Search me!!!
ဒီ search ဆိုတဲ့ စကားလုံးလေးတော့ အားလုံးသိကြမှာပါ။
search (verb) ရှာဖွေသည်
search (noun) ရှာဖွေခြင်း
လွယ်ပေမဲ့ မှန်အောင်ဝါကျလေးတွေလည်း တည်ဆောက်တတ်ဖို့လိုတယ်။ Verb လို အသုံးလေးတွေကို အရင်ကြည့်ပါ။
🔑The police searched the home of the suspected murderer.
ရဲက လူသတ်သမားလို့ သံသယရှိထားခြင်းခံရသူရဲ့ အိမ်ကိုရှာတယ်။ (သဲလွန်စ ဘာတွေထပ်တွေ့မလဲလို့ ရှာဖွေတာ)
🔑At the airport, the officers searched the African man for drugs.
လေဆိပ်မှာ အရာရှိတွေက အာဖရိကန်လူမျိုးတစ်ယောက်ကို ယ်မှာ မူးယစ်ဆေးသယ်လာသလားလို့ ရှာတယ်။
🔅ဒီဝါကျမှာ to search someone for something သုံးထားပုံကို အတွဲလိုက်မှတ်ပါ။
🔑I searched my memory, but I couldn't remember where I'd met him before.
ငါ ပြန်စဉ်းစားကြည့်ပေမဲ့ သူ့ကို အရင်ဘယ်နေရာမှာ တွေ့ခဲ့ဖူးတယ်ဆိုတာကို မမှတ်မိဘူး။
🔅ဒီဝါကျမှာ
မှတ်ထားရမှာက to search one's memory ဆိုတဲ့ အသုံးပါ။ to try to recall
လို့သုံးလည်းရပါတယ်။ ဦးနှောက်ထဲမှာ ပြန်ပေါ်လာအောင်စဉ်းစားတာ။
🔑The student carefully searched for the right words to express his feelings in his essay.
ကျောင်းသားဟာ စာစီစာကုံးမှာ သူ့ရဲ့ခံစားချက်ကိုပေါ်လွင်ေ အာင်ဖေါ်ပြနိုင်မယ့် စကားလုံးတွေကို သေချာစွာရွေးချယ်တယ်။
🔅ဒီဝါကျမှာတော့ to search for something လို့သုံးပုံကိုမှတ်ပါ။
search ကို Noun လိုသုံးရာမှာတော့ in search of something...ဆိုတာ အသုံးများလို့ သိထားသင့်ပါတယ်။
🔅in search of something= ရှာပုံတော်ထွက်သည်၊ လိုက်ရှာနေသည်
🔑We spent about an hour walking on the beach road in search of a cheaper hotel.
ငါတို့တွေ ကမ်းခြေလမ်းမတလျှောက်မှာ ဈေးပိုပေါတဲ့ ဟိုတယ်လိုက်ရှာကြတာ တစ်နာရီလောက်ကြာတယ်။
ကဲ...ဒီ post ရဲ့ လိုရင်းကတော့ ခေါင်းစဉ်ပေးထားတဲ့ Search me! ကို ရှင်းပြချင်တာပါ။ ငါ့ကိုရှာပါ...လို့ ဘာသာပြန်ရင်မှားမယ်နော်။
စကားပြောမှာ သုံးကြတဲ့ပုံစံပါ။ Search me ဆိုတာ I don't know. ငါမသိဘူး...လို့ပြောတာ။ တစ်ယောက်ယောက်က ကိုယ့်ကို မေးခွန်းမေးလာတဲ့အခါ မသိဘူးလို့ ပြန်ဖြေတာ။ informal ပုံစံဖြစ်လို့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့သာသုံးပါ။
🔑A: Hey, where did I leave my phone?
ဟေး...ငါ့ဖုန်းကို ဘယ်နားထားလိုက်မိပါလိမ့်။
B: Search me!
ငါ ဘယ်သိမလဲ။
With love,
Dr.Soe Than
October 9, 2017
ဒီ search ဆိုတဲ့ စကားလုံးလေးတော့ အားလုံးသိကြမှာပါ။
search (verb) ရှာဖွေသည်
search (noun) ရှာဖွေခြင်း
လွယ်ပေမဲ့ မှန်အောင်ဝါကျလေးတွေလည်း တည်ဆောက်တတ်ဖို့လိုတယ်။ Verb လို အသုံးလေးတွေကို အရင်ကြည့်ပါ။
ရဲက လူသတ်သမားလို့ သံသယရှိထားခြင်းခံရသူရဲ့ အိမ်ကိုရှာတယ်။ (သဲလွန်စ ဘာတွေထပ်တွေ့မလဲလို့ ရှာဖွေတာ)
လေဆိပ်မှာ အရာရှိတွေက အာဖရိကန်လူမျိုးတစ်ယောက်ကို
ငါ ပြန်စဉ်းစားကြည့်ပေမဲ့ သူ့ကို အရင်ဘယ်နေရာမှာ တွေ့ခဲ့ဖူးတယ်ဆိုတာကို မမှတ်မိဘူး။
ကျောင်းသားဟာ စာစီစာကုံးမှာ သူ့ရဲ့ခံစားချက်ကိုပေါ်လွင်ေ
search ကို Noun လိုသုံးရာမှာတော့ in search of something...ဆိုတာ အသုံးများလို့ သိထားသင့်ပါတယ်။
ငါတို့တွေ ကမ်းခြေလမ်းမတလျှောက်မှာ ဈေးပိုပေါတဲ့ ဟိုတယ်လိုက်ရှာကြတာ တစ်နာရီလောက်ကြာတယ်။
ကဲ...ဒီ post ရဲ့ လိုရင်းကတော့ ခေါင်းစဉ်ပေးထားတဲ့ Search me! ကို ရှင်းပြချင်တာပါ။ ငါ့ကိုရှာပါ...လို့ ဘာသာပြန်ရင်မှားမယ်နော်။
စကားပြောမှာ သုံးကြတဲ့ပုံစံပါ။ Search me ဆိုတာ I don't know. ငါမသိဘူး...လို့ပြောတာ။ တစ်ယောက်ယောက်က ကိုယ့်ကို မေးခွန်းမေးလာတဲ့အခါ မသိဘူးလို့ ပြန်ဖြေတာ။ informal ပုံစံဖြစ်လို့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့သာသုံးပါ။
ဟေး...ငါ့ဖုန်းကို ဘယ်နားထားလိုက်မိပါလိမ့်။
B: Search me!
ငါ ဘယ်သိမလဲ။
With love,
Dr.Soe Than
October 9, 2017

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။