မနေ့က သားတို့အတန်းထဲက ယောက်ျားလေးတစ်ယောက်က ပိုက်ဆံအိတ်ပျောက်သတဲ့..။
ပိုက်ဆံအိတ်ထဲမှာပိုက်ဆံယန်း၈၀၀၀(မြန်မာငွေတစ်သိန်းနီး ပါး) ပါတယ်..။ အထက်တန်းကျောင်းသားတစ်ယောက် အဲဒီလောက်တော့ပါကြတယ်လေ..။ အိမ်ကသားကတော့ ကိစ္စမရှိရင် အပိုမဆောင်ဘူး..တစ်ထောင်လော က်ပါလည်း သူကအေးဆေးပဲ..။
ပိုက်ဆံအိတ်ပျောက်တာတော့ ဂျပန်ဆရာတွေဘယ်လိုဖြေရှင်ြး ကသလဲဆိုတာ အလွန်အမင်းစိတ်ဝင်စားလို့သားကိုရအောင်မေးတော့တာ...။
သားကပြန်မေးတယ်..။
"မြန်မာပြည်မှာဆိုရင် ဘယ်လိုရှာသလဲ..?"
မြန်မာပြည်မှာဆိုရင်လား..ဆရာကကျောင်းသားတိုင်းရဲ့အိတ်ေ တွကိုလိုက်ဖွင့် (သို့) အတန်းခေါင်းဆောင်က အိတ်တွေလိုက်စစ် (သို့) ယူတယ်လို့ယူဆတဲ့ကျောင်းသားကို ကျောင်းအုပ်ကြီးရုံးခန်းခေါ် စစ် (သို့) ဘယ်သူလို့ထင်သလဲလို့ စာနဲ့လျှို့ဝှက်ပြီးမေး...အဲဒါပဲလေ...။
"အတန်းပိုင်ဆရာက သိပ်အရှည်ကြီးမပြောဘူး...ပိုက်ဆံက၈၀၀၀လား...ကိုင်း ယူတဲ့လူက ဘယ်နှစ်ရက်သုံးနိုင်မလဲ...တ စ်ရက်လား..နှစ်ရက်လား..တစ်ပ တ်လား...သုံးနေတဲ့ကာလမှာ မင်း ပျော်မလား..မင်းပျော်နေတဲ့အ ချိန်မှာ မင်းရဲ့အတန်းဖော်က သူ့ပိုက်ဆံအိတ်လေးနဲ့ ပိုက်ဆံ၈၀၀၀ကို သတိရပြီး စိတ်မကောင်းဖြစ်နေမှာကိုတွေးမိသလား..မင်းစိတ်သန့်သလား. .တဒင်္ဂမဟုတ်ဘူးနော်...တစ်သက် လုံးစာကိုပြောတာ..ဆယ်မိနစ်နားချိန်ပေးမယ်..ခဏနားချိန်မှာ ကျောင်းထဲမှာလွတ်လွတ်လပ်လပ် နေနိုင်တယ်..ဆယ်မိနစ်ပြည့်ရ င် ပြန်စမယ်.."
ဆရာက အဲဒါပဲပြောပြီး အတန်းဖြုတ်လိုက်တာ ပျောက်တဲ့ကောင်လေးရဲ့ ဖိနပ်လော့ကာထဲကို ပိုက်ဆံ၈၀၀၀နဲ့ ပိုက်ဆံအိတ်ပြန်ရောက်နေသတဲ့ ...။
ဆရာ့ moral educationက တယ်ထိသကိုး...။
ဘာ လောကနီတိမှရွတ်ပြမနေဘူး..။
Psycho သာအပီအပြင်ဖမ်းပေးလိုက်တာ.. .။
ကိုယ်ချင်းစာနာစိတ်ကလေးမွေး တတ်တဲ့ကလေးတွေကို လမ်းညွှန်ရတာသိပ်လွယ်တယ်..။
အဲဒီ ကိုယ်ချင်းစာစိတ်ကို အသည်းထဲ နှလုံးထဲအထိ ထည့်ပေးတတ်ဖို့ပဲလိုတယ်...။
*ယုမိကို*
ပိုက်ဆံအိတ်ထဲမှာပိုက်ဆံယန်
ပိုက်ဆံအိတ်ပျောက်တာတော့ ဂျပန်ဆရာတွေဘယ်လိုဖြေရှင်ြး
သားကပြန်မေးတယ်..။
"မြန်မာပြည်မှာဆိုရင် ဘယ်လိုရှာသလဲ..?"
မြန်မာပြည်မှာဆိုရင်လား..ဆရ
"အတန်းပိုင်ဆရာက သိပ်အရှည်ကြီးမပြောဘူး...ပိ
ဆရာက အဲဒါပဲပြောပြီး အတန်းဖြုတ်လိုက်တာ ပျောက်တဲ့ကောင်လေးရဲ့ ဖိနပ်လော့ကာထဲကို ပိုက်ဆံ၈၀၀၀နဲ့ ပိုက်ဆံအိတ်ပြန်ရောက်နေသတဲ့
ဆရာ့ moral educationက တယ်ထိသကိုး...။
ဘာ လောကနီတိမှရွတ်ပြမနေဘူး..။
Psycho သာအပီအပြင်ဖမ်းပေးလိုက်တာ..
ကိုယ်ချင်းစာနာစိတ်ကလေးမွေး
အဲဒီ ကိုယ်ချင်းစာစိတ်ကို အသည်းထဲ နှလုံးထဲအထိ ထည့်ပေးတတ်ဖို့ပဲလိုတယ်...။
*ယုမိကို*
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။