍိုင်လို့လဲဆိုနိုင်ပါတယ်။
(၄) အသက်ပြည့် သူ နိုင်ငံသား (ယောက်ျားး) တိုင်း လူတိုင်းစေ့ဟာ အေသင်မြို့နိုင်ငံရဲ့ နိုင်ငံရေး ဘဝမှာ တနည်း မဟုတ် တနည်း ပါဝင်ခွင့်ရှိတယ်။ ချမ်းသာတာ ဆင်းရဲတာ စတဲ့လူတန်းစားကွဲပြားမှုတွေ၊ မျိုးနွယ်စုမတူတာတွေ၊ ဒေသ ကွဲပြားတာတွေ စတဲ့ မတူညီမှု ကွဲပြားခြားနားမှု တံတိုင်းတွေ က ဘယ်သူ့ အခွင့်အရေးကိုမှ ဟန့်တား ထားတာမရှိဘူး။
(၅) အစိုးရ ဆိုတာမရှိဘူး၊ ပြည်သူတွေကပဲ နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်တယ်။
ပိုမိုပြီး ရှင်းအောင် အောက်ပါ ဒိုင်ယာဂရမ်လေးနဲ့ လည်းထပ်မံ ဖေါ်ပြပေးလိုက်ပါတယ်။

ဒီတော့ ဒီဒိုင်ယာဂရမ် ကိုကြည့်ရင် အေသင်မှာ ပြည်သူက နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်တယ်။ အစိုးရဆိုတာမရှိဘူး။ ဆိုလိုတာကတော့ လယ်သမားတွေ၊ တံငါသည်တွေ၊ အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေ၊ ကုန်သွယ်ကူးသန်းရောင်းဝယ်တဲ့ သူတွေ၊ ပညာရှင်တွေ၊ ပညာတတ်တွေ၊ အနုပညာသည်တွေ၊ စစ်သည်တွေ စသည်ဖြင့် နိုင်ငံသားအားလုံးဟာ အေသင်မြို့နိုင်ငံရဲ့ နိုင်ငံရေးဘဝမှာ အပြည့်အဝ ပါဝင် ခွင့်ရှိကြတာဖြစ်ပါတယ်။ တနည်းပြောရရင် အာဏာရှင်မရှိဘူး၊ မင်းစိုး မင်းညစ် မရှိဘူး။ ဒီတော့ နိုင်ငံသားတိုင်းဟာ လွတ်လပ်မှု ကို အပြည့်အဝ ခံစားကြရတယ်။ နိုင်ငံသားတိုင်းက အေသင်နိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်တယ် ဆိုတာကို အတူတကွ ဥပဒေပြုခွင့် ရှိကြတယ်။ နိုင်ငံသားတိုင်းမှာ ညီတူညီမျှ မဲတမဲဆီ ပိုင်ဆိုင်ကြတယ်။ တန်းတူမှု ဆိုတာ ရှိနေတယ်။ အများစု ရဲ့ဆန္ဒ အတိုင်း နိုင်ငံ့ အရေးကို ပုံဖေါ်ကြရတယ်။ အေသင် နိုင်ငံသားများ ရဲ့ တန်းတူမှု နဲ့ လွတ်လပ်မှု ဆိုတာတွေကို အဲဒီ အေသင်နိုင်ငံရဲ့ နိုင်ငံရေး တည်ဆောက်ပုံ political structure က အပြည့်အဝ အာမခံထားတာဖြစ်တယ်။ လူတိုင်းက သူပြဋ္ဌာန်းချင်တဲ့ ဥပဒေ တရပ်ကို အဆိုတင်သွင်းနိုင်တယ်။ ဘီစီ ၅၁၀ မှာ စတင်ခဲ့တဲ့ အေသင်ရဲ့ ဒီမိုကရေစီစနစ်ဟာ အောင်မြင်မှု ရလာတာနဲ့ အမျှ တခြား ဂရိ မြို့နိုင်ငံတွေကပါ အတုယူလာကြပြီး ဒီမိုကရေစီ စနစ်ဟာ ဂရိနိုင်ငံ တဝှမ်းကို ကူးဆက်ပြန့်နှံ့လာပါတော့တယ်။
ရှေးဦး အေသင်ရဲ့ ဒီမိုကရေစီ စနစ် အောက်မှာ ရှိတဲ့ မြို့လုံးကျွတ်ညီလာခံ ဟာ ဒီနေ့ခေတ် ကိုယ်စားပြု ဒီမိုကရေစီ ရဲ့ ဥပဒေပြု အဖွဲ့ (လွှတ်တော်) နဲ့ သဘောအားဖြင့် တူညီပါတယ်၊ ရှေးဦးအေသင် ရဲ့ လူ ၅၀၀ ပါဝင်တဲ့ ကောင်စီ ရဲ့ အလုပ် တာဝန်တွေ ကတော့ ဒီနေ့ခေတ် ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် နဲ့သဘောအားဖြင့် တူညီနေပါတယ်။ လူ ၂၀၀ ပါဝင်တဲ့ ခုန်ရုံးကတော့ ဒီနေ့ခေတ် မှာ ကျွန်တော်တို့ နားလည်တဲ့ တရားရေးအဖွဲ့ပါပဲ။
အဲဒီခေတ်မှာ အဲဒီကာလ ဂရီနိုင်ငံတဝှမ်းမှာ အေသင်နဲ့ စာရင် တခြား မြို့နိုင်ငံတွေက သူတို့ရဲ့ နိုင်ငံရေး ဘဝတွေမှာ နိုင်ငံသားပါဝင်မှု အားနည်း နေတယ်။ ဘာလို့လဲဆိုတော့ အေသင်မှာလို လူတိုင်းစေ့ မဲပေးပိုင်ခွင့် မရှိပဲ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင် ချမ်းသာ ကြွယ်ဝတဲ့ လူတန်းစားတွေကသာ မဲပေးပိုင်ခွင့်ရှိကြတယ်။ အေသင်မှာတော့ အဲဒီလိုလူတန်းစားခွဲခြားမှုမရှိဘူး။ အဲဒီတော့ အများစုဖြစ်တဲ့ ဆင်းရဲသားတွေက အသာစီး ရတယ်လို့ တချို့ ဝေဖန်သူတွေ ဝေဖန်ကြပါတယ်။ ဝေဖန်ရေးသမား တချို့ ကဆိုရင် အေသင် ဒီမိုကရေစီဟာ အများစုကြီး ဖြစ်တဲ့ ဆင်းရဲသား တွေက ချယ်လှယ်နိုင်တာမို့ ပစ္စည်းမဲ့ အာဏာရှင်စနစ် ဖြစ်ပါ တယ်လို့ တောင် ပေါက်ပေါက် ရှာရှာ ဝေဖန်တာ တွေလည်းရှိပါတယ်။
ဒီနေ့ခေတ်လို တိုင်းနိုင်ငံကြီးတွေ ထူထောင်လာကြတဲ့ အချိန်မှာတော့ လူတိုင်းစေ့ ပါဝင်တဲ့ ညီလာခံကျင်းပဖို့ဆိုတာ လက်တွေ့ မကျတော့ပါဘူး။ အုပ်ချုပ်ရေးမှာရော တရားစီရင်ရေးမှာရော ပြည်သူတွေအားလုံး ပါဝင်လာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ ပြည်သူတွေက တိုင်းပြည်ကို အုပ်ချုပ်ဖို့ တိုင်းရေးပြည်ရေးတွေကို ဆောင်ရွက်ဖို့ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးပြီး အစိုးရ အဖွဲ့အစည်းတွေ ဖွဲ့ပေး လာရပါတယ်။ ဒိုင်ရာဂရမ် ရဲ့ ဒုတိယပုံ မှာဖေါ်ပြထားသလိုပဲ ပြည်သူဆိုတာ ဟာ ဒီနေ့ ခေတ်သစ် ဒီမိုကရေစီစနစ်အောက်မှာ အစိုးရ ဆိုတဲ့ အ၀န်းအ၀ိုင်းရဲ့ အပြင်ဖက် ကို ရောက်သွားကြပါတယ်။
ဒီနေ့ခေတ် အမြင်နဲ့ ကြည့်ရင် အေသင် ရဲ့ တိုက်ရိုက် ဒီမိုကရေစီ စနစ်ဟာ လစ်ဘရယ်လ် ဒီမိုကရေစီ လို့ပြောလို့ မရဘူး၊ ဘာလို့လည်း ဆိုတော့ အေသင် ရဲ့ နိုင်ငံသား သတ်မှတ်ချက်ထဲ မှာ အမျိုးသမီးတွေ၊ ကျွန်တွေ နဲ့ တနယ်တကျေးကနေ ပြောင်းရွေ့နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ပါဝင်ခွင့် မရှိဘူး။ သို့သော်ငြားလည်း အေသင်မြို့ရဲ့ အခြေခံ ဥပဒေ အရ နိုင်ငံသား အဖြစ် အသတ်မှတ် ခံရသူ ပြည်သူတိုင်းဟာ တန်းတူညီမျှ ကြတယ်၊ လွတ်လပ်ကြပါတယ်။ မြို့လုံးကျွတ်ညီလာခံမှာ မိမိရဲ့သဘောထားတွေကို လွတ်လွတ်လပ်လပ် တင်ပြပြောဆိ ဆွေးနွေးခွင့်ရှိတယ်။ ဆိုလိုတာက ဒီမိုကရေစီ အခွင့်အရေးကို ခံစားကြရတယ်။ တနည်းပြောရရင် အာဏာရှင် တဦးဦး ကဖြစ်စေ၊ လက်တစုပ်စာ လူ တစု ကဖြစ်စေ၊ လူမျိုး (သို့မဟုတ်) မျိုးနွယ် ကြီးတခုခု ကနေ လူလူချင်း သိက္ခာ မဲ့လောက် အောင် နိုင့်ထက်စီးနင်း ပြုကျင့်ပြီး တဖက်သတ် အမိန့်ပေး အုပ်ချုပ် တာမျိုး မရှိပါဘူး။
နောက်ပြီး သူတို့ တီထွင်လိုက်တဲ့ စနစ်မှာ အစိုးရ ဆိုတာ မရှိဘူး၊ အေသင်မြို့ နိုင်ငံတွင်း ဒေသရယ်၊ မျိုးနွယ်စုရယ်၊ လူတန်းစား ရယ် အမျိုးမျိုး ကွဲပြားကြသော်လည်းပဲ ဘယ်ဒေသ၊ ဘယ်မျိုးနွယ်စု၊ ဘယ်လူတန်းစား ကဖြစ်ဖြစ် နိုင်ငံသားတိုင်း တယောက်မကျန် ပါဝင်ပြီး ဒီမြို့နိုင်ငံလေးကို အလှည့်ကျ အုပ်ချုပ်သွားတာဖြစ်တယ်။ တနည်းပြောရရင် အေသင် မြို့ နိုင်ငံသားတိုင်းဟာ မြို့လုံးကျွတ် ညီလာခံကြီးမှာ မူတွေ၊ ဥပဒေ တွေကို တိုက်ရိုက်ပါဝင်၊ ဆုံးဖြတ်၊ ချမှတ်၊ ပြဋ္ဌာန်းတာဖြစ်တဲ့ အတွက် သူတို့ကျင့်သုံးတဲ့ ပြည်သူတွေ တိုက်ရိုက်အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို တိုက်ရိုက် ဒီမိုကရေစီ စနစ်လို့ ခေါ်တယ်။ ကမ္ဘာ့သမိုင်းမှာ ပထမဦးဆုံး အကြိမ် ပြည်သူအားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ် (participatory democracy) ပေါ်ထွန်း ခဲ့တာဖြစ်ပါတယ်။
ဒါဆိုရင် အဲဒီလောက်တောင်မှ တနိုင်ငံလုံး ထောင့်တိုင်းစေ့၊ လူတိုင်းမှာ နိုင်ငံ့ အာဏာကို ပိုင်ဆိုင်ကြပြီး လူတန်းစားမခွဲ၊ ဒေသ၊ မျိုးနွယ် မခွဲခြားပဲ တန်းတူမှုတွေ လွတ်လပ်မှုတွေကို အတူတကွ ခံစားကြရလောက်အောင် ကောင်းမွန်လှတဲ့ ဒီစနစ်ဟာ ဒီနေရာ ဒီဒေသ၊ ဒီကာလမှာ မှ ဘာကြောင့် ပေါ်ပေါက် ခဲ့တာလဲ? ဒီမိုကရေစီ ရေစီးကြောင်းတွေ အားကောင်းမောင်းသန်လာတဲ့ ဒီနေ့ခေတ် ကမ္ဘာသူ ကမ္ဘာသား တွေအတွက်ရော ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ အတွက်ပါ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ ဒီမေးခွန်းရဲ့အဖြေကို သိနိုင်အောင် ရှေးဟောင်း ဂရိခေါမ ရဲ့ ဂန္တဝင် သမိုင်းကို တစေ့တစောင်း ပြန်လှန် ကြည့်ကြရအောင်။
အပိုင်း (၂)
စစ်ပွဲ တွေ အတောမသတ်နိုင်ခဲ့တဲ့ ခေါမ ရဲ့ မြို့နိုင်ငံတွေ နဲ့ ဒီမိုကရေစီ ရေခံမြေခံ
ရှေးဟောင်း ဂရိ နိုင်ငံ မှာ သီးခြားလွတ်လပ်စွာ တည်ရှိတဲ့ မြို့နိုင်ငံပေါင်း ရာဂဏန်း နဲ့ ချီပြီးရှိခဲ့တယ်။ …… (ဆက်လက်တင်ပြသွားပါမည်)

အေသင်မြို့ နိုင်ငံ မှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက် လာပုံ သမိုင်းအကျဉ်း
အပိုင်း(၂)
စစ်ပွဲ တွေ အတောမသတ်နိုင်ခဲ့တဲ့ ခေါမ ရဲ့ မြို့နိုင်ငံတွေ နဲ့ ဒီမိုကရေစီ ရေခံမြေခံ
ရှေးဟောင်း ဂရိ နိုင်ငံ မှာ သီးခြားလွတ်လပ်စွာ တည်ရှိတဲ့ မြို့နိုင်ငံပေါင်း ရာဂဏန်း နဲ့ ချီပြီးရှိခဲ့တယ်။ အဲဒီ မြို့ နိုင်ငံတွေ ရဲ့ နိုင်ငံသား (မြို့သား) တွေဟာ မျိုးနွယ်စု တွေ နဲ့ ဖွဲ့စည်းထားကြပြီး သွေးသားအားဖြင့်နီးစပ်သူတွေဖြစ်တဲ့အတွက် တခြားမြို့ ကနေ ပြောင်းရွှေ့ နေ ထိုင် လာ ကြတဲ့ သူ တွေ နဲ့ ကျွန်တွေ ကို နိုင်ငံသားစာရင်းထဲ မှာထည့်လို့မရဘူး။ မိန်းမတွေကိုလည်း မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသား တွေ အဖြစ်မသတ်မှတ် ကြ ဘူး။ မြို့နိုင်ငံရဲ့ လူဦးရေ က ၂သိန်းခွဲ လောက်သာရှိ ပြီး နိုင်ငံသားလို့အသတ်မှတ်ခံရတာက သုံး သောင်း လောက်ပဲရှိတယ်။ တဦးနဲ့တဦး က ငယ်စဉ် ကလေး ဘ၀ ကစ ကစားဖေါ် ကစားဖက်တွေ၊ ကျောင်းနေဖက်တွေ ဖြစ်ကြတယ်။၊ ကြီးလာတဲ့အခါမှာလည်း မြို့ညီလာခံမှာ နိုင်ငံရေး ဆွေးနွေးဖက်တွေ၊ ငြင်းခုန်ဖက်၊ စကားစစ်ထိုးဖက်တွေ၊ စစ်ပွဲတွေရှိလာရင်လည်း တိုက်ဖေါ်၊ တိုက်ဖက် တွေဖြစ်ကြတယ်။ ဆိုလိုတာက နိုင်ငံသား တွေဟာ တဦးနဲ့ တဦး သိကြွမ်းကြတယ်။ သူတို့ဟာ မြို့ရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေမှာ တနည်းမဟုတ်တနည်း ပါဝင် ပတ်သက်ကြပြီး တဦးကို တဦး ရာထူး ခန့်အပ်တာ၊ ငြင်းပယ်တာ ကစ၊ နိုင်ငံရေး၊ စစ်ရေး၊ အနုပညာ အစရှတဲ့ ကိစ္စ အ၀၀ မှာ အမြဲ ထိတွေ့ကြတဲ့ အလျောက် ဒီမြို့ ရဲ့ ဈေးကွက်လပ် ဟာ အရေးပါအရာ ရောက်တဲ့ လူထုဆွေး နွေး ၀ိုင်းတွေ ကျင်းပရာ၊ နိုင်ငံရေး၊ လူမှုရေး အသိပညာ တွေ ဖလှယ်ရာ၊ မြှင့်တင်ရာ၊ ရှင်သန် ဖွံ့ဖြိုးရာ မှာ အရေးကြီး တဲ့ နေရာတွေ ဖြစ်လာကြတယ်။ မြို့သား တိုင်း မှာ တဦးချင်းစီအတွက် မြို့နိုင်ငံရဲ့ အရေးကိစ္စအတွက် တာဝန် (duty) ကိုယ်စီ ရှိကြ တယ်။ တနည်း အားဖြင့် သူတို့ရဲ့ဘ၀ မှာ အခွင့်အရေး ဆိုတာထက် တာဝန်ဆိုတာ ကိုပိုမို လွမ်းမိုးတယ်။ နိုင်ငံ့ တာဝန် ကိုကျေပွန်အောင်မထမ်းဆောင်သူကို လူမှုလောကမှာ နိမ့်ကျတဲ့ အဖျက် အနှောင့် သမားလို့မြင်ြကတယ်။ နိုင်ငံ့ တာဝန် တခုခု ကိုမယူထားဘူး၊ ဒါမှ မဟုတ် မြို့လုံးသျွတ်ညီလာခံမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးလေ့မရှိတဲ့သူကို ဂရိဘာသာစကားနဲ့ idiotai လို့ နှိမ်ခေါ်ကြတယ်။ အင်္ဂလိပ်စကားလုံး idiot (ငတုံးငအ) ဆိုတာ အဲဒီဂရိစကားလုံးကနေဆင်းသက်လာတာဖြစ်တယ်။ နိုင်ငံ့ အရေး မှာ တက် တက် ကြွကြွ မပါဝင်သူတွေကို ငတုံးငအ စာရင်းထဲမှာ ထည့်ထား ခဲ့ကြတဲ့ ရှေးဟောင်း ဂရိခေါမသားတွေက ဒီနေ့ခေတ်သစ်မှာ နိုင်ငံ့အရေး တက်တက် ကြွကြွ ပြောဆိုလုပ်ကိုင် ရေးသား တဲ့သူတွေကိုမှ ကွက်ပြီး အညှိးထားပြီး ဖမ်းလားစီးလား၊ သတ်လားဖြတ်လားလုပ်တဲ့လူတွေကို ဘယ်လိုများ ကင်ပွန်း တတ်ကြ မလဲမသိဘူး။
မြို့ နိုင်ငံ ရဲ့ ပထ၀ီ အနေအထား ကတော့ စစ်ပွဲတွေဖြစ်လာရင် မြို့သားအားလုံး ကို တပ်ဆုတ် စေ လုံလုံခြုံခြုံ အကာအကွယ်ပေးနိုင်တဲ့ ဗဟို ရှိတယ်။ အဲဒီ ဗဟို ပြုရာရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ ကျယ်ဝန်း တဲ့ နယ်မြေ ကြီးထဲမှာ အိမ်ခြေတွေ၊ ရပ်ရွာတွေ၊ မြို့ငယ်တွေ ရှိတယ်။ ဥပမာ အေသင် မြို့ ဆိုလို့ရှိရင် အမှန် တကယ် တော့ ATTICA ဆိုတဲ့ ကျွန်းဆွယ် ကြီး ထဲမှာ တည်ရှိတာဖြစ်ပေမဲ့ ဒီကျွန်းဆွယ် တခုလုံးထဲမှာ နေထိုင်တဲ့ သူအားလုံး ကိုခြုံပြီး အေသင် မြို့ သားတွေ အဖြစ် ခေါ်ဝေါ် ကြ တာ ဖြစ်တယ်။ ပြင်ပ ရန်သူက ကျူးကျော်စစ် နဲ့ ၀င်လာရင် လယ် သမား၊ တံငါသည် စသည်ဖြင့် နိုင်ငံသား အားလုံး အေသင် မြို့ရိုးအတွင်း ကို တပ်ဆုတ်ပြီး အဲဒီကနေ ပြန်လည် ခုခံကြရတယ်။ အေသင် နဲ့ အပြိုင် အင်အားကြီးတဲ့ နောက်မြို့နိုင်ငံတခု ကတော့ စပါတာ ဖြစ်တယ်။ စပါတာ ကတော့ LACONIA ဆိုတဲ့ ကျွန်းဆွယ် ကြီးထဲမှာ ရှိ တဲ့ ကျေးရွာတွေ ကိုသိမ်းပိုက် အုပ်ချုပ်ထားတာဖြစ်ပြီး အဲဒီကျွန်းဆွယ်ထဲမှာ နေထိုင်တဲ့သူ အားလုံးကို အေသင်မှာ လို နိုင်ငံသားအဖြစ်မသတ်မှတ်ပဲ စပါတာမြို့ ပေါ်သားတွေကိုသာ ကွက်ပြီး နိုင်ငံသား အဖြစ် သတ်မှတ် ကြတယ်။ အေသင်မှာ လို ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားပဲ သူတို့ သိမ်းပိုက် ထားတဲ့ နယ်မြေထဲကလူတွေကို မလိုအပ်ပဲနဲံလည်း ဖိနှိပ်ချုပ်ချယ် လေ့ရှိတာမို့ မကြေမနပ် ဖြစ်ကြတဲ့ ကျွန်းဆွယ်သားတွေက အမျိုးမျိုး တော်လှန်ပုန်ကန်ခြားနားကြတဲ့အတွက် အေသင်နဲ့ စာရင် တည်ငြိမ် အေးချမ်း မှု အားနည်းပြီး စစ်နိုင်ငံ ပိုဆန်တယ်။ ဒါပေမဲ့ အေသင်နဲ့ ကွာခြားတဲ့ အချက်တွေထဲမှာ စပါတာရဲ့ ထူးခြားချက်ကတော့ အမျိုးသမီး တွေကို နိုင်ငံရေးလောကထဲမှာ အပြည့်အ၀ပါဝင်ခွင့်ပေးတဲ့ အချက်ဖြစ်တယ်။ စပါတာမှာ အမျိုးသမီးခေါင်းဆောင်တွေ၊ သူရဲကောင်း တွေ ပေါ်ထွန်းခဲ့သလို စစ်ရေးမှာ လည်း ရန်သူ့ စစ်ပရိရယ်ကိုကြိုတင် တွက်ဆနိုင်တဲ့ အမျိုးသမီး ခေါင်းဆောင် ကောင်းတွေပေါ်ထွန်းခဲ့ဘူး ပါတယ်။ (မြေပုံကိုရှုပါ၊ ဒီမြေပုံမှာတော့ များပြားလှတဲ့ မြို့ နိုင်ငံတွေထဲက အေသင်နဲ့ စပါတာ မြို့ နိုင်ငံ နှစ်ခုကို မီးမောင်းထိုး ပြထား တယ်)။
အလုံအခြုံ ကာကွယ် ထားတဲ့ အေသင် တို့ စပါတာ တို့ ကိုတည်ဆောက်ရာမှာ အခုခေတ်လို ကုန်သွယ်မှု နဲ့ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူအောင် ပင်လယ်ကမ်းခြေမှာ မတည်ဆောက်ပဲ ရန်သူ နိုင်ငံတွေက လျှပ်တပျက် ၀င်မစီး နိုင်အောင် ကုန်းတွင်း ပိုင်း မှာ တည်ဆောက်လေ့ရှိတယ်။ ဒါကလည်း ဂရိ မြို့ နိုင်ငံ တွေအကြား အတောမသတ်နိုင်တဲ့ အပြန်အလှန် စစ်ခင်းမှု တွေ ကြောင့် ဖြစ်တယ်။
အဲဒီတော့ အေသင်မြို့မှာ တိုက်ရိုက်ဒီမိုကရေစီ စနစ် ပေါ်ထွန်း လာ ဖို့ အထိဖြစ်လာရအောင် အရေးကြီးတဲ့ ရေခံမြေခံ နဲ့ အခြေခံ အကြောင်း တရား တွေ ကို ပြန်လည် သတ္ထုချကြည့်ရင် အောက်ပါအတိုင်း တွေ့ရ ပါတယ်။
(၁) မြို့နိုင်ငံသားတွေ ဟာ တဦးနဲ့ တဦး သွေးသားနီးစပ်ကြတယ်၊
(၂) လူဦးရေအားဖြင့် ဒီနေ့ခေတ်မြို့တွေနဲ့ စာရင်နည်းပါးနေသေး တယ်၊
(၃) တခြား ဂရိ မြို့နိုင်ငံ တွေ နဲ့ မကြာခဏ စစ်ခင်းကြရတယ်၊
(၄) ဒီတော့ မြို့ ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ကိစ္စ တွေမှာ မြို့သား အားလုံး တနည်းမဟုတ်တနည်း ပါဝင် နေ ကြရတယ်။ နိုင်ငံ့အရေး ငါနဲကမဆိုင်ဆိုပြီး ဘယ်သူမှဘေးထွက်ထိုင်နေလို့မရဘူး၊ မြို့သားတိုင်း မှာ တဦးချင်းစီအတွက် မြို့နိုင်ငံရဲ့ အရေးကိစ္စအတွက် တာဝန် (duty) ကိုယ်စီ ရှိကြ တယ်။ မြို့လယ်ခေါင်က ဈေးကွက်လပ် မှာ အရေးပါအရာ ရောက်တဲ့ လူထုဆွေး နွေး ၀ိုင်းတွေ ကျင်းပကြပြီး မြို့ရဲ့ နိုင်ငံရေး၊ လူမှုရေး နဲ့ အသိပညာ တွေ နိုင်ငံရေး အတွေးအခေါ်တွေ ရှင်သန် ဖွံ့ဖြိုးစေတဲ့ ဓလေ့ ရှိတယ်။
(၅) ဘီစီ ၅၆၁ နဲ့ ဘီစီ ၅၀၇ အကြား နှစ်ပေါင်း ၅၀ ကျော် ကာလ အတွင်း အေသင်မြို့ မှာ အုပ်စိုးသူ မင်းဆိုး မင်း ညစ် တွေ ဆက်တိုက် ပေါ်ပေါက် ခဲ့ တယ်၊ The Tyrants of Athen ဆိုပြီး သမိုင်းမှာ တွင်သွားခဲ့တာဖြစ်တယ်။
အထက်ပါ ဖေါ်ပြထားတဲ့ အကြောင်း အချက် အလက် တွေ ဟာ အေသင်မြို့မှာ တိုက်ရိုက်ဒီမိုကရေစီ စနစ် ပေါ်ထွန်း လာ ဖို့ ကောင်းမွန်တဲ့ ရေခံမြေခံ တွေ ဖြစ် လာရတယ်။
အခုတခါ ဆက်လက် ပြီး အေသင်မြို့ နိုင်ငံမှာ ဒီမိုကရေစီ စနစ် ပေါက်ဖွား လာရတဲ့ ဖြစ်စဉ် အကြောင်းရင်းတွေ ထဲကနေ ပိုမိုပြီး တိုက်ရိုက် ကျကျ အရေးကြီးတဲ့ အကြောင်းရင်း တခုဖြစ်တဲ့ ဒီမြို့ ရဲ့ နိုင်ငံရေး သမိုင်းအကျဉ်း ကို တင်ပြ ဆွေးနွေး သွားပါမယ်။ အေသင်ရဲ့ နိုင်ငံရေးသမိုင်း ဟာ အေသင်မှာ ဒီမိုကရေစီ သန္ဒေ တည်လာဖို့ ပိုမိုပြီးတိုက်ရိုက်ကျတဲ့ အကြောင်းရင်း ရယ်လို့ ပြောရတာက အထက်မှာ ဖေါ်ပြ ခဲ့ တဲ့ အေသင်ဒီမိုကရေစီ ရဲ့ ရေသောက်မြစ် ရေခံ မြေခံ တွေအနက် အချက် (၁) ကနေ အချက် (၄) အထိ ပါဝင်တဲ့ အကြောင်းရင်းတွေ အချက်အလက်တွေ ဟာ တထပ်တည်းမတူညီကြသည့်တိုင်အောင် တခြား ဂရိ ဂန္တ၀င် သမိုင်းထဲက မြို့ နိုင်ငံတွေမှာ လည်း အနည်း နဲ့ အများ ရှိခဲ့ ကြတာပါပဲ။ ဒါပေမဲ့ အေသင်မှာ လို တခြားမြို့တွေကနေ ဒီမိုကရေစီ စနစ် ပေါ်ပေါက်မလာပဲ အေသင်ဆိုတဲ့ မြို့ နိုင်ငံကနေ သာလျင် ထူးထူးခြားခြား မွေးဖွားလာရတဲ့ အကြောင်းရင်းကတော့ အချက် (၅) မှာ ဖေါ်ပြထားတဲ့ မင်းစိုးမင်းညစ်မျိုး တွေ နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး အုပ်စိုးခဲ့ တဲ့ အချက်ဟာ အခရာကျတဲ့ အကြောင်းရင်းတခုဖြစ်ပါတယ်။ ဒီလို မင်းစိုးမင်းညစ်တွေ နောက်ထပ် မပေါ်ပေါက် လာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားတွေးခေါ်လာကြတဲ့ အခါမှာ ဒီမင်းဆိုးမင်းညစ် တွေရဲ့ စနစ်ဆိုးတွေ ကို အစားထိုးမဲ့ အစိုးရမင်းတွေ က မအုပ်ချုပ်ပဲ ပြည်သူတွေ ကသာ နိုင်ငံ့ ကံကြမ္မာ ကို ဘယ်လို ပုံစံ ဖန်တီး မလဲဆိုတာကို အတူတကွ ဆွေးနွေး၊ တိုင်ပင် ဆုံးဖြတ်ပြီး တိုက်ရိုက်အုပ်ချုပ်တဲ့ ဒီမိုကရေစီ စနစ် ဆိုတာ ပေါက်ဖွား ရှင်သန် လာရ တာ ဖြစ်ပါ တယ်။ အဲဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အေသင်ရဲ့ နိုင်ငံရေးသမိုင်းလေးကို တစေ့ တစောင်း ဆက်လက်ဖေါ်ပြ ဆွေးနွေး သွားပါမယ်။

http://vansangva.com/athen-history/athen-history-part2/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။