"ကျနော်တို့ဆီက လုယူသွားတဲ့ အတိတ်ကရွှေထီး"
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~
စင်ကာပူဆိုတဲ့ အာရှထိပ်တန်းနိုင်ငံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျနော် ရောက်ဖူးပါတယ်။ ပထမကမ္ဘာလို့ ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအုပ်စုဝင် ရှားရှားပါးပါး တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဆိုတော့ အထင်ကြီးစရာပေါ့။
ဒါပေမယ့်၊ ကြာကြာဝါးမှ ခါးမှန်းသိသလို၊ ဒီလို စီးပွားရေးဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံဖြစ်လာအောင် စင်ကာပူ
ဘယ်လို လုပ်ခဲ့သလဲဆိုတာ လေ့လာကြည့်မှ ရင်နာရတော့တယ်။ တကယ်တော့၊ ကျနော်တို့
မြန်မာနိုင်ငံကို ခွေးကတက်မှာ ချနင်းပြီး တက်သွားတာပါခင်ဗျာ။
မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ နေဝင်းရဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ ကံဆိုးမိုးမှောင်ကျခဲ့ရပြီး ၊
စင်ကာပူကတော့ တရှိန်ထိုး တက်သွားခဲ့တာ အထင်အရှား တွေ့ရပါလိမ့်မယ်။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ အဲဒီအချိန်က စီးပွားရေးထိပ်တန်းမှာ
ရောက်နေပါတယ်။ မင်္ဂလာဒုံလေဆိပ်ဟာ အာရှမှာအကောင်းဆုံး၊ အောင်ဆန်းကွင်းဟာ
အာရှမှာ ခေတ်အမီဆုံး၊ ရန်ကုန်တက္ကသိုလ်ဟာ အာရှမှာ အဆင့်အမြင့်ဆုံးစာရင်းဝင်၊
မြန်မာခေါင်းဆောင်အားလုံး ထူးချွန်ထက်မြက်တဲ့ ခေတ်ပညာတတ်ဆိုတဲ့
ဂုဏ်ဒြပ်တွေနဲ့ ထယ်ဝါဝင့်ကြွားတဲ့ တိုင်းပြည်ဖြစ်ခဲ့ပါတယ်။
အဲဒီခေတ်ကို မီလိုက်တဲ့ လူကြီးသူမတွေရဲ့ ပြောစကားအရ၊ အမေရိက၊ ဥရောပစတဲ့ ကမ္ဘာ့နိုင်ငံတွေကို လေယာဉ်နဲ့သွားမယ့် တခြားအာရှနိုင်ငံက ခရီးသည်တွေဟာ ရန်ကုန် မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာ transit လုပ်ရတယ်။ အဲဒီအချိန်က ထိပ်တန်းလေကြောင်းလိုင်းတွေ ဖြစ်တဲ့
Pan-Am (ပင်အမေရိကန်)၊ BOAC (ဗြိတိသျှလေကြောင်း)၊ Air France
(ပြင်သစ်လေကြောင်း)၊ Lufthansa (ဂျာမန်လေကြောင်း) တွေသာမက Aeroflot
(ဆိုဗီယက်ရုရှားလေကြောင်း) စတဲ့ နိုင်ငံတကာလေကြောင်းလိုင်း ရုံးခွဲတွေ
မြန်မာပြည်မှာ ရှိသတဲ့။
ရန်ကုန်ဆိပ်ကမ်းကလည်း နိုင်ငံခြားပင်လယ်ကူးသင်္ဘြော ကီးတွေ ဝင်ထွက်ဆိုက်ကပ်ပြီး တခြားအာရှနိုင်ငံတွေကို ကုန်စည်ထပ်ဆင့်ဖြန့်ဖြူးရာ ဗဟိုချက်မတစ်ခု ဖြစ်ခဲ့တယ်။
ပြည်တွင်းပြည်ပကုမ္ပဏီတွေရဲ့
မြန်မာစက်ရုံခွဲတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေမှာ Made in Burma ဆိုတဲ့
စာလုံးတွေနဲ့ တခြားအာရှနိုင်ငံတွေကို တင်ပို့ဖြန့်ဖြူးခဲ့တာပါ။
စင်ကာပူ မလေးရှားနဲ့ ထိုင်းက ပိုက်ဆံရှိသူလူကုံထံတွေဟာ ခေတ်မီအဖိုးတန်ပစ္စည်းတွေ ဝယ်ချင်ရင် ရန်ကုန်မြို့က ရိုးကုမ္ပဏီနဲ့ စကော့ဈေးမှာ လာဝယ်ရသတဲ့။ (နောက်ဆုံးပေါ် iPhone လိုချင်ရင် ရန်ကုန်မှာ လာဝယ်ရမယ်ဆိုတဲ့ ပုံစံမျိုးပါ။)
အဲဒီအချိန်တုန်းက စင်ကာပူဟာ မလေးပြည်ထောင်စုရဲ့ တစ်စိတ်တစ်ပိုင်း တံငါရွာကြီးသာသာ ခေတ်နောက်ကျတဲ့ ပြည်နယ်တစ်ခုသာ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ မလေးရှားက စင်ကာပူကို လက်မခံတော့ဘဲ ခွဲထုတ်ပစ်လိုက်တော့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယု မျက်ရည်တောင်ကျခဲ့ရတယ်။ ဒါပေမယ့်၊ ဒေသတွင်း နိုင်ငံရေးနဲ့ စီးပွားရေးကို လေ့လာသုံးသပ်ကြည့်လိုက်တဲ့အ ခါ လီကွမ်ယု ထခုန်မတတ် ပျော်သွားတော့တယ်။
ဒါကြောင့်လည်း လီကွမ်ယုက "နောင်နှစ် ၂၀ မှာ မြန်မာပြည်ကို အမီလိုက်မယ်"လို့ လက်ခမောင်းခတ်ပြီး ကြုံးဝါးတော့တာပါပဲ။
အရှေ့တောင်အာရှရဲ့ နံပါတ်တစ် မြန်မာနိုင်ငံမှာ နေဝင်းရဲ့ တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်နိုင်ငံတော်ကြီး ထူထောင်မယ်လို့ ကြွေးကြော်ပြီး ၁၉၆၃ -၆၄ မှာ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းထားပြီလေ။ မြန်မာပြည်က စက်ရုံတွေ စီးပွားရေးလုပ်ငန်းတွေကို နကန်းတစ်လုံးမှ နားမလည်တဲ့ စစ်ဗိုလ်တွေ အုပ်ချုပ်လို့ အိုးနင်းခွက်နင်း ဖြစ်နေပြီ။
ပြည်သူပိုင်သိမ်းခံရတဲ့ တိုင်းရင်းသားအရင်းရှင်တွေ ဖွတ်ကျောပြာစု ခရုဆံကျွတ် ဘဝပျက်ကြတယ်။ တရုတ်၊ ကုလား ငွေရှင်ကြေးရှင်တွေ မြန်မာပြည်ကို စွန့်ခွာပြီး နိုင်ငံခြားကို ရွှေ့ကြပြောင်းကြတယ်။ (တရုတ်၊ ကုလားလို့ သုံးတာ နှိမ်ချင်လို့ မဟုတ်ပါ။) ကုလားအရင်းရှင်တွေက အိန္ဒိယကို ပြောင်းကြတယ်။ တရုတ်အရင်းရှင်တွေက စင်ကာပူ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်ကို သွားကြတယ်။
အရင်ကတည်းက မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ကမ္ဘာကျော် ကျားဘမ်းပရုပ်ဆီ လုပ်ငန်းရှင်ကြီး အော်ဘွန်ဟော်နဲ့ အော်ဘွန်ပါလည်း စင်ကာပူကို ရောက်သွားတာပေါ့။ ခုထိ ကျားသူဌေးကြီးတွေရဲ့ Haw Par Villa ဥယျာဉ်ကြီး စင်ကာပူမှာ အထင်ကရ တွေ့ရပါတယ်။
အရင် မင်္ဂလာဒုံလေဆိပ်က နိုင်ငံတကာ လေကြောင်းကုမ္ပဏီတွေ စင်ကာပူကို ပြောင်းပြေးကြတော့ လီကွမ်ယု ပျော်ပြီလေ။ Air hub ဆိုတဲ့ လေကြောင်းလမ်းဆုံတစ်ခု ဖြစ်လာဖို့ အတော်ခက်ခဲတာပါ။ ဒါပေမယ့်၊ နေဝင်းနဲ့ စစ်ဗိုလ်တွေ တစ်လွဲလျှောက်လုပ်တာကြောင့်
စင်ကာပူဟာ နိုင်ငံတကာ လေကြောင်းလမ်းဆုံ (international air hub)
အကြီးကြီးကို အချောင်ရလိုက်တယ်။ စင်ကာပူနိုင်ငံကို ဒေသတွင်း
စီးပွားရေးအချက်အချာတစ်ခု ဖြစ်လာဖို့အတွက် ဒါဟာလည်း
အရေးကြီးတဲ့အချက်တစ်ခုပါပဲ။
ပြီးတော့၊ နေဝင်းစစ်အစိုးရက မြန်မာပညာရှင်တွေကို မတူမတန် နှိမ်ချဆက်ဆံလို့ အတော်ဆုံးပညာရှင်တွေ နိုင်ငံခြားကို ထွက်ကုန်ကြတယ်။ Brain drain ဦးနှောက်ယိုစီးတာ အဲဒီမှာ အစပျိုးတော့တာပဲ။ စင်ကာပူနိုင်ငံရဲ့ ဥပဒေတွေကို ရေးဆွဲပေးခဲ့သူက ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနက ဆရာ ဦးမြင့်စိုးတဲ့။ အခု စင်ကာပူရဲ့ အသက်သွေးကြောဖြစ်တဲ့ နိုင်ငံတကာ ပင်လယ်ကူးဆိပ်ကမ်းနဲ့ သင်္ဘောကျင်းတွေကို ပုံစံထုတ် တည်ဆောက်ပေးတာလည်း မြန်မာအင်ဂျင်နီယာတွေတဲ့။
မြန်မာဗိုလ်ချုပ်တွေ ဘယ်လောက် ဉာဏ်ပညာအမျှော်အမြင် နည်းတယ်ဆိုတာကို လီကွမ်ယု ကောင်းကောင်းသိတယ်။ ဒီလို ဗာလာနံလူမိုက်တွေ အစိုးရလုပ်နေတုန်းမှာ ရသလောက် အချောင်နှိုက် အမြတ်ထုတ်ရမယ်ဆိုတာ သူကောင်းကောင်းနားလည်တယ်။ ဒါကြောင့်၊ စစ်အစိုးရ သက်ဆိုးရှည်အောင် လီကွမ်ယုနဲ့ အဲဒီအချိန်က မလေးရှားဝန်ကြီးချုပ်ဖြစ်တဲ့  မဟာသီယာ မိုဟာမက်တို့က မြန်မာနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအ ဖွဲ့ (ASEAN) ထဲ မရမက ဆွဲသွင်းတော့တာပဲ။ ထုံပေပေနွားကြီးကို သားသတ်ရုံထဲ ဆွဲခေါ်သလိုမျိုး မြင်ကြည့်ပေါ့ဗျာ။
အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားလို့ အကျပ်အတည်းဖြစ်နေတဲ့ မြန်မာစစ်အစိုးရကို လီကွမ်ယု၊ မဟာသီယာနဲ့ ထိုင်းဝန်ကြီးချုပ် တပ်ခ်စင်တို့က အာဆီယံထဲ ခေါ်ထည့်ပြီး ချိုနဲ့သားရေမကျန် ကောင်းကောင်း အမဲဖျက်ကြတော့တာပါပဲ။
အဲဒီသုံးနိုင်ငံရသွားတဲ့ ဝေစုတွေကတော့ ထိုင်းက မြန်မာ့သယံဇာတတွေနဲ့ ရွှေ့ပြောင်းကာယလုပ်သားတွေ၊ မလေးရှားက မြန်မာအောက်ခြေအလုပ်သမားတွေ ၊ စင်ကာပူကတော့ ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေရဲ့ ငွေမည်းရင်းနှီးမြှုပ်နှံမှု တွေနဲ့ မြန်မာပညာတတ် ဉာဏလုပ်သားတွေ၊ အိမ်ဖော်တွေ ဖြစ်ပါတယ်။
လီကွမ်ယု လိမ္မာပါးနပ်စွာ စီမံအုပ်ချုပ်ခဲ့တာကိုတော့ ချီးကျူးရမှာပါ။ သူ့အစိုးရအဖွဲ့မှာ နိုင်ငံခြားပညာတတ်လူငယ်တွေကို
ရွေးပြီး ဖွဲ့စည်းခဲ့တယ်။ အသက် ၃၀ ကျော်နဲ့ ၄၀ တွင်း အစိုးရဝန်ကြီးတွေဟာ
ပညာရှင်မဟုတ်ဘဲ စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်မှု ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။
ပညာရှင်ထက် ခေါင်းဆောင်မှုအရည်အချင်းကို လီကွမ်ယုက ဦးစားပေးခဲ့တယ်။ ပညာရှင်သုံးရမယ့်နေရာတွေမှာ မြန်မာ၊ မလေး၊ ဘင်္ဂလား၊ အိန္ဒိယ စတဲ့ နိုင်ငံများကလူတွေနဲ့ ဖြည့်တင်းထားတယ်။
ဒါကြောင့်၊ စင်ကာပူစီးပွားရေး လုပ်ငန်းကုမ္ပဏီတွေကို ကြည့်လိုက်ရင် ပညာရှင်နေရာတွေမှာ နိုင်ငံခြားသားတွေ ဖြစ်ပြီး အထက်ပိုင်း စီမံအုပ်ချုပ်တဲ့ ရာထူးတွေမှာ စင်ကာပူလူမျိုးတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ပြီးတော့၊ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ထိပ်ပိုင်းရာထူးကြီးတွေကျတော့
အနောက်နိုင်ငံက စီမံခန့်ခွဲရေး ကျွမ်းကျင်သူတွေကို head hunting လုပ်ပြီး
ခန့်တာပါ။ (အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး "အယူအဆမှားနေတဲ့ လူမှန်နေရာမှန်"
ဆိုတဲ့ ပို့စ်တစ်ခု ကျနော်ရေးဖူးပါတယ်။)
တကယ်လို့ မြန်မာနိုင်ငံမှာ နေဝင်းအာဏာသိမ်းပြီး သန်းရွှေ၊ သိန်းစိန်အထိ စစ်အစိုးရအုပ်ချုပ်တဲ့ခေတ်သာ
မရှိခဲ့ရင် စင်ကာပူဟာ မြန်မာကို မီဖို့နေနေသာသာ ဟိုး….အဝေးးးးကြီးးးးမှာ
ပြတ်ကျန်ခဲ့မှာ သေချာတယ်။ ကျနော်တို့ရဲ့ အမိနိုင်ငံဟာ အစစအရာရာ စင်ကာပူထက်
သာပါလျက်နဲ့ စစ်အစိုးရအဆက်ဆက်ကြောင့် ဖွတ်တက်ပြီး မွဲခဲ့ရတာပါ။
ခုတော့၊ ကျနော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို တစ်စိတ်တစ်ဒေသ ပြန်လည်အသက်သွင်းနိုင်ပါပြီ ။ နိုင်ငံ့အာဏာကို အပြည့်အဝ မရသေးပေမယ့် ပြည်သူလူထုအကျိုး ရှေ့ရှုတဲ့ အစိုးရကို ပြည်သူ့မဲနဲ့ ရွေးချယ်တင်မြှောက်နိုင်ခဲ့ ပါပြီ။
ဒါကြောင့်၊ အဖက်ဖက်က အချက်အလက်တွေကို လေ့လာဆန်းစစ်ပြီး "နောင် နှစ် ၂၀ မှာ စင်ကာပူကို ကျော်တက်မယ်" လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပြောလိုက်တာ ဖြစ်ပါတယ်။
ယုံကြည်မှုအပြည့်ဆိုတဲ့စကားလုံးကို ရှင်းရပါဦးမယ်။ ဒေါ်အောင်ဆန်းစုကြည် အပြည့်အဝ ယုံကြည်တာဟာ မြန်မာပြည်သူလူထုပါပဲ။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာတွေ မညံ့ဘူးလို့ ယုံကြည်တယ်။ မြန်မာတွေကလည်း ကိုယ့်ကိုယ်ကို မညံ့ဘူးလို့ ယုံကြည်ကြပါသလား။ ပြည်သူလူထုကလည်း မိမိကိုယ်နဲ့ မိမိအစိုးရအပေါ် ယုံကြည်ကြစေချင်တယ်။
"I believe in me" ကိုယ့်ကိုယ်ကိုသာ ယုံကြည်ရာ၏ ဆိုတဲ့ထုံးကို နှလုံးမူပြီး တစ်သက်တစ်ခါ ရခဲလှတဲ့ ခေါင်းဆောင်နောက်က ဦးလည်မသုန် တာဝန်ကိုယ်စီထမ်းကြမယ်ဆိုရင် စင်ကာပူဆိုတာ ဟိုးအောက်ဆုံးက လှေကားထစ်တစ်ခုပါ။
Credit Min Myat Maung
https://www.facebook.com/ minmyat.maung.3/posts/ 682794821880833
~~~~~~~~~~~~~~~~~~~~~~~~~~
စင်ကာပူဆိုတဲ့ အာရှထိပ်တန်းနိုင်ငံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျနော် ရောက်ဖူးပါတယ်။ ပထမကမ္ဘာလို့ ခေါ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအုပ်စုဝင် ရှားရှားပါးပါး တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဆိုတေ
ဒါပေမယ့်၊ ကြာကြာဝါးမှ ခါးမှန်းသိသလို၊ ဒီလို စီးပွားရေးဖွံ့ဖြိုးတိုးတက်
မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ နေဝင်းရဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ ကံဆိုးမိုးမှောင်ကျခဲ့ရပြီး
အဲဒီခေတ်ကို မီလိုက်တဲ့ လူကြီးသူမတွေရဲ့ ပြောစကားအရ၊ အမေရိက၊ ဥရောပစတဲ့ ကမ္ဘာ့နိုင်ငံတွေကို လေယာဉ်နဲ့သွားမယ့် တခြားအာရှနိုင်ငံက ခရီးသည်တွေဟာ ရန်ကုန် မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာ transit လုပ်ရတယ်။ အဲဒီအချိန်က ထိပ်တန်းလေကြောင်းလိုင်းတွေ
ရန်ကုန်ဆိပ်ကမ်းကလည်း နိုင်ငံခြားပင်လယ်ကူးသင်္ဘြော
ပြည်တွင်းပြည်ပကုမ္ပဏီတွေရဲ့
စင်ကာပူ မလေးရှားနဲ့ ထိုင်းက ပိုက်ဆံရှိသူလူကုံထံတွေဟာ ခေတ်မီအဖိုးတန်ပစ္စည်းတွေ ဝယ်ချင်ရင် ရန်ကုန်မြို့က ရိုးကုမ္ပဏီနဲ့ စကော့ဈေးမှာ လာဝယ်ရသတဲ့။ (နောက်ဆုံးပေါ် iPhone လိုချင်ရင် ရန်ကုန်မှာ လာဝယ်ရမယ်ဆိုတဲ့ ပုံစံမျိုးပါ။)
အဲဒီအချိန်တုန်းက စင်ကာပူဟာ မလေးပြည်ထောင်စုရဲ့ တစ်စိတ်တစ်ပိုင်း တံငါရွာကြီးသာသာ ခေတ်နောက်ကျတဲ့ ပြည်နယ်တစ်ခုသာ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ မလေးရှားက စင်ကာပူကို လက်မခံတော့ဘဲ ခွဲထုတ်ပစ်လိုက်တော့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယု မျက်ရည်တောင်ကျခဲ့ရတယ်။ ဒါပေမယ့်၊ ဒေသတွင်း နိုင်ငံရေးနဲ့ စီးပွားရေးကို လေ့လာသုံးသပ်ကြည့်လိုက်တဲ့အ
ဒါကြောင့်လည်း လီကွမ်ယုက "နောင်နှစ် ၂၀ မှာ မြန်မာပြည်ကို အမီလိုက်မယ်"လို့ လက်ခမောင်းခတ်ပြီး ကြုံးဝါးတော့တာပါပဲ။
အရှေ့တောင်အာရှရဲ့ နံပါတ်တစ် မြန်မာနိုင်ငံမှာ နေဝင်းရဲ့ တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်နိုင်ငံတော်ကြီး ထူထောင်မယ်လို့ ကြွေးကြော်ပြီး ၁၉၆၃ -၆၄ မှာ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းထားပြီလေ။ မြန်မာပြည်က စက်ရုံတွေ စီးပွားရေးလုပ်ငန်းတွေကို နကန်းတစ်လုံးမှ နားမလည်တဲ့ စစ်ဗိုလ်တွေ အုပ်ချုပ်လို့ အိုးနင်းခွက်နင်း ဖြစ်နေပြီ။
ပြည်သူပိုင်သိမ်းခံရတဲ့ တိုင်းရင်းသားအရင်းရှင်တွေ ဖွတ်ကျောပြာစု ခရုဆံကျွတ် ဘဝပျက်ကြတယ်။ တရုတ်၊ ကုလား ငွေရှင်ကြေးရှင်တွေ မြန်မာပြည်ကို စွန့်ခွာပြီး နိုင်ငံခြားကို ရွှေ့ကြပြောင်းကြတယ်။ (တရုတ်၊ ကုလားလို့ သုံးတာ နှိမ်ချင်လို့ မဟုတ်ပါ။) ကုလားအရင်းရှင်တွေက အိန္ဒိယကို ပြောင်းကြတယ်။ တရုတ်အရင်းရှင်တွေက စင်ကာပူ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်ကို သွားကြတယ်။
အရင်ကတည်းက မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ကမ္ဘာကျော် ကျားဘမ်းပရုပ်ဆီ လုပ်ငန်းရှင်ကြီး အော်ဘွန်ဟော်နဲ့ အော်ဘွန်ပါလည်း စင်ကာပူကို ရောက်သွားတာပေါ့။ ခုထိ ကျားသူဌေးကြီးတွေရဲ့ Haw Par Villa ဥယျာဉ်ကြီး စင်ကာပူမှာ အထင်ကရ တွေ့ရပါတယ်။
အရင် မင်္ဂလာဒုံလေဆိပ်က နိုင်ငံတကာ လေကြောင်းကုမ္ပဏီတွေ စင်ကာပူကို ပြောင်းပြေးကြတော့ လီကွမ်ယု ပျော်ပြီလေ။ Air hub ဆိုတဲ့ လေကြောင်းလမ်းဆုံတစ်ခု ဖြစ်လာဖို့ အတော်ခက်ခဲတာပါ။ ဒါပေမယ့်၊ နေဝင်းနဲ့ စစ်ဗိုလ်တွေ တစ်လွဲလျှောက်လုပ်တာကြောင့်
ပြီးတော့၊ နေဝင်းစစ်အစိုးရက မြန်မာပညာရှင်တွေကို မတူမတန် နှိမ်ချဆက်ဆံလို့ အတော်ဆုံးပညာရှင်တွေ နိုင်ငံခြားကို ထွက်ကုန်ကြတယ်။ Brain drain ဦးနှောက်ယိုစီးတာ အဲဒီမှာ အစပျိုးတော့တာပဲ။ စင်ကာပူနိုင်ငံရဲ့ ဥပဒေတွေကို ရေးဆွဲပေးခဲ့သူက ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနက ဆရာ ဦးမြင့်စိုးတဲ့။ အခု စင်ကာပူရဲ့ အသက်သွေးကြောဖြစ်တဲ့ နိုင်ငံတကာ ပင်လယ်ကူးဆိပ်ကမ်းနဲ့ သင်္ဘောကျင်းတွေကို ပုံစံထုတ် တည်ဆောက်ပေးတာလည်း မြန်မာအင်ဂျင်နီယာတွေတဲ့။
မြန်မာဗိုလ်ချုပ်တွေ ဘယ်လောက် ဉာဏ်ပညာအမျှော်အမြင် နည်းတယ်ဆိုတာကို လီကွမ်ယု ကောင်းကောင်းသိတယ်။ ဒီလို ဗာလာနံလူမိုက်တွေ အစိုးရလုပ်နေတုန်းမှာ ရသလောက် အချောင်နှိုက် အမြတ်ထုတ်ရမယ်ဆိုတာ သူကောင်းကောင်းနားလည်တယ်။ ဒါကြောင့်၊ စစ်အစိုးရ သက်ဆိုးရှည်အောင် လီကွမ်ယုနဲ့ အဲဒီအချိန်က မလေးရှားဝန်ကြီးချုပ်ဖြစ်တဲ
အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားလို့ အကျပ်အတည်းဖြစ်နေတဲ့ မြန်မာစစ်အစိုးရကို လီကွမ်ယု၊ မဟာသီယာနဲ့ ထိုင်းဝန်ကြီးချုပ် တပ်ခ်စင်တို့က အာဆီယံထဲ ခေါ်ထည့်ပြီး ချိုနဲ့သားရေမကျန် ကောင်းကောင်း အမဲဖျက်ကြတော့တာပါပဲ။
အဲဒီသုံးနိုင်ငံရသွားတဲ့ ဝေစုတွေကတော့ ထိုင်းက မြန်မာ့သယံဇာတတွေနဲ့ ရွှေ့ပြောင်းကာယလုပ်သားတွေ၊ မလေးရှားက မြန်မာအောက်ခြေအလုပ်သမားတွေ
လီကွမ်ယု လိမ္မာပါးနပ်စွာ စီမံအုပ်ချုပ်ခဲ့တာကိုတော့ ချီးကျူးရမှာပါ။ သူ့အစိုးရအဖွဲ့မှာ နိုင်ငံခြားပညာတတ်လူငယ်တွေက
ဒါကြောင့်၊ စင်ကာပူစီးပွားရေး လုပ်ငန်းကုမ္ပဏီတွေကို ကြည့်လိုက်ရင် ပညာရှင်နေရာတွေမှာ နိုင်ငံခြားသားတွေ ဖြစ်ပြီး အထက်ပိုင်း စီမံအုပ်ချုပ်တဲ့ ရာထူးတွေမှာ စင်ကာပူလူမျိုးတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ပြီးတော့၊ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ထိပ်ပိုင်းရာထူးကြီးတွေကျတေ
တကယ်လို့ မြန်မာနိုင်ငံမှာ နေဝင်းအာဏာသိမ်းပြီး သန်းရွှေ၊ သိန်းစိန်အထိ စစ်အစိုးရအုပ်ချုပ်တဲ့ခေတ်သ
ခုတော့၊ ကျနော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို တစ်စိတ်တစ်ဒေသ ပြန်လည်အသက်သွင်းနိုင်ပါပြီ
ဒါကြောင့်၊ အဖက်ဖက်က အချက်အလက်တွေကို လေ့လာဆန်းစစ်ပြီး "နောင် နှစ် ၂၀ မှာ စင်ကာပူကို ကျော်တက်မယ်" လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပြောလိုက်တာ ဖြစ်ပါတယ်။
ယုံကြည်မှုအပြည့်ဆိုတဲ့စကားလ
ဒေါ်အောင်ဆန်းစုကြည်က မြန်မာတွေ မညံ့ဘူးလို့ ယုံကြည်တယ်။ မြန်မာတွေကလည်း ကိုယ့်ကိုယ်ကို မညံ့ဘူးလို့ ယုံကြည်ကြပါသလား။ ပြည်သူလူထုကလည်း မိမိကိုယ်နဲ့ မိမိအစိုးရအပေါ် ယုံကြည်ကြစေချင်တယ်။
"I believe in me" ကိုယ့်ကိုယ်ကိုသာ ယုံကြည်ရာ၏ ဆိုတဲ့ထုံးကို နှလုံးမူပြီး တစ်သက်တစ်ခါ ရခဲလှတဲ့ ခေါင်းဆောင်နောက်က ဦးလည်မသုန် တာဝန်ကိုယ်စီထမ်းကြမယ်ဆိုရင
Credit Min Myat Maung
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။