Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 5, 2017

ဆူးကြားက ဘူးခါး​လေးများမဖြစ်​ရ​လေ​အောင်​........

 
 
ဆူးကြားက ဘူးခါး​လေးများမဖြစ်​ရ​လေ​အောင်​........
===================================
က​လေး​တွေစိတ်​မချမ်းသာရဆုံးအချိန်​ကို​ပြောပါဆိုရင်​ အ​ဖေနဲ့အ​မေရန်​ဖြစ်​တဲ့အချိန်​​ပဲ​ပေါ့။ ကျွန်မ ကိုယ်​တိုင်​လဲ ငယ်​ငယ်​က အ​ဖေနဲ့အ​မေရန်​ဖြစ်​ရင်​ အရမ်းစိတ်​ထိခိုက်​ခဲ့ရဖူးပါတယ်​။ ကိုယ်​တိုင်​အိမ်​ ​ထောင်​ကျတဲ့အခါ ရန်​ဖြစ်​ခြင်းဆိုတာ ထိန်းချုပ်​လို့မရနိုင်​​တဲ့အရာတစ်​ခုလိုဖြစ်​ခဲ့ဖူးပါတယ်​။

အိမ်​​ထောင်​သည်​​တွေရန်​ဖြစ်​တာအဆန်းမဟုတ်​​ပေမဲ့ သနားစရာအ​ကောင်းဆုံးက​တော့ ကိုယ့်​​ကြောင့်​ လူ့​လောကထဲ​ရောက်​လာတဲ့ အပြစ်​မဲ့က​လေးငယ်​​​တွေရဲ့ဘ၀​ပါ။ တကယ်​​တော့ အိမ်​​ထောင်​တစ်​ခုကို ထူ​ထောင်​တဲ့အခါမှာ ​သွေးမ​တော်​သားမစပ်​သူနှစ်​ဦး​ပေါင်းဖက်​ကြတယ်​ဆို​ပေမဲ့ ဒီအိမ်​​ထောင်​မှာ က​လေး​လေး​တွေရှိလာပြီဆိုရင်​ သူစိမ်းနှစ်​ဦး​ပေါင်းဖက်​​နေတာမဟုတ်​​တော့ပါဘူး။ ကိုယ့်​ရင်​ကဖြစ်​တဲ့ သားသမီး​လေး​တွေရဲ့​မေ​မေ သားသမီး​လေး​တွေရဲ့​ဖေ​ဖေဖြစ်​သွားတဲ့အတွက်​ နားလည်​​ပေးနိုင်​မှု ခွင့်​လွှတ်​​ပေးနိုင်​မှု ဖြည့်​​တွေး​ပေးနိုင်​မှု​တွေ တစ်​ဦးကိုတစ်​ဦးမဖြစ်​မ​နေ​ပေးဖို့လိုအပ်​ပါတယ်​။

အိမ်​​ထောင်​တစ်​ခုစတည်​​ထောင်​ချိန်​မှာ တစ်​ဦးကိုတစ်​ဦးပိုင်​ဆိုင်​လိုမှုနဲ့တည်​​ထောင်​ခဲ့ကြတာပါ။ အဲ့ဒီ ပိုင်​ဆိုင်​လိုမှု​တွေက​နေတစ်​ဆင့်​ အတ္တဆိုတဲ့ကိုယ့်​ဖက်​ပဲကို​​တွေးချင်​တာ​တွေများလာတတ်​ပါတယ်​။ အတ္တ​တွေများလာတဲ့အခါ မာန​တွေပါ​နောက်​ဆက်​တွဲပါလာတဲ့အတွက်​ ဇနီး​မောင်​နှံနှစ်​ဦးကြားမှာ ပူ​လောင်​မှု​သောက​တွေဖြစ်​ရပါတယ်​။ အထူးသဖြင့်​ အရှုံးအနိုင်​တွက်​လိုစိတ်​​တွေများလာတာပါ။ ငါကပဲ ​ပေးဆပ်​မှုများ​နေတယ်​ သူက​တော့ဘာမှမနစ်​နာဘူး စသဖြင့်​သာတာနာတာ​တွေ​ပြောလာကြ တွက်​လာကြပါ​တော့တယ်​။

တကယ်​​တော့အိမ်​​ထောင်​စ်​ခုဖြစ်​တည်​သွားပြီဆိုရင်​ သူ​ရောကိုယ်​​ရောဆုံးရှုံးသွားပါပြီ။ ဘာ​တွေဆုံးရှုံး သွားလဲဆို​တော့ ကိုယ်​ပိုင်​မိသားစု​တွေဆုံးရှုံးရပါတယ်​။ ကိုယ်​ပိုင်​အချိန်​​တွေဆုံးရှုံးရပါတယ်​။ လူပျို အပျိုဆိုတဲ့ဂုဏ်​​တွေဆုံးရှုံးရပါတယ်​။ ဒီလိုဆုံးရှုံးသွားတဲ့အရာ​တွေဟာ ပြန်​ယူလို့ရစ​ကောင်းတဲ့အရာ ​တွေမဟုတ်​လို့ ကျွန်​မတို့ အရှုံးထဲက အမြတ်​ထွက်​​အောင်ပဲကြိုးစားသင့်​ပါတယ်​။

အိ​မ်​​ထောင်​တစ်​ခုမှာ အ​ရေးအကြီးဆုံးအ​တွေးအ​ခေါ် တစ်​ခုလိုအပ်​ပါတယ်​။ အဲ့ဒါက​တော့ တစ်​ဦးကို တစ်​ဦးပိုင်​ဆိုင်​ခြင်းဆိုတာ တစ်​ဦးအ​ပေါ်တစ်​ဦးနားလည်​​ပေးနိုင်​ဖို့ ပိုနီးစပ်​ခွင့်​ရတယ်​ဆိုတဲ့အ​တွေး​လေး တစ်​ခုပါ။ ဒီလိုနားလည်​​ပေးခြင်းဆိုတာ သူကြိုက်​တာမကြိုက်​တာ ကိုယ်​ကြိုက်​တာမကြိုက်​တာ​တွေကို သိနားလည်​ပြီးညှိနှိုင်း​နေထိုင်​နိုင်​ဖို့ပါ။ ကိုယ့်​ကြိုက်​ကိုသူ့အကြိုက်​လုပ်​လို့မရသလို ကိုယ့်​စိတ်​နဲ့ သူ့ကိုယ်​လုပ်​လို့လဲမရပါဘူး။ တကယ်​လို့နှစ်​ဖက်​ညှိနှိုင်းလို့မရဘဲ တစ်​ဖက်​ဖက်​က အရမ်းတင်းမာ​နေ ရင်​​တော့ ဥ​ပေက္ခာပြုပြီး​အေးချမ်း​အောင်​အတူ​နေနိုင်​ဖို့ကြိုးစားသင့်​ပါတယ်​။

အဲ့ဒီလိုညှိနှိုင်း​နေထိုင်​နိုင်​မှုမရှိဘဲ အရှုံးအနိုင်​တွက်​ပြီးရန်​အဖြစ်​များ​နေတဲ့ အိမ်​​ထောင်​​ရေးကြားထဲမှာ ​မြေဇာပင်​ဖြစ်​ပြီး တကယ်​ရှုံးရတာက အပြစ်​မဲ့တဲ့က​လေး​လေး​တွေပါ။ က​လေး​တွေရဲ့စိတ်​ပိုင်းဆိုင်​ရာ ဖွံ့ဖြိုးမှုအတွက်​ အ​ရေးအကြီးဆုံးလိုအပ်​ချက်​က မိသားစု​နွေး​ထွေးမှုပါ။ မိသားစု​နွေး​ထွေးမှုရရှိတဲ့ က​လေး​တွေဟာ ကိုယ့်​ကိုယ်​ကိုယုံကြည်​မှုပိုရှိပါတယ်​။ ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​ချနိုင်​ပါတယ်​။ ​ကြောက်​ရွံ့ စိုးရိမ်​မှု​တွေ​လျော့နဲပါတယ်​။ အ​ကောင်းမြင်​စိတ်​များပါတယ်​။ စိတ်​ရှည်​ သီးခံတတ်​တဲ့စိတ်​ကို ​မွေးမြူ​ပေးရ လွယ်​ကူပါတယ်​။ အပြုသ​ဘောနဲ့တည်​​ဆောက်​ချင်​စိတ်​ရှိပါတယ်​။ ​ပျော်​ရွှင်​၀မ်း​မြောက်​လွယ်​ ပါတယ်​။ မိတ်​​ဆွေဖွဲ့လွယ်​ကူတတ်​ပါတယ်​။ မိသားစု​နွေး​ထွေးမှုမရခဲ့ရင်​​တော့ ​ဖော်​ပြခဲ့တာ​တွေနဲ့ဆန့်​ ကျင်​ဖက်​​တွေပဲ ဖြစ်​လာပါလိမ့်​မယ်​။

အနှစ်​ချုပ်​အ​နေနဲ့​ပြောချင်​တာက​တော့ အိမ်​​ထောင်​တစ်​ခုမှာ သားသမီးဆိုတာရှိလာတာနဲ့ မိဘဆိုတဲ့​နေ ရာကို​ရောက်​သွားပါပြီ။ ဇနီး​မောင်​နှံနှစ်​ဦးစလုံးအ​နေနဲ့ မိမိတို့​တွေးသမျှ လုပ်​သမျှ ​ပြောသမျှတိုင်းမှာ မိဘ​နေရာက​နေပြီးပဲ ​တွေးဖို့ လုပ်​ဖို့ ​ပြောဖို့လိုအပ်​ပါတယ်​။ ဒါမှ ​လောကကိုအလှဆင်​နိုင်​တဲ့ သားသမီး ​လေး​တွေရဲ့ မိဘ​တွေအဖြစ်​နဲ့ဂုဏ်​ယူခွင့်​ရနိုင်​ပါလိမ့်​မယ်​လို့ ​မေတ္တာဖြင့်​​ဝေမျှလိုက်​ရပါတယ်​ရှင်​။

မေတ္တာဖြင့်
ဆုရည်​​ကျော်​(ICDS)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။