🇾🇪 လွတ်လပ်သောစိတ် 🇾🇪
💧လွတ်လပ်တဲ့သူဟာ အချိန်မဖြုန်းဘူး💧
🌾🌾🌾
အချိန်ပိုရှိရင် အချိန်ဖြုန်းတဲ့သူ၊ ပညာမရှာတဲ့သူ၊ ကိုယ့်အရည်အချင်းကို မြင့်အောင်မကြိုးစားတဲ့သူဟာ
လွတ်လပ်မှုမရှိတဲ့သူပဲ။ အချိန်ပိုဆို၂၀၅တာ ဘာကိုခေါ်တာလဲ။ တကယ်တော့
အချိန်ပိုဆိုတာ မရှိပါဘူး။ အခကြေးငွေရတဲ့အလုပ်ကို
လုပ်နေတဲ့အချိန်မဟုတ်တာကို အချိန်ပိုလို့ခေါ်တယ်။ ကျောင်းသား
ကျောင်းသူဆိုရင် ကျောင်းတက်နေတဲ့အချိန် မဟုတ်တဲ့အချိန်ကို
အချိန်ပိုလို့ခေါ်တယ်။
တကယ်တော့ အချိန်က ပိုနေတာမဟုတ်ပါဘူး။ မလုပ်မနေရ လုပ်ရမယ့်အလုပ် မရှိတဲ့အချိန်၊ ကိုယ်လုပ်ချင်တာကို ကိုယ့်သဘောနဲ့ကိုယ် လုပ်နိုင်တဲ့အချိန်ကို အချိန်ပိုလို့ခေါ်နေတာပါ။ လွတ်လွတ်လပ်လပ်သုံးခွင့်ရှိ တဲ့အချိန်ကို အချိန်ပိုလို့ခေါ်နေတာပါ။
အချိန်ပိုကို ဘယ်လိုသုံးသလဲ။ အဲဒါကိုကြည့်ပြီး ဒီလူဟာ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ပြောနိုင်ပါတယ်။ တိုးတက်ကြီးပွားတဲ့သူတွေဟာ အဲဒီအချိန်ပိုလို့ခေါ်တဲ့အချိန်ကို ကောင်းကောင်း ရင်းနှီးမြှပ်နှံတတ်တယ်။ လွတ်လွတ်လပ်လပ်သုံးခွင့်ရှိ တဲ့အချိန်ကို အကောင်းဆုံးနေရာမှာသုံးတဲ့သူဟာ တစ်နေ့တခြား အရည်အချင်းပိုရှိလာတယ်။ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။
🌾🌾🌾
အချိန်ကို တန်ဖိုးရှိရှိသုံးတဲ့သူဟာ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုရှိတယ်။ သူတစ်ပါး လေးစားတာကိုလည်း ခံရတယ်။ အရည်အချင်းရှိတဲ့သူတွေနဲ့ ချစ်ခင်မှု ရင်းနှီးမှု ရှိတယ်။ ဒါကြောင့် ပိုပြီးတိုးတက်ဖို့ အလားအလာရှိတယ်။ အချိန်ဖြုန်းနေတဲ့သူကို ဘယ်သူမှမလေးစားဘူး။ လူတွေရဲ့လေးစားမှုကို မရရင် လူ့အသိုင်းအဝိုင်းထဲမှာ နေရာကောင်းမရနိုင်ဘူး။ တပည့်ကအချိန်ဖြုန်းနေရင် ဆရာက အဲဒီတပည့်ကိုပေးရတဲ့အချိန်ဟာ ပေးရကျိုးမနပ်ဘူးလို့တွေးမယ်။
အဲဒီလိုဆိုရင် အဲဒီတပည့်ဟာ ဆရာ့ဆီကရနိုင်သလောက်ပညာကို ပြည့်ပြည့်ဝဝ
ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် အဲဒီတပည့်ဟာ တကယ်ထူးချွန်တဲ့သူ
မဖြစ်နိုင်တော့ဘူး။
တရားအားထုတ်တဲ့အခါမှာလည်း အချိန်မရွေး၊ နေရာမရွေး သတိကိုကပ်ထားနိုင်မှ ကြားလပ်သွားတာမရှိအောင် တရားကိုအားထုတ်နိုင်မှ တကယ်အဆင့်မြင့်တဲ့တရားကို သိနိုင်တယ်။ လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူးဆိုရင်တော့  အဆင့်မြင့်တဲ့တရားကို မသိနိုင်ဘူး။
ဒီခေတ်မှာ အချိန်ဖြုန်းတဲ့သူတွေ ပိုများလာတယ်။ အချိန်ဖြုန်းဖို့နည်းတွေလည်း
ပိုများလာတယ်။ အချိန်ဖြုန်းတဲ့လူငယ်တွေ ဘာဖြစ်မလဲ။ အသက်ကြီးလာလေ
အသုံးမဝင်လေဖြစ်မယ်။ ခိုင်းတာလုပ်ရတဲ့သူတွေ ဖြစ်မယ်။
ခေါင်းဆောင်မဖြစ်နိုင်ဘူး။
💧လွတ်လပ်တဲ့သူမှာ အဓိကကျတဲ့ရည်မှန်းချက်ရှိတယ်💧
🌾🌾🌾
လူတိုင်းမှာ အချက်အချာကျတဲ့ ဦးတည်ချက်၊ ရည်မှန်းချက် (a central purpose) ရှိရမယ်။ တခြားရည်မှန်းချက်တွေအားလုံးဟာ
အဲဒီအချက်အချာကျတဲ့ အဓိကဦးတည်ချက်ဆီကို လာပြီးစုစည်းရမယ်။ ရှေးတုန်းက
ကရင်ပြည်နယ် ကတိုးလို့ခေါ်တဲ့ရွာမှာ ဦးနာအောက်လို့ခေါ်တဲ့
သစ်ကုန်သည်ကြီးတစ်ယောက် ရှိခဲ့တယ်။ သူ့အိမ်ကြီးဟာ တိုင်းတစ်လုံးထဲနဲ့
ဆောက်ထားတယ်ဆိုလို့ ဘုန်းကြီးငယ်ငယ်က သွားကြည့်ခဲ့တယ်။ တကယ်တော့
အင်မတန်ကြီးတဲ့ လူသုံးယောက်လောက်ဖက်ရတဲ့ တိုင်အကြီးကြီးတစ်လုံးကို
အလည်မှာထားပြီးတော့ တိုင်ငယ်ငယ်တွေကို ဘေးမှာထားပြီးတော့ ထုတ်တွေ
ယက်မတွေကို အဲဒီတိုင်မကြီးဆီကို လာတွဲထားတယ်။ အင်မတန်လှတဲ့အိမ်ပဲ။ အခု
ရှိသေးလားတော့ မသိဘူး။
အဓိကရည်မှန်းချက်ဆိုတာ အဲဒီတိုင်မကြီးလိုပဲ။ တခြားတိုင်တွေနဲ့တူတဲ့ ရည်မှန်းချက်တွေရှိပေမဲ့ အဲဒီရည်မှန်းချက်တွေဟာ အဓိကရည်မှန်းချက်ဆီကို လာပြီးဆက်ရတယ်။ တခြားတိုင်တွေ ဘယ်နေရာမှာရှိရမယ်ဆိုတာကို ဗဟိုရ်တိုင်မကြီးကဆုံးဖြတ်တ ယ်။
အိမ်ကြီးဆောက်ပြီးတဲ့အခါ အချိုးကျတဲ့ လှပတဲ့ အိမ်ကြီးဖြစ်လာရမယ်။
အဲဒီလိုပဲ အဓိကရည်မှန်းချက်တစ်ခုနဲ့ အဖြည့်ရည်မှန်းချက် အများကြီးရှိရမယ်။
🌾🌾🌾
ကိုယ့်ဘဝမှာ ဘယ်ကိစ္စကို အရေးအကြီးဆုံးနေရာမှာထားမလဲ ။ အဲဒါကို အရင်သိအောင်လုပ်ပြီးတော့ အဲဒီကိစ္စအောင်မြင်ဖို့ တခြားအခြံအရံအနေနဲ့လုပ်ရမယ့်ကိစ္စတွေဟာ ဘာတွေလဲဆိုတာလည်း သိအောင်လုပ်ထားရမယ်။
ဘုန်းကြီးငယ်ငယ်ကတည်းက လွတ်လပ်တာကိုသိပ်လိုချင်တယ် ။ ဒါ့ကြောင့် လွတ်လပ်တဲ့ဘဝကိုရအောင်လုပ်မ ယ်လို့ အဓိကရည်မှန်းချက်ထားခဲ့တယ်။
လွတ်လပ်ချင်ရင် သူတစ်ပါးအပေါ်မှီခိုမှု နည်းနိုင်သမျှနည်းရမယ်။ အဲဒါကြောင့်
တတ်နိုင်သလောက် ကိုယ်လုပ်နိုင်တာကို ကိုယ့်ဟာကိုယ်လုပ်တယ်။ မသိတာ မတတ်တာဟာ
အကြီးမားဆုံးမလွတ်လပ်မှုပဲ။ အဲဒါကြောင့် မသိတာကို သိအောင်လုပ်တယ်။
များများသိရအောင် စာများများဖတ်တယ်။ ဘာသာရပ်ပေါင်းစုံဖတ်တယ်။ သမိုင်းကို
အများကြီးဖတ်တယ်။ သမိုင်းကိုဖတ်တော့ ခေတ်အမျိုးမျိုးရှိခဲ့တာကို သိရတယ်။ အုပ်ချုပ်ပုံအမျိုးမျိုး သိရတယ်။ ဘယ်ဟာပိုကောင်းတယ်ဆိုတာ သိရတယ်။ ဘယ်ခေတ်ကတိုးတက်တယ်၊ ဘာကြောင့်တိုးတက်တယ်ဆိုတာ သိရတယ်။
🌾🌾🌾
ညီညွှတ်ပြီးလွတ်လပ်တဲ့ခေတ်က ပိုတိုးတက်တယ်။ လွတ်လွတ်လပ်လပ်တွေးခေါ်ပြီး လွတ်လွတ်လပ်လပ်စမ်းသပ်တီထွင်တဲ့ခေတ်က
ပိုတိုးတက်တယ်။ မညီညွတ်ရင် မတိုးတက်ဘူး။ မလွတ်လပ်ရင်လည်း မတိုးတက်ဘူး။
တရားမျှတမှုရှိရင် တိုးတက်တယ်။ ကြိုးစားတဲ့သူဟာ သူကြိုးစားသလောက်အကျိုးခံစားခွင့်ရှိရင် တိုးတက်တယ်။ သူ့ဥာဏ်သူ့ဇွဲလုံ့လနဲ့လုပ်လို့ရလာတာကို တစ်စုံတစ်ယောက်က သိမ်းယူခွင့်မရှိတဲ့အခါမှာ ပိုတိုးတက်တယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အုပ်ချုပ်ပုံအမျိုးမျိုးတိုးတက်ပြောင်းလဲလာပုံကို သိအောင် သမိုင်းကိုအမြဲဖတ်ရမယ်။ သမိုင်းကိုမသိရင် အတွေးအခေါ်မလေးနက်ဘူး။ ခလေးဆန်နေမယ်။
အတ္ထုပ္ပတ္တိတွေလည်း အများကြီးဖတ်တယ်။ သမိုင်းမှာထင်ရှားတဲ့သူတွေအ ကြောင်း မဖတ်ဖူးတာမရှိသလောက်ပဲ။ အောင်မြင်တဲ့သူတွေရဲ့စိတ်နေ သဘောထားနဲ့ လုပ်ပုံကိုင်ပုံတွေကိုသိရတာ ကိုယ့်ဘဝအောင်မြင်မှုအတွက် အဓိကအချက်ပဲ။ အောင်မြင်တဲ့သူတွေအကြောင်းမ သိရရင်
ရည်မှန်းချက်မြင့်မြင့် ထားမှာမဟုတ်ဘူး။ ထမင်းဝဝစားပြီး ပျော်ပျော်နေရရင်
ကျေနပ်နေမှာ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး
ပညာတတ်လာတဲ့သူတွေအကြောင်းကို သိပ်စိတ်ဝင်စားတယ်။ ကိုယ့်ပညာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာနိုင်မှ လွတ်လပ်တဲ့သူဖြစ်နိုင်မယ်✌🏼✌🏼
💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱
၏
💧လွတ်လပ်သောစိတ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖 စာမျက်နှာ (၂၀၁-၂၀၅) 📖
Credit. To. ဘဝ
💧လွတ်လပ်တဲ့သူဟာ အချိန်မဖြုန်းဘူး💧
🌾🌾🌾
အချိန်ပိုရှိရင် အချိန်ဖြုန်းတဲ့သူ၊ ပညာမရှာတဲ့သူ၊ ကိုယ့်အရည်အချင်းကို မြင့်အောင်မကြိုးစားတဲ့သူဟာ
တကယ်တော့ အချိန်က ပိုနေတာမဟုတ်ပါဘူး။ မလုပ်မနေရ လုပ်ရမယ့်အလုပ် မရှိတဲ့အချိန်၊ ကိုယ်လုပ်ချင်တာကို ကိုယ့်သဘောနဲ့ကိုယ် လုပ်နိုင်တဲ့အချိန်ကို အချိန်ပိုလို့ခေါ်နေတာပါ။ လွတ်လွတ်လပ်လပ်သုံးခွင့်ရှိ
အချိန်ပိုကို ဘယ်လိုသုံးသလဲ။ အဲဒါကိုကြည့်ပြီး ဒီလူဟာ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ပြောနိုင်ပါတယ်။ တိုးတက်ကြီးပွားတဲ့သူတွေဟာ အဲဒီအချိန်ပိုလို့ခေါ်တဲ့အချ
🌾🌾🌾
အချိန်ကို တန်ဖိုးရှိရှိသုံးတဲ့သူဟာ ကိုယ့်ကိုယ်ကို ကိုယ်လေးစားမှုရှိတယ်။ သူတစ်ပါး လေးစားတာကိုလည်း ခံရတယ်။ အရည်အချင်းရှိတဲ့သူတွေနဲ့ ချစ်ခင်မှု ရင်းနှီးမှု ရှိတယ်။ ဒါကြောင့် ပိုပြီးတိုးတက်ဖို့ အလားအလာရှိတယ်။ အချိန်ဖြုန်းနေတဲ့သူကို ဘယ်သူမှမလေးစားဘူး။ လူတွေရဲ့လေးစားမှုကို မရရင် လူ့အသိုင်းအဝိုင်းထဲမှာ နေရာကောင်းမရနိုင်ဘူး။ တပည့်ကအချိန်ဖြုန်းနေရင် ဆရာက အဲဒီတပည့်ကိုပေးရတဲ့အချိန်ဟ
တရားအားထုတ်တဲ့အခါမှာလည်း အချိန်မရွေး၊ နေရာမရွေး သတိကိုကပ်ထားနိုင်မှ ကြားလပ်သွားတာမရှိအောင် တရားကိုအားထုတ်နိုင်မှ တကယ်အဆင့်မြင့်တဲ့တရားကို သိနိုင်တယ်။ လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူးဆိုရင်တော
ဒီခေတ်မှာ အချိန်ဖြုန်းတဲ့သူတွေ ပိုများလာတယ်။ အချိန်ဖြုန်းဖို့နည်းတွေလည်
💧လွတ်လပ်တဲ့သူမှာ အဓိကကျတဲ့ရည်မှန်းချက်ရှိတယ
🌾🌾🌾
လူတိုင်းမှာ အချက်အချာကျတဲ့ ဦးတည်ချက်၊ ရည်မှန်းချက် (a central purpose) ရှိရမယ်။ တခြားရည်မှန်းချက်တွေအားလုံ
အဓိကရည်မှန်းချက်ဆိုတာ အဲဒီတိုင်မကြီးလိုပဲ။ တခြားတိုင်တွေနဲ့တူတဲ့ ရည်မှန်းချက်တွေရှိပေမဲ့ အဲဒီရည်မှန်းချက်တွေဟာ အဓိကရည်မှန်းချက်ဆီကို လာပြီးဆက်ရတယ်။ တခြားတိုင်တွေ ဘယ်နေရာမှာရှိရမယ်ဆိုတာကို ဗဟိုရ်တိုင်မကြီးကဆုံးဖြတ်တ
🌾🌾🌾
ကိုယ့်ဘဝမှာ ဘယ်ကိစ္စကို အရေးအကြီးဆုံးနေရာမှာထားမလဲ
ဘုန်းကြီးငယ်ငယ်ကတည်းက လွတ်လပ်တာကိုသိပ်လိုချင်တယ်
🌾🌾🌾
ညီညွှတ်ပြီးလွတ်လပ်တဲ့ခေတ်က
အတ္ထုပ္ပတ္တိတွေလည်း အများကြီးဖတ်တယ်။ သမိုင်းမှာထင်ရှားတဲ့သူတွေအ
💢ဆရာတော်ဦးဇောတိက💢
🌱(မဟာမြိုင်တောရ)🌱
၏
💧လွတ်လပ်သောစိတ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖 စာမျက်နှာ (၂၀၁-၂၀၅) 📖
Credit. To. ဘဝ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။