အစ္စရေးနိုင်ငံရဲ့  မြို့ တော်
===============
.
အမေရိကားမှာတော့ သမတထရမ့်က ဂျေရုဆလင်မြို့ကြီးကို အစ္စရေးနိုင်ငံရဲ့  မြို့ တော်ဖြစ်ကြောင်း ၁၉၉၅ ကွန်ဂရက်ရဲ့  ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်တဲ့ အနေနဲ့ အသိအမှတ်ပြုလိုက်ပါပြီ။ အာရဗ်ကမ္ဘာနဲ့  တခြားမွတ်ဆလင်နိုင်ငံတွေ နဲ့ ဥရောပက မွတ်ဆလင်များတဲ့ တိုင်းပြည်တွေမှာတော့ ဆန္ဒပြပွဲတွေ လုပ်ပြီး ကန့် ကွက်ပါတယ်။
-.
ရှေးရိုစဉ်လာ ဂျူးလူမျိုးများနဲ့ ခရစ္စယာန်ဘာသာဝင်များရဲ့  ယုံကြည်ချက်ကတော့ သူတို့ ဘုရားသခင် ကမ္ဘာပေါ်ဆင်းလာပြီး နောက်ဆုံးတရားစီရင်မဲ့နေ့  (Judgement Day or Armageddon) ဟာ နီးလာပြီဆိုတဲ့ နိမိတ်ပဲတဲ့။
.
ဂျူးဘာသာဝင်တွေရဲ့ ဘာသာရေးကျမ်း (Torah) မှာ ပါတဲ့အတိုင်း အရင်ဆုံး အစ္စရေးတိုင်းပြည် ပြန်တည်မယ် (၁၉၄၈ က တည်ထောင်တယ်)၊ ပြီးရင် ဂျေဂရုဆလင်မြို့ ကြီးဟာ အစ္စရေးရဲ့မြို့ တော်ဖြစ်လာမယ်လို့  ရေးထားပါတယ်။ (အစ္စရေးတွေက မြို့ တော်အဖြစ် ကြောငြာခဲ့တာ ကြာပြီဖြစ်ပေမဲ့၊ အမေရိကားအပါအ၀င် နိုင်ငံတော်တော်များများက ပြသနာတွေ ထပ်ဖြစ်မှာစိုးလို့ အသိအမှတ်မပြုခဲ့)။ ခရစ္စ်ယာန်သမ္မာကျမ်းစာရဲ့ ပထမပိုင်းဖြစ်တဲ့ ဓမ္မဟောင်းကျမ်း (Old Testament) က Torah ကလာတော့ အဲ့ဒီအတိုင်းဘဲ ရေးထားပါတယ်။
.
နောက်တဆင့်ကတော့ ဆော်လမွန်ဘုရင်ရဲ့ ဘုရားကျောင်းတော်ရာမှာ ဘုရားကျောင်းအသစ်တည်တာဖြစ်ပါတယ်။ အခု လက်ရှိမှာ ဆော်လမွန် ဘုရင်ရဲ့ဘုရားကျောင်းတော်ရာ မှာ
အရှေ့ အလည်ပိုင်းဒေသ တခုလုံးကို မွတ်ဆလင်တွေ အောင်နိုင်ခဲ့တဲ့
ခေတ်ကတည်ထားတဲ့ Golden Dome ခေါ် ရွှေမိုးခုံးကြီး လို့ ခေါ်တဲ့
ဗလီကြီးရှိနေပါတယ်။ ဆော်လမွန်ဘုရင်ရဲ့  ကျောင်းတော်ရာက အဲ့ဒီ ဗလီကြီးကို
ရှေးရိုးစဉ်လာ ဘာသာရေးယုံကြည်ချက်ပြင်းထန် တဲ့ ဂျူးလူမျိုးတွေနဲ့ ခရစ္စယာန်တွေက ဖြိုချပစ်ပြီး၊ ဘုရားကျောင်းတော်သစ် ဆောက်လုပ်ဘို့ ဆော်သြနေတာ ဆယ်စုနှစ်များစွာ ရှိပါပြီ။ ..
.
အဲ့ဒီလိုဖြစ်ရင် ကမ္ဘာပေါ်က စစ်တပ်အပေါင်းဟာ အရှေ့ အလည်ပိုင်းမှာ (အာမာဂက်ဒန် တောင်ကုန်းကြီးနားမှာ) လာစုကြပြီး ၂ ပိုင်းခွဲ စစ်ထိုးကြမယ်လို့  ဆိုပါတယ်။ ဓမ္မနဲ့ အဓမ္မ လို့ ၂ ဖက်ကွဲပါလိမ့်မယ်။ ဓမ္မဘက်ကထာဝရဘုရားသခင် (ဂျူးလို ယေဟိုဗာဘုရားသခင်၊ ယာဝေဘုရားသခင်လို့ လည်း ရေးပါတယ်) ကဦးဆောင်ပြီး၊ အဓမ္မဘက်က စာတန်မာန်နတ် (Satan) ကဦးစီမယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ပွဲကြီးပြီးရင် ဓမ္မဘက်က စစ်နိုင်ပြီး ကမ္ဘာပေါ်က လူအားလုံး (သေပြီးသူရော မသေသေးတဲ့သူတွေရော) ကို တရားစီရင်မယ်လို့  ဆိုပါတယ်။ ... # DYM
.
By-Ye Myint
======
===============
.
အမေရိကားမှာတော့ သမတထရမ့်က ဂျေရုဆလင်မြို့ကြီးကို အစ္စရေးနိုင်ငံရဲ့  မြို့ တော်ဖြစ်ကြောင်း ၁၉၉၅ ကွန်ဂရက်ရဲ့  ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်တဲ့ အနေနဲ့ အသိအမှတ်ပြုလိုက်ပါပြီ။ အာရဗ်ကမ္ဘာနဲ့  တခြားမွတ်ဆလင်နိုင်ငံတွေ နဲ့ ဥရောပက မွတ်ဆလင်များတဲ့ တိုင်းပြည်တွေမှာတော့ ဆန္ဒပြပွဲတွေ လုပ်ပြီး ကန့် ကွက်ပါတယ်။
-.
ရှေးရိုစဉ်လာ ဂျူးလူမျိုးများနဲ့ ခရစ္စယာန်ဘာသာဝင်များရဲ့  ယုံကြည်ချက်ကတော့ သူတို့ ဘုရားသခင် ကမ္ဘာပေါ်ဆင်းလာပြီး နောက်ဆုံးတရားစီရင်မဲ့နေ့  (Judgement Day or Armageddon) ဟာ နီးလာပြီဆိုတဲ့ နိမိတ်ပဲတဲ့။
.
ဂျူးဘာသာဝင်တွေရဲ့ ဘာသာရေးကျမ်း (Torah) မှာ ပါတဲ့အတိုင်း အရင်ဆုံး အစ္စရေးတိုင်းပြည် ပြန်တည်မယ် (၁၉၄၈ က တည်ထောင်တယ်)၊ ပြီးရင် ဂျေဂရုဆလင်မြို့ ကြီးဟာ အစ္စရေးရဲ့မြို့ တော်ဖြစ်လာမယ်လို့  ရေးထားပါတယ်။ (အစ္စရေးတွေက မြို့ တော်အဖြစ် ကြောငြာခဲ့တာ ကြာပြီဖြစ်ပေမဲ့၊ အမေရိကားအပါအ၀င် နိုင်ငံတော်တော်များများက ပြသနာတွေ ထပ်ဖြစ်မှာစိုးလို့ အသိအမှတ်မပြုခဲ့)။ ခရစ္စ်ယာန်သမ္မာကျမ်းစာရဲ့ ပထမပိုင်းဖြစ်တဲ့ ဓမ္မဟောင်းကျမ်း (Old Testament) က Torah ကလာတော့ အဲ့ဒီအတိုင်းဘဲ ရေးထားပါတယ်။
.
နောက်တဆင့်ကတော့ ဆော်လမွန်ဘုရင်ရဲ့ ဘုရားကျောင်းတော်ရာမှာ ဘုရားကျောင်းအသစ်တည်တာဖြစ်ပ
.
အဲ့ဒီလိုဖြစ်ရင် ကမ္ဘာပေါ်က စစ်တပ်အပေါင်းဟာ အရှေ့ အလည်ပိုင်းမှာ (အာမာဂက်ဒန် တောင်ကုန်းကြီးနားမှာ) လာစုကြပြီး ၂ ပိုင်းခွဲ စစ်ထိုးကြမယ်လို့  ဆိုပါတယ်။ ဓမ္မနဲ့ အဓမ္မ လို့ ၂ ဖက်ကွဲပါလိမ့်မယ်။ ဓမ္မဘက်ကထာဝရဘုရားသခင် (ဂျူးလို ယေဟိုဗာဘုရားသခင်၊ ယာဝေဘုရားသခင်လို့ လည်း ရေးပါတယ်) ကဦးဆောင်ပြီး၊ အဓမ္မဘက်က စာတန်မာန်နတ် (Satan) ကဦးစီမယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ပွဲကြီးပြီးရင် ဓမ္မဘက်က စစ်နိုင်ပြီး ကမ္ဘာပေါ်က လူအားလုံး (သေပြီးသူရော မသေသေးတဲ့သူတွေရော) ကို တရားစီရင်မယ်လို့  ဆိုပါတယ်။ ... # DYM
.
By-Ye Myint
======
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။